လူတော်တော်များများ ဝက်ခြံပေါက်ဖူးပါတယ် ။ အရေပြားပေါ်မှာရှိတဲ့ အဆီဖုလေးတွေမှ ဖုန်မှုန့် ၊ အညစ်အကြေးတွေကြောင့် ဘတ်တီးရီးယားများ ကူးစက်ပြန့်ပွါးလာကာ ဝက်ခြံဖြစ်ပေါ်လာပါတယ် ။ များသောအားဖြင့် မျက်နှာ ၊ လည်ပင်း ၊ ကျောကုန်း နှင့် ပုခုံးလို နေရာမျိုးတွေမှာ အဖြစ်များကြပါတယ် ။ ဟော်မုန်းအပြောင်းအလဲ နှင့် ဝမ်းချုပ်မှုကြောင့်လည်း ဝက်ခြံပေါက်တတ်ပါတယ် ။ မည်သို့ပင်ဖြစ်စေ ဝက်ခြံပေါက်လာပြီဆိုရင်တော့ အလှပျက်ရပါပြီ ။ အချို့အသားအရေ ပိုင်ရှင်တွေဆိုလျှင် မျက်နှာမှာ အမြဲလိုလို ဝက်ခြံတွေနှင့် ပြည့်နေတာကို မြင်တွေ့ဖူးပါလိမ့်မယ် ။
ဈေးကွက်ထဲမှာလည်း ဝက်ခြံပျောက်စေတဲ့ ခရင်ခ် ၊ ဆေးတွေ အများကြီး ရှိပြီး အချိန်အတော်ကြာထိ စွဲမြဲစွာ လိမ်းပေးရပါတယ် ။ အခုဖော်ပြပေးမယ့် နည်းလမ်းကတော့ အချိန်တိုအတွင်းမှာ ဝက်ခြံတွေကို ပျောက်ကင်းစေနိုင်တဲ့ နည်းလမ်းများဖြစ်ပြီး သဘာဝပစ္စည်းတွေနဲ့ ကုသမှာဖြစ်တာကြောင့် မည်သည့်အသားအရေမဆို ဓါတ်မတည့်တာမရှိဘဲ စိတ်ချစွာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ် ။
၁။ရေခဲတုံး
အအေးဓါတ်က ဝက်ခြံကြောင့် ယောင်ရမ်းနာကြင်ခြင်းကို သက်သာစေပြီး သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ် ။ ချွေးပေါက်တွေကို ကျဉ်းစေပြီး အညစ်အကြေးများကိုလည်း ဖယ်ရှားပေးနိုင်ပါတယ် ။ ရေခဲတုံးကို အဝတ်သန့်သန့်ထဲထည့်ပြီး ဝက်ခြံရှိရာနေရာသို့ စက္ကန့်အနည်းငယ် ဖိလိုက်ခွာလိုက် မိနစ်အနည်းငယ်ကြာ ပြုလုပ်ပေးပါ ။ နေ့စဉ် ခဏခဏ ပြုလုပ်ပေးလို့ ရပါတယ်။
၂။သွားတိုက်ဆေး
သွားတိုက်ဆေးကလည်း ဝက်ခြံကုသရာမှာ အသုံးဝင်ပါတယ် ။ သွားတိုက်ဆေး အနည်းငယ်ကို ညအိပ်ရာမဝင်ခင်တိုင်း ဝက်ခြံရှိတဲ့နေရာမှာ ခပ်ဖွဖွလေး အုပ်လိမ်းပေးပါ။ မနက် မျက်နှာသစ်တဲ့အခါ ရောင်ရမ်းမှုတွေ လျော့သွားပြီး သိသိသာသာ သက်သာသွားတာကို မြင်ရမှာပါ ။သွားတိုက်ဆေးသုံးတဲ့အခါ အဖြူရောင် သွားတိုက်ဆေးပဲ ဖြစ်ရပါမယ် ။ ဂျယ်လ်ပုံစံ သွားတိုက်ဆေးကို မသုံးရပါ။
၃။သံပုယိုရည်
သံပုယိုသီးကတော့ နေရာတိုင်းအတွက် ဆေးဘက်ဝင်အသီးလို့တောင် ညွှန်းဆိုလို့ရနေပါပြီ ။ ညအိပ်ရာဝင်တိုင်းမှာ သံပုယိုသီးကို အရည်ညှစ်ပြီး ဂွမ်းစလေးဖြင့်တို့ကာ ဝက်ခြံပေါ်သို့ ပွတ်လိမ်းပေးပါ ။ အချိန်အနည်းငယ်အတွင်း ဝက်ခြံတွေ ကင်းပျောက်သွားမှာပါ။
၎။ရေနွေးငွေ့
ရေနွေးငွေ့အသုံးပြုတဲ့နည်းလမ်းက ဝက်ခြံတွေကို သက်သာစေတဲ့အပြင် ချွေးပေါက်တွေကိုလည်း ကျဉ်းစေနိုင်ပါတယ် ။ ဆားဝက်ခြံရှိတဲ့သူတွေ အသုံးပြုရင်လည်း အလွန်ထိရောက်မှုရှိတဲ့ နည်းလမ်းဖြစ်ပါတယ် ။ ဇလုံ(သို့) ဇလားထဲသို့ ရေနွေးပူပူထည့်ပြီး မိမိခံနိုင်လောက်တဲ့ အပူငွေ့ကို မျက်နှာအပ်ပြီး ခံယူပါ ။ အပူလျော့သွားရင် နွေးရုံမျှသော ရေနွေးဖြင့်ဆေးကြောပါ ။ ပြီးရင်တော့ အစိုဓါတ်ထိန်းပေးတဲ့ ခရင်မ် (သို့) Moisturizer လိမ်းပေးဖို့ မမေ့နဲ့နော်။
၅။ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာ antioxidant များစွာပါဝင်တဲ့အပြင် ဘတ်တီးရီးယား ပိုးမွှားတွေကို သေစေနိုင်တာကြောင့် ဝက်ခြံကုသရာမှာ များစွာလျင်မြန် ထိရောက်မှု ရှိစေပါတယ် ။ ကြက်သွန်ဖြူ တစ်တောင့်ကို နှစ်ပိုင်းပိုင်းလိုက်ပါ ။ ထို့နောက် ဝက်ခြံပေါ်ကို ပွတ်ပြီး ၅မိနစ်ခန့် ထားလိုက်ပါ ။ အဲ့ဒိနောက်တော့ ရေနွေးနွေးလေးဖြင့် ဆေးကြောလိုက်ပါ ။ တစ်နေ့လျှင် ၂ကြိမ် ၊၃ကြိမ် ခန့် ပြုလုပ်ပေးပါ ။ ဒါ့အပြင် ကြက်သွန်ဖြူ စားခြင်းက သွေးကိုသန့်စင်စေပါတယ် ။ အများကြီးစားရင်တော့ အစာအိမ် နာကြင်နိုင်ပါတယ်။
ဝက်ခြံကြောင့် စိတ်ညစ်နေတဲ့ သူငယ်ချင်းတွေသိသွားအောင် မျှဝေးပေးပါဦးနော်..။
CHAN (ရွှေအင်းလေး)
http://shweinnlay.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။