ရန်ကုန်၊ ။ ဖေ့စ်ဘုတ်ခ်ပေါ်မှာရှိတဲ့ ကိုယ့်ရဲ့စိတ်ခံစားချက်အတွက
ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် ဦးဇာဂနာက “ဖေ့စ်ဘုတ်ခ်မှာ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး မှတ်ချက် ရေးနေကြတာတွေကို ကျွန်တော်တို့က မလုပ်နဲ့ဆိုပြီး တားဆီးပိုင်ခွင့် မရှိဘူး။ ဒါပေမယ့် ကျွန်တော် မေတ္တာရပ်ခံချင်တာ တစ်ခုက စိတ်ထဲမှာရှိတဲ့ စိတ်ခံစားချက်တွေကို မရေးဖို့တောင်းဆိုချင်ပါတယ်
ပြည်တွင်းကဘယ်သူတွေမှန်း မသိတဲ့သူတွေက တခြားဘာသာဝင်တွေကို ဖေ့စ်ဘုတ်ခ်ကနေ နစ်နစ်နာနာ ပြောပြီး ဆဲဆိုတဲ့ မှတ်ချက်တွေကို အိုအိုင်စီလိုအဖွဲ့အစည်းက စနစ်တကျစုပြီး ကမ္ဘာ့ကုလသမဂ္ဂကို တိုင်စာပို့ထား ပါတယ်။
အခုလိုစုပြီး ပို့ထားတဲ့အခါကျတော့ ဖေ့စ်ဘုတ်ခ်မှာရှိတဲ့ မြန်မာလိုရေးနေကြတာကို ကြည့်ပြီး သူတို့ ဘာသာဝင်တွေ အပေါ် စေတနာမမှန်ဘူး၊ လူမျိုးပြုတ်စေချင်တဲ့ စိတ်တွေ ရှိနေပါတယ်ဆိုပြီး အိုအိုင်စီ အဖွဲ့အစည်းက တိုင်ကြားတာဖြစ်တယ်လို့ ဦးဇာဂနာထံမှ သိရပါတယ်။
ဒါတွေကလည်း ယူအင်န်မှာ စဉ်းစားစရာတစ်ချက် ရသွားတာပေါ့။ အကယ်၍ သည်မှာ ဘာမှ မရေးကြဘူးဆိုရင် ထောက်ပြစရာ အချက်က ရှိလာမှမဟုတ်ဘူး။ ကမ္ဘာ့အလယ်မှာ ထောက်စရာအချက်တစ်ချက် ရှိလာတာကြောင့် သူ တို့တွေမေးရင် ကော်မရှင် အနေနဲ့လည်း ရှင်းရခက်တယ်။ အစိုးရအဖွဲ့အနေနဲ့လည်း ရှင်းရခက်တယ် လို့သူကဆိုပါတယ်။
ဘက်ပေါင်းစုံရဲ့ဒဏ်ကို ပြည်တွင်းမှာခံနေရတဲ့အချိန်
မူရင်းလင့်....http://www.blogger.com/blogger.g?blogID=6686096359471540135#editor/target=post;postID=1831359681443021551
http://www.demowaiyan.org/2012/10/blog-post_2775.html
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။