Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 24, 2012

အန္တရာယ်တောင်ကြားက ကျောင်းတက်ချင်တဲ့ သမီးငယ်

အန္တရာယ်တောင်ကြားက ကျောင်းတက်ချင်တဲ့ သမီးငယ်
သူမသည် မိန်းကလေး တစ်ယောက်ဖြစ်သည်။ ထိြု့ပင် ၁၄ နှစ်သာ ရှိသေးသော ကလေးငယ် တစ်ယောက်လည်း ဖြစ် သည်။ သို့သော် သူမသည် သူတို့ အတွက်တော့ ကြောက်စရာ ကောင်းသော ရန်သူတော် ဖြစ်၏။ အမြစ်ဖြုတ်ရမည့် နိုင်ငံရေး ပြိုင်ဘက် တစ်ယောက်ဖြစ်သည်။ အပြစ်ကင်း နုနယ် ချစ်စရာကောင်းသော သူမ၏ မျက်နှာလေး ကို ကြည့်လိုက်တိုင်း ရင်ထဲ အေးသွားရမည့် အစား ဆူဝေ ပူလောင်လာသည်။

ဒီကလေးမလေး ဘာဖြစ်လို့ သူတို့ ကို စိန်ခေါ် နေခဲ့ပါသနည်း။ အားနွဲ့ နုနယ်သူ လေးက ဘာဖြစ်လို့ သူတို့လို သူရဲကောင်း ကြီးတွေ ကို အန်တုရဲရ ပါသနည်း။ ဒါတွေ သိပ်နားလည်စရာ မလိုပါ။ သူ့တာဝန် က ဒီကလေးမလေး ကို လုပ်ကြံရန် သာ ဖြစ်သည်။ ကိုယ့်သမီးအရွယ်၊ နှမလေး အရွယ်ပါလား ဆိုသည့် ခံစားချက်မျိုး မခံစားမိခင် မှာပင် သေနတ်မောင်းကို ဆွဲညှစ်လိုက်သည်။ မိန်းကလေး ဦးခေါင်း မှာ သွေးများဖြာပြီး လဲသွားတာ မြင်တော့ သူ့ရဲဘော် တာလီဘန် စစ်သည်ကြီးများ ဆီ သတင်းကောင်း ပါးရန် တိမ်းရှောင် ပြေးထွက် လာခဲ့သည်။ သူ့အထင်တော့ ဒီကောင်မလေး သေလေပြီ။ သူမသိလိုက် သည်မှာ တစ်ခုတော့ရှိသည်။ တာလီဘန် တွေ အကြောက်ကြီး ကြောက်နေသည့် ၁၄ နှစ်သမီး ကလေး၏ ရင်ထဲ နှလုံးသွေးထဲ မှာရှိသော အစ္စလာမ် အမျိုးသမီးတိုင်း တန်းတူ ပညာသင်ခွင့် ရကို ရရမည်ဆို သည့် အားကောင်းမောင်းသန် လိုလား တောင့်တချက် ကိုတော့ ဘယ် တာလီဘန် ကမှ မလုပ်ကြံနိုင် ခြင်းပင်ဖြစ်သည်။

ပါကစ္စတန်နိုင်ငံ တာလီဘန် ကြီးစိုးရာဒေသ ဆွက်တောင်ကြား တွင် မိန်းကလေးများ ကျောင်းယူနီဖောင်းဖြင့် ကျောင်းသွားခြင်းမှာ အလွန်စွန့်စားရ သော ကိစ္စတစ်ခု ဖြစ်သည်။ တာလီဘန် များက မိန်းကလေးကျောင်း များကို မကြာ ခဏ လာရောက် တိုက်ခိုက်ကြလေ့ ရှိ သည်။ မိန်းကလေး ပညာတတ် တစ်ယောက် ထွက်ပေါ်လာဖို့ အလွန်ပင်ခက် ခဲလှသော အခြေအနေ ဖြစ်၏။ သို့သော် အံ့သြ မကုန်နိုင်သည့် ရဲရင့်ခြင်းမျှော် လင့်ချက် အလင်းရောင် ထွက်ပေါ်လာ သည်။ ၄င်းမှာ မာလာလာယူဆက်ဖ်ဇိုင်း ဟု အမည်ရသည့် လက်ရှိ ကမ္ဘာ့အချစ် တော် သမီးငယ်လေး ပင်ဖြစ်တော့သည်။

သူမကို ၁၉၉၇ ခုနှစ်တွင် ပါကစ္စတန် အစ္စလာမ်မစ် စစ်သွေးကြွ များနှင့် တိုက်ပွဲများ ဖြစ်ပွားလေ့ရှိရာ အနောက်မြောက် ပိုင်း ဆွက်တောင်ကြား မင်ဂိုရာမြို့နယ် မှာ ဖွားမြင်ခဲ့သည်။ တစ်ချိန် တာလီဘန် အုပ်စိုးစဉ်က မိန်းကလေး များကို ကျောင်း တက်ခွင့် မပေးခဲ့သော ဆွက်တောင်ကြား တွင် မာလာလာသည် မိန်းကလေးများ ပညာသင်ခွင့် လှုပ်ရှားဆောင်ရွက်သူ အဖြစ် ကျော်ကြား လူသိများ လာခဲ့သည်။

ဆွက်တောင်ကြားကို တာလီဘန်များ အုပ်စိုးစဉ်က ကြုံတွေ့ရသော နေ့စဉ် အဖြစ်အပျက်များ ကို မှတ်တမ်း ဒိုင်ယာရီ ရေးသားခဲ့ပြီး ထိုဒိုင်ယာရီ ကို ဘီဘီစီ အူရဒူ ဘာသာ အစီအစဉ်က ထုတ်လွှင့်ခဲ့သည်။ ထိုစဉ်က မာလာလာ၏ အသက်သည် ၁၁ နှစ်သာရှိသေး၏။ ထိုစဉ်အချိန် ကတည်းက မိန်းကလေးများ ကျောင်း နေခွင့်၊ စစ်ဆန့်ကျင်ရေး စသည့် အငွေ့ အသက်များ ပါဝင်သော ကလေးငယ် တစ်ယောက်၏ ရိုးသား ကြောက်ရွံ့ခြင်း များကဲသည့် အရေးအသား များကြောင့် သူ၏ ဒိုင်ယာရီသည် ဖတ်မှတ်နားထောင် လိုက်ရသူများကို ရင်ထဲ နင့်ခနဲ ဖြစ်သွား စေ၏။

၂ဝဝ၉ ခုနှစ် အတွင်းက ဆွက် တောင်ကြား ဒေသ၏ နေရာတော်တော် များများကို တာလီဘန်တို့ သိမ်းပိုက်ဖူးပြီး အစ္စလာမ္မစ် ဘာသာရေး ဥပဒေဖြင့် အုပ်ချုပ်ရေးကို အသက် သွင်းဖူးသည်။ မိန်းကလေးများ ကျောင်းတက်ခွင့် ကို ပိတ်ပင်ခဲ့ပြီး၊ ကျောင်းများစွာ ကိုလည်း ပိတ်ပစ် ခဲ့သည်။ ထိုစဉ်က မာလာလာ က ဂရိတ်ဆဲဗင်း ကျောင်းသူဖြစ်သည်။ သူ၏ဒိုင်ယာရီ စာစုလေးတွေ ကြောင့် ပြည်တွင်းပြည်ပ မီဒီယာများ က ဆက်သွယ် လာကြပြီး မာလာလာ လူသိများ သွားသည်။ လူသိများမှု နှင့် ဆုတံဆိပ်များ ကို အသုံးပြုလျက် သူမက မိန်းကလေးများ လွတ်လပ်လုံခြုံစွာ ပညာသင်ကြားခွင့် ကို ဆက်လက် လှုပ် ရှားသည်။ နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး၏ နိုင်ငံတကာ ငြိမ်း ချမ်းရေး ကလေးငယ်ဆု ကိုလည်း လက်ခံ ရရှိခဲ့သည်။ ပါကစ္စတန်နိုင်ငံ၏ လူငယ် ငြိမ်းချမ်းရေး ဆု ကိုလည်း ရရှိသည်။

သူလုပ်ကြံ ခံရသော နေ့က အောက် တိုဘာလ ၉ ရက်နေ့ ဖြစ်သည်။ ကျောင်း မှအပြန် တာလီဘန် သေနတ်သမားများ က ချောင်းမြောင်း ပစ်ခတ် လုပ်ကြံကြခြင်း ဖြစ်၏။ ဦးခေါင်းနှင့် လည်ပင်တို့ကို ထိသွားသည်။ နာရီပေါင်း များစွာကြာ အောင် သတိ မေ့နေခဲ့သည်။ စိုးရိမ်ရ သော အခြေအနေတွင် လူနာတင် လေယာဉ် ဖြင့် ဗြိတိန်နိုင်ငံသို့ ပို့ဆောင်ကုသ ပေးလျက်ရှိရာ ယခု အခြေအနေ ပြန်ကောင်း လာပြီဟု ဆရာဝန်ကြီးများ က ဆိုကြသည်။

မာလာလာကို လုပ်ကြံ ပစ်ခတ်ခဲ့သည့် တာလီဘန်များ ကို ပါကစ္စတန် အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များက ဆန့်ကျင် ကြောင်း အောက်တိုဘာ လ ၁၂ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ သည်။ မာလာလာနှင့် သူ၏ဖခင် ဇီအူဒင် တို့ နှစ်ယောက်လုံးကို ရအောင် သတ်မည် ဟု တာလီဘန် များကလည်း ချက်ချင်း တုံ့ပြန်သည်။ ပါကစ္စတန်နိုင်ငံ အနှံ့ တာလီဘန် ဆန့်ကျင်ရေးနှင့် ငြိမ်းချမ်းရေး လိုလားသော လမ်းမပေါ် ဆုတောင်းသံ များ ညံသွားသည်။ ပါကစ္စတန်ပြည်တွင်း မီဒီယာ အားလုံးလောက် နီးပါးက တာလီ ဘန်များ၏ အဆိုပါ လုပ်ရပ်ကို ရှုတ်ချ ရေးသား ကြသည်။

ကလေးပင်ဖြစ်ပါစေ
မီဒီယာများ က မာလာလာ ယူဆက်ဖ်ဇိုင်း ၏ သတင်းကို ရေးသား နေခြင်းသည် ဘက်လိုက်မှုများ ရှိနေသည် ဟု ပါကစ္စတန် တာလီဘန် က တုံ့ပြန် ပြောကြားသည်။ ကောင်မလေးသည် အနောက်အုပ်စု ၏ စပိုင်ကလေး ဖြစ် ကြောင်း၊ တာလီဘန်ကို ဆန့်ကျင်ပြော ဆိုကြောင်း၊ အစ္စလာမ် ၏ ရန်သူတော် အိုဘားမား ၏ အယူအဆများကို ဖြန့်ဝေနေ သူဖြစ်ကြောင်း တာလီဘန်များက ဆိုသည်။ "ကျွန်ုပ်တို့သည် သူ၏ ပညာရေး အပေါ် ပြောဆိုနေမှုတို့ကို တိုက်ခိုက်ခြင်း မဟုတ်ပေ။ မူဂျာဟစ်ဒင် နှင့် ယင်း စစ်သည်တော်တို့ ဝင်နေသော စစ်ပွဲကို ဆန့်ကျင်သောကြောင့် တိုက်ခိုက်ရခြင်း ဖြစ်ပေသည်။ အစ္စလာမ် ဥပဒေက အစ္စလာမ်ကို ဆန့်ကျင်သော စကားပြော ဆိုသည့် ကလေးငယ် ကိုပင် သုတ်သင် ထိုက်သည် ဟု သင်ကြားကြသည်" ဟု တာလီဘန် များက ၄င်းတို့၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားကြသည်။
"တာလီဘန်ဟာ သတင်းစာဆရာ တွေကို လေးစားစွာ ဆက်ဆံနေပါတယ်။ ဒါပေမဲ့ တချို့မီဒီယာ တွေက မာလာလာ ယူဆက်ဖ်ဇိုင်း ကို ထောက်ခံ ရေးသားနေ ကြပြီး တာလီဘန်ကို တော့ သွားပုပ် လေလွှင့် ပြောနေတာကို တွေ့ရပါတယ်" ဟု ပါကစ္စတန် တာလီဘန် TTP ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အာဆန်နူလာ အာဆန်က ပြောကြားသည်။

ဖအေတူ
မိန်းကလေးငယ် ၏ ရဲရင့်စွာ ရပ်တည်မှုနှင့် ပတ်သက်ပြီး အံ့သြတကြီး ထောက်ခံ အားပေးမှုများ ကမ္ဘာအနှံ့မှာ တွေ့ရ သော်လည်း မိန်းကလေးငယ် ကို ပြုစုပျိုးထောင် ပေးလိုက်သည့် သူ့ဖခင် ကိုမူ (ကမ္ဘာ့သတင်း လေ့လာသူများ ကြား တွင်) လူသိနည်းသည်။ အသက် ၁၁နှစ် အရွယ် မှာပင် နိုင်ငံတကာ အင်တာဗျူးများ ဖြေဆိုခဲ့ရာ မိန်းကလေး ပညာရေး၊ အကြမ်းဖက်ခြင်း နှင့် အိန္ဒိယ-ပါကစ္စတန် ဆက်ဆံရေး စသော ပြဿနာကြီးများ ကို ကိုးကား ပြောဆိုတတ်သည်။

ဖခင်ကြီးစိုး ပြီး ရှေးရိုးစွဲသော တောင်ကြား အစ္စလာမ္မစ် လူ့အသိုင်းအဝိုင်း တွင် ထိုသို့ သမီးငယ် တစ်ယောက်က ရဲဝံ့ပြတ်သားစွာ ဂျီဟတ် စစ်သည်တော်ကြီး များကို ကန့်ကွက် ပြောဆိုရဲဖို့ ဆိုတာ မည်သို့မှ မဖြစ်နိုင်ပေ။ သူမ၏ နောက်တွင် ပြုစုပျိုးထောင်ပေး နေသော နောက်ထပ် အစဉ်အလာ တော်လှန်ရေးသမား တစ်ဦးရှိ၏။ သူ၏ ဖခင် ဇီအူဒင်ယူအက်ဖ်ဇိုင်း ပင်ဖြစ်သည်။ ဇီအူဒင် သည်လည်း ပညာရေးဆိုင်ရာ တက်ကြွ လှုပ်ရှားသူ တစ်ဦး ဖြစ်ကာ ဆွက်တောင်ကြား မင်ဂိုရာမြို့ တွင် ကျောင်းတစ်ကျောင်း နှင့် ကောလိပ်တစ် ခု ထောင်ထားသည်။
"ကလေးမလေးရဲ့ အဖေဟာလည်း အစဉ်အလာ ကို တော်လှန် တည်ထောင် လိုသူ တစ်ယောက် ဖြစ်တယ်။ သူက တကယ့်လူပဲ၊ နားလည်ရလည်း ခက်တယ်" ဟု ပါကစ္စတန် အခြေစိုက် Amnesty International ၏ သုတေသန အဖွဲ့ဝင် မူစတာဖာကာဒရီ က ပြောကြားသည်။ "သူဟာ ဘာသာတရား ကိုင်းရှိုင်း တဲ့ အစ္စလာမ် ဘာသာဝင်ကောင်း တစ် ယောက်လည်း ဖြစ်ပြီး သမီးကိုလည်း ပညာတတ် ဖြစ်စေချင်၊ မိန်းမတိုင်း ကို လည်း ယောက်ျားတွေ နဲ့ တန်းတူ ပညာ တတ် ဖြစ်စေချင်တဲ့ လူတစ်ယောက် ဖြစ် ပါတယ်" ဟု မူစတာဖာက ဆက်လက် ပြောဆိုသည်။

အမှန်တကယ်တော့ ဇာအူဒင် သည်လည်း ဆွက်တောင်ကြားတွင် နေထိုင်ရသည် မှာ အန္တရာယ် များလှသူ ဖြစ်သည်။ သူထောင်ထားသော ကျောင်း များကို အမေရိကန် က ပိုက်ဆံထောက်ပံ့ ထားသည်ဟု ကောလာဟလ များ ဆွက်တောင်ကြားလို နေရာမျိုးမှာ ပျံ့နေ ခြင်းသည် သူ့အတွက် သိပ်ကောင်းလှ သည်မဟုတ်ပေ။ တာလီဘန် လုပ်ကြံ သတ်ဖြတ်ချင်သော စာရင်းတွင် ၄င်းက ထိပ်ဆုံးမှ ပါနေပြီး ညအိပ်လျှင် နေရာ မျိုးစုံ သွားအိပ်နေရသူ ဖြစ်သည်။ သမီးလေး သေနတ်နှင့် ပစ်ခံရခြင်း သည် ဇာအူဒင်ကို ပြင်းပြင်းထန်ထန် ထိခိုက်သွားကြောင်း၊ လုပ်ကြံ ခံရသည့် နေ့က ဇာအူဒင်သည် တစ်နာရီခွဲလောက် ကြာအောင် ငိုနေခဲ့ကြောင်း ၄င်းတို့ မိသားစုနှင့် နီးစပ်သည့် မိတ်ဆွေ သူငယ်ချင်းများ က Time မဂ္ဂဇင်းကို ပြောကြား ခဲ့သည်။ မာလာလာ၏ အခြေအနေ ကောင်း မွန်နေလျက် ရှိကြောင်း ဘာမင်ဂန် ဆေးရုံ ဆရာဝန်ကြီးများ က ပြောကြားသည်။
"ကောင်မလေးရဲ့ တောင့်ခံနိုင်စွမ်းရည် နဲ့ သန်စွမ်းမှု ကတော့ ချီးကျူးစရာပဲဗျို့" ဟု ဆရာဝန်ကြီး ဒေါက်တာဒေးဗစ်ရော့စ် ဆာက ပြောကြားသည်။ ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း၊ သို့သော် မူလအတိုင်း ပြန်လည်ကောင်း မွန်ရန်တော့ အချိန်အတော်ကြာ လို ကြောင်း၊ ရှင်းရှင်းကြီး စိတ်ချရသည့် အခြေအနေတော့ မဟုတ်ကြောင်း ၄င်း ဆရာဝန်ကြီးက ဆိုသည်။ တာလီဘန် သေနတ်သမား၏ ကျည်ချက်ကြောင့် ဦးခေါင်းနှင့် လည်ပင်းတွင် မာလာလာ ဒဏ်ရာ ရသွားသကဲ့သို့ ယင်းစစ်သွေးကြွ အဖွဲ့၏ သမိုင်းတွင်လည်း ဆိုးဆိုး ဝါးဝါး ဒဏ်ရာ ရရှိသွားစေမှု ဖြစ်သည်။

ပါကစ္စတန်နှင့် ကမ္ဘာလုံးအနှံ့ ဆုတောင်း ပွဲများ၊ တာလီဘန် ဆန့်ကျင်ရေး ကန့် ကွက်ပွဲများ ကလေးမလေး၏ ဓာတ်ပုံကို ကိုင်ဆောင်လျက် ပြုလုပ်ကြသည်။ အမျိုးသမီး ဝန်ကြီးချုပ်ပင် ရှိခဲ့သော ပါကစ္စတန် မိန်းကလေးတိုင်း ကို တိုက်ခိုက် ခြင်းဖြစ်ကြောင်း၊ ပညာရေးကို တိုက်ခိုက် ခြင်း ဖြစ်ကြောင်း၊ ယဉ်ကျေးသော လူ့အဖွဲ့ အစည်းကို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပါကစ္စတန် သမ္မတ ဇာဒါရီက တာလီဘန် များကို ရည်ရွယ် ပြောဆိုခဲ့သည်။
သန့်ဇင်စိုး
Ref : BBC, Time
http://www.blogger.com/blogger.g?blogID=7405834344851575805#editor/target=post;postID=9193121169300255880

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။

!
t
s
e
B
e
h
T
e
B