Aung Cho
တရားမဝင်
………………………………………
မြန်မာပြည်က တစ်နေ့ဝင်ငွေ
အဘတွေက "နှစ်ထောင် "
ဥပဒေဘောင်က "သုံးထောင့်ခြောက်ရာ "
ဒေါ်လာနဲ့ချိန်တွက်
ဈေးအတက်ပေါက်ဈေးနဲ့
"နှစ်ဒေါ်လာ" လောက်ပေးရင်ပဲ
ကျေးဇူးရှင် တစ်ယောက်လို(ကိုယ့်အချင်းချင်း)
သူ့အရိပ်ခို…
ဝါးမျိုခံဖို့အသင့်ဖြစ်
ဆင်းရဲနွံနစ်နေတဲ့ ဘဝတွေလေ ။
မစားလောက်တော့ တစ်ဆယ်ချေး
နေ့ပြန်ပေးတွေနဲ့အကြွေးတင်
မိသားစုအသွင်အပြင်ကို ငဲ့ကွက်
တစ်ဖက်နိုင်ငံရဲ့"ဒေါ်လာ"တွေ မက်လို့
အောက်လမ်းက ထွက်
မျှော်လင့်ချက် စိတ်ကူးတွေနဲ့
နဖူးက ချွေးတွေသွန်
"ကျွန်"သာသာ စကားလုံး
ကုန်းရုန်း လုပ်ခဲ့ရပေမယ့်
အရှုံး ဆိုတဲ့ နံနှိမ်ပြည်သားတွေမို့
တရားမဝင် ခွန်အားပိုင်ရှင်ဘွဲ့သတ်မှတ်
အလဲအထပ်မရှိ
အကဲအဖြတ် မသိ
မိရင်အဖမ်းခံ…
လူကြမ်းဆန်ဆန် အခိုင်းစေတွေလေ ။
………………
"ကျွန်တော်တို့ …ကောင်းမယ်ထင်လို့လုပ်ခဲ့ကြရင်းနဲ့
ဗမာပြည်ကြီးခမျာ
ဆင်းရဲတွင်း နက်ခဲ့ရပါတယ် "ဆိုတဲ့
ကွက်ကြားမိုး အရွာခံသူတွေရဲ့ပြောစကား
သင်တုန်းဓါးပေါ်က ပျားရည်စက်ကို
အအိပ်ပျက်နေသူ လူငယ်တွေမှာ
လျှာတွေနဲ့ လျှက်မိထားတော့
လယ်ယာကိုင်းကြားထဲ ဗွက်ရွံ့နစ်မဲ့အတူတူ
နိုင်ငံခြားငွေကိုရှု လို့
မိသားစုဝမ်းရေးကို ကူနေခဲ့ရတယ်လေ ။
ခုတော့……
ခွန်အားရှင် မြန်မာပြည်သား
သတ်မှတ်ထားတဲ့ သူတို့ဥပဒေ
ရေမြေချင်းကပ်နေပေမယ့်
တရားမဝင် အမည်တပ်
မငတ်ရုံ အလုပ်လုပ်ခဲ့ရလည်း
လစာပြုတ် နှင်ထုတ်ခံနေရပြီလေ ။ ။
(ကိုရွှေကေဇာ)
နေ့ပြန်ပေးတွေနဲ့အကြွေးတင်
မိသားစုအသွင်အပြင်ကို ငဲ့ကွက်
တစ်ဖက်နိုင်ငံရဲ့"ဒေါ်လာ"တွေ မက်လို့
အောက်လမ်းက ထွက်
မျှော်လင့်ချက် စိတ်ကူးတွေနဲ့
နဖူးက ချွေးတွေသွန်
"ကျွန်"သာသာ စကားလုံး
ကုန်းရုန်း လုပ်ခဲ့ရပေမယ့်
အရှုံး ဆိုတဲ့ နံနှိမ်ပြည်သားတွေမို့
တရားမဝင် ခွန်အားပိုင်ရှင်ဘွဲ့သတ်မှတ်
အလဲအထပ်မရှိ
အကဲအဖြတ် မသိ
မိရင်အဖမ်းခံ…
လူကြမ်းဆန်ဆန် အခိုင်းစေတွေလေ ။
………………
"ကျွန်တော်တို့ …ကောင်းမယ်ထင်လို့လုပ်ခဲ့ကြရင်းနဲ့
ဗမာပြည်ကြီးခမျာ
ဆင်းရဲတွင်း နက်ခဲ့ရပါတယ် "ဆိုတဲ့
ကွက်ကြားမိုး အရွာခံသူတွေရဲ့ပြောစကား
သင်တုန်းဓါးပေါ်က ပျားရည်စက်ကို
အအိပ်ပျက်နေသူ လူငယ်တွေမှာ
လျှာတွေနဲ့ လျှက်မိထားတော့
လယ်ယာကိုင်းကြားထဲ ဗွက်ရွံ့နစ်မဲ့အတူတူ
နိုင်ငံခြားငွေကိုရှု လို့
မိသားစုဝမ်းရေးကို ကူနေခဲ့ရတယ်လေ ။
ခုတော့……
ခွန်အားရှင် မြန်မာပြည်သား
သတ်မှတ်ထားတဲ့ သူတို့ဥပဒေ
ရေမြေချင်းကပ်နေပေမယ့်
တရားမဝင် အမည်တပ်
မငတ်ရုံ အလုပ်လုပ်ခဲ့ရလည်း
လစာပြုတ် နှင်ထုတ်ခံနေရပြီလေ ။ ။
(ကိုရွှေကေဇာ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။