Melvin Moe is with Melvin Moe.
ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ဘင်္ဂလားဒေရှီ လို့ ခေါ်တယ်။ စင်္ကာပူ မှာ သူတို့ကို ဘန်းဂလားလို့ခေါ်ရင် သူတို့ မကြိုက်ကြပါဘူး။ ဒါပေမယ့် အားလုံးက ဘန်းဂလား လို့ဘဲခေါ်ကြတော့ မကြိုက်ပေမယ့် လက်ခံထားကြရရှာတာပါဘဲ။
ဘန်းဂလားတွေက ရိုဟင်ဂျာတွေကို ခါးခါးသီးသီးမုန်းကြတာ
အံ့အားသင့်စရာကောင်းတယ်။ စစ်တကောင်း ဘင်္ဂလီဘာသာစကားပြောတဲ့ ရိုဟင်ဂျာတွေဟာ
လက်ရဲဇက်ရဲ နဲ့ ဒုစရိုက်မှုကျူးလွန်သူတွေဖြစ်ကြောင်း ခင်ဗျားနဲ့
ရင်းနှီးလာတဲ့ စစ်တကောင်းဘင်းဂလားတွေက ပွင့်ပွင့်လင်းလင်းပြောပြပါလိမ့်မယ်။
ဘင်းဂလားတွေ မုန်းတဲ့ နောက်ထပ်လူမျိုးစုတွေရှိသေးတယ်။ မြန်မာနယ်စပ် တောင်ပေါ်မှာနေတဲ့ လူမျိုးစုတွေပေါ့။ ဒီလူတွေဟာလဲ လက်နက်ကိုင်အကြမ်းဖက်တဲ့ လူမျိုးစုဖြစ်လို့ သူတို့ မုန်းတီးကြတာပါဘဲ။
တကယ်တော့ ရိုဟင်ဂျာကိစ္စဟာ သာမန်ထက် ပိုတဲ့ နောက်ခံအကြောင်းအရင်းတွေရှိနေတာပါ။ ဘင်းဂလားအစိုးရကလဲ ဒီလူတွေကို လက်မခံချင်သလို ၊ ဘင်းဂလားနိုင်ငံသားတွေကလဲ သူတို့ ရွာထဲပေးမဝင်ပါဘူး။ ဒုက္ခသည်စခန်းတွေထဲမှာ လက်နက်ကိုင်အစောင့်အကြပ်တွေနဲ့ ထားကြတာပါ။
မလေးရှားဝန်ကြီးချုပ်နာဂျစ် က နိုင်ငံရေးစတန့်ထွင်ပြီး "မိုင်ဘရားသားရိုဟင်ဂျာ" လုပ်လိုက်တာ ရိုဟင်ဂျာတွေ လှေတွေနဲ့အလုံးအရင်း ထပ်ရာက်လာလို့ မလေးရှားရေတပ်နဲ့ တိတ်တိတ်ဆိတ်ဆိတ် တားဆီးခဲ့ရသေးတယ်။ တရားဝင်အလုပ်လုပ်ခွင့် တရားဝင်ပညာသင်ကြားခွင့်တွေတောင်းဆိုလာတော့ နာဂျစ်အသံထပ်မထွက်ရဲတော့ပါဘူး။
ဒီပြဿနာဟာ ကြီးမားတဲ့ ပြဿနာတခုပါ။ နိုင်ငံရေးကစားရမယ့် ကိစ္စမဟုတ်တာတော့ သေချာတယ်။ လူသားတွေရဲ့ အသက်တွေပါတယ်။ နိုင်ငံရဲ့ အချုပ်အခြာပါတယ်။ နိုင်ငံတကာရဲ့ ဖိအားတွေပါတယ်။
လူသားတွေဖြစ်နေတဲ့အတွက် အရေးအသားအပြောအဆိုကအစ သတိထားသင့်တယ်။
နိုင်ငံတကာက စောင့်ကြည့်နေကြတယ်ဆိုတာ မမေ့ပါနဲ့။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။