Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။
✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩
8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်
Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်
Saturday, October 6, 2012
နေတိုးနှင့်တွေ့ဆုံခြင်း
Nay Toe
ကိုနေတိုး မင်္ဂလာပါရှင် ခိုင်လေးကတော့ MYMC ONLINE RADIO က amedeo ပါ …ပထမဦးဆုံးအနေနဲ့ အကို့ရဲ့ နာမည်အရင်းနဲ့ မွေးချင်းမောင်နှမ ဘယ်နှစ်ယောက်ရှိလဲဆိုတာ သိပါရစေရှင်။
ကျွန်တော့်နာမည်အရင်းကတော့ နေလင်းအောင်လို့ ခေါ်ပါတယ်။ ကျွန်တော်တို့က မွေးချင်းလေးယောက်ပါ။ ကျွန်တော်ကတော့ ယောကျာ်းလေး သုံးယောက်မှာ ဒုတိယမြောက်ပေါ့နော်။ အငယ်ဆုံးကတော့ ကျွန်တော့်ညီမလေးပါ။
1ကိုနေတိုးက ရန်ကုန်သားမဟုတ်ပဲ ရခိုင်ဇာတိဆိုတော့ ကိုနေတိုးရဲ့မွေးရပ်မြေနဲ့ ပတ်သက်ပြီးတော့ အတွေ့အကြုံ အမှတ်တရလေးတွေကော ရှိပါသလားရှင်။
အမှတ်တရတွေများပါတယ်။ ကျွန်တော် ၁၆ - ၁၇ လောက်ကပေါ့နော်။ ကျွန်တော် ဒီအလုပ်ကိုလုပ်ဖို့အတွက် ရန်ကုန်မှာလာနေပါတယ်။ အဲဒီ ၁၆-၁၇ တုန်းကဆိုတော့ ကျွန်တော်ဖြတ်သန်းရတဲ့လူငယ်ဘဝမှာ ကျွန်တော်ရခိုင်မှာပဲ အချိန်ကုန်ခဲ့တာဆိုတော့ ကျွန်တော်ရခိုင်ကိုတော့ အမြဲတမ်း သတိရပါတယ်။ အမှတ်တရတွေလဲများပါတယ်။
အကို ဘယ်အသက်ရွယ်လောက်ကနေစပြီး ဒီအနုပညာအလုပ်ကို စိတ်ဝင်စားခဲ့တာလဲဆိုတာ ပြောပြလို့ရမလားရှင့်။
ကျွန်တော် က သရုပ်ဆောင်အလုပ်ကိုလုပ်ဖို့အတွက် ၁၈ လောက်မှာ ကျွန်တော်စပြီးဆုံးဖြတ်ဖြစ်ခဲ့တာပါ။ ကျွန်တော် အနုပညာကို ဝါသနာပါတာကတော့ ကျွန်တော်ငယ်ငယ်လေး ထဲကပေါ့နော်။ ကျွန်တော် တခြား အနုပညာနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကိုလဲ အကုန်လုံးကိုဝါသနာပါတယ်။ ပြီးတော့ ဒီသရုပ်ဆောင်လုပ်ဖို့ကတော့ ကျွန်တော် ၁၈ လောက်မှာ ဆုံးဖြတ်ချက်ချခဲ့တာပါ။
ဟုတ်ကဲ့။ ကိုနေတိုးရဲ့ ပထမဆုံးရိုက်ကွင်းမှာကြုံတဲ့ အတွေ့အကြုံလေးတွေ အဖြစ်အပျက် ၊ ခံစားချက်လေးတွေရှိရင်လည်း အကိုရဲ့ပရိတ်သက်ကို ဝေမျှပေးပါဦး။
ရိုက်ကွင်းအတွေ့အကြုံကတော့ တော်တော်များပါတယ်။ ရိုက်ကွင်းမှာ ကျွန်တော်တို့က ကားတွေအများကြီးရိုက်ရတော့ နေရာတွေကလဲ အများကြီးသွားနေရတယ်လေ။ အတွေ့အကြုံကတော့ ပြောရရင်အများကြီးပေါ့။ ဒါပေမဲ့ ခုလောလောဆယ် ကျွန်တော်တို့ စင်္ကာပူမှာပထမဦးဆုံး ရုပ်ရှင်လာရိုက်တာဆိုတော့ ဒါရိုက်တာဇင်ယော်မောင်မောင်နဲ့ မင်းသမီးကမိုးယုစံ မနက်ဖြန်အစီအစဉ် ဆိုတဲ့ဇာတ်လမ်းလေးပေါ့။ ဒီဇာတ်လမ်းလေးက ကြည့်တဲ့ပရိတ်သတ်ကိုလည်း နည်းနည်းလေး ဘယ်လိုပြောမလဲ။ အသိတစ်ခုပေါ့။ သေခြင်းတရားကို နည်းနည်းလေးရှင်းထားတာလေး ပါတဲ့အခါကျတော့ ဒီကားလေးကတော့ ကျွန်တော့်အတွက် အမှတ်တရဖြစ်ပါတယ်။
ဟုတ်ကဲ့ရှင့်။ ကိုနေတိုးအထင်ကြီးလေးစားရတဲ့ အနုပညာရှင်တွေကောရှိလား။ ဘာဖြစ်လို့ သူတို့ကိုလေးစားတာလဲ။
အနုပညာရှင်တိုင်းကိုတော့ ကျွန်တော်လေးစားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနုပညာကိုချစ်တဲ့လူတိုင်းကို ကျွန်တော်လေးစားတယ်။ အနုပညာကိုတကယ်ချစ်တဲ့ ပြီးတော့အနုပညာကို အနုပညာနဲ့တူအောင်တန်ဖိုးထားတဲ့ အနုပညာရှင်တိုင်းကို ကျွန်တော်လေးစားပါတယ်။
ကိုနေတိုး ဒီအခြေအနေထိအောင်မြင်မှုရလာအောင် ဘယ်လိုစိတ်ဓါတ်တွေနဲ့ကြိုးစားခဲ့ရလဲ။
အဓိကကတော့ဗျာ.. အဓိကအနေနဲ့ ကိုယ့်ရဲ့စိတ်ကို အမြဲတမ်းအသစ်သစ်ဖြစ်အောင် ၊ အမြဲတမ်းကိုယ့်စိတ်ကို ဒီနေ့နဲ့မနက်ဖြန် မတူအောင်ကြိုးစားမှုနဲ့ပဲ ကျွန်တော်ရှေ့ဆက်ပါတယ်။
အကိုကအောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဆိုတော့ ကောလဟာလ အတိုက်အခိုက်တော့ရှိမှာပေါ့နော်။ အဲလို အတိုက်အခိုက်တွေကို အကိုဘယ်လိုများဖြေရှင်းခဲ့လဲ။
အတိုက်အခိုက်ကတော့ ကျွန်တော်နည်းပါတယ်နည်းနည်း။ ဘာလို့လဲဆိုတော့ ကြုံလာလို့ရှိရင်လည်း ကျွန်တော်ကိုယ့်စိတ်ကိုပဲ  ပြန်ပြီးတော့မြင်နိုင်အောင် ကြိုးစားပါတယ်။
အောင်မြင်တဲ့သရုပ်ဆောင်ဖြစ်ဖို့အတွက်ကရော ဘယ်လိုခံယူချက်တွေရှိရမလဲလို့အကိုထင်လဲ။2
ကျွန်တော်ခံယူထားတဲ့ ခံယူချက်ကတော့ အဓိကကတော့ပေါ့နော် အလုပ်ပေါ်မှာ စေတနာထားပြီး လုပ်ဖို့အဓိကပါပဲ။ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားနဲ့ အလုပ်ပေါ်မှာ စေတနာထားပြီးလုပ်ရင်တော့ စေတနာဆိုတဲ့ သဘောကတော့ ကိုယ့်ဆီကို reflection ပေါ့နော် ပြန်လာတတ်ပါတယ်။
အကိုဇာတ်လမ်းရိုက်ရင် ဘယ်လို character တွေကို အလေးထားပြီးရိုက်ချင်လဲရှင့်။
ကျွန်တော်ကတော့ စိတ်နဲ့သရုပ်ဆောင်ရတဲ့အလုပ် သရုပ်ဆောင်မှုမျိုးတွေကို ပိုပြီးလေးနက်တယ်လို့ ကျွန်တော်ထင်တယ်ဗျ။ ပြီးတော့ အဲဒီ character တွေကိုပိုပြီး သရုပ်ဆောင်ချင်ပါတယ်….
အကိုအခုရောက်နေတဲ့ ဘဝနဲ့ဆန္ဒနဲ့ကကော တစ်ထပ်တည်းကျပြီလား။
ဘဝနဲ့ဆန္ဒကတော့ တစ်ထပ်တည်း မကျသေးပါဘူး။ ကျွန်တော်ရှေ့ဆက်ပြီး အများကြီးကြိုးစားရဦးမှာပါ။
အကိုသာ အခုချိန်မှာအောင်မြင်တဲ့အနုပညာသမားတစ်ယောက် မဖြစ်ခဲ့ဘူးဆိုရင် အကိုအခုချိန်မှာဘာတွေလုပ်နေမယ်လို့ထင်လဲ။
ကျွန်တော်က အနုပညာကိုဝါသနာပါတဲ့ သူတစ်ယောက်ဆိုတော့ အခုချိန်မှာဒီလိုအခြေအနေမျိုးကို မရခဲ့ဘူးဆိုရင် အနုပညာလောကထဲမှာပဲ တခြားအနုပညာတစ်ုခုခုကို လုပ်နေလိမ့်လို့ ကျွန်တော်ထင်တယ်ခင်ဗျ။
အကယ်၍ တောင်းဆုတစ်ခုရမယ် ၊ အဲဒီတောင်းဆုကလဲ ဆုတောင်းပြည့်မယ်ဆိုရင် အကိုဘယ်လိုဆုမျိုးတောင်းချင်လဲရှင့်။
ကျွန်တော် ဆုတောင်းခွင့်မယ်ဆိုရင်တော့ ကျွန်တော် ဘယ်ဘဝပဲရောက်ရောက် ငြိမ်းချမ်းတဲ့ဘဝလေးကိုကျွန်တော်လိုချင်ပါတယ်။
အကို စင်္ကာပူမှာရုပ်ရှင်လာရိုက်တာပေါ့နော်။ ဒီက ပရိတ်သက်တွေနဲ့တွေ့ရတဲ့အခါမှာ အကို့ရင်ထဲမှာ ဘယ်လိုခံစားရလဲ။ ပျော်ရွှင်လား ၊ ကြည်နူးမိလားပေါ့နော်။ ဘာလို့လဲဆိုတော့ မတူဘူးလေ။
ဟုတ်ကဲ့ ကျွန်တော်ပျော်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကပရိတ်သတ်တွေကလဲ ကျွန်တော်ပွဲတွေဘာတွေလာကတုန်းကလဲ အားပေးထားကြတယ်။ ပြီးကျတော့ ဒီကပရိတ်သက်တွေက တကယ်ဖော်ဖော်ရွေရွေနဲ့ ကိုယ့်နိုင်ငံကမင်းသားတစ်လက် ဒီမှာရုပ်ရှင်လာရိုက်တယ်ဆိုတော့ သူတို့ကူညီမှုလဲပေးတယ်။ အစစအရာရာပေါ့နော်။  အဆင်ပြေပါတယ်။ အဲ့လိုဆိုတော့ ကျွန်တော်ဝမ်းလည်းသာပါတယ်။ ကျေလည်း ကျေနပ်ပါတယ် စင်္ကာပူမှာလာရိုက်ရတာ။
ဟုတ်ကဲ့။ အကိုက အခုချိန်မှာ အနုပညာနဲ့ပတ်သက်ပြီး အလုပ်ရှုပ်နေတာဆိုတော့ နှလုံးသားရေးရာကိုရော အချိန်ပေးစဉ်းစားပြီးပြီလား။ လက်တွဲဖော်ကိုရော ရွေးချယ်ထားပြီးပြီလားရှင့်။
နှလုံးသားရေးရာနဲ့ပတ်သက်ပြီး ပြောရလောက်အောင် အများကြီးမရှိပါဘူး။ ကျွန်တော် ၃၀ မပြည့်ခင်မှာတော့ ကျွန်တော့်နှလုံးသားရေးရာနဲ့ ပတ်သက်ပြီး ကျွန်တော်ဆုံးဖြတ်မှာပါခင်ဗျ။  ဒါပေမဲ့ ခုချိန်ထိတော့ အေးဆေးပါပဲ။
3ဒါဆိုရင် အကိုလက်တွဲဖော် ရွေးချယ်မယ်ဆိုရင်ရော အကို ဘယ်လိုမိန်းကလေးမျိုးကို ရွေးချယ်မယ်လို့ ဆုံးဖြတ်ထားပါသလဲ။
ကျွန်တော်အဲလိုမျိုး သတ်မှတ်ထားတာတော့မရှိပါဘူး။ အဓိကကတော့ ကျွန်တော်တကယ်ရင်ထဲမှာ မြတ်မြတ်နိုးနိုးချစ်နိုင်ဖို့က အဓိကလို့ကျွန်တော်ထင်တယ်လေ။ အဲဒီတော့ အဲလိုမိန်းကလေးကို ကျွန်တော်တွေ့လာရင်တော့ ကျွန်တော်ကိုယ်တိုင် choice မလုပ်ပဲနဲ့ ကံတရားက choice လုပ်ပေးတာကို ခံယူရင်းနဲ့အကောင်းဆုံးဖြစ်အောင် ကျွန်တော်ကြိုးစားသွားမှာပါ။
ဟုတ်ကဲ့။ အခုခေတ်က internet တွေ email တွေ ခေတ်စားနေတဲ့ခေတ်ဆိုတော့ ကိုနေတိုးကိုဆက်သွယ်ချင်တဲ့ ပရိတ်သက်ကြီးကို ကိုနေတိုးရဲ့ gmail account ဒါမှမဟုတ် facebook account တွေ personal website တွေရှိရင် ပြောပြပေးပါဦးရှင့်။
ဟုတ်ကဲ့။ ကျွန်တော့်ရဲ့ facebook အကောင့်ကတော့ Nay Toe ပါပဲ။ gmail account ကတော့ naytoe9999@gmail.com ဆိုရင်ရပါတယ်ခင်ဗျ။
နောက်ပြီးတော့ ခိုင်လေးတို့ရဲ့ myanmar youth media club online radio station လိုမျိုး အကိုတို့လို အနုပညာမောင်နှမတွေနဲ့ ပရိတ်သက်ကိုချိတ်ဆက်ပေးနေတဲ့ online media တွေကိုရော အကိုအနုပညာသမား တစ်ယောက်အနေနဲ့ ဘယ်လိုမြင်ပါလဲ။
ကျွန်တော်က အဲလိုမျိုးပေါ့နော်။ ပရိတ်သက်နဲ့အနုပညာရှင်တွေကြားထဲမှာရှိတဲ့ Media တွေအားလုံးကို ကျွန်တော်လေးလဲ လေးစားပါတယ်။ ပြီးတော့ ကျွန်တော်အခုလို Interview တွေကိုလဲ ကျွန်တော်စိတ်ရှည်ရှည်နဲ့ ဖြေပေးပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီအရာလေးတွေက အနုပညာနဲ့ ပရိတ်သက်တွေကြားမှာ တကယ်ကို လိုအပ်တဲ့ကဏ္ဍာလေးတွေဖြစ်လို့ပါ။
ကျွန်တော့်ပရိတ်သက်အတွက် ကျွန်တော်ကြိုးစားနေပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ကြိုးစားဦးမှာပါလို့။ ကျွန်တော့်ကားတွေကိုကြည့်ပြီးတော့လဲ ကျွန်တော့်ကိုဝေဖန်ပေးပါ ၊ အကြံပေးပါဦးလို့ပြောချင်ပါတယ်။
ဟုတ်ကဲ့ အခုလို shooting တွေမအားမလပ်ကြားကနေပြီးတော့ ခုလိုဖြေကြားပေးတဲ့ ကိုနေတိုးကိုညီမတို့ရဲ့ MYMC ကိုယ်စား ညီမကပဲ ကျေးဇူးတင်ပါတယ်ရှင်…
ဟုတ်ကဲ့ဗျ။ ကျွန်တော်ကလည်း ပရိတ်သက်တွေအားလုံးနဲ့ ညီမတို့အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Source...http://www.mymclub.net/main/index.php?option=com_content&view=article&id=310&Itemid=472
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။