ဘ၀ဆိုတာ တစ်သတ်မတ်လည်း ငြိမ်သက်နေတဲ့ ရေပြင်မဟုတ်ပါဘူး။ အမြဲတမ်း နိမ့်လိုက်၊ ကျလိုက်၊ တက်လိုက်၊ ဆင်းလိုက်နဲ့ လူတွေဟာ ဘ၀ကို ပုံစံမျိုးစုံနဲ့ ဖြတ်သန်းနေကြရတာဖြစ်ပါတယ်။ အမြင့်ကလည်း ပြုတ်ကျသွားနိုင်သလို
အောက်ခြေကနေလည်း အမြင့်ကို တက်လှမ်းနို်င်တဲ့ လူတွေလည်းအများကြီးရှိကြမှာပါ။ နိမ့်သွားတာပဲဖြစ်ဖြစ်၊ မြင့်သွား
တာပဲဖြစ်ဖြစ် အားလုံးဟာ ဘ၀ရဲ့သင်ခန်းစာတွေချည်းပါပဲ။ အခုလည်း အိမ်ခြေယာမဲ့ဘ၀တစ်ခုကနေ မီလျံနာသူဋ္ဌေး
ဘ၀အထိ တက်လှမ်းသွားနိုင်တဲ့ လူတစ်ဦးရဲ့ဘ၀အကြောင်း တစ်စေ့တစ်စောင်းကို ဖော်ပြပေးလိုက်ပါတယ်။
သူ့နာမည်ကတော့ Mylo Kayeလို့ ခေါ်ပြီး မန်ချက်စတာမြို့အခြေစိုက် Dreamr နည်းပညာဆော့လ်ဝဲကုမ္ပဏီရဲ့ စီးအီးအိုတစ်ဦးဖြစ်ပါတယ်။ သူဟာ Dreamr နည်းပညာဆော့လ်ဝဲကုမ္ပဏီကို ၂၀၁၄ခုနှစ်မှ စတင်တည်ထောင်ခဲ့တာ
ဖြစ်ပေမယ့် အချိန်အတိုအတွင်းမှာပဲ အောင်မြင်မှုတွေရရှိခဲ့ပြီး အခုဆိုရင် မီလျံနာသူဋ္ဌေးတစ်ဦးဖြစ်ဖို့ကို အစပျိုးနေပြီ
ဖြစ်ပါတယ်။ တကယ်တော့ သူဟာ ဒီအဆင့်ထိရောက်လာတာဟာ ကံတရားကြောင့်မဟုတ်ဘဲ သူ့ကြိုးစားမှုရလဒ်
ကြောင့်ပါ။
Mylo Kayeဟာ သူ့ရဲ့ငယ်ဘ၀ကိုတော့ လီဗာပူးလ်မြို့အနီးက သေးငယ်တဲ့မြို့လေးမှာ ရှင်သန်ခဲ့တာဖြစ်ပြီး မိသားစု
နဲ့အနှစ်(၂၀)အဲဒီမှာဖြတ်သန်းခဲ့ပါတယ်။ သူဟာ အခြားသာမန်လူတွေလိုပဲ နည်းပညာဘာသာရပ်နဲ့ ကျောင်းပြီးခဲ့ပြီး အလုပ်ဝင်ခဲ့ပါတယ်။ ဒါပေမယ့် အသက်(30)အရွယ်မှာတော့ သူဟာ အလုပ်လည်းပြုတ်ခဲ့ရသလို အိမ်ခြေယာမဲ့ဘဝ
လည်းရောက်ခဲ့ရပါတယ်။
”ကျွန်တော် အသက်(၂၀)အရွယ်မှာတုန်းက အကုန်လုံးလုပ်ဖူးသလို မကောင်းတဲ့အရာကို မလုပ်ဖူးတယ်ဆိုတာ မရှိ သလောက်ပါပဲ။ အချိန်ပြည့်အပြင်ထွက်တယ်။ အရက်သောက်တယ်။ မူးယစ်ဆေးသုံးတယ်။ အဲဒီအချိန်တွေကို စိတ်
လှုပ်ရှားစရာအကောင်းဆုံးအချိန်တွေလို့ ထင်ခဲ့မိပါတယ်။ ငွေဆိုတာကိုလည်း သုံးဖို့စွဲဖို့ပဲ ထင်ခဲ့တာပါ။ ဒါပေမယ့် ကျ
ဆုံးချိန်ရောက်လာတော့ ကျွန်တော်ဟာ အလုပ်လည်းပြုတ်ခဲ့သလို အိမ်ခြေယာမဲ့ဘ၀ကိုပါ ရောက်ခဲ့ရပါတယ်”
– Mylo Kaye
အလုပ်လည်းပြုတ်ခဲ့သလို အိမ်ခြေယာမဲ့လည်း ဖြစ်ခဲ့တဲ့ Mylo Kayeဟာ တစ်နှစ်လောက် တည်းခိုဆောင်နေခဲ့ရပြီး
အဲဒီနောက်ပိုင်းမှာ ကိုယ့်ကိုကိုယ်သတ်သေဖို့တောင် အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် Mylo Kayeဟာ သူ့ဘ၀ရဲ့အခြေအနေကို နားလည်သွားပြီး Birkenhead Central စာကြည့်တိုက်က ကွန်ပြူတာတွေကို ငှားသုံးခဲ့ရ
ပါတယ်။ နောက်တော့ Manchester Metropolitan University ကို တက်ရောက်ခွင့်ရခဲ့ပေမယ့် အဲဒီအချိန်မှာ Mylo Kayeတစ်ယောက် သူ့ရဲ့တစ်ဦးတည်းသော အားကိုးရာ ဦးလေးသေဆုံးသွားခဲ့လို့ စိတ်ဓာတ်တွေကျဆင်းခဲ့ရ
ပြန်ပါတယ်။
”ကျွန်တော်အလုပ်ပြုတ်ပြီး (6)လလောက်မှာ လမ်းပေါ်မှာလေလွှင့်နေခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ ဒက်ဘီဆိုတဲ့
လူနဲ့တွေ့ဆုံပြီး သူက ကျွန်တော့်ကို ယုံကြည်မှုတွေပြန်လည်တည်ဆောက်ပေးခဲ့ပါတယ်။ သူက ကျွန်တော့်ကို အကုန်
လုံးသင်ပေးတာပါ။ ဟင်းချက်နည်း၊ ဂျင်ဆော့နည်းတွေကအစ သင်ပေးခဲ့တာဖြစ်ပါတယ်။ ယုံကြည်မှု တဖြည်းဖြည်းနဲ့
ပြန်လည်ရလာချိန်မှာ Manchester Metropolitan University မှာ ပညာသင်ကြားခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ဦး
လေးက ဆုံးသွားပြန်တော့ ကျွန်တော်စိတ်ဓာတ်တွေ ကျဆင်းရပြန်ပါတယ်။ မန်ချက်စတာမှာ ပညာသင်ယူရင်း ဘဝ
အနည်ထိုင်ဖို့ ကြိုးစားခဲ့ရပြန်ပါတယ်” – Mylo Kaye
Mylo Kayeဟာ မန်ချက်စတာမှာ ပညာဆည်းပူးနေရင်းနဲ့ Dreamr ကုမ္ပဏီကို စတင်တည်ထောင်တဲ့ Jack Mason
နဲ့စတင်တွေ့ခဲ့ပြီး အရင်ဦးဆုံး စီးပွားရေးအသေးလေးဖြစ်တဲ့ ၀က်ဘ်ဆိုက်တစ်ခုကို ထောင်ခဲ့ပါတယ်။ အဲဒီကနေ 2014
ခုနှစ်မှာတော့ Dreamr ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး အချိန်အတိုအတွင်းမှာပဲ အောင်မြင်မှုတွေရခဲ့တာဖြစ်ပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။