Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, November 13, 2012

ပျူမင်းသား သုနန္ဒန၏ ဂီတခရီးစဉ်နှင့် နိုင်ငံခြားရေးဝါဒ


ပျူကချေသည် အရုပ်ငါးရုပ်။
သရေခေတ္တရာ ပျူဧကရာဇ်နိုင်ငံတော် ကြီးသည် ပျူဒေသ ၃၂ ခု၊ ပျူတပ်မြို့ကိုးခု၊ ပျူပြည်ထောင်
၁၂ ထောင်နှင့် ထင်ရှား သော ပျူလက်အောက်ခံနိုင်ငံ ၁၈ နိုင်ငံ တို့နှင့်အတူ ဘီစီ(၂)ရာစုမှ အေဒီ
၁၁ ရာစုတိုင် နှစ်ပေါင်း ၁,၂၀၀ ခန့် တည်တံ့ ခိုင်မြဲ စည်ပင် ထွန်းကားခဲ့သည်။

သရေ ခေတ္တရာမှ ပျူမင်းသားသုနန္ဒန ဦးဆောင် ၍ စစ်သူကြီးမဟာသနနှင့်အတူ ပျူဂီတ မစ်ရှစ်
တပ်ဖွဲ့သည် ခရစ်နှစ် ၈၀၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တရုတ် ပြည် မင်းဆက် နန်းတော်
သို့ ရောက်ခဲ့ရာ တရုတ်ဧကရာဇ် တယ်ကျူးက လှိုက်လှဲ ပျူငှာစွာ ကြိုဆိုသည်ဟု ထန်မင်းဆက်
သမိုင်းသစ်တွင် ဖော်ပြပါရှိသည်ကို ဆရာဦးရည်စိန်က သူ၏ လက်ရွေးစင် စာတမ်းများစာအုပ်၌
အတိအလင်း ဖော်ပြပါရှိသည်။

ပျူမင်းသားဂီတအဖွဲ့ ၏ ဂီတသံစဉ်နှင့် ပြောဟန်ဆိုဟန်၊ ကဟန် အရပ်ရပ်ကို ဂီတ၀ါသနာပါသူ
တရုတ်ဘုရင်ခံဝေကောင်းက သင်္ကေတတို့ဖြင့်လည်းကောင်း၊ ရုပ်ပုံကားချပ်များ ဆွဲ၍လည်းကောင်း
မှတ်တမ်းတင်ခဲ့ သည်။

ထိုသို့ မှတ်တမ်းတင်ခဲ့သော တေးသီချင်းများအနက်မှ နှစ်ပုဒ်ကို အင်္ဂလိပ်သုတေသနပညာရှင်
ပါမောက္ခ တွစ်ချက်နှင့် ပါမောက္ခခရစ္စတီတို့က တွေ့ရှိခဲ့ရာ ယင်းသင်္ကေတသံစဉ်ကိုပါ ပါမောက္ခ
ဒေါက်တာခင်နုနှင့်အဖွဲ့က မြန်မာဂီတသံစဉ်များနှင့် ပြောင်းလဲ တီးခတ်ခဲ့ကြသည်။

ထို့ကြောင့်လည်း နှောင်းခေတ်သမိုင်း ဆရာတို့သည် ပျူမင်းသား ဂီတမစ်ရှင် အကြောင်းကို တိတိ
ကျကျ ပြည့်ပြည့်စုံစုံ သိရှိခွင့်ရခဲ့သည်။ ပျူမင်းသားဂီတအနု ပညာခရီးစဉ်ကို ယခုအခါ တရုတ်နိုင်ငံ
က ဇာတ်လမ်းတွဲကြီးတစ်ခုအဖြစ် ပြည်ထောင်စုမြန်မာနိုင်ငံ ယဉ်ကျေးမှု ၀န်ကြီးဌာနနှင့် တွဲဖက်၍
ရိုက်ကူးလျက် ရှိပါသည်။

ထို့ကြောင့်လည်း ပျူမင်းသား ဂီတခရီးစဉ်သည် ပို၍ထင်ရှားလာခဲ့ပါ ၏။ ပျူမင်းသားဂီတခရီးစဉ်
သည် ပျူတို့ ၏ နိုင်ငံတကာဆက်ဆံရေး သံတမန် ဆက်ဆံရေးခရီးစဉ်ပင်ဖြစ်သည်။ ပျူမင်းသား၏
ခရီးစဉ်တွင် အဖွဲ့ဝင် ၃၅ ဦးနှင့် တူရိယာ ၃၂ ခု ပါရှိသည်။ ပါရှိသော တူရိယာတို့မှာ သတ္တုတူရိယာ၊
ခရုသင်း၊ ကြိုး၊ ၀ါး၊ ဘူး၊ သားရေ၊ ဆင်စွယ် နှင့် ချိုတို့ဖြစ်သည်။

ပျူမင်းသားခရီးစဉ် တွင် ယင်းတူရိယာပစ္စည်းတို့နှင့်အတူ တေးသီချင်း ၁၂ ပုဒ် ပါရှိသည်။ ယင်း
သီချင်းများမှာ ၁။ ဗုဒ္ဓတံဆိပ်တော်ကြီး၊ ၂။ လက်ပံပန်းချီမွမ်းခန်း၊ ၃။ ခိုဖြူ၊ ၄။ ကြိုးကြာဖြူခရီး၊
၅။ ဝှေ့တိုက်နေသော ဆိတ်၏အောင်မြင်မှု၊ ၆။ စောင်းကြိုး တစ်ချောင်းတပ် နဂါးဗျပ်စောင်း၊
၇။ ဈာန် ၀င်စားခြင်း၊ ၈။ ကြံ့မင်း၊ ၉။ ဒေါင်းမင်း၊ ၁၀။ တောငန်း၊ ၁၁။ စားသောက်ပွဲ တေးဂီတ၊
၁၂။ စိုးရိမ်ကြောင့်ကြမှုကို ဖယ်ရှားခြင်း အစရှိသော သီချင်းများဖြစ်ကြသည်။

တရုတ်မှတ်တမ်းများအရ ဂီတအဖွဲ့သီချင်းများသည် ဗုဒ္ဓ၏သုတ္တန်ကျမ်းနှင့် သျှတ္တရကျမ်းအကြောင်း
များကို ဆက်စပ် နေ၍ ယင်းတို့ကို ရှင်းလင်းဖော်ပြချက် များဖြစ်သည်ဟု ပါရှိ၏။

ပျူုဂီတပညာ ရှင်တို့သည် သံပြိုင်ဆိုကြသည်။ နှစ်ဦး၊ လေးဦး၊ ခြောက်ဦး၊ ရှစ်ဦး ပြိုင်တူကကြ
သည်ဟု ဆို၏။ ပျူတေးဂီတအဖွဲ့သည် အဆင့် အတန်းမြင့်၍ တူရိယာပစ္စည်းတို့ စီစဉ် တီးမှုတ်ပုံမှာ
သံစုံတီးဝိုင်းအဆင့်ရှိပြီး ဘာရတ၏နာဋသျှတြကျမ်း၊ ဂီတ လင်္ကာရကျမ်းနှင့် အိန္ဒိယမြောက်ပိုင်း
ဂီတကျမ်းလာ စနစ်တို့နှင့်လည်း ညီညွတ် ကြောင်း ပါရှိသည်။

ယင်းဂီတများအား သရေခေတ္တရာက ပိုင်ဆိုင်မှုသည် သရေခေတ္တရာနိုင်ငံ တော်ကြီး၏ စာပေ၊
သဘင်၊ လက်မှု အနုပညာ၊ ယဉ်ကျေးမှုကဏ္ဍအစုံစုံ၏ အဆင့်အတန်းမြင့်မားမှုကိုလည်း သက်
သေခံကြသည်ဟု ဆိုပါသည်။

ပျူမင်းသားသုနန္ဒန၏ ဂီတမစ်ရှင်နှင့် ပတ်သက်၍ ဆရာမင်းသုဝဏ်က ၁၉၈၉ ခုနှစ်၊ မေလရှုမဝ
မဂ္ဂဇင်းတွင် အောက်ပါ အတိုင်း မှတ်တမ်းတင်ခဲ့သည်။

ပျူတို့ပြည်က တေးဂီတ

ပင်လယ်ကြီး၏ အနောက်တောင် အရပ်မှ
နေပြည်တော်ကို ရောက်လာကြ၊
အောင်ချမ်းမင်း၏ ချစ်သားလှ
အမည်တော်က သုနန္ဒန
နှစ်ဆန်းတစ်ရက်မီအောင်ပေါ့
တောင်ပိုင်းတေးသံ လာဆက်သ၊
တက်ဇုန်မင်းကြီး စံနန်းထက်
ခြွေရံသင်းပင်း ခစားလျက်
ဗောင်းတော်နားပိတ် ဖြေချကာ
ပျူဂီတသံကို နားဆင်ပါ
ခရုသင်းကို တစ်ချက်မှုတ်
ဆံထုံးချွန်တွေ၊ ယိမ်းနွဲ့လျက်
ကြေးအိုးစည်ကို တစ်ချက်ခေါက်
ဆေးထိုးလက်တွေ ခြေကြွမြောက်
ပုလဲပန်းများ လှုပ်လှုပ်ရှားရှား
ကြယ်နက္ခတ်လို ၀င်းလက်သွား
..............
..............
ပျူတို့ဆက်သတေးသံဆန်း
မင်းကြီးနှစ်သက်စွဲလမ်း
သားစဉ်မြေးဆက်သိစေရန်
မှတ်တမ်းတင်ဖွဲ့ လျှောက်ကြပြန်..
စသည်ဖြင့် ဖွဲ့ဆိုခဲ့သည်။

ပျူမင်းသား၏ ဂီတမစ်ရှင်သည် အလွန်အောင်မြင်လှပါသည်။ နှစ်နိုင်ငံ ချစ်ကြည်ရေးကို တည်
ဆောက်ခဲ့သည်။

ထိုခရီးစဉ်တွင် ပျူဘုရင်ကုမာရစန္ဒြထံမှ ပျူတို့၏ နိုင်ငံတကာဆက်ဆံရေးမူဝါဒ၊ အိမ်နီးချင်းကောင်း
ပီသစွာ နေထိုင်လို သည့် ဆန္ဒများကို မင်းသားသုနန္ဒနက အသက် ၆၄ နှစ်ရှိပြီဖြစ်သော တရုတ်
ဧကရာဇ် ထယ်ကျူန်းထံ တင်ပြခဲ့သည်။

ထို့နောက် ပျူမင်းသားဂီတခရီးစဉ်အပြီးတွင် တရုတ်ထန်မင်းဆက်မှ ပျူမင်းထံသီးခြား ချစ်ကြည်ရေး
သ၀ဏ်လွှာ ပေးပို့ ခဲ့သည်။

တရုတ်ဧကရာဇ်က ပျူမင်းထံပေး သောစာလွှာတွင် ပျူမင်းယုန်ချိလန်(င်) -(ကုမာရစန္ဒြ)အား မှာ
ကြားလိုက်သည်။

"အရှင်သည် ရက်ရော၍ ပါရမီပြည့်ဝသည့်အပြင် ရဲစွမ်းသတ္တိရှိသူဖြစ်၏။ ကျေးဇူးသစ္စာ စောင့်သိသူ
နှင့် အကျင့်စာရိတ္တကောင်းမြတ်သူတို့အား အဆက်အပြတ် စောင့်ရှောက်ထောက်ပံ့သူဖြစ် ၏။ ....

အရှင်သည် အိမ်နီးချင်းနိုင်ငံ များနှင့် သင့်မြတ်စွာ ပေါင်းသင်းဆက်ဆံလိုသော အကြံအစည်ကောင်း
တစ်ခုကို ကြံဆထား၍ ယင်းကိစ္စသည် အရေးကြီး ကြောင်းကိုလည်း ထင်လင်းစွာ နှလုံးပိုက်မိ
သည်။

ထို့ကြောင့် ငါဧကရာဇ်သည် အရှင့်ကို ပိုမိုလေးနက်စွာချီးကျူး၍ ပိုမို လေးနက်စွာ သတိရလျက်ပင်"
ဟု ပါရှိသည်။

တရုတ်ဧကရာဇ်ထယ်ကျူန်းထံမှ ပျူ မင်း ကုမာရစန္ဒြထံ ပေးပို့သောစာလွှာသည် ပျူသံအဖွဲ့အပြန်
တွင် လူကြုံနှင့် ပါးလိုက်သည်မဟုတ်၊ တရုတ်တို့ ကျင့်သုံး ခဲ့သော ထုံးတမ်းစဉ်လာအရ ဧကရာဇ်
စာလွှာကို အထူးသံအဖွဲ့ဖွဲ့စည်းပြီး သီးခြားစေလွှတ်ခြင်းဖြစ်သည်။

ပျူမင်းသား၏ ဂီတခရီးစဉ်နှင့် တရုတ် ဧကရာဇ်က သံအဖွဲ့ဖွဲ့စည်းစေလွှတ် သော စာလွှာကို
လေ့လာခြင်းဖြင့် ပျူနိုင်ငံ တော်နှင့် တရုတ်ထန်မင်းဆက် ဆက်ဆံ ရေးသည် တန်းတူရည်တူ
ဆက်ဆံမှုရှိ သည်ကို တွေ့ရသည်။ ပျူတို့၏ အနုပညာ ဂီတကို အနုပညာအဆင့်မြင့်မားသော
နိုင်ငံတော်ကြီး တစ်နိုင်ငံဖြစ်သည့် တရုတ်ဧကရာဇ်ကိုယ်တိုင် စွဲလမ်းနှစ် သက်ရလောက်အောင်
အဆင့်အတန်း မြင့်မားမှုရှိသည်ကိုတွေ့ရသည်။ ပျူလူမျိုးသည် ဂီတအနုပညာစာပေ ဘက်တွင်
သာမက နိုင်ငံတကာဆက်ဆံ ရေးကဏ္ဍတွင်လည်း အိမ်နီးချင်းနိုင်ငံ များနှင့် သင့်တင့်မျှတစွာ
ပေါင်းသင်း ဆက်ဆံလိုစိတ်ရှိသည်ကို တွေ့ရသည်။

ပျူနိုင်ငံမှ ဂီတမစ်ရှင်ကိုစေလွှတ်ခြင်း၏ အဓိကရည်ရွယ်ချက်ကလည်း အိမ်နီး ချင်းနိုင်ငံတိုနှင့်
ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လိုစိတ်ကို ရှေးရှုစေလွှတ်ခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာတို့
သည် ပြည်ထောင်စုမြန်မာနိုင်ငံက ယနေ့ထားရှိသော လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးဝါဒ
သည် ယခုထားရှိသည်မဟုတ်၊ သရေခေတ္တရာပျူနိုင်ငံတော်ကြီး ကောင်းစားစဉ်ကပင် ကျင့်သုံးခဲ့
သော မူဝါဒအဖြစ် တွေ့ရှိရသည်။

သရေခေတ္တရာ ပျူနိုင်ငံတော်ကြီးနှင့် ပျူနိုင်ငံသား များ၊ အုပ်ချုပ်သူများသည် အမြော်အမြင် ရှိသော
နိုင်ငံခြားရေးမူဝါဒတစ်ရပ်ကို လက်တွေ့ကျင့်သုံးသော နိုင်ငံအဖြစ်အသိအမှတ် ပြုရမည်ဖြစ်ပါသည်။

ထိုကဲ့သို့ အဆင့်အတန်းရှိသော အနော်ရထာမတိုင်မီ ပျူတို့၏ သရေ ခေတ္တရာနိုင်ငံတော်ကြီးကို
ဗဟိုပြု၍ ပျူလူမျိုးနှင့် ပျူနိုင်ငံတော်စာတမ်းဖတ်ပွဲကို ထွန်းဖောင်ဒေးရှင်းက ကမကထပြုပြီး စာတမ်း
၄၂ စောင် ဖတ်ကြားမည်ဟုသိရပေရာ ထိုစာတမ်းဖတ်ပွဲသည် မြန်မာ့သမိုင်းအတွက် အရေးကြီး
သော စာတမ်း ဖတ်ပွဲတစ်ရပ်အဖြစ် တင်ပြရပါသည်။

ထိုစာတမ်းဖတ်ပွဲသို့ ပြည်တွင်းပြည်ပ မှ ပညာရှင် ၆၀ ကျော်တို့ တက်ရောက် မည်ဖြစ်ပြီး အခမ်း
အနားသို့ တက်ရောက် ရန် ၂၅၀ ခန့် ဖိတ်ကြားမည်ဖြစ်သည်။

တက်ရောက်လိုသူများသည် ဖုန်း- ၂၀၂ ၃၇၂ သို့ ဆက်သွယ်၍ တက်ရောက်လိုကြောင်း အဆိုပြု
လွှာများကို တောင်းခံ ရယူနိုင်ကြောင်း သိရသည်။
ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။