ဆေးပေါင်းအိုးထဲတော့ အမြဲတမ်း ၀င်ဖြစ်သလို၊ န၀ရတ်က ချွေးကတော့ သူများထက်စာရင် နှစ်ဆပိုထွက်တယ်။ ဒါပေမဲ့ အသားမခြောက်ဘူး။ အသားအရေလှဖို့ ချွေးပုပ်တွေအမြဲထုတ်လို့ပေါ့။ အိမ်မှာဆိုရင် ဆေးပေါင်းအိုး ၀ယ်ထားပြီး ရေကူးခါနီးဆိုရင် ချွေးပုပ်ထုတ်တယ်လေ။
ငယ်ငယ်တုန်းကဆိုရင် အပြင်သွားပြီး လုပ်ဖြစ်ပေမယ့်၊ အခုကျတော့ အိမ်မှာပဲ လုပ်ဖြစ်တာပေါ့။ တစ်နာရီ နှစ်နာရီ လုပ်လိုက်ရင် ချွေးတွေအရမ်းထွက်ပြီး နေမကောင်းတာတွေကအစ ပျောက်ကင်းတယ်လေ။
ငယ်ငယ်တုန်းကဆိုရင် အပြင်သွားပြီး လုပ်ဖြစ်ပေမယ့်၊ အခုကျတော့ အိမ်မှာပဲ လုပ်ဖြစ်တာပေါ့။ တစ်နာရီ နှစ်နာရီ လုပ်လိုက်ရင် ချွေးတွေအရမ်းထွက်ပြီး နေမကောင်းတာတွေကအစ ပျောက်ကင်းတယ်လေ။
ဝိတ်ကတော့ ကျလိုက် တက်လိုက်နဲ့ပေါ့။ အရမ်း ၀ိတ်တက်လာရင်တော့ အစားလျှော့စားတယ်။ အကတွေကဖြစ်တယ်။ အသီးအနှံတွေ စားဖြစ်တယ်။ ၀က်သားဆိုရင် လုံးဝမစားဘူးပေါ့။ အကတွေ ကရင်လည်း (၄) နာရီလောက် ကဖြစ်တယ်။ ပြီးတော့ ပြေးတဲ့စက်နဲ့ လေ့ကျင့်ခန်း အမြဲတမ်းလုပ်ဖြစ်တာပေါ့။ သတ်မှတ်ထားတဲ့ အချိန်မျိုးရယ်တော့ မရှိဘူး။ စိတ်ထဲမှာ နည်းနည်းဝလာပြီလို့ ထင်တဲ့အချိန်ရယ် ပေါင်ချိန်တဲ့စက်နဲ့ တိုင်းကြည့်တဲ့အခါ ၁၃၀ နည်းနည်းကျော်လာတာနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး အစားလျှော့၊ လေ့ကျင့်ခန်းတွေ ပြန်လုပ်တော့တာပါပဲ။
အရမ်းပိန်ပြီး အရမ်းဝတာမျိုး ဆိုရင်လည်း မကောင်းဘူးပေါ့။ ပုံမှန်အတိုင်းရှိတာ အကောင်းဆုံးပါပဲ။ န၀ရတ်တို့က အရမ်းပိန်ပြန်ရင်လည်း မကောင်းဘူး၊ ထွားတဲ့အထဲမှာ ပါတော့လေ။ တအားကြီး မ၀အောင်သာ ဂရုစိုက်ဖြစ်တာပေါ့။ အဲဒီလိုမဖြစ်အောင် ဆေးတွေ ဘယ်တော့မှမစားဘူး။ နေ့စဉ်ပုံမှန် အားကစားလုပ်တယ်။ ပြေးစက်နဲ့ လေ့ကျင့်ဖြစ်တာပါပဲ။
Ref: 8 Days Journal

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။