24 November 2012 |By 8 Days
သဲသဲရဲ့ "ပေါက်ပေါက်ဖောက်" တေးစီးရီးကို ၂၀၁၀ ဩဂုတ်လမှာ ထွက်ခဲ့တယ်။ အခု ဒုတိယစီးရီး"ယောကျာ်းစကား .. ပြော" တေးစီးရီးကို ပရိသတ်လက်ထဲ အရောက် ပို့ပေးလိုက်ပါတယ်။ ဒီခွေထဲမှာ ကိုဟဲလေး၊ ယုန်လေး၊ ဆိုတေး၊ L ကိုနဲ့ Bobby Soxer တို့က Featuring အဖြစ်ပါဝင်သီဆိုထားပါ တယ်။ စီးရီးခေါင်းစဉ် ကိုတော့ဆရာ ရွှေဂျော်ဂျော်က ရေးသားပေး ထားပါ တယ်။ စီးရီးခေါင်းစဉ် ပေးဖြစ် တာက ခေါင်းစဉ်ဆန်းပေးရတာ၊ ဒီသီချင်းနဲ့ သဲသဲနဲ့ အရမ်းလိုက်ဖက်တယ်လို့ ခံစားရတာ ရယ်ကြောင့် ပေးဖြစ်ခဲ့ တာပါ။
သီချင်းတွေက လည်း Pop Rock, Pop, Slow Rock, Classic, R & B, Hip Hop အမျိုးအစား စုံစုံ လင်လင် ပါတယ်။ အချစ်နဲ့ပတ်သက်ပြီး ချစ်တာ၊ လွမ်းတာ အကုန်ရသစုံ အောင် ထည့်ပေးတယ်။ အရင်က သီချင်း ဆိုချင်တဲ့ အသိတစ်ခုပဲရှိပြီး ခွေထုတ်ရရင်ပြီးရော ဆိုတဲ့စိတ်နဲ့ လုပ်ခဲ့တယ်။ အခုတော့ သေချာ သိအောင်လေ့လာပြီး သင်ယူနေပါ တယ်။ အကောင်းဆုံးကြိုးစားပြီး အားထုတ်ထားပါတယ်။ ဗီစီဒီနဲ့ ဒီဗီဒီကိုလည်း ၂၀၁၃ သင်္ကြန်အပြီးမှာ ထွက်နိုင်ဖို့ စီစဉ်နေပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။