Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, July 12, 2017

ကိုရင်ကြိးသိန်းထိုက် (ဒုတိယပိုင်း)


မြန်မာ့ဒီမိုကရေစီနှင့်နိုင်ငံရေးမှတ်တမ်းများ added 7 new photos — with Billy H. Mackenzie.

ကိုရင်ကြိးသိန်းထိုက် (ဒုတိယပိုင်း)
————————————————
ဒေါက်တာလှိုင်မြင့်
BurmaDemocracy, 11 July 2017
နင်းပပနင့် ဒေါ်မြိုင်တို့က..ထောင်က လွှတ်တာမှ..တလမပြည့်သေးဘူး…နောက်ထပ်..၅ -နစ်စီကျပါလေရော ။ ပထမကျတာက..၆ -လ ။
အမတ်တယောက် မလုပ်သင့်တာ လုပ်လိုက်လို့ ..မိသားစု..၁၁- ခု..ဒုက္ခလှလှကြိးရောက်သွားရပါတယ် ။
ဒီလူတွေကို..အဲဒီအမတ်က.. တောင်းပန်လေသလားတော့ မသိပါဗျာ ။
ထောင်လဲ..ကျပ်သွားလိုက်တာ..မပြောပါနင့်တောါ ။

သံဃာတော်တွေလဲ..တကာတွေလာခွင့်မရှိတော့..ဆွမ်း- ကွမ်းငတ်ပါလေရော ။ ငါး-ည အချင်းချင်း...မကောင်းလို့ ပေးသည့်..မစို့ မပို့ လေးတွေကို.. မျှော်ရသည့် ဘဝ..ရောက်ရပါလေရော ။
ကျနော်ကတော့..ထောင်ဝင်စာတွေ့ အပြီး..သီးသန့်  အုပ်စုနင့်လမ်းမခွဲခင်လေးမှာ…ကျံချောင်းအိတ်ထက် ကြိးတဲ့ အိတ်နစ်အိတ်လောက်..သီးသန့် ကလူတွေလက်ထဲ လွှဲထဲ့ပြီး..ကိုယ်တော်တွေ ကပ်ပေးပါဗျာ ။
နောက်တော့..ကျနော်က ထောင်ပိုင်ကို..လေဖြေထိုး..တစတစ လျော့ပေးရန်တောင်းဆိုပါတယ် ။ ထောင်ပိုင်ကလဲ..ကျနော်တောင်းဆိုလျင် အထိုက်အလျောက်လျော့ပေးပါတယ် ။
ထောင်ထဲမှာ..ထောင်ဝင်စာမလာသူတွေကို..လာသူတွေက မျှကျွေးကြပါတယ် ။
အဲဒီလိုမျှတကျွေးတာကို..လူပါးဝသူတယောက်အကြောင်း..။ သူက ထားဝယ်သား..တိုးအောင် ။
စနို်က်- တိုးအောင်လို့ ခေါ်တယ် ။
တခါမှာ…မုံရွာ-ရွှေဘို-မန်း လမ်းခွဲရွာက ထန်းတက်သမား..ထန်းပိုင်ရှင် ။ ကိုသောင်းစိန် ။ လူကသဘောကောင်းတယ် ။ ဒေါ်စု အခွေတွေ ငှားပေးလို့ ထောင်ကျရှာသူ ။
သူ့ ရွာမှာ..စနိုက်ငှက်ကြော်က နာမည်ကြိး ။ ရှားတယ် ။ တခါမှာ..ထောင်ဝင်စာမှာ..စနိုက်ကြော်..ပါလာတယ် ။ သူ့ အခန်းမှာ ၄-ယောက်ဆိုတော့….ညနေစာမှာ..တယောက် တကောင်စီ ဝေစား ။
နောက်နေ့ အတွက်..၄ -ကောင်ကျန်တာ..သိမ်းထား ။ နောက်နေ့ နေ့ လည်စားစားဖို့ ထုတ်တော့..စနိုက်က မရှိတော့ဘူး ။
တိုးအောင်ကိုမေးတော့..မသိဘူး ။ ကျန်လူတွေဘဲ..စားသလိုလိုဖြစ်ကုန်..။ နောက်တော့….တယောက်က..ညကတိုးအောင် အိတ်ဖွင့်တာ မြင်ထားမိတော့.. တခုခုစားနေတာကို…. ထောက်မေးတော့..မှ ..ဟုတ်တယ်ဗျာ..စာလို့ စားတာ..ဘာဖြစ်လဲ ။
စာတယ်ဆိုလျင်လဲ..အခြားတခုခုစားပေါ့ဗျာ ။ စားပြန်လဲ တကောင်ပေါ့ ။ အခုဟာက..ပိုင်ရှင်အတွက်တောင်မချန်တော့ ။ အဲဒါလား..ဒီမိုကရေစီသမား ။
ထိုသို့ …ထောင်က ထုတ်ရိုက်အပြီး..ထောင်ကျပ်ထားချိန်မှာ..ထောင်က ယုတ်မာတာတချက်က..
အဲဒီ..တိုးအောင်နင့်..ကိုကျော်သောင်း ( မျက်မှန်အထူကြိး..ယခုအမေရိကန်မှာကွယ်လွန်လို့ကြား မသေခြာ ) တို့  နစ်ယောက် မတဲ့ဘူး ။
ရန်ဖြစ်ကြတော့..သူတို့  နစ်ယောက်ကို..တယောက်ရဲ့ ခြေတဖက်နင့် အခြားတယောက်ဖြေတဖက်ကို..သံခြေကျင်းတဖက်စီ နဲ့ တွဲ ခတ်ထားတယ်ဗျာ ။
အဲဒီမှာ..နစ်ယောက်လုံး…အိပ်မရတော့….၃ ရက်လောက်ရတော့..ကျော်သောင်းက..မဟန်တော့ဘူး ။
ကျနော်က ..ထောင်ကတာဝန်ခံဆရာဝန် ကိုဝင်းရွှေဝင်း ( ကျနော့်အတွက်..မန်းမြို့ တော်ဝန်..ကိုရဲလွင်ဆီက..ဂျပန် ၊ ဆွစ်ဇာလန် မျက်လုံးဆေးတွေ ခိုးသွင်းပေးသူ ) ကိုအပူကပ်ပြီး..ကျော်သောင်းကို…ဆေးရုံအတင်ခိုင်းလိုက်ရလို့ .။.မဟုတ်..ကျော်သောင်း..ဂေါက်သွားနိုင်တယ် ။
တိုးအောင်က..သူကို..ဒေါ်အောင်ဆန်းစုကြည်က..ကြိတ်ချစ်ကြိုက်နေပါတယ် ။ ထောင်ကလွှတ်လျင်..ယူတော့မယ်..ဆိုတာကို..လျောက်ပြောနေတဲ့ ငကြောင် ။ အခု မိုက်ကယ် အဲရစ်လဲ မရှိတော့ပြီ ။ သူရှိနေလို့  ခက်နေတာ…စသည်ဗျာ ။
ကျနော်ကတော့...အုတ်ခဲ ကိုင်ပြီး လာစမ်း..မ.အ.လ..လာစမ်း..ချဲလင့်ခေါ်ထားတော့..တယ် ။ အတော်မို်က်ရီုင်းတဲ့အကောင် ။
ပထမပိုင်းကတော့..သူက..ကျနော်ရဲ့ ချစ်သူဟာ...ကမ္ဘာမှာ..ဂုဏ်ြ့ပုဆုတံဆိပ် တရာကျော်ရထားသူ ဆိုတော့..ဘယ်သူဆို..စဉ်းစားကြည့်ပေါ့ဗျာ လောက်ပြောတယ် ။
ငါသူနဲ့ ယူပြီးမှ..ဝန်ကြိးဖြစ်ချင်လို့ ..ဝန်ကလေးဖြစ်ချင်လို့  ဒူးလာဖက်မဲ့ အကောင်တွေ မြင်ယောင်သေးဗျာ ။
နောက်ပိုင်းကြတော့..နာမည်နဲ့ ပါပြောလာတော့တာ ။
အဲဒီလိုမပြောဖို့ တားမည့်သူမရှိကြဗျာ ။
ကျနော်နဲ့ ကတော့..တဇောင်းစေး..နင့် မျက်ချေး ဘဲ ။
++++++++++++++++++++++++
အမတ်အကြောင်းပြန်ဆက်ရလျင်..
..ထိုအမတ်က..နေ့ ထူးတွေမှာ…အထိန်းအမှတ်အခန်းအနားတွေ မကြာခန လုပ်တတ်တယ် ။
သူဦးဆောင်တာမပါသူဆိုလျင်..သူလျို..ထောင်ပိုင်သတင်းပေး. ၊ အဲဒီလို…မဟုတ်မဟတ် ဇါတ်လမ်းအလိမ်တွေ နဲ့..သတင်းလွှင့်တတ်သူ ။
ကျနော်ကလဲ…အဲဒီလိုအခန်းအနားနို်င်ငံရေးကို..အတော်မြင်ပြင်းကပ်သူ ။ တကယ်လု်ပတော့..သူတို့ ပါ ။ ပြီးမှ..သူတို့ ကဘဲ..သူရဲကောင်းကြိးတွေပုံနင့် ပါနေသလိုလို ။
၂၀၁၃..တော်ဝင်နှင်းဆီမှာလဲ..အဲဒီလိုပြောတော့..ခင်ဗျား..ဘယ်နေ့ ကပါလဲထမေးတော့..ပြသနာတက် ။ ကျနော်တို့ မှာ..လူလေး..တပဲခြောက်ပြားနင့်..ကြောက်ကြောက်လန့် လန့် လုပ်နေတာ..သူတို့ က…ဘာတင်းလစ်နာရေးတဲ့စာအုပ်ဖတ်..အတည်ပေါက်ဖြိးနေတာ ။
အဲဒီလို..တဆင့်စကားတွေနင့်..ဇွန်လ..၂၁ - မြေနီကုန်းလမ်းဆုံ..အရေးအခင်း…ကျောင်သူတွေ ကျဆုံးတယ် ဖြစ်ကုန်..မသိဘဲ အခန်းအနားတွေလုပ် ။
ကျောင်းသူနစ်ဦး..အရိုက်ခံရပါတယ် ။ တချက်ဆို ပြစ်လဲသွားတာပါ ။ ကျနော်ညီတွေမျက်စေ့ရှေ့ တင်ပါ ။ ကျနော်ညီတွေက..လုံထိန်းတွေနင့်အပြန်အလှန်ရိုက်လို့ ..စောလွင်..ဘယ်လက်မောင်..အရီုး.၄ ပိုင်းကျိုးတယ် ။ နေဝင်း..ခေါင်းပေါက်သွားတယ် ။
အခန်းအနားနိုင်ငံရေး…လုပ်ပါ ။ သူရဲကောင်းကြိးပုံစံပြောနေကြတာ ၊…တရက် ထောက်လှမ်းကသာ..ဓါတ်ပုံတွေ ထုတ်ရှိုးလျင်..သောက်ရှက်ကွဲကြမည့်သူတွေကျနော်က ဘယ်အခန်းအနားပွဲတွေမှာမှ..မပါတော့…ထောင်ပိုင်သတင်းပေး..။ လူလိမ်တွေ ..လူလိမ်တွေ ။
သူတို့ က..အိုးဘိုရောက်တာ ကျနော့်ထက် - ၁၀ - လမကစောတယ် ။ ကျနော်က ၉၇..ဧပြီလ ၂-ရက်နေ့ မှ ရောက်တယ် ။
သူတို့ ထက်နောက်ကျပေမည့်…ရောက်ပြီး..တ လနေတော့..အိမ်ကိုဆက်သွယ်ပြီးပြီ ။ ၉၇..နိုဝင်ဘာမှာ..ကျနော်က..စာအုပ်တွေသွင်းဖတ်နေပြီ ။
သူတို့ က..၁၉၉၉ ..နစ်အစ..လောက်မှ..စာအုပ်စသွင်းတာပါ ။ တဦးကို..ဆေးလိပ် - ၁၂ -လိပ်ထဲ့ဝင်ပေါ့ ။ အမတ်က ဦးဆောင်ပြီး..ကျနော့်ကို မသိစေနဲ့ .။ ကျနော်က.ထောင်ပိုင်သတင်းပေးလုပ်နေသေး ။ ..ရယ်ရတာလေး ။
သူတို့ သွင်းခိုင်းတဲ့ ဝန်ထမ်းက..ကျနော့်လူ ။ ညနေ သွင်းလာတယ် ။ ကျနော့်ဆီအပ်ထားတယ် ။ ကျနော်ဖတ်ပြီးတော့မှ..သူတို့ ကိုအခုမှ..သွင်းလာသလိုလို အပ်တာ ။
အဲသွင်းပြန်တော့..Reader’s Digest, Times, NewsWeek .. ပြီး..အုပ်သေးသေးလေးတွေခွဲ တခန်းခြင်းခွဲဖတ်ကြ ။
အင်္ဂလိပ်လိုက..မကျွမ်းတော့..တဦးတလေက..ကျနော့်လာမေးပါတယ် ။ ဥပမာ...rapid, slant, hibernation, libation..စသည်တဦးတလေကိုလာမေးခိုင်းပြီ ။
ကျနော်က....ထိုစကားလုံးကို…ထိုစာပိုဒ်က..ဇါတ်လမ်းအတိုင်း.အတိအကျ ဘာသာပြန်ပေးလိုက်တော့..သူတို့  အူတူတူ ဖြစ်ကြတာ ကြားနေရတယ် ။
ဆရာက..ဇါတ်လမ်းကိုဖတ်ထားသလိုကို..သိနေတာ ။ ဇါတ်လမ်းဖတ်ထားသလိုဘာသာပြန်နေတာ ..ဘာညာပေါ့ ။ ရယ်ရတာမှ..အူကိုတိုလို့  ။ လာမေးတိုင်း..မျက်လုံးလေးတွေ ကလယ်..ကလယ်..နင့် ။
ဥပမာ..slant ကို စာမှာက…အိမ်ဖြူတော်မီးလောင်တာကို..မီးတောက်က လေအဟုန်နင့် တဇောင်းတိုက်လောင်နေတာဖြစ်အောင်ရေးထားတာပါ ။ ..အိမ်ဖြူတော်အရုပ်ကို..တဇောင်းထောင်ပြီး.…slant လုပ်မီးရှို့ တယ်ရေးထားတာ ။
ကျနော်က..ရှင်းပြရင်း.ထားပါတော့ကွာ..အိမ်ဖြူတော်မိးလောင်တယ်တဲ့ဇါတ်ဝင်ခန်းပေါ့ ကွာ..၊ ဇါတ်လမ်းမှာ..မိးတောက် တဇောင်းလောင်အောင်..အိမ်ဖြူတော်အရုပ်ကို...တဇောင်းထားပြီး..မီးရှို့ သလိုပေါ့ကွာ…ဆိုပြီးရှင်းပြလိုက်တော့..မျက်လုံးလေးတွေ ကလယ်ကလယ်နင့် ။
ကြာလာတော့မှ..အမြင်ကပ်လို့ ....မင်းတို့ အမတ်ကိုပြောလိုက်..မင်းတို့ အခုဖတ်နေတဲ့စာအုပ်တွေ…မင်းတို့ လက်ထဲ မရောက်ခင်..ငါ့ဆီ တရက်လာပေးထားလို့ ဖတ်ပြီးပြီလို့  ။
ငါက စာအုပ်သွင်းဖတ်နေတာ…အိုးဘိုရောက်ပြီး..၆ - လ အကြာကထည်းကကွလို့  ကြိမ်းလိုက်တယ် ။ သွင်းဖတ်နေတာ…၂ နစ်ပြည့်တော့မယ်လို့  ။
အခုမှ..စာအုပ်သွင်းပြီး..ငါ့ကိုများ..ထောင်ပိုင်သတင်းပေး.ရိုးနေတာ…သနားသေးတယ်လို့ ။
အဲဒီလို..ထောင်ထဲမှာ..မိမိနာမည်တခုခုရအောင်.. ထင်ပေါ်အောင်လုပ်..၊ ဘယ်သူတွေ..ဘယ်လိုထိခိုက်ထိခိုက်..ငါအပူမဟုတ်တွေက…ဒီမိုကရေစီသူရဲကောင်းကြိး..ဆိုတော့..။
ထိုလိုလူတွေ နေရာဦးနေတဲ့ ..ဒီမိုကရေစီမျိုး..ကျုပ်တော့..sorry ဗျာ ။
ဘယ်သူသေသေ..ဒီမိုကရေ..တွေဖြစ်မနေပေဖူးလား ။
ကျနော်က ဒါတွေရေးတော့..အဖွဲ့ ချုပ်တွေတချို့ က မကျေနပ် ။ ကျနော်က အဖြစ်မှန်ရေးတာကို..မကျေနပ်သူဟာ..အာဏာရှင်သောက်ကျင့်တွေလို....သတင်းအမှန်ထိန်ချန်သူနင့် တတန်းတစားထဲ မဖြစ်ပေဘူးလား ။
အခု..ထို..၇ -ယောက်..ဆက်တို်က်ရူးသွားတာ..ကျနော့်မှာ..တဝန်မကင်းပါလို့ ..ဘယ်သူများ..ဝန်ခံဖူးပါသလဲ ။
နောက်ထပ် ဆက်မရူးရအောင်..ကျနော်က ကြံဆ နိုင်လို့ သာ ။ သို့ မဟုတ်..ဘယ်နစ်ယောက်အထိ..ထပ်ရူးကြမယ်ဆိုတာ..မတွေးဝံ့စရာပါ ။
ကိုလှသောင်းနင့် ဒေါ်ဝင်းမြမြတို့ ၏ ကျေးဇူးပါဗျာ ။ နိ့ မို့ ..နောက်ထပ် ၁၀ ယောက်လောက်ထပ်ရူးသွားနိုင်တယ် ။
ထောင်ထဲမှာ..မရူးခဲ့သူတဦးကို..
.၂၀၁၃..၈၈၈၈- လုံး ၂၅ -နစ်..နစ်ပတ်လည်အခန်းအနားမှာတွေ့ တယ် ။..ထိုလူငယ်..အရူးစကားတွေ ပြောနေရှတာ..စိတ်မကောင်းမိ ။
သမ္မတဦးသိန်းစိန်..ဒေါ်စုကို ခေါ်တွေ့ ပြီး..ကြားဖြတ်ဝင်ခိုင်းတာ..သူက ပြောလိုက်လို့  ။
ဆရာ ဘာပြောချင်လဲ..ကျနော်အခု..ဦးသိန်းစိန်ဆီ မက်ဆေ့ တချက်ရိုက်လိုက်လျင်…ကျနော့်ဆီ ချက်ချင်း..ဖုံးဆက်လာစေရပါမယ်..။ ကျနော်..အတော်လေး..စိတ်ထိခိုက်မိ ။
ဒီမိုကရေစီရေးမှာ..ပေးဆပ်ရသူတွေကို…အဖွဲ့ ချုပ်က ..စာရင်းပင် ကောက်ယူလေရဲ့ လားမသိ ။
ထိုသူတွေဟာ..ကျနော်အပါအဝင်…ကျနော်တို့ ၏..ကိုယ်ရေးဇာဇဝင်မှာ..ယခုချိန်အထိ..ပြစ်မှုချိုးဖေါက်ထားတဲ့..ရာဇဝင်ကရှိနေဆည်း ။
တဖက်က..နိမ်ချင်လျင်..ဟိုထောင်ထွက် လှိုင်မြင့်မဟုတ်လား ။ ဟိုပြည်ပြေး လှိုင်မြင့် မဟုတ်လား ။
တကယ်တော့..ကျနော်မျှော်လင့်မိတာပေါ့လေ..ကျနော်တို့ အမှုတွေကို..အဲဒီတရားသူကြိးတွေ နင့်ဘဲ..အမှုပြန်စစ်ဆေးပေးရန်..အခွင့်အရေး..လျောက်ထားခွင့်ကို..အစိုးရက ဖေါ်ဆောင်ပေးစေချင်ပါတယ် ။
ကျနော်တို့ ပြစ်ဒါဏ်ချထားတာတွေဟာ..မမှန်မကန်တရားစီရင်မှုဆိုပြီး..ကျေငြာပေးရဲ့ သည့် အစိုးရတရပ် ပေါ်လာစေချင်တာပါ ။
ကျနော်တို့ လိုလူတွေ အများကြိး..ဘဝရင်းခဲ့လို့ လို့ ..ဒီလိုအပြောင်းအလဲပေါ်..ပြည်သူလူထုပါဝင်သည့် အစိုးရပေါ်လာရတာပါ ။
အာဏာရှင်တွေက သဘောကောင်းလို့ ပေါ်လာတာ မဟုတ်ပါ ။
နောက်တခု..အခုလို..ဘဝပျက်သွားရသည့်..ကိုရင်ကြိး လိုလူတွေကို..ဒီမိုရေစီအခွင့်အရေးတွေ.(ရာနုံးပြည့်မဟုတ်သော်လည်း ).. ခံစားရလာသည့်..အဖွဲ့ ချုပ် အစိုးရအနေနင့်…ထိုဘဝပျက်သွားသူတွေကို.. စာရင်းကောက်ပြီး.. အကူအညီပေးဖို့ .. အစီအစဉ်များ ဖေါ်ဆောင်သင့်ပါတယ် ။
ကျနော်တို့  အိုးဘိုထောင်က..ထိုရက်ပိုင်းလေးအတွင်းမှာ…ဘာကြောင့်.. လူ ၈ ယောက် သွက်သွက်ခါ ရူးသွားရတာပါ လိမ့်ဆိုတာ.. ဆန်းစစ်သင့်ပါတယ် ။
နောက်ဆုံးအနေ နင့်က..တနေ့ က..ကျနော်နင့်တတန်းထဲ့သား.. စစ်ကိုင်းတိုင်းဝန်ကြိးချုပ် ဒေါက်တာမြင့်နို်င်က.. လူငယ်တွေ.. နိုင်ငံရေးလုပ်ကြရန် တိုက်တွန်းလာပါတယ် ။
ကျနော်က ရေးချင်နေတာ..လက်ယားနေမိ ။
မှန်ပါတယ်..လူငယ်သာမဟုတ်..လူတိုင်းလူတိုင်းနိုင်ငံအရေးမှာ..နိုးကြားကြရန်လိုပါတယ် ။
နိုင်ငံသားတွေ နိုင်ငံရေးနိုးကြားဖို့  ၊ လူငယ်တွေနိုင်ငံအရေးနိုးကြားဖို့ ..
NLD အစိုးရကနေ..၆၂- ခုနစ်ကတလျောက်..နို်င်ငံရေးမှာ..ပါဝင်ခဲ့သူတွေ ၊ ကျဆုံးခဲ့သူတွေ ၊ ထောင်ကျ..ဘဝပျက်သူတွေကို..အသိအမှတ်ပြုသည့် အခန်းအနား..မျိုးလုပ်ပေးလျင်..
နို်င်ငံရေးသမားတွေ..အဆ ၁၀၀ -လောက်ပေါ်ထွက်လာပါမယ်လို့  ။
သေဒါဏ်ချမှတ်ခံလိုက်ရသည့်…ဆလိုင်းတင်မောင်ဦး..လိုပုဂ္ဂိုလ်များကို…ဂုဏ်ပြုကဒ်ပြာလေးများ…MEDAL ပြားလေးများထုတ်ဂုဏ်ပြုရောင်းချပြီး..ဆလိုင်းတင်မောင်ဦး၏ မိသားစုတွေ ပေးစေချင်ပါတယ် ။
ကိုမြင့်နို်င်ကိုတော့..ချေပတာမဟုတ်ပါ ။
လူငယ်တွေသာမက..တနိုင်ငံလုံး..နို်င်ငံရေးနိုးကြွနေဖို့ ..ကျနော်တို့ ပြည်သူတွေဖက်က အကြိမ်ကြိမ်တာဝန်ကျေခဲ့ပါပြီ .
အခု..ထိုအညတရသူရဲ ကောင်းတွေ လှစ်လျှူရှုထားတာ..ဆက်မလုပ်ဖို့ က..အစိုးရ၏တာဝန်ပါ ။
မိမိ၏ တာဝန်ရှိသည့်..အပိုင်းကိုလဲ..ပြန်လည်ဆန်းစစ်ကြပါဦးလို့  ။
ပြည်သူဖက်က..တာဝန်ကျေခဲ့ပါပြီ .။
ပေးဆပ်ပြီးထားသူတွေကို…ဆက်လက်လျှူရှုထားနေဦးမည်ဆိုလျင်တော့..
ကျနော်က..လူငယ်လေးများကို…နို်င်ငံရေး..လုပ်ကြမည်ဆိုလျင်…
ကိုရင်ကြိးကိုသာကြည့်ထားကြပေတော့..သတိပေးမှာဘဲ ။
ငါ့ကိုလဲ..ကြည့်လို့ ရတယ်ဟေ့…လှိုင်မြင့်ဆီကဆို..ဘာမှ လာမတင်နဲ့ ဆိုတာ..နို်င်ငံရေး..လုပ်ခဲ့လို့ ရတဲ့အမြတ်ဘဲဟေ့..လို့ ပြောနေပါပြီဗျာ ။
့အရှိကို..အရှိအတိုင်း..အပလီဆာတားမပါ ၊ ပကတိအတိုင်း..ချပြရပါတော့မယ် ။
အချုပ်အနေနင့်တော့..ကိုရင်ကြိးကို..ဖြစ်နိုင်လျင်..ဆေးရုံတင်ကုပေးကြပါဦး ။
ကုန်ကျစာရိတ်ကျနော် အပြည့်အဝ ကူညီပါ့မယ် ။
စိတ်ထဲထိခိုက်လွန်းလို့ ပါ ။ နေ့ လည်က..ဖတ်ပြီး..ဇနီးကိုပင် ရှင်းပြဖို့ ..စို့ နင့်နေမိတယ် ။
သူ နင့် ကို ( သ.ခ ) တို့ ကထောင်ဝင်စာလာလျင်..သူတို့ မုန့် တွေ..ဟင်းတွေ ကျနော့်အခန်းပြေးလာပြီး..ဆရာစားပါ..အတင်းလုပ်တော့..ရွံရွံ နင့်မျိုချ..ခနနေတော့..ပျို့ အန်ထွက်..။ ပြီးစားပါမယ်ပြောလဲ..မရ..ကျနော့်ရှေ့ စားပါဗျာ..ဆိုတော့ ။
( ကို သ.ခ.) ကပိုဆိုးတယ် ။ ချေးတွေနဲ့ ပုံတွေဆွဲနေတာဗျာ ။ သူတို့ ကစားစေချင်တော့လဲ..ကျိတ်မှိတ်မျိုချရတာ.. မသက်သာလှ ။
( ကို.သ.ခ ) က..သူ့ ဦးလေးက…ကျနော်နင့်ကပ်လျက်အခန်းက ။ သူ့ တူကို..နေ့ စဉ်မုန့် နင့် ဟင်းပို့ ပေးတယ် ၊ သူ့ အိမ်ကလာလျင်..ဦးလေးကိုတော့ မပေးဘူး..၊ ကျနော့်ဆီ လာလာကျွေးတာ..မသက်သာဘူး ။
ကျနော့်အတွက်တော့..( ကို.သ.ခ ) နင့် ကိုရင်ကြိးတို့ က….တူလေးတွေလိုဘဲ..ရင်ထဲ..ထိနေဆဲ ။ ကျန်လူတွေအတွက် နဲနဲ ဝေးတယ် ။
ကလေးမြို့ ကတဦးတော့..နဲနဲရင်ထဲ ထိနေသေးတယ် ။
အဲဒီတော့…မြန်မာ့နို်င်ငံရေး..နိုးကြားနေဖို့ …
The ball is in the NLD government court..
( အထူးကျေးဇူးတင်ရှိခြင်း…ကိုရင်ကြိးသိန်းထိုက်..ဘဝကို..ပြန်လည်ဖေါ်ထုတ်ပေးသူ….ကိုရန်နိုင်မင်း…ကိုအထူးကျေးဇူးတင်ရှိပါကြောင်း ၊ လေးစားမိပါကြောင်း.. မှတ်တမ်းတင်အပ်ပါသည် ၊)
ဒေါက်တာလှိုင်မြင့် Billy H. Mackenzie's Facebook မှကူးယူဖော်ပြပါသည်။#BurmaDemocracy

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။