Orchid Canmyint Thanatpin
#ဗျာရှင်မဟာမောဂ္ဂလာန်နဲ့နှိုင်းလိုက်တယ်ဟုတ်စ
ဆရာတော်ဦးဝီရသူက
ကာကွယ်ရေးဦးစီးချုပ်ကြီးကို
ရှင်မဟာမောဂ္ဂလာန်နဲ့
ထပ်တူနှိုင်းလိုက်တယ်ဆိုတော့
ငပေါ့်စိတ်ထဲထိတ်ကနဲ ဖြစ်သွားပါတယ်။
လက်ဝဲတော်ရံ ရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီး ဆိုရင်
အောင်ခြင်းရှစ်ပါးထဲ နန္ဒောပနန္ဒနဂါးကြီးကို ဘုရားရှင်ကိုယ်စားတန်ခိုးပြိုင်ပြီး အနိုင်ရတဲ့အကြောင်းကိုဘဲ လူသိများပါတယ်
မထေရ်မြတ်ကြီးရဲ့ဘဝဇာတ်သိမ်းခန်းကတော့ မကောင်းလှပါဘူး။
အရှင်မြတ်ဟာ အတိတ်ဘဝတစ်ခုမှာ မယားကြောက်ကြီးဖြစ်ဖူးပါတယ်
သူ့မယားက ပူဆာလို့ မျက်မမြင်မိဘနှစ်ပါးကို သတ်ပစ်ခဲ့ဖူးပါတယ်။
ဒီဝဋ်ကြွေးကြီးကို ရဟန္တာဖြစ်တဲ့ဘဝမှာ
ပြန်ဆပ်ရပုံက ခိုးသားဓါးပြငါးရာက
အထင်လွဲပြီး ဝိုင်းရိုက်တာ ခံရတာပါဘဲ
တစ်ကိုယ်လုံးကို မှုန့်မှုန့်ညက်ညက်ကြေမွ
ွနေအောင်အရိုက်ခံရတာပါ။
တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့
လက်ဝဲတော်ရံ ရဟန္တာမထေရ်မြတ်ကြီးမို့
ဣတ္ထိပါဒ်နဲ့ အသက်ကိုထိန်း ဈာန်သမ္မာပါဒ်နဲ့ ကောင်းကင်ကကြွ မြတ်စွာဘုရားခြေတော်ရင်း
ရောက်မှ ခန္ဓာဝန်ချတော်မူရရှာတာပါတဲ့။
ဂေါတမဗုဒ္ဓရဲ့
တပည့်သားသာဝကတွေထဲမှာတော့
ဥပစ္စေဒကံနဲ့ သူတစ်ပါးသတ်လို့သေရတဲ့ ရဟန္တာအနည်းငယ်မှာရှင်မဟာမောဂ္ဂလန်ဟာ ဒဏ်ရာအများဆုံးအဖြစ် စံချိန်ချိုးပါတယ်။
ဝီဝီက ဘာသဘောနဲ့ နှိုင်းလိုက်တယ်တော့ မပြောတတ်ဘူးပေါ့လေ ကိုယ်ကတော့ ဖတ်ဖူး မှတ်ဖူးတာလေး ဗဟုသုတအဖြစ် ဝေငှတာပါ။
သူ့လို အဘိဝံသဘွဲ့တွေ
ဘာတွေတော့ မရဖူးပါဘူး....
PawLwin
cp cd-Tin Maung Oo.
ထပ်ဆင့် ဖြန့်ဝေပေးပါသည်။
ဪခေတ် သနပ်ပင်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။