Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 17, 2012

တက်သစ်စ အဆိုတော်မလေး ပိုပိုနဲ့ ခဏတာ

 

ပြီးခဲ့တဲ့ ဇွန်လက ကျွန်တော့် သူငယ်ချင်းတစ်ယောက်က G-Talk ကနေ လှမ်းမေးတယ်။ သီချင်းနားထောင်မလားတဲ့။ သီချင်းနားထောင်ရတာ ဝါသနာကြီးတဲ့ ကျွန်တော့်ကို ဒီလိုပဲ သီချင်းတွေ ဝေမျှပေးနေကျလေ။ ကောင်းရင် နားထောင်မယ်ဆိုတော့ သီချင်းလေးတစ်ပုဒ် ပို့လိုက်တယ်။

” … တခမ်းတနားထိ မင်းကိုငါ့ရင်ထဲမှာ ချစ်နေပေမယ့် ပြောလို့မထွက်ပါကွယ် .. ငါ့ဘဝထဲ အရှုံးတွေနဲ့ ပြည့်နေတော့လည်း ရှေ့ဆက်မတိုးနိုင်ခဲ့ပါတယ် ..
သူများလိုတော့ မင်းအလိုမဖြည့်နိုင်လည်း အချစ်တော့ပိုမယ် … “
အသံအားကောင်းကောင်းနဲ့ သီဆိုလိုက်တဲ့ သီချင်းသံကြောင့် စိတ်ဝင်စားမှု ရေချိန်အမြင့်ဆုံးကို ရောက်သွားတယ်။ အကြိမ်ကြိမ် အထပ်ထပ် နားထောင်ဖြစ်တယ်။ Delo Delo ပရိသတ်ကြီးအတွက် “ဝေးမယ်” ဆိုတဲ့ ဒီသီချင်းလေးရဲ့ ဖန်တီးရှင် အဆိုတော် ပိုပို (ဝက်ကလေး) ကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
Q. နာမည်ရင်းက .
A. နာမည်ရင်းက ဝတ်ရည်မိုးပါ။ အနုပညာနာမည်က ပိုပို (ဝက်ကလေး) ပါ
Q. မိဘနှစ်ပါးက .
A. မိဘတွေကတော့ ဦးအောင်ကျော်ဝင်းနဲ့ ဒေါ်အေးအေးသိန်းပါ။ အခုတော့ မရှိတော့ပါဘူး။
Q. မွေးချင်းမောင်နှမတွေက .
A. မွေးချင်းကတော့ တစ်ယောက်တည်းပါ။
Q. အနုပညာလောကထဲကို ဘယ်လိုစတင်ရောက်ရှိခဲ့သလဲ။
A. စတင်ရောက်လာတာက ပြိုင်ပွဲတွေဝင်ရင်း ဆရာဦးစောနုဆီမှာ Vocal သင်ရင်း သီချင်း စရောင်းဖြစ်တယ်ပေါ့နော်။ တက်သစ်စအဆိုတော်တွေနဲ့ မော်ဒယ်တွေကို ရောင်းတာပါ။ အဲလိုကနေ သီချင်းတွေ လုပ်ဖြစ်ရင်း ၂၀၀၉ Valentine’s Day မှာ မျှော်စင်ကျွန်းမှာ စဆိုဖြစ်ရင်းက နယ်ရှိုးတွေလည်း ဆိုဖြစ်တာပါ။ အဲ့ကနေစပြီးတော့ အခုထိ အနုပညာအလုပ်တွေကိုပဲ လုပ်ဖြစ်ပါတယ်။
Q. ခု လက်ရှိ ဘာတွေလုပ်နေလဲ။
A. အခုလက်ရှိကတော့ သီချင်းရေးနေတယ်။ ပြီးတော့ Promotion Show တွေ ရံပုံငွေပွဲတွေ ဆိုဖြစ်တယ်။ ပါတီရှိုးတွေ ဆိုဖြစ်တယ်။ မခင်ဘုဏ်းရဲ့ ဒုတိယအခွေလေးမှာလည်း သီချင်းတစ်ပုဒ် ရေးထားတယ်။ ပြီးတော့ ဇေရဲရဲ့ အခွေမှာလည်း Featuring ဝင်ဆိုပေးထားတယ်။ ပြီးတော့ သူငယ်ချင်း BK နဲ့ Simpleလေး လုပ်မလို့ စိတ်ကူးနေပါတယ်။
Q. ဘာအနုပညာလှုပ်ရှားမှုတွေ ဆက်လုပ်ဖို့ စဉ်းစားထားလဲ။
A. ထွေထွေထူထူးတော့ မဟုတ်ပါဘူး။ အတွဲခွေလေး ထွက်နိုင်ပြီဆိုရင် ညီမ တစ်ကိုယ်တော်ကို စလုပ်မှာပါ။ အခုကတည်းကတော့ လုပ်နေပါတယ်။ ဒါပေမယ့် နည်းနည်းတော့ ကြာမှာပါ။ ကြိုစားနေပါတယ်။ အခု လောလောဆယ်တော့ Vocal ကျင့်နေပါတယ်။ ပြီးတော့ Piano ကောင်းကောင်းတီးတတ်အောင် သင်ဦးမယ်။ ပြီးတော့ Notes လည်း သင်မယ်။ ဟာမိုနီလည်း မရသေးလို့ သင်မှာပါ။ ပြီးတော့ Music နဲ့ ပတ်သက်လို့ တော်တော်များများ သင်ချင်ပါတယ်။ ညီမက တခါတလေ စိတ်ကူးမိတာက Own Band တစ်ခုမှာ Second Guitarist ဖြစ်ချင်တာလေ။ ဟဲ ဟဲ ဒါတောင် Notes မဖတ်တတ်သေးတာက ခက်တယ်။ တခြား အနုပညာ အလုပ်ကတော့ မလုပ်ဖြစ်သေးပါဘူး။ သီချင်းတွေကိုပဲ ဇောက်ချပြီး လုပ်နေပါတယ်။
Q. ဘယ်သူတွေကို အားကျ အတုယူသလဲ။
A. မတင်ဇာမော်ကို သဘောကျတယ်။ မဆုန်သင်းပါရ်ရဲ့ အသံကို အရမ်းကြိုက်တယ်။ မသျှီတို့ဆို လုံးဝ အသံမကျဘူး။ အရမ်းအားကျတယ်။ သူတို့လိုဖြစ်ဖို့ တော်တော် ကြိုးစားရဦးမယ်ထင်တယ်။ လေးစားတာလည်း ပါတယ်။

Q. အင်တာနက်ရော သုံးဖြစ်လား။
A. အင်တာနက်ကတော့ အမြဲသုံးဖြစ်ပါတယ်။ ဟဲ ဟဲ အားတိုင်းပေါ့။
Q. အင်တာနက်နဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ။
A. အင်တာနက်ကလား ကောင်းတာလုပ်ရင် ကောင်းတာပဲ ဖြစ်တာပေါ့။ ညီမအတွက်တော့ အသုံးဝင်ပါတယ်။ သီချင်းဖြန့်ရတာက အမြတ်ပဲလေ။ ကျန်တာတော့ အထွေအထူး စကားမပြောဖြစ်ပါဘူး။ Facebook သုံးရတာလည်း သဘောကျတယ်လေ။ လူတွေနဲ့လည်း ဆက်သွယ်ရတာ အဆင်ပြေပါတယ်။
Q. စိတ်ကူးထဲက အိပ်မက်က .
A. ဘဝတလျှောက်လုံးမှာ အောင်မြင်ပြီး သူများတွေ လေးစားရတဲ့ အဆိုတော်တစ်ယောက် ဖြစ်ချင်တယ်။
Q. ခုချိန်မှာ အလုပ်ချင်ဆုံးက .
A. အခုချိန်မှာ အလုပ်ချင်ဆုံးကတော့ တစ်ကိုယ်တော်ခွေလေးပါပဲ။ ပြီးတော့ ခရီးထွက်ချင်တယ်။
Q. Delo Delo ပရိသတ်ကြီးအတွက် ဘာတွေ စကားလက်ဆောင် ပါးချင်ပါသေးလဲ။
A. Delo Delo ပရိသတ်တွေလည်း ပျော်ရွှင်ကြပါစေ။ ပိုပို့ကို အားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အနုပညာအလုပ်တွေကို အမြဲကြိုးကြိုးစားစား လုပ်နေမှာပါ။ အားလုံးလည်း ပျော်ရွှင်ကြပါစေလို့ ပြောချင်ပါတယ်။ အခုလို မေးပေးတဲ့ Delo Delo ကိုလည်း ကျေးဇူးတင်ပါတယ်။ အမြဲအောင်မြင်တဲ့ ဆိုက်ဖြစ်ပါစေလို့ ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ် ညီမလေးရေ။ ညီမလေး မျှော်မှန်းတဲ့အတိုင်းအောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
အဆိုတော် ပိုပို (ဝက်ကလေး) နဲ့ BK တို့ သီဆိုထားတဲ့ “ဝေးမယ်” ဆိုတဲ့ သီချင်းကို ဒီနေရာကနေ ရယူနားဆင်နိုင်ပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။