Quote of the Day
+++++++++++++++
ကျွန်တော် တရုတ်ပြည်မှာနေတုန်းက ဟိုတုန်းက လူငယ်ပေါ့၊ ရှစ်နှစ်ခွဲ လောက်နေခဲ့တယ်။ အင်မတန် ဆင်းရဲတဲ့နိုင်ငံပါ။ စားဖို့တောင် မလောက် ဘူး။ ဒီနေ့သွားကြည့်တော့ မယုံနိုင်လောက်အောင် ချမ်းသာသွားတယ်။ ကျွန်တော် တရုတ်ပြည်မှာ နယ်ဆင်းခဲ့တဲ့နေရာတွေက ရာသီဥတုလည်း မပြောင်းလဲဘူး။ မြေကြီးတွေလည်း မပြောင်းဘူး။ ဘာမှမပြောင်းဘူး။ ဒါဆို
ဘာဖြစ်လို့ ဟိုတုန်းကဆင်းရဲပြီး အခုဒီလောက်ချမ်းသာသွားတာလဲ။ အဓိက ကတော့ ပေါ်လစီပဲ။ ပေါ်လစီမှန်သွားရင် လမ်းကဖြောင့်သွားတဲ့အတွက် တိုးတက်မှာပဲ။ ပေါ်လစီမှားရင်တော့ ဘယ်လောက်ကြိုးစားကြိုးစား ဘယ်မှ မရောက်ဘူး။ ဒါကြောင့် ပေါ်လစီဟာ အရေးကြီးတဲ့ တစ်ချက်ဖြစ်တယ်။ ခေါင်းဆောင်မှုနဲ့ ပေါ်လစီကတွဲနေတာ။ ခေါင်းဆောင်က ဦးနှောက် သုံး တယ်။ အမှန်တွေကို နားထောင်တယ်။ ပေါ်လစီအမှန်ချနိုင်ရင်တော့ ပန်းတိုင်ကို ရောက်သွားမှာ သေချာပဲပေါ့။
Serge Pun (ခေါ်) ဦးသိမ်းဝေ
ဥက္ကဋ္ဌ
Serge Pun & Associates
#MyanmarB2BManagementMagaz ine/June2015

#MyanmarB2BManagementMagaz
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။