by A Mon Moon on Saturday, October 13, 2012 at 5:59am
ကျွန်မကို မောင်တအံ့တသြငေးမောကြည့်နေတဲ့ပုံက
အရင်အတိုင်းလုံးဝမပြောင်းလဲပါ။ ကျွန်မရဲ့ ဆုံးဖြတ်ချက်တွေအတွက် မောင်ဒီလိုပဲ
အမြဲငေးမောကြည့်နေခဲ့ဖူးတာပဲလေ။ ၇ နှစ်ကျော် ကြာသွားတဲ့အချိန်၊ မောင့်ကို
ကျွန်မပစ်ထားခဲ့တာ ၄နှစ်ကျော်ကြာသွားခဲ့ပေမယ့် မောင်ရဲ့ အားငယ်စိတ်နဲ့အတူ ကျွန်မကို
ချစ်မြတ်နိုးတဲ့ အရိပ်တွေနဲ့ အဲဒီအကြည့်တွေက နည်းနည်းလေးမှ ပြောင်းလဲမသွားသေးတာကို
ကျွန်မမအံ့သြမိပါ။
နောက်ဆုံးလမ်းခွဲမယ်လို
့ကျွန်မပြောခဲ့တုန်းကလည်း မောင်က ဒီလို အေးစက်စက် နဲ
့စကားလုံးတွေအများကြီးထည့်ဝှက်ထားတဲ့ အကြည့်တွေပဲ ကျွန်မကို ပြန်ပေးခဲ့ပြီး
တိတ်ဆိတ်နေခဲ့တာလေ။ ကျွန်မ မောင်နဲ့ဝေးနေတဲ့ ၄ နှစ်ဆိုတဲ့ကာလအတွင်းမှာ အလုပ်ကိုပဲ
အားကြိုးမာန်တက်လုပ်ကိုင်ရင်း ကျွန်မချမှတ်ထားတဲ့ ပန်းတိုင်တွေကို
တစ်ခုပြီးတစ်ခုဖြတ်ကျော်နေခဲ့တာ မောင့်ကို အမှတ်ရလွမ်းဆွတ်ခြင်းတောင်
ရှိမနေခဲ့ဘူးဆိုတာ "မင်းက သိပ်အတ္တကြီးတယ် မေ" လို့ မောင်မှတ်ချက်ချခဲ့တဲ့
အတိုင်းပေါ့လေ။ ဒါပေမယ့် ခရေပန်းတွေကြွေတိုင်း မိုးတွေဖွဲဖွဲရွာတိုင်း
ကော်ဖီခါးခါးအနံ့ လေးရတိုင်း သနပ်ခါးပါးကွက်ထူထူလေးကွက်ဖြစ်တိုင်း.....
အဲဒီလိုတိုက်ဆိုင်တဲ့အကြောင်းအရာပေါင်းများစွာနဲ့ ကျွန်မခိုးခိုးချခဲ့ရတဲ
့သက်ပြင်းသံတွေကို ဘယ်သူကြားနိုင်ခဲ့မှာတဲ့လည်း။
"မေမြတ်မွန်.....ကိုလင်းကြယ်စင် တစ်ယောက်တော့
အရက်တွေအရမ်းဖိသောက်နေတယ်တဲ့နော်...နည်းနည်းပါးပါးပြောသင့်တယ်ထင်တယ်။ သူ့အမေလည်း
အတော်စိတ်မကောင်းဖြစ်နေရှာတယ်။ အဲဒီ ရှင့်ပယောဂတွေ လို့ ပြောရင် ရှင်စိတ်မဆိုးနဲ
့"
မောင့်သတင်းတွေကို မောင်နဲ့ အတူ
တစ်ရုံးတည်းလုပ်နေတဲ့ အစ်မက အမြဲလိုလို ကျွန်မဆီ သယ်ဆောင်ပေးတတ်တယ်။ ကျွန်မက
လက်ဖက်သုတ်အစားမပျက်ပဲ ၊ စာအုပ်အဖတ်မပျက်ပဲ အေးစက်စက်တုံ့ ပြန်တဲ့အခါတိုင်း
အစ်မနွေးငယ်က စုတ်တသတ်သတ်နဲ့ ကျွန်မကို အပြစ်ဆိုနေကျ။ သူတို့ က မောင့်ရဲ
့ရိုးသားမှုကို အမြဲမန်းရှင်းလုပ်ကြ တန်ဖိုးထားကြတဲ့ မောင့်ရဲ့ ဘက်တော်သား
ကျွန်မသူငယ်ချင်းညီအစ်မတွေပေါ့။ အမြဲလိုလို မောင့်သတင်းတွေက အသည်းကွဲသမားကြီး
အစွဲအလမ်းကြီးသူကြီး သစ္စာရှိလွန်းသူကြီးရယ်ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ အတူ
မောင့်ကျန်းမာရေး တဖြည်းဖြည်းဆိုးရွားလာတဲ့ အကြောင်းတွေကို ကျွန်မမကြားချင်လည်း
အမြဲလိုလိုကြားနေ သိနေခဲ့ရတယ်။ မောင်နဲ့ ကျွန်မကို သံယောဇဉ်ရှိကြတဲ့သူတွေ၊ မောင်နဲ့
ကျွန်မ တစ်ယောက်ကို တစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်အောင် သိပ်ချစ်ခဲ့ကြတယ်
ဆိုတာကို သိတဲ့ သူတို့ တွေက ကျွန်မတို့ ရဲ့ အလဲအကွဲဇာတ်လမ်းကို စိတ်အလိုမကျဖြစ်ပြီး
ပြန်လည်ပြင်ယူဖို့ အမြဲတမ်းအားထုတ်နေခဲ့ကြတာလေ။
...................................................................................................................................................................
"မောင် ကျွန်မတို့ ဟိုးအဝေးကြီးမှာ
အတူနေကြရအောင်လေ"
ဒီစကားကို ပြောဖို့ ကျွန်မ အချိန် ၃
လလောက်ကြာအောင် စဉ်းစားခဲ့ရတယ်။ အမြဲလိုလို အရာရာကို အကွက်ချ စီမံကိန်းဆွဲ
အကောင်အထည်ဖော်တတ်တဲ့ ကျွန်မ ဒီဆုံးဖြတ်ချက်တစ်ခုကိုတော့ စိတ်ခံစားချက်တစ်ခုတည်းကို
ဦးတည်ပြီး ခက်ခဲစွာ ဆုံးဖြတ်ခဲ့ရတာပါ။ ကျွန်မဘ၀မှာ အလည့်အပြောင်းတွေ များစွာကြုံတွေ
့ခဲ့ရဖူးတယ်။ မမျော်လင့်တဲ့ အလှည့်အပြောင်းတွေထက် ကျွန်မကိုယ်တိုင်ဖန်တီးယူခဲ့တဲ့
အလှည့်အပြောင်းတွေက များပါတယ်။ ဒါပေမယ့် အဲဒီထဲမှာ အချစ်ကို အခြေခံတဲ့ အကြောင်းအရာ
တစ်ချက်မှ မပါဝင်ခဲ့ဖူးဘူး။ မောင့်ကို ကျွန်မချစ်တယ်လို့ သိပြီး မောင်နဲ့ လက်တွဲဖို
့ဆုံးဖြတ်ခဲ့တုန်းကလည်း ကျွန်မရဲ့ နုလုံးသားကဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်ကိုပဲ
အခြေခံခဲ့တာပါ။ အဲဒီနောက်မှာမှ ကပ်ပါလာတဲ့ အချစ်ဖြင့်တည်ဆောက်မည့်
ဘ၀စီမံကိန်းဆိုတာကြီးကို ကျွန်မရေးဆွဲခဲ့တာပေါ့။ ရည်မှန်းချက်ကြီးလွန်းတဲ့ ကျွန်မရဲ
့စိတ်ကူးတွေနဲ့ လက်တွေ့ ဆန်ရမယ်ဆိုတဲ့မောင့်ရဲ့ စိတ်ကူးတွေက အဲဒီမှာ
စတင်ပြီးစစ်ဖြစ်ကြတော့တာပေါ့။ ကြာလာတော့ ကျွန်မရဲ့ မိုးတိမ်တွေကို မော်ကြည့်ရတာ
မောင်ခါးသီးလာသလို မောင့်ရဲ့ လမ်းမတွေကို နင်းလျှောက်ရတာကို
ကျွန်မမုန်းတီးလာခဲ့တယ်။
"မောင်ကလေ သိပ်ညံ့ဖျင်းတာပဲ။ မောင့်ကို ကျွန်မက
အားကိုးချင်တာပါ။ ဂုဏ်ယူချင်တာပါ။ ကျွန်မရဲ့ လိုအပ်ချက်တွေကို မြင်ပြီး
ကျွန်မလက်ကို မြဲမြဲတွဲထားစေချင်တာပါ။ ခုတော့ မောင်က တကယ်ကို သုညပဲမောင်။ ကျွန်မကို
မောင် သုညရဲ့ ဂုဏ်သတ္တိတွေ မပြနိုင်ရင်တော့ ဘယ်လိုမှ ပေါင်းစည်းဖို
့မဖြစ်နိုင်ဘူးမောင်။ ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ် အမြဲကျေနပ်နေချင်တဲ့
အောင်မြင်ချင်နေတဲ့ မိန်းမတစ်ယောက်ပါမောင်......အဲဒီအထဲမှာ ကျွန်မရဲ
့အိမ်ထောင်ရေးဟာ ကျွန်မရဲ့ ဘ၀ တစ်ဝက်ပါမောင်....မောင် အဲဒီသူညမှာပဲ ရပ်နေမယ်ဆို
နေခဲ့လိုက်ပါတော့........"
" မေမြတ်မွန်..........မောင်က အသုံးမကျတဲ့
ယောက်ကျားပါ။ ဒါပေမယ့် မောင်မလုပ်နိုင်တဲ့အရာတွေကို လုပ်ပါမယ်လို
့မောင်မပြောချင်ဘူး.........သေချာတာတစ်ခုက မောင် မေ့ကို
သိပ်ချစ်တယ်............မေ့ကိုစိတ်ချမ်းသာစေချင်တယ်......မောင့်ကိုထားသွားရလို့ မေ
စိတ်ချမ်းသာရမယ်ဆိုလည်း မေ့သဘောပါ...........မောင်က တစ်ယောက်တည်းဖြစ်ဖြစ်
အတူတူပေါင်းစည်းရတာပဲဖြစ်ဖြစ် မေ့ကိုချစ်တဲ့အချစ်က
တသတ်မှတ်တည်းပါ.............ထာဝရပါ"
မောင်က သူ့ မျှော်လင့်ချက်တွေ သေဆုံးနေပြီလို
့ထင်နေတဲ့အချိန် ကျွန်မဆီက ဒီဆုံးဖြတ်ချက်ကို ကြားရတော့ အတော်လေး
အံ့သြတုန်လှုပ်နေပုံရတယ်။ ကျွန်မ မောင့်ကို ဒီစကားပြောဖို့ သူနေတဲ့ အိမ်ကလေးကို
လိုက်သွားခဲ့တာပါ။ မမျှော်လင့်ပဲ ကျွန်မကို ရုတ်တရက်တွေ့ လိုက်ရပြီး သူလုံးဝ
မမျှော်လင့်ထားတဲ့ စကားကိုပဲ ကျွန်မဆီကနေကြားလိုက်ရတော့ မောင်ဟာသံပတ်ကုန်သွားတဲ့
အရုပ်တစ်ရုပ်လို မလှုပ်မယှက် ကျွန်မမျက်နှာကိုပဲငေးကြည့်နေခဲ့တယ်။
"မောင် ကျွန်မတို့ နောက်တစ်ပတ်ထဲမှာပဲ သွားကြမယ်။
မေမေ့ကို နားလည်အောင်ပြောပြထားလိုက်ပါ။ ကျန်တာတွေ
ကျွန်မအကုန်စီစဉ်ထားပြီးသားမောင်"
"မောင့်ကို ပြောပါဦးမေ..........ဘာဖြစ်လို
့ဒီလိုဆုံးဖြတ်လိုက်တာလည်း။ မောင် နားမလည်နိုင်တော့ဘူး။ မေ့ အလုပ်ရော။
မေ့မိဘတွေရော။"
"ဒါတွေ အားလုံး ကျွန်မစဉ်းစားထားပြီးသားပါမောင်။
ကျွန်မက တစ်ခုခုကို သေချာစဉ်းစားပြီးမှ ဆုံးဖြတ်တတ်တာ မောင်သိပါတယ်။ ကျန်တာတွေ
မောင်မပူပါနဲ့ ။ ကျွန်မ ဟာ မောင့်အတွက် မိန်းမပီသတဲ့ မိန်းမတစ်ယောက်ဖြစ်ချင်ယုံပါ။
ကျွန်မဆန္ဒတွေပါ။ မောင် ဟိုးတုန်းကပြောခဲ့ဖူးသလို..........အဲဒီ မြို
့ကလေးမှာ.......မြို့ လယ်နဲ့ ဝေးတဲ့ ရပ်ကွက်လေးထဲက တောင်ကုန်းနိမ့်နိမ့်လေးပေါ်က
အိမ်ကလေးတစ်လုံးကို ကျွန်မ၀ယ်လိုက်တယ်မောင်။ အဲဒီမှာ မောင့်အတွက် ခရေပင်တွေတောင်
ပျိုးခိုင်းထားလိုက်ပြီ။
မောင်နဲ့ ကျွန်မ နှစ်ယောက် လုံလောက်ရုံ
အိမ်သေးသေးလေးတစ်လုံးကို မောင့်စိတ်ကြိုက် အရိုးရှင်းဆုံး
ကျွန်မဆောက်ခဲ့ပြီးပြီမောင်။ လွန်ခဲ့တဲ့ ၄ နှစ်ကတည်းကပါ။ ကျွန်မက အတ္တကြီးတဲ့
မိန်းမတစ်ယောက်ဆိုပေမယ့် မောင့်ကိုလည်း
သိပ်ချစ်မြတ်နိုးတဲ့မိန်းမတစ်ယောက်ဖြစ်ခဲ့တာပါမောင်။ မောင့်ကို ဘ၀ဟာ အံ့သြစရာ
ကြည်နူးစရာတွေနဲ့ ပြည့်နှက်နေတယ်ဆိုတာကို အဲဒီကတည်းက သက်သေပြဖို
့ကျွန်မကြိုးစားထားခဲ့တာပါ။ ကျွန်မက အချစ်ကို ဘယ်တော့မှ ဦးစားမပေးချင်ခဲ့ပေမယ့်
မောင့်က ကျွန်မရင်ထဲမှာ အမြဲဦးစားပေးခံနေရခဲ့တာပါ။ ဒါကို ကျွန်မကိုယ်တိုင်တောင်
မသိခဲ့ပါဘူးလေ။ ကျွန်မ အတွက်နဲ့ မောင့်ဘ၀ကို နှစ်မွန်းခံရလောက်အောင် ဘ၀မှာ
ဒီထက်အရေးကြီးတာတွေ အများကြီးရှိနေတယ်ဆိုတာ မောင့်ကို ပြောပြချင်တာပါ။ ကျွန်မတို
့အချိန်ယူပြီး ပြန်တည်ဆောက်ကြစို့ ရဲ့ နော်။"
မောင်က အသာပဲ ခေါင်းညိမ့်ပြီး ကျွန်မမျက်နှာကို
တစိမ့်စိမ့်ကြည့်နေလေရဲ့ ။ ဒါ မောင်မျှော်လင့်စောင့်စားနေတဲ့ မောင့်ရဲ
့အိပ်မက်ပဲလေ။
အစစအရာရာ ကျွန်မထင်ထားတာထက် ပိုအဆင်ပြေနေခဲ့တယ်။
အဲဒီနေ့ မနက်အစောကြီးပဲ သူငယ်ချင်းတွေက ကျွန်မကို အိမ်မှာလာကြို
ပြီးတော့မောင့်ကိုသွားကြိုပြီး ကျွန်မတို့ ကို လေဆိပ်လိုက်ပို့ ပေးပါတယ်။ ကျွန်မ
အ၀တ်အိတ်အရွယ်တော်တစ်လုံးအပြင် ဘာမှအပိုမပါကြပါဘူး။
'ကိုလင်း အတွက်ဆေးတွေပါလား မေမြတ်။ ဟိုမှာ ၀ယ်လို
့မရရင် ကိုယ်တို့ကို ကြိုပြောနော်။ အချိန်မရွေးပဲ။ ၀ယ်ထည့်ပေးမယ်။ နောက် ၁
လလောက်နေလို့ ခွင့်ရရင် တို့ အားလုံးလိုက်ခဲ့ကြမယ်။ မင်း စိတ်ကို
တည်တည်ငြိမ်ငြိမ်ထားနော် မေမြတ်။ ကိုလင်းကို ဘယ်လိုပြောမယ်လို
့ဆုံးဖြတ်ထားလဲ"
မိုးမမ ရဲ့ အမေးကို ပြန်မဖြေသေးပဲ ကျွန်မ
လေယာဉ်ကွင်းထဲက ရပ်ထားတဲ့ လေယာဉ်ကြီးတွေကိုပဲ ငေးနေခဲ့တယ်။ မောင့်အတွက်ဆေးတွေ
အသေအချာ ထုတ်ပိုးလာပါတယ်။ သုံးလစာ လုံလုံလောက်လောက်ပါလာပေမယ့် ဒီကြားထဲ တစ်ခုခု
အပြင်းအထန်ဖြစ်ရင် ချက်ချင်းလာပြဖို့ ပြောလိုက်တဲ့ ဆရာဝန်ကြီးရဲ့ အမှာစကားအတွက်တေ့
ကျွန်မစိတ်လေးနေမိသေးတယ်။ အို............ဒီလို မဖြစ်စေရပါဘူး။ ကျွန်မသာ
မောင့်အနားမှာရှိနေရင် ဒီလိုဖြစ်စရာအကြောင်းကို မရှိပါဘူး။ ကျွန်မယုံကြည်တယ်။
ကျွန်မက မောင့်ရဲ့ ရှင်သန်မှုမဟုတ်လား။
မောင် ဟိုရောက်ရင် ကျွန်မဖန်တီးထားတဲ့ အိမ်ကလေးကို
ကြိုက်မှာ သေချာတယ်။ မောင့်ရဲ့ အံ့သြမှုတွေကို ကျေနပ်စွာ ကျွန်မမြင်ယောင်နေမိရင်း
ပြုံးနေမိတယ်။ ဒေလီယာပန်း၊ ပဲပန်းရောင်စုံလေးတွေ၊ နှင်းဆီပန်းဖြူဖြူလေးတွေ နဲ
့အိမ်ရှေ့ က ပန်းခြံလေး နဲ့ ညနေခင်းမှာ မောင်နဲ့ အတူ ထိုင်ဖို့ ခုံတန်းလေးကို
အစိမ်းရောင်လေးခြယ်ဖို့ ကျွန်မသေချာမှာထားပြီးသား။ နောက် မောင်ခြင်းခတ်ဖို
့နေရာလေးကို အိမ်ဘေးက ကွပ်လပ်လေးမှာ ကျကျနန လုပ်ထားသေးတယ်လေ။ ဒါကိုမြင်ရင် မေက
မောင်ခြင်းခတ်ရင် အချိန်ဖြုန်းတယ်ဆိုပြီးအမြဲဆူနေကျလေ မေမကြိုက်ဖူးမဟုတ်လားလို့ 
အပြစ်ကင်းစွာမေးလာဦးမယ့် မောင့်မျက်နှာကိုလည်း မြင်ယောင်နေမိတယ်။ ကျွန်မ
ငယ်ငယ်လေးကတည်းက စိတ်ကူးထဲမှာ ကျွန်မချစ်သူက ဂစ်တာတီးတတ်ရမယ်ဆိုပြီး မောင်နဲ
့ချစ်သူတွေဖြစ်တော့ မောင့်ကို အတင်းဂစ်တာတီးသင်ခိုင်းခဲ့တုန်းက မောင်က
လက်နာတယ်ဆိုပြီး ဆက်မသင်လို့ ၁ ပတ်လောက် စိတ်ဆိုးခဲ့ဖူးတယ်။ ခုတော့ မောင့်ကို
ညခင်းတွေမှာ ကျွန်မဂစ်တာလေးတီးပြီး သီချင်းဆိုပြရဦးမယ်။ နောက် မောင်ပြောခဲ့ဖူးတဲ့
အရိုးရှင်းဆုံး အပြင်အဆင်နဲ့ အိမ်ပုလေးမှာ ပန်းချီကားလေးတွေကိုတော့ ကျွန်မ
မောင်စိတ်ပြေရာပြေကြောင်း နံရံမှာ ချိတ်ထားမိတယ်။ မောင်က အနုပညာကို နည်းနည်းလေးမှ
မခံစားတတ်ပေမယ့် ပန်းချီကားတွေကိုတော့ ကြိုက်နှစ်သက်တာကို ကျွန်မစိတ်ထဲ
မှတ်ထားနေခဲ့မိတာကြောင့်ပေါ့။
အိမ်တစ်အိမ်လုံးမှာ အခြေခံလိုအပ်ချက်တွေအပြင် ဘာမှ
အပိုမထားခဲ့ဘူး။ အိပ်ယာခင်း၊ အခန်းစီး၊ ထိုင်ခုံတွေအားလုံးကို
မောင့်စိတ်ကြိုက်အဖြူရောင်ချည်သားလေးနဲ့ ပဲ အလှဆင်ထားတယ်။ အိပ်ခန်းလေးထဲမှာ
ကျွန်မရဲ့ စာအုပ်ဘီရိုလေးရယ် ၊ အဲဒီဘေးကပ်ရပ်မှာ
မောင့်အတွက်ဆေးဘီရိုသေးသေးလေးတစ်လုံးရယ်၊ မောင်နဲ့အတူမြို့ ထဲသွားလာရ လွယ်ကူစေဖို
့ဖီးစန့် စက်ဘီလေးတစ်စီးရယ်သာ အပိုလို့ ပြောစရာရှိမယ်။ မောင့်ရဲ့ ပြသနာအားလုံးဟာ
ကျွန်မဖြေရှင်းရမယ့် ပုစ္ထာတွေပဲဖြစ်နေစေရမယ်။ မောင့်ရဲ့ မနက်ဖြန်တိုင်းဟာ ကျွန်မရဲ
့ဖန်တီးမှုတွေပဲ ဖြစ်နေစေရမယ်။ မောင့်ရဲ့ ပျော်ရွင်ခြင်း ဘ၀အဓိပ္ပါယ်ဟာ ကျွန်မရဲ
့ဖွင့်ဆိုချက်ပဲဖြစ်နေစေရမယ်။ နောက်ဆုံး မောင့်ရဲ့ ပြုပြင်ပြောင်းလဲခြင်းဟာ
ကျွန်မရဲ့ ပန်းတိုင်ဖြစ်နေရမယ်လေ။ ကျွန်မရဲ့ ဆုံးဖြတ်ချက်အတွက်
ကျွန်မရဲရင့်ခဲ့ပါတယ်။
လေယာဉ်ထွက်တော့မယ်ဆိုတော့ အားလုံးကို
လက်ပြနုတ်ဆက်ပြီး မောင်က ကျွန်မကို လက်ကမ်းပေးတယ်။ ကျွန်မ မောင့်ရဲ့ လက်ဖ၀ါးကို
ဆုပ်ကိုင်လိုက်ပါတယ်။ ချစ်ခြင်းမေတ္တာတွေဟာ အဲဒီလက်ဖ၀ါးကနေတဆင့်
ကျွန်မကိုယ်ခန္ဒာသွေးကြောတွေထဲကို စီးဆင်းသွားတာကို ခံစားလိုက်ရတယ်။
မင်းဟာ ဘယ်တော့မှ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်လာမှ
မဟုတ်ဘူး လို့ တစ်ချိန်ကမောင်ပြောခဲ့ဖူးတယ်။ လွတ်လပ်တဲ့ မိန်းမတစ်ယောက်ရဲ
့အရည်အချင်းဟာ သူကိုယ်တိုင်အတွက်ပဲဖြစ်တယ်။ မင်းက အတ္တကြီးလွန်းတဲ့
ရည်မှန်းချက်ကြီးလွန်းတဲ့ မေမြတ်မွန်ပဲတဲ့လေ။ အခုလည်း ကျွန်မ အတ္တကြီးမိပြန်ပါပြီ။
ဒီတစ်ခါတော့ မောင့်ကို ဘယ်တော့မှ အဆုံးရှုံးမခံနိုင်ဘူးဆိုတဲ့ အတ္တနဲ့ ကျွန်မဟာ
အနည်းဆုံး မောင့်အတွက် တစ်ခါဖြစ်ဖြစ်တော့ မိန်းမပီသတဲ့ ချစ်သူတစ်ယောက် ဖြစ်ချင်မိတဲ
့အတ္တပါ မောင်။ မောင့်ရဲ့ ချစ်ခြင်းမေတ္တာအပေါ် ဘုရားသခင်က
ကောင်းချီးပေးလိုက်တာနေမှာလို့ မောင်က ပြုံးရယ်ပြီး ကျွန်မကို ပြောရင်း မောင့်ဆီက
အနမ်းဖွဖွတစ်ချက်က ကျွန်မ နားသယ်စကို လာရောက်ခိုဝင်နုတ်ဆက်လှည့်ပါတယ်။
ဟုတ်မှာပါမောင်။ အချစ်က အရာရာကို အကောင်းအတိုင်းဖြစ်စေမှာပါလေ။ မောင့်ရဲ
့ရှင်သန်ခြင်းဟာ ကျွန်မဖြစ်ခဲ့မယ်ဆို မောင်ထာဝရ ရှင်သန်နေဖို့ ကျွန်မ ဘုရားရှင်ထံ
တိုးတိုးလေး ဆုတောင်းမိပါနေခဲ့ပါတယ်။
အမွန်မွန်း
၁၃ အောက်တိုဘာ ၂၀၁၂
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။