Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 22, 2012

#Apple နဲ့ Google တို့ရဲ့ ဖန်သားပြင် ရန်စောင်ပွဲ#


အရင်က လည်ပင်းဖက် ပေါင်းလာခဲ့သည့် သူငယ်ချင်းကောင်းတွေလေ။ ယခုတော့ ရန်စောင်နေကြပြီ။ တရားရုံးတွေမှာ၊ လူသုံးပစ္စည်း ဈေးကွက်တွေမှာ မီးခိုးမဆုံး၊ မိုးမဆုံး တိုက်ပွဲတွေ ဆင်ကြသည်။ ပြီးခဲ့သော သီတ
င်းပတ် (၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်) တွင်မတော့ ထိုရန်ဆူးရန်ညှောင့်က ပုံစံတမျိုးတစ်ဖုံ ဖြစ်သွားပြန်သည်။ သူတို့နှစ်ယောက် စမတ်ဖုန်း ဖန်သားပြင်ထက်မှာ ထိပ်တိုက် သွားတွေ့ခြင်းပါတည်း။ ထိုနှစ်ယောက်က Google နှင့် Apple တို့ပင်။ ဗုဒ္ဓဟူးနေ့ (၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်) က Apple ၏ iPhone ဆော့ဖ်ဝဲလ်ဗားရှင်းသစ်ကို ထုတ်ရောင်းလိုက်သည်။ ထိုဗားရှင်းသစ်၌ Apple က အဓိကကျသော အက်ပလီကေးရှင်း နှစ်ခုကို ဖယ်ထုတ်ထားသည်။ နှစ်ခုစလုံးက Google ၏ ထုတ်ကုန် ပစ္စည်းတွေချည်းပင်။ Google ၏ Map နှင့် YouTube တို့ဖြစ်သည်။ ထိုသို့ အက်ပလီကေးရှင်း နှစ်ခုကို ဖယ်ထုတ်လိုက်တာကို ကြည့်လျှင် သူတို့နှစ်ဦး မည်မျှ အပြိုင်ကြမ်းနေပြီကို သိနိုင်၏။ ထို့ပြင် မိုဘိုင်းသုံးစွဲသူတွေ၏ အရေးပါမှုကလည်း ဒီနေရာတွင် သိသာထင်ရှားလွန်းနေသည်။

“သူတို့နှစ်ယောက် ဖုန်းနဲ့ပြိုင်၊ မြေပုံနဲ့ပြိုင်၊ သတင်းနဲ့ပြိုင်၊ ရှာဖွေမှုနဲ့ပြိုင်၊ ပြိုင်ပြီးရင်း ပြိုင်နေကြတယ်” ဟု BCG Partners မှ သုံးသပ်သူ တစ်ဦးက ပြောသည်။ မြေပုံများက မိုဘိုင်းပစ္စည်းများအတွက် အရေးပါလှသည်။ မိုဘိုင်းပစ္စည်းများက တည်နေရာပြ ဝန်ဆောင်မှု လုပ်ငန်းများ အတွက်ရော၊ ကြော်ငြာများ အတွက်ရော အဆင်ပြေသည့် နေရာလေ။ တည်နေရာပြ ဝန်ဆောင်မှု လုပ်ငန်းနှင့် ကြော်ငြာများက ငွေရှာကောင်းသည့် လုပ်ငန်းများဖြစ်သည်။ တကယ်တော့ ဒီနေရာမှာ Google နှင့် Apple တို့နှစ်ယောက်သာ စစ်ခင်းနေသည်ဟု ပြော၍မရ။ Amazon, Nokia, Microsoft, AOL နှင့် Yahoo တို့လည်း ဒီပွဲမှာ ပါနေတာပါပဲ။ “Google လုပ်ထားသလို မိုဘိုင်းဂေဟ စနစ်တစ်ခု ရှိထားတယ်ဆိုရင် တခြားမိုဘိုင်းဂေဟစနစ် ပိုင်ရှင်တွေက သူတို့လောကမှာရှိတဲ့ အချက်အလက် ရတနာသိုက်ကြီးတွေကို ခင်ဗျားကို ပေးပိုင်မှာ မဟုတ်ဘူး။ နောက်ပြီးတော့ သူတို့ရဲ့သုံးစွဲသူတွေ ဘယ်မှာ ဘာလုပ်နေတယ်ဆိုတဲ့ အကြောင်းကို Apple ကပဲဖြစ်ဖြစ်၊ Amazon ကပဲဖြစ်ဖြစ် Google ကိုပေးသိမှာ မဟုတ်ဘူး” ဟု Lumatic အမှုဆောင်ချုပ်က ပြောသည်။

Lumatic သည် မြို့ကြီးများ၏ မြေပုံအက်ပလီကေးရှင်းများ စီစဉ်ဆောင်ရွက်နေသည့် ကုမ္ပဏီဖြစ်သည်။ iPhone ထွက်လာပြီ ဆိုကတည်းက Google အတွက် ကာလဝိဘက် နောက်ပိုးတက်တော့တာပင်။ တစ်ခုမှ Google အတွက် ကောင်းသည်ဆိုတာ ရှိမလာခဲ့။ Google ၏ Maps မြေပုံဝန်ဆောင်မှု လုပ်ငန်းက မိုဘိုင်းပစ္စည်းများပေါ်တွင် ရှိသည့် ဖုန်းအဆက်အသွယ် အဝင်အထွက် အားလုံး၏ ထက်ဝက်ကျော် နေရာယူထားသည်။ အဆိုပါ မိုဘိုင်းအဆက်အသွယ် အားလုံး၏ ထက်ဝက်နီးပါးကလည်း iPhone သုံးစွဲသူများက ဆောင်ရွက်ခြင်း ဖြစ်သည်။ ထို့ကြောင့် Apple ၏ ယခုလုပ်ရပ်က Google ၏ အမာခံ လုပ်ငန်းဖြစ်သည့် ရှာဖွေမှု Search ၏ ရင်ဝကို တည့်တည် ဆောင့်ကန်လိုက်ခြင်း ဖြစ်သည်။အဘယ့်ကြောင့်ဆိုသော် မိုဘိုင်းရှာဖွေမှု ၄၀ ရာခိုင်နှုန်းခန့်က ဒေသတစ်ခုမှ နေရာ၊ အရာဝတ္ထုများကို ရှာဖွေနေကြတာ ဖြစ်၍ပင်။ “နေရာဒေသ တစ်ခုရဲ့ အကြောင်းကိစ္စတွေဟာ Google အတွက် ကြော်ငြာခ ဒေါ်လာတွင်းကြီးပဲဗျ။ ရှာဖွေမှုကတော့ အဲဒါနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ကိစ္စပဲ” ဟု Serach Engine Land ဆိုသော နည်းပညာဘလော့ဂ် အယ်ဒီတာ တစ်ဦးက ပြောသည်။ “ခင်ဗျား ကော်ဖီသောက်ချင်လို့ ရှာပြီဆိုပါတော့ ခင်ဗျားဆီကို ကော်ဖီဆိုင်တွေလည်း ရောက်လာမယ်။ ကော်ဖီနဲ့ ဆက်စပ်တဲ့ ကြော်ငြာတွေလည်း ရမယ်” ဟု သူကပြောသည်။

တကယ်တော့ သုံးစွဲသူတွေက ထိုရန်ပွဲနှင့် လားလားမှ မဆိုင်သည့် ဘေးမှရပ်ကြည့် နေသူတွေပါပဲ။ သုံးစွဲသူတွေက ယခုတော့ App Store မှYouTube အက်ပလီကေးရှင်းကို ဒေါင်းလုတ်လုပ်နိုင်ဖို့ တကူးတက အပိုအလုပ်တွေ လုပ်နေကြရပြီ။ ယခုအချိန်အထိ Google ကလည်း မြေပအက်ပလီကေးရှင်းကို ကမ်းလှမ်းတာ မရှိသေးပေ။ Apple ၏ မြေပုံဆိုတာကလည်း အဆင်မပြေတာတွေနှင့်ချည်း ပြည့်၍နေသည်။ ဝါရှင်တန်ပြည်နယ်၊ ပီဂျစ်ဆောင်းဒ် ရေလက်ကြား၊ တာကိုမာနဲရိုးစ် ရေပြင်က ဖြတ်ကျော်ထားသည့် တံတားတစ်စင်း၏ ဓာတ်ပုံဆိုလျှင် ပုံမှန်ပုံမဟုတဘဲ တံတားတစ်စင်းလုံး အပုံလိုက် ပြိုကျနေသည့် ဓာတ်ပုံဖြစ်နေသည်။ သို့သော် Apple မြေပုံများက ကောင်းလာတော့မှာပါ။ ပြိုင်ဆိုင်မှု ပြင်းထန်လာတာကြောင့် မြေပုံကောင်းတွေ ထွက်လာတော့မှာပါဟု သုံးသပ်သူများက ပြောကြသည်။ “ Apple မြေပုံတွေက လူကြည့်များပါတယ်ဆိုမှ အဆင်သင့်ဖြစ်တပုံ မပေါ်သေးဘူး။ ဒါက ဆုံးရှုံးမှု တစ်ခုပါပဲ” ဟု BIA/Kelsey မီဒီယာ သုတေသန ကုမ္ပဏီမှ ပရိုဂရမ်ဒါရိုက်တာ တစ်ဦးက ပြောသည်။ “ဒါပေမယ့် ဒါက ရေရှည်ဖြစ်နေအုံးမယ့် ဆုံးရှုံးမှုလားဆိုတော့၊ အင်း အဲဒီလိုလည်း မဟုတ်သေးဘူး။ လူတိုင်းက မယုံကြည်နိုင်လောက်အောင် အစွမ်းထက်တဲ့ နည်းပညာသစ်တွေ ရှာဖွေဖော်ထုတ်ကြအုံးမှာ ဆိုတော့ သုံးစွဲသူတွေ အတွက်က ကောင်းတာချည်းပဲပေါ့” ဟု သူက ပြောသည်။

တကယ်တော့ iPhone ဖန်သားပြင်ထက်မှာ တိုက်ပွဲမဆင်မီ ကတည်းက Google နှင့် Apple တို့၏ ရန်စောင်ပွဲက အရှိန်တက်လာခဲ့သည်ပင်။ သူတို့နှစ်ဦး ချစ်လို့ ကောင်းနေတုန်းကတော့ မြေပုံများ၊ ရှာဖွေမှုနှင့် YouTube တို့ကဲ့သို့ Google ၏ ဝန်ဆောင်မှုတွေပါသော iPhone ကို နှစ်ဘက် အမှုဆောင်ချုပ် နှစ်ဦးက မင်္ဂလာယူကာ ပူးတွဲမိတ်ဆက်ပေးခဲ့ကြသည် မဟုတ်လား။ သို့သော် သူ၏ကိုယ်ပိုင်မိုဘိုင်း လည်ပတ်ရေးစနစ် Android ကို Google က “ထ” ထုတ်လိုက်ရာမှ အကွဲအပြဲဇာတ်လမ်းက “စ” သည်။ ဒီနောက်မှာတော့ မူပိုင်ခွင့် မှတ်ပုံတင်၊ ကြော်ငြာ၊ အက်ပလီကေးရှင်း စသည့် မိုဘိုင်းကိစ္စ အားလုံးမှာ ကုမ္ပဏီနှစ်ခုစလုံး တစ်ယောက်နှင့် တစ်ယောက် ရန်စောင်နေကြတော့သည်။ ထိုရန်စောင်ပွဲက တရားရုံး ရောက်လာတော့မှ လူတွေ ပိုသိလာကြသည်။ အမှန်က အပြန်အလှန် တရားစွဲကြတာက Google နှင့် Apple တို့တော့ မဟုတ်။ Apple နှင့် Google ၏ Android ဆော့ဖ်ဝဲလ်ကို အသုံးပြုကြသော ဖုန်းထုတ်လုပ်ရေး ကုမ္ပဏီတွေ ဖြစ်သည်။

အနီးစပ်ဆုံး ဥပမာက သောကြာနေ့နှင့် စနေနေ့ (၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၁-၂၂ ရက်) တွင် ဖြစ်ခဲ့သည့် တရားရုံး ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးဖို့၊ ပယ်ဖျက်ပေးဖို့၊ Apple နှင့် Samsung တို့က အသီးသီး စာတင်ခဲ့ကြသည်။ တရားရုံး ဆုံးဖြတ်ချက် ဆိုသည်မှာ မူပိုင်ခွင့် ချိုးဖောက်ခြင်းအတွက် Samsung က Apple ကို ဒေါ်လာတစ်ဘီလျံပေးရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ Apple က ငွေပိုလိုချင်၊ Samsung က အသစ်ပြန်လည် စစ်ဆေးပေးစေချင်သည်။ ထို့ကြောင့် လာမည့် ဒီဇင်ဘာလ ၉ ရက်နေ့တွင် သူတို့နှစ်ယောက် တရားရုံးတွင် တရားဆိုင်ကြရဦးမည်။ စင်စစ် YouTube ကို Apple က စွန့်လွှတ်လိုက်ခြင်းသည် သူ၏ မိတ်ဆွေဟောင်းကြီးနှင့် အဆက်ဖြတ်ဖို့ ကြိုးစားခြင်းပင်။ ဒါပေမဲ့ ထိုကိစ္စက မြေပုံကိစ္စနှင့်တော့ မတူပါလေ။ ဘာကြောင့်လည်း ဆိုတော့ Apple မှာ ဗီဒီယိုဝန်ဆောင်မှုဆို၍ ဟုတ်တိပတ်တိ မရှိသေးသောကြောင့်ပင်။ ထိုအချိန်မျိုးမှာမှ Google ကလည်း YouTube အက်ပလီကေးရှင်း အသစ်ကို ထုတ်လိုက်ပြန်သည်။
YouTube အက်ပလီကေးရှင်း အသစ်က App Store ရှိ အခမဲ့ အက်ပလီကေးရှင်းများထဲတွင် နံပါတ်တစ်အဖြစ် ဗိုလ်ဆွဲနေပြန်သည်။ ခုနစ်နှစ်ကြာ အတွေ့အကြုံ မြေပုံများကြောင့် Google က အစဉ်အလာကြီးသော ဒီဂျစ်တယ်မြေပုံ ဆရာကြီး ဖြစ်လာရသည်။ ယခုတော့ သူ့ကို ဖက်ပြိုင်မည့် ပြိုင်ဘက်အသစ် တစ်ယောက်တိုးပြီ။ တစ်ချိန်တည်းမှာ iPhone သုံးစွဲသူတွေကလည်း သူ့ကို ခြေစုံကန်သွားတာ ခံလိုက်ရပြီ။ Android ဖုန်းက iPhone ထက် အရေအတွက်အားဖြင့် များသည်။ စမတ်ဖုန်း ၆၀ ရာခိုင်နှုန်းက Android ကို သုံးစွဲသည်။ iPhoneက ၃၄ ရာခိုင်နှုန်းသာ ရှိသည်။ သို့သော် Google Maps သို့ ဝင်ရောက်လာသူ ထက်ဝက်ခန့်ကတော့ iPhone ဘက်တော်သားများ ဖြစ်နေသည်။ (၂၀၁၂ ခုနှစ်) ဇူလိုင်လက iPhone သုံးစွဲသူ ၁၂ ဒသမ ၆ သန်း Google maps သို့ နေ့စဉ် ဝင်ရောက်သည်။ ထိုကာလ၌ Android ဖုန်းသုံးစွဲသူ ၇ ဒသမ ၆ သန်းသာ Google Maps သို့ ရောက်လာသည်။ iPhone သုံးစွဲသူများက Google Maps တွင် တစ်နာရီခွဲ ကြာအောင် ကျောက်ချနေတတ်ပြီး Android ဖုန်း သုံးစွဲသူများက တစ်နာရီသာ နေသည်။ ဒီသုံးစွဲသူတွေက Google အတွက် အရေးကြီးလှသည်။ အဘယ့်ကြောင့်ဆိုသော် မည်သည့် စီးပွားရေး လုပ်ငန်းများ သို့မဟုတ် မည်သည့် အဆောက်အအုံများက တစ်ခေတ် “ထ” ထင်ပေါ် နာမည်ကြီးနေသည်။

မြေပုံများတွင် အမှားအယွင်း ရှိ ၊ မရှိ စသည်တို့နှင့် ပတ်သက်၍ Google က သူတို့ကို အားကိုးနေရသောကြောင့် ဖြစ်သည်။ ပြီးတော့လည်း မြေပုံများအတွက် အက်ပလီကေးရှင်းများ ဖန်တီးပေးနေသော အက်ပလီကေးရှင်း ရေးဆွဲသူ ကုမ္ပဏီများနှင့် ဆက်ဆံရေး ပြတ်တောက်ကုန်မှာလည်း Google က စိုးရိမ်နေသည်။ “Apple ကလည်း ရုတ်ခြည်းဆိုသလို Google ဈေးကွက် ဝေစုခပ်ကြီးကြီး တစ်စိတ်တစ်ပိုင်းကို အပိုင်ယူသွားပြီလေ။ ဒါကို Googleက သူ့ရဲ့ အက်ပလီကေးရှင်း ရေးဆွဲသူ ကုမ္ပဏီတွေကို ဘယ်လိုပြန်ပြောမလဲ” ဟု ကုမ္ပဏီသုံးသပ်သူ တစ်ဦးက ပြောသည်။ ဒါပေမဲ့ Apple ၏ မြေပုံတွေ ကိုးရိုးကားရား ဖြစ်နေတာကို လူတွေက စကားတင်း ဆိုကြသည့်အခါ၊ Google က မိန့်မိန့်ကြီး သဘောကျနေမှာ သေချာနေသည်။ Apple မြေပုံတွေ အဆင်မပြေပုံကတော့ ရာဇဝင်ပါပဲ။ အိန္ဒိယပြည်၊ ဟိုက်ဒရဘတ်မှ ရေကန်တစ်ကန် ပျောက်ဆုံးနေသည်။ မက်ဆာချူးဆက် ပြည်နယ်၊ ကင်းဘရစ်ခ်ျမှ စားသောက်ဆိုင်များကို ကမောက်ကမ ဖြစ်အောင် လုပ်ထားသည်။ ဘာလင်မြို့ကို တောင်ဝင်ရိုးစွန်း၊ အန်တာတိကတိုက်တွင် ပို့ထားသည်။ ထို့ကြောင့် လောလောဆယ်မှာ မည်သည့်ပစ္စည်း၊ မည်သည့် ဘရောက်ဇာ၊ မည်သည့် လည်ပတ်ရေး စနစ်နှင့်မဆို Google Maps ကိုသုံးစွဲနိုင်ရေးက သူ၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်ကြောင်း Google က စောင်းချိတ်ပြောနေကာ Apple မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဖြစ်နေသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။