by Mar Ga Luelin on Saturday, October 13, 2012 at 9:55am
မြို့ပြရဲ့
သင်္ကေတတခုဖြစ်တယ်
မနက် ၆ နာရီကနေ ည ၆ နာရီအထိ
လူစည်ကားမယ်
တက်စီတွေရှိတယ်
သီရိမင်္ဂလာဈေးကားတွေရှိမယ်
ဒိုတာဝေါဂိမ်းကလွဲပြီး
လူ့အသိုင်းအ၀ိုင်းနဲ့ အဆက်ပြတ်နေတဲ့လူငယ်တွေရှိတယ်
လဖက်ရည်ဆိုင်ထက်
အရက်ဆိုင်တွေမှာလူစည်တယ်
ဝင်းမြန်မာအရက်ဆိုင် ဟာ
ရေပန်းစားတယ်
OE ဘီယာဆိုင်ဟာ ဟော့တယ်
ဒါဟာ ဖေါ့ကန်ပဲ . . .
ရန်ကုန်လူနေမှု့ဘ၀မှာ နယ်ကတက်လာတဲ့လူတွေနဲ့
တည်ဆောက်ထားတဲ့
တကယ့်ရီရယ်နေဇင် လူ့အသိုင်းအ၀ိုင်းပဲ
အဲ့ဒီနေရာမှာ ကဗျာဆရာနေတယ် .
. .
ကချင်လွယ်အိတ် . . .
အကျီအဖြူညစ်ညစ်
ဆေးပေါ့လိပ်လက်ကြားညှပ် . . .
လေခပ်ပြင်းပြင်း ပုဂ္ဂိုလ်တွေဟာ ကဗျာဆရာဆိုရင်
ဒါတွေဟာ ၂၀၁၁ မှာ
ကျန်ခဲ့ပြီ
ဒီကဗျာဆရာဟာ
အော်တာရှပ်အကျီနဲ့ ဂျင်းအပြာဖျော့ဖျော့နဲ့
ရှုးအနက်ရောင်ဖိနပ်နဲ့ ဆံပင်
အတိုကော့ကော့နဲ့ . . . ဟုတ်ကဲ့ ကောင်းဘွိုင်တော့မဟုတ်ဘူး
လဖက်ရည်ဆိုင်မထိုင်ဘူး . . .
လေမပြင်းဘူး . . . ကဗျာဆရာလို့လုံးဝ မထင်ရဘူး
ဒီလို ဒီလိုနဲ့ ဖေါ့ကန်မှာ
တညလုံးထိုင်နေတဲ့ တက်စီတွေလည်း ရှိတယ် . . .
ဟိုနား ဒီနားလား
ဘုရင့်နောင်
အောင်ဆန်းလား
မြို့ထဲလား ကလပ်လား
ကေတီဗွီလား မာဆတ်လား
ပါးစပ်မဟသွားနဲ့
ဒါဟာမြို့ပြ
နယ်ကတက်လာတဲ့တောသားဆိုသူတွေနဲ့ဖွဲ့စည်းထားတဲ့
မြို့ပြ
အစုံရတယ် အစုံဖြစ်တယ် . . .
ရန်ကုန်ဆိုကတည်းက မာန်မာနတက်ပြီးသား
မနေ့က ရွှံ့မစဉ်သူတောင်
ကျနော်ရန်ကုန်ရောက်ခါစကဆိုပြီး ပုံပြင်တွေပြောတတ်လာ
ဟုတ်ပါတယ် . . .
ခဗျားထင်တာမလွဲဘူး ဘီယာနဲ့ ဂရမ်းရွင်ရယ် အုပ်စိုးတဲ့ ဒေသ . . .
အခုအချိန်ဟာ ၁နာရီနဲ့ ၄၅
မတ်တင်း
ဖေါ့ကန်ဟာညမင်းသားတွေနဲ့
အသက်ဝင်တုန်း
၁မိုင်လောက်ဆက်သွားလိုက်ရင်
Disco ဆိုတဲ့ ကေတီဗွီဟာ အခုမှနိဒန်းဖွင့်တုန်း
အိပ်ကပ်ထဲ ဘယ်လောက်ပါပါ
ဖေါ့ကန်မှာ မွဲသွားမယ်
ဖေါ့ကန်မှာ လွဲသွားမယ် ၊
ဖေါ့ကန်မှာ ကွဲသွားမယ်
ဒါဟာဖေါ့ကန် . . .
အင်းစိန်ဆိုတဲ့ ဆင်ခြေဖုန်းက တောရပ်ကွက်လေးဖေါ့ကန်
ဟုတ်ပါရဲ့ . . . အခုထိ
ဖေါ့ကန်ဟာ မြို့ပြပုံသဏ္ဍန်ဖမ်းတုန်း . . .
လူငယ်တိုင်းဟာ အင်တာနက်နဲ့
ချစ်သူဖြစ်လာ
အရင်လို
မိန်းခလေးနောက်ယောင်္ကျားလေးလိုက်တဲ့ မြင်ကွင်းဟာ ပျောက်ကွယ်သွား
( ဟေး အသက်ဘယ်လောက်လဲ . . .
ဘယ်မှာနေလဲ . . . ဘာလုပ်လဲ
ဘာနဲ့ကျောင်းပြီးတာလဲ . . .
ဘာသဘောမှမဟုတ်ဘူးနော် မင်းမိဘ ဘာလုပ်လဲ
သူများတကာနဲ့မတူပါဘူးကွယ် . .
. ဒါပေမယ့်မင်းကို ငါချစ်တယ် )
ဒါဟာ ရန်ကုန် . . .
ဒါဟာဖေါ့ကန်
ဟိုတုန်းကနဲ့ မတူတော့ဘူး
သူငယ်ချင်း ကကတွေဖုန်းနံပါတ်လည်း အချင်းချင်းမျှဝေခဲ့ကြ . . .
ပတ္တရောင်ရဲတွေဟာလည်း
ဖေါ့ကန်မှာ အရပ်အကဲ မကြည့်လို့မရ
ဆံပင်ရှည်ရှည် အရက်ထွေထွေ
ဆေးလိပ်တိုတိုကိုခဲ ဆိုင်ကယ်ကိုတဗြီးဗြီးဖြဲတဲ့ လူငယ်တွေအုပ်စုကမနည်း
ဒီမှာ ရဲကြီး . . .
ဖမ်းမလို့လား . . . ဒီမိုကရေစီကိုသိလား . . . ၈၈ ကိုတိုင်လို့ရတာသိလား
NLD ကို
အကြောင်းကြားလိုက်ရမလား . . . အေးဆေးနေပါဗျာ . . . ကျနော်တို့ဟာ
ပြည်သူတွေဖြစ်တယ်
ပြည်သူတွေဖြစ်တယ် . . .
ပြည်သူတွေဖြစ်တယ် . . . ပြည်သူတွေဖြစ်တယ် . . .
ခဗျားတို့လက်ထဲက
နံပါတ်ဒုတ်ထက် ကွန်ပြူတာကီးဘုတ်က ကျနော်တို့လက်က ပိုအစွမ်းထက်တယ်
အဟက်ဟက် . . . သမ္မတ
ဝက်ဘ်ဆိုက်မှာတောင် တိုင်စာပို့လို့ရပြီဆိုတော့ . . .
ယောင်္ကျားလား မိန်းမလား Homo
လား Gay လား
ဘာလာလာ . . .
အဲ့ဒါစီးရီးနာမည်မဟုတ် . . . သီချင်းနာမည်မဟုတ်
ရန်ကုန်ဟာ
အကုန်ပျော်ဝင်ပြီးသား . . . ဖေါ့ကန်ဟာ အကုန်ဖျော်ပစ်ပြီးသား
လမ်းလည်ကောင်မှာ အအေးဆိုင်က
ခုံနဲ့ လူတစ်ယောက်ကိုရိုက်ပစ်လိုက်မယ်
" ဖြောင်း "
................................................................................
ဒီကောင်ရန်လာစလို့အကို ၊
ကျနော့်ဦးလေးဟာ ရပ်ကွက်အတွင်းရေးမှုးဖြစ်တယ်
ခစ်ခစ် . . .
ဟိုပုဂ္ဂိုလ်မှာတော့သွေးတွေရဲ
အဲ့ဒီလူငယ်လေးရော . . . အဲ့ဒီ
ပုဂ္ဂိုလ်ကြီးရော
လွန်ခဲ့တဲ့ သုံးလေးလက မှ
ဖေါ့ကန်ရပ်ကွက်သားတွေဖြစ်ကြတယ်
မှန်ပါတယ် . . . ဒါဟာလဲ
ဆင်ခြေဖုန်း ဖေါ့ကန်ဖြစ်တယ် . . .
ဖေါ့ကန်ဟာ သရုပ်မှန်
ဖေါ့ကန်ဟာ
ရန်ကုန်မြို့စစ်စစ်
ဖေါ့ကန်ဟာ လှိုင်သာယာကို
စိန်ခေါ်နေတယ်
ဖေါ့ကန်ဟာ
တနိုင်ငံလုံးကိုစိန်ခေါ်နေတယ်
အဲ့ဒီဖေါ့ကန်မှာ
ကဗျာဆရာနေတယ်
ကဗျာဆရာဟာ
တနိုင်ငံလုံးကိုစိန်ခေါ်တယ်
မှန်တယ် . . . ကျနော်ဟာ
ဖေါ့ကန်က ကဗျာဆရာဖြစ်တယ် . . .
မာဃသစ္စာ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။