Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, January 1, 2018

ဒီနေ့လစာထုတ်ခဲ့ပြီ။

ဒီနေ့လစာထုတ်ခဲ့ပြီ။
အိတ်ဖောင်းဖောင်းလေးနဲ့ Night Out တော့မလို့လား။ မသွားခင် ခဏလေးအချိန်ယူပြီး ဒီစာလေးကို ဖတ်ပေးပါဦးနော်။
ပထမဆုံး အိတ်ထဲက ပိုက်ဆံတွေ ဘယ်လိုရလာလဲ ပြန်တွေးကြည့်ရအောင်။
လွန်ခဲ့တဲ့နှစ်ပတ်လုံးလုံး မနက်အစောကြီး ထရတယ်။ တနေကုန် အလုပ်တွေ တကုန်းကုန်းနဲ့ လုပ်ခဲ့ရတယ်။ တခါတလေ အထက်နဲ့ အဆင်မပြေရင် စိတ်ဆင်းရဲရသေးတယ်။ စောစော ပြန်ချင်ပေမယ့် အိုဗာတင်း သောက်ရသေးတယ်။ အိမ်ရောက်တာနဲ့ အိပ်ယာထဲ ဗုန်းကနဲ ပစ်လှဲခဲ့ရတာ မဟုတ်လား။
ဒီလောက်တောင် ပင်ပင်ပန်းပန်းလုပ်ခဲ့ရတာ ဒီနေ့တော့ ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်ပွဲခံသင့်တယ်လေ။
ဟုတ်တယ်မလား။ ဒါပေမယ့် ကိုယ့်ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ကို လျှောက်လှမ်းနေတဲ့လမ်းမှာ ဘာမှ အထောက်အကူမဖြစ်တဲ့ ဒီအပေါ်ယံသာယာမှုတွေနဲ့ပဲ ကိုယ် ပင်ပင်ပန်းပန်းရှာခဲ့ရတဲ့ ငွေတွေကို ဖြုန်းတီးလိုက်တော့မှာလား။
လမကုန်ခင်သုံးရက်လောက်က ဘောင်းဘီတွေ၊ အင်္ကျီအိတ်တွေ အကုန်လုံးကို လိုက်နှိုက်ပြီး ပိုက်ဆံနဲ့ တူတာ တရွက်တလေများကပ်နေမလား ရှာကြည့်ခဲ့ရတာ သတိရဦးမှာပါနော်။ ခုချိန်ပြန်ပြောတော့သာ ရယ်စရာဖြစ်နေတာပါ။ အဲဒီတုန်းက ခံစားချက်ကတော့ သိပ်မကောင်းတာ သေချာပါတယ်။

ဒီတော့ နောက်လာမယ့်ရက်တွေမှာ ဒီလိုထပ်မဖြစ်ရအောင် နည်းနည်းလေး ကိုယ့်ကိုကိုယ်ခိုင်းလိုက်ရအောင်။ လစာထဲက စုငွေကို အရင်ဆုံး သပ်သပ်ဖယ်ထားလိုက်ပါ။ “ပိုက်ဆံလေးတွေ စုချင်တယ်။ လကုန်တိုင်း ဆုတောင်းဆဲကွယ်” ဆိုတဲ့ ကိုကြီးငဲရဲ့ သီချင်းအတိုင်း ဆုတောင်းတာတွေ ရပ်ပြီး တကယ်လုပ်ကြည့်ရအောင်။ ဒီလိုစုထားတဲ့ အကျိုးက အရမ်းမိုက်တယ်နော်။ အနည်းဆုံး အရေးပေါ်သုံးဖို့လိုလာရင် အဆင်ပြေတဲ့အပြင် နောက်ထပ်လုပ်လို့ရတာတွေလည်း ရှိသေးတယ်လေ။ တန်ဆောင်တိုင်ပွဲသွားဖို့၊ အိုင်ဖုန်း အလဲဗင်းဝယ်ဖို့ စသည်ဖြင့် ကိုယ်စိတ်ကူးပေါက်ရာခေါင်းစဉ်ပေးပြီး စုလိုက်ပါနော်။ ဘယ်လောက်စုရမယ် အတိအကျမရှိပေမယ့် ဆယ်ပုံတပုံက အနေတော်ပါပဲ။
ကုန်စရာရှိတာတွေ ကြိုတွက်ထားပါ။ ခေါင်းမခြောက်ချင်ဘူးတော့ မပြောပါနဲ့နော်။ ဒီချိန်ခေါင်းမခြောက်ချင်ရင် ဘယ်တော့ခေါင်းခြောက်ရမလဲ သိတယ်ဟုတ်။ အနည်းဆုံးတော့ အိမ်လခ၊ ရေဖိုး မီးဖိုး၊ ဖယ်ရီစရိတ်စသည်ဖြင့် သေချာပေါက်ကုန်မှာတွေကို စာရင်းချရေးကြည့်လိုက်ပါ။ ပေးစရာရှိတဲ့ အကြွေးတွေကိုလည်း ရေးဖို့ မမေ့ပါနဲ့ဦး။

ကုန်စရာတွေကို သိပြီးပြီဆိုရင် ဘယ်နေ့မှာ ပေးရမယ်ဆိုတာနဲ့ ဘယ်လောက်ပေးရမယ်ဆိုတာ အသေးစိတ်စဉ်းစားပြီး လစာထဲကနေ ခုပဲ ဖယ်ထားလိုက်ပါတော့။ ပေးစရာအကြွေးတွေကိုလည်း မြန်မြန်ပေးနိုင်အောင် တတ်နိုင်သလောက်စပြီး စုထားပါနော်။ အကောင်းဆုံးက ပြက္ခဒိန်ယူပြီး ပေးရမယ့်ရက်တွေမှာ စာလုံးကြီးကြီးနဲ့ ဘာကို ဘယ်လောက်ဆိုတာ ရေးထားလိုက်ပါ။
ကဲ ဒီလောက်ထိ လုပ်ပြီးရင်တော့ လစာထုတ်ထားတဲ့ ပိုက်ဆံအိတ်လေးလည်း တော်တော်ပါးသွားပြီ ထင်ပါတယ်။ အပြင်ထွက်ဦးမလို့လား။ နည်းနည်းလေး အသေးစိတ်ကြည့်ရအောင်ပါ။ ကိုယ့်ရဲ့ တကိုယ်ရည်တကာယ အသေးအဖွဲလေးတွေအတွက်လည်း စဉ်းစားကြည့်သင့်တယ်လေ။ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေးက အစပေါ့။ အဲဒီအသေးအဖွဲတွေအတွက် ကုန်ကျစရိတ်ကို ခုကတည်းက ချန်ထားလိုက်ပါဦးနော်။ နောက်ပြီး လုံးဝမမေ့ဖို့ကတော့ ဖုန်းဘေတပတ်ကို ဘယ်လောက်ထည့်မယ်ဆိုတာ ခုကတည်းက သတ်မှတ်ပြီး ဖယ်ထားလိုက်ဖို့ပေါ့။ သိပြီးသားတွေ ရိုးရိုးရှင်းရှင်းတွေပဲဆိုပြီး အထင်မသေးပါနဲ့။ ဒီအသေးအမွှားလေးတွေက နောက်လကုန်ခါနီးမှာ ကိုယ့်ကို အကြီးအကျယ်အထောက်အကူပေးပါလိမ့်မယ်။

ကျနော်ကတော့ ဒီလိုလိုက်လုပ်ကြည့်ပြီး ပိုက်ဆံအိတ်ပါးပါးလေးပဲ ကျန်တော့လို့ ဘယ်မှ မသွားတော့ဘူး။ အခန်းထဲမှာပဲ ကော်ဖီပူပူလေးသောက်ပြီး စာအုပ်ဖတ်တော့မယ်။ နောက်ဆုံးအနေနဲ့ကတော့ လှူတန်းဖို့လည်း မမေ့ပါနဲ့နော်။
Credit - Luke Kyaw (Coffetime)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။