Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 22, 2012

NLD ပါတီဝင် ၅၀၀ ပါတီကနေ နှုတ်ထွက်ခြင်းနှင့် ပတ်သက်၍



ဖေ့ဘုတ်ပေါ်မှာတွေ့ရတဲ့ NLDပါတီဝင် ၅၀၀ ဗဟိုစနစ်ဦးစီးတာ ဒီမိုကရေစီမဆန်တာကြောင့် ပါတီကနေ နှုတ်ထွက်မယ်ကြားတော့ ကျွန်တော်ပထမဦးဆုံး ပြေးမြင်မိလိုက်တာက NLDပါတီဝင်သစ်တွေ တံခါးမရှိ ဓါးမရှိ အဖွဲဝင်ခွင့်ပေးလိုက်တာကြောင့် အတိုက်ခံပါတီထဲကသူလျှိုတွေရဲ့
လက်ချက်လို့ဆိုပြီး ဒေါသထွက် မိပါတယ်။ ပြီးတော့ နိုင်ငံတော်ရဲ့ ပြည်သူအထောက်ခံဆုံးပါတီကို စနစ်တကျ ပြိုကွဲအောင် NLD ပါတီတွင်း မကျေမလည်အောင် ဖန်တီးချက်တစ်ခု အောင်မြင်သွားတာလား လို့ မြင်မိပါတယ်။ ဒါပေမဲ့... အဖြစ်မှန်ကို သေချာသုံးသပ်ကြည့်လိုက်တော့ ပါတီတွင်းမကျေလည်မှုတွေ အနည်းနဲ့ အများဖြစ်ပေါ်နေတာတွေ့သတိချပ်မိပါတယ်။ ဒီလိုပါတီဝင်ဦးရေ ၅၀၀ နှုတ်ထွက်မယ်လို့ကြားတော့ စိတ်မကောင်းဖြစ်မိတာ အမှန်ပါ။ တစ်ဘက်ကအကြောင်းရာတွေပြန်ပြီး ဇစ်မြစ်လိုက်ကြည့်တော့လဲ သူတို့နှုတ်ထွက်တာမှားတယ်လို့ ပြောမရပြန်ပါဘူး။ ပါတီတွင်းမှာ နီးစပ်ရာလူတွေနဲ့ ဗဟိုစနစ်တွေနဲ့ပဲကြီးစိုးနေတာများပါတယ်။ NLDဗဟိုအလုပ်အမှုဆောင်တွေဘက်က အားနည်းချက်တွေရှိသလို တိုင်းနယ်၊ပြည်နယ်တွေမှာလဲ ခေါင်းဆောင်ရွေးချယ်မှုအားနည်းနေသလို၊ စည်းကပုဂိုလ်တွေမှာလဲ နီးစပ်ရာ လူတွေချည်းခန့်ထားတာတွေ့ရပါတယ်။ ခန့်တာကခန့်ပါ။ အဆင်ပြေသလိုခန့်တာ ကိစ္စမရှိပါဘူး။ ထောင်တစ်ခါကျဖူးလို့ပဲခန့်ခန့်၊ နှစ်ခါကျဖူးလို့ပဲခန့်ခန့်၊ ဒါအပြစ်မဟုတ်ပါဘူး။ ဒါပေမဲ့ NLD ပါတီမှာ တော်ပြီးတတ်ပြီး တကယ်အပင်ပမ်းဆင်းရဲခံပြီး လုပ်နေကြတဲ့သူတွေ လက်ချိုးရေလို့ရပါတယ်။ အခုလိုပါတီလွတ်လပ်ခွင့်ရလာတဲ့အချိန်မှာ ဝေးလားဝါးလားလုပ်ချင်တဲ့ ရေပေါ်ဆီလေးတွေလည်း ပါလာသလို။ ပါတီကို အချိန်မရွေးတိုက်ခိုက်နိုင်တဲ့ ဒလန်တွေ၊ သူ့လူငါ့ဘက်သားတွေလည်း တရုန်းရုန်းနဲ့ မြင်နေရပါတယ်။ သူတို့ကိုသူတို့ တကယ့်နိုင်ငံရေးပညာရှင်ကြီးတွေယောင်ယောင်လုပ်နေကြပုံတွေ၊ စတိုင်ဖမ်းနေတာတွေတွေ့ရတော့ စိတ်ပျက်မိပါတယ်။ ဒါကအပရိကပါ။ ထားပါ။ NLDပါတီဟာ ရှေ့ဆက်သွားရမဲ့ လမ်းစဉ်တွေအများကြီးပါ။

ပါတီတိုးတတ်ရေးမှာ ဘာတွေလုပ်ကိုင်ကြမလဲဆိုတာ ထောက်ရှု့ရရင် NLDပါတီထဲမှာ အလွန့်အလွန်အားနည်းနေပါသေးတယ်။ NLDပါတီဟာ သာမန်ပါတီတစ်ခုမဟုတ်ခဲ့သလို၊ ပြည်သူတွေ သိန်းနဲ့ချီပြီး အသက်၊ သွေး၊ချွေး၊ သံတိုင်တွေနဲ့ ရင်းပြီးမှ ဖြစ်ပေါ်လာခဲ့ရတဲ့ပါတီတစ်ခုပါ။အခုလို ပါတီလွတ်လပ်ခွင့်ရလာတဲ့အချိန်မှာ နိုင်ငံသားတွေအလွှာအသီးသီး နယ်ပယ်အသီးသီးက လူပုဂိုလ်တွေကောင်းတဲ့ဘက်က ပါဝင်လာတဲ့အချိန်မှာ ယခင်ဒေါ်အောင်ဆန်းစုကြည် မရှိခင်က ဖြစ်သလိုတပ်ပျက်ပြီး တွေ့ကရာ ၀ါသနာပါသူတွေ စိတ်ဝင်စားရုံနဲ့ ဖွဲစည်းထားတဲ့ ပုံစံမျိုးမဖြစ်သင့်တော့ပါဘူး။ အသိပညာရှင် အတတ်ပညာရှင်တွေ NLDပါတီထဲမှာရှိနိုင်ပါတယ်။ အဲ့ဒီလိုအသိပညာရှင်အတတ်ပညာရှင်တွေကို ဖော်ထုတ်ပြီး ပါတီရဲ့ လိုအပ်ချက်တွေမှာ အကြံကောင်း ဥာဏ်ကောင်းများပါတီတွင်းကိစ္စရပ်များ သေချာ တိတိပပထမ်းဆောင်ပေးနိုင်မလား သေချာစစ်ဆေးပြီး တာဝန်ခန့်အပ်ရပါမယ်။ တစ်လတစ်ခါ သူတို့ရဲ့စွမ်းဆောင်ရည်တွေကိုလဲ တိကျတဲ့ ရီပိုစ်တင်ခိုင်းရပါမယ်။ ထောင်ကျဖူးရုံနဲ့ ဘူးသီးလက်ညှိုးတိုးတဲ့အမှုကို နိုင်ငံရေးအမှုပါပြောပြီး ပါတီထဲမှာ အရေးပါအရာရောက်တဲ့ အခန်းကဏ္ဍတွေမှာ နေရာပေးနေလို့ မဖြစ်ပါဘူး။ အာပေါင်အာရင်းသန်သန်ပြောနေရုံနဲ့ တာဝန်ပေးအပ်လို့မရပါဘူး။ အခုလက်ရှိ ပါတီထဲကလုပ်နေကြတဲ့သူတွေတချို့ကိုတွေ့ပါတယ်။ လုပ်ချင်စိတ်ပြင်းပြတယ်၊ လုပ်ချင်တယ်။ ဘာကစပြီး လုပ်ရမယ် နားမလည်ကြဘူး။ နားလည်လို့သိလို့ပြောရင်လည်း လက်ခံနိုင်မှုစွမ်းရည်တွေ နည်းပါးနေကြပါတယ်။ သွေးနားထင်ရောက်နေကြဟန်ရှိပါတယ်။ တချို့ဆိုအပြောဆိုကအစ မိုက်ရိုင်းနေတာမျိုးရှိပါတယ်။ ဘာ့ကြောင့်ရိုင်းတာလဲ ဘာ့ကြောင့်ငါ့စကားနွားရပြောတာလဲ သူ့ရဲ့ အကြောင်း လေ့လာလိုက်တော့ အင်္ဂလိပ်စာမပြောနဲ့ မြန်မာစာတောင် ဖြောင့်အောင်မရေးနိုင်ဘူး။ ဘယ်ရာထူးယူထားလဲဆိုတော့ လူငယ်တာဝန်ခံတဲ့။ ကျွန်တော်သေချာပြန်စဉ်းစားကြည့်တော့ ရာထူးကနည်းတဲ့ရာထူးမှမဟုတ်ပဲ။ သူပြောပုံဆိုပုံတွေက တော်တော်ကို စိတ်ပျက်စရာကောင်းပြီး အောက်တန်းကျနေတာတွေ့ရပါတယ်။ အဲ့ဒီလိုပဲ အချို့အချို့သောပုဂိုလ်များကို မြင်နေရပါတယ်။ ကျွန်တော်တစ်ချိန်ပါတီရုံးရောက်ခဲ့တော့ တတ်တဲ့သူတွေ ပညာတတ်တွေကော စဉ်းစားတွေခေါ်နိုင်တဲ့သူတွေကောတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ အဲ့ဒီလူတွေဟာ စကားများများ မပြောကြသလို ပါတီရုံးမှာ အေးအေး ခပ်ကုပ်ကုပ်ပုံစံမျိုးတွေနဲ့သာ တွေ့ရပါတယ်။ ပါတီရုံးကိုလာပြီးဦးညွှတ်တဲ့သဘောနဲ့ လာတဲ့သဘောလောက်ပဲရှိတယ်။ ဒီလိုအတတ်ပညာရှင်တွေ စဉ်းစားတွေခေါ် စီမံနိုင်တဲ့သူတွေက စကားများများမပြောကြတာလဲပါတော့ ချောင်ထဲရောက်နေကြတယ်။ ဒီလိုလူတွေကို ဘာလို့ သေချာမဖော်ထုတ်ပဲ တာဝန်တွေမပေးနိုင်တာပါလဲ။ ကိုယ်နဲ့မျက်မှန်းတန်း နီစပ်ရာလူတွေပဲ လေအပေါကောင်းတဲ့သူတွေနဲ့ လေကျယ်နေကြသူတွေပဲ အရေးပါတဲ့အခန်းကဏ္ဍ တွေမှာတွေ့နေရတယ်။ တချို့တတ်တဲ့သူတွေလည်း ရှိနေမှာပါ။ တကယ်နေရာပေးရမဲ့သူတွေ နေရာမပေးနိုင်တာတွေဟာ.. ပါတီတိုးတတ်ရေးမှာ ဆုပ်ယုတ်စေတယ်လို့မြင်ပါတယ်။ ပါတီတွင်း အရေးပါတဲ့အခန်းကဏ္ဍတွေမှာလဲ လေးစားရလောက်တဲ့ လုပ်ကိုင်ပုံစည်းစနစ်ကျပြီး ပညာတတ်တွေ၊ အတွေးခေါ်ရင့်သန်သူတွေ ခန့်ထားနိုင်ခဲ့မယ်ဆိုရင်လည်း ပါတီပြသနာတွေ လွယ်လွယ်ကူကူနဲ့ ရှင်းလင်းနိုင်မှာဖြစ်ပါတယ်။ ဒါဟာ... အရေးကြီးတဲ့ကိစ္စရပ်တစ်ခုပါ။

နောက်တစ်ချက်က ပါတီထဲကလုပ်ဆောင်နေတဲ့အပိုင်း ကဏ္ဍတွေဟာ ပြည်သူတွေပွင့်လင်းမြင်သာမှုရှိဖို့လိုပါတယ်။ ချပြသင့်တာချပြနိုင်ဖို့ ဘယ်လိုအပိုင်းတွေကို ဘယ်လိုလုပ်ရမယ်ဆိုတာ ၀ိုင်းဝန်းစဉ်းစားကြဖို့လိုပါတယ်။ ဒါမှပြည်သူတွေအတွက် ပွင့်လင်းမြင်သာမှုရလာနိုင်မှာဖြစ်ပါတယ်။ အခုတွေ့နေရတဲ့ ပါတီတွင်း ဗဟိုအလုပ်အလုပ်မှုဆောင် တွေရဲ့လုပ်ရပ်နဲ့ စီမံခန့်ခွဲမှုတွေဟာ ဘာကဘာဆိုတာတော်တော်ကို စဉ်းစားယူရမလိုဖြစ်နေပါပြီ။ အလုပ်အမှုဆောင်တွေအားနည်းချက်ရှိတာကို ဝေဖန်အကြံပေးဖို့ တချို့ ပညာရှင် နိုင်ငံရေးနဲ့ထင်ပေါ်ကျော်စောခြင်းမရှိသော ပုဂိုလ်များ ဝေဖန်အကြံပေးစာတင်တယ်လို့ ကြားရပါတယ်။ ဒါပေမဲ့စာက အလုပ်မှုဆောင်တွေ ကြားထဲကတစ်ဆင့်သွားပြီးမှ ဒေါ်အောင်ဆန်းစုကြည်ဆီ ရောက်တယ်လို့ ကြားပါတယ်။ ကြားထဲကတချို့စာများ မရောက်ဘူးလို့လဲကြားပါတယ်။ တစ်ဆင့်ခံပြီးမှ ဒေါ်အောင်ဆန်းစုကြည်ဆီစာရောက်တာကို လက်ခံပါတယ်။ ပြည်သူချစ်တဲ့ပုဂိုလ်မို့ အနယ်နယ် အရပ်ရပ်ကစာတွေလာတာ ပေါက်ကရရေးပို့တဲ့သူတွေလဲရှိချင်ရှိမှာစိုးလို့ ကြားထဲကတစ်ဆင့်ခံပေးထားတာ။ ဒါပေမဲ့ အရေးပါတဲ့ ဆွေးနွေးပြောပြချက်တွေ ပါတီကို ရတဲ့ဘက်ကနေ မအားတဲ့ကြားကနေ တချို့ အချိန်ကုန်ခံပြီး စာနဲ့ ဝေဖန်အကြံပေးတာတွေ ကြားထဲကစာဖတ်တဲ့သူတွေက သူတို့နဲ့ အဆင်ပြေတဲ့စာမျိုးပဲလက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်ဆီရောက်တယ်လို့ကြားပါတယ်။ ဒီလိုတွေဖြစ်တာဘာ့ကြောင့်လဲလို့တော့ မစဉ်းစားတတ်ပါဘူး။ နောက်တစ်ချက်အနေနဲ့က NLDပါတီဝင်သစ်လက်ခံတဲ့နေရာမှာ ပါတီဝင်များကို စီစစ်ထိန်းချုပ်ခဲ့တာမျိုး မရှိခဲ့ပါဘူး။ ဒါဟာ ဘာနည်းစနစ်ကိုကျင့်သုံးထားလဲဆိုတာ နားမလည်ပါဘူး။ NLDပါတီဟာ အတိုက်ခံမရှိတဲ့ ပြိုင်ဘက်ကင်း ပါတီတစ်ခုဆိုရင်တော့ ဒီနည်းဟာ သုံးကောင်းသုံးလို့ရနိုင်ပါမယ်။ ဒါပေမဲ့အတိုက်ခံပါတီများရှိနေသေးတဲ့အတွက် ပါတီတွင်း စိတ်ဝမ်းကွဲမှုသွေးထိုးလှုံ့ဆော်မှု ဒလန်များ ပါဝင်လာခဲ့မယ်ဆိုရင် ပြသနာတွေ တဖြည်းဖြည်းကြီးထွားလာပါလိမ့်မယ်။ ပါတီဝင်သစ်များလက်ခံတဲ့နေရာမှာကော ပါတီမှတ်ပုံတင်ပေးခဲ့သလား။ ပါတီဝင်ရဲ့ ကိုယ်ရေးရာဇ၀င် အချက်လက်ပြည့်ပြည့်စုံစုံ စစ်ဆေးလက်ခံခဲ့မှုတွေကောရှိခဲ့လားဆိုတာ ပြန်မေးချင်ပါတယ်။ ပါတီရင်ထိုးတံဆိပ်များ ပါတီရုံးရှေ့မှာ လွယ်လွယ်ရောင်းခွင့်ပေးနေတာကို ကောဘယ်လိုလုပ်မလဲဆိုတာပါ။ အချုပ်ပြောရရင်တော့ NLDပါတီဟာ တိုင်းနယ်အသီးသီးကရဟန်းရှင်၊လူပေါင်း များစွာနဲဆိုင်တဲ့ပါတီပါ။့ ပြည်သူထဲက အတတ်ပညာရှင် အသိပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင် ညှိနှိုင်းပြီးမှ ပါတီတွင်းမှာ လိုအပ်ချက်အားနည်းချက် အားသာချက်တွေကို ပြုပြင်နိုင်မှာဖြစ်ပါတယ်။ အားသာချက်တွေကို ဒီထက်ကောင်းအောင် ဘယ်လိုဆက်လုပ်မယ်။ အားနည်းချက်တွေကို ဘယ်လိုပြုပြင်ရမယ်ဆိုတဲ့
အခန်းကဏ္ဍပေါင်း များစွာကို သေချာလုပ်ဖို့ အချိန်တန်ပါပြီ။ အခုဆိုရင် ၂၀၁၃ရာက်ဖို့ တစ်လကျော်သာလိုတော့မှာဖြစ်ပါတယ်။ ကျန်တဲ့အချိန် ၂ နှစ်အတွင်းမှာ NLDဟာ စည်းကမ်းပြည်ဝပြီး ခိုင်မာကျစ်လစ်တဲ့အသိပညာရှင်၊ အတတ်ပညာရှင်၊ နိုင်ငံရေးပညာရှင်တွေ၊ စုစည်းတည်ဆောက်ထားတဲ့ ပုံစံမျိုးနဲ့ဆက်သွားနိုင်မှသာလျှင် အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ၂၀၁၅ရွေးကောက်ပွဲဟာ ပြည်သူတွေလိုချင်တဲ့ ရလဒ်ကောင်းထွက်လာနိုင်မှာဖြစ်ပါတယ်။ ဒီလိုမှခိုင်မာကျစ်လစ်အောင် ဖွဲစည်းဖို့ မစွမ်းဆောင်နိုင်သေးရင် ပြည်သူတွေမျှော်လင့်တဲ့၂၀၁၅ရွေးကောက်ပွဲဟာ သဲထဲရေသွန်သာဖြစ်သွားနိုင်ပါတော့တယ်။

ဘယ်ပါတီမှမ၀င်တဲ့ မျိုးချစ်သူရဲကောင်း
21.10.2012/53း8pm

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။