ပွဲစီစဉ်သူတွေအတွက် တော်တော်လေး အခက်တွေ့စေတာပါ။
ဂျက်စတင်ဘီဘာဟာ မေလ ၁၀ ရက်နေ့ကစလို့ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာ ၅ ရက်ဖျော်ဖြေမှာဖြစ်ပါတယ်။ ဂျေဘီ လာရောက်ဖျော်ဖြေစဉ်မှာ နေထိုင်ဖို့အတွက် ပွဲစီစဉ်သူတွေဆီက တောင်းဆိုမှုစာရင်း ပေါက်ကြားလာခဲ့ပြီး ယင်းစာရင်းအရ သူ့ရဲ့တောင်းဆိုမှုက ပါးစပ်အဟောင်းသားဖြစ်ရအောင် များပြားလွန်းလှပြီး အသေးစိတ်လွန်းလှပါတယ်။
အိန္ဒိယနိုင်ငံရှိ ဂီတသတင်းထောက် Arjun S Ravi တွစ်တာမှာ တင်ထားတဲ့ စာရင်းထဲမှာ ဂျက်စတင်ဘီဘာက ညှိနှိုင်းခြင်းမပြုနိုင်တဲ့ စည်းကမ်းချက်ထဲမှာ သူ့ရဲ့အဖွဲ့သား ၁၂၀ အတွက် ဇိမ်ခံကားများနဲ့ အကြိုအပို့ပြုလုပ်ခြင်းနှင့် သူတစ်ဦးတည်းအတွက် Rolls Royce ကားတစ်စီး၊ စတိတ်စင်ပေါ်မတက်ခင် အပန်းဖြေဖို့အတွက် သူ့အတွက် ရေနွေးရေပန်းပါတဲ့ ရေချိုးကန် (Jacuzzi) တစ်ခု တပ်ပေးဖို့နဲ့ သူ့ရဲ့ဟိုတယ်ခန်းထဲမှာ ဆီမွှေးတွေ အပြည့်ထည့်ထားတဲ့ အိန္ဒိယယောဂသေတ္တာတစ်လုံးနဲ့ Chakras အကြောင်းရေးထားတဲ့စာအုပ်တွေ ထားပေးရမယ်လို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ် ၂ လုံးစလုံးကိုလည်း ငှားပေးထားရပါတယ်။ ဒါတွေတင် မကသေးပါဘူး။
သူနေထိုင်မယ့် စတုရန်းပေ ၁,၀၀၀ ကျယ်တဲ့ အခန်းထဲမှာ အားလုံးကို သူ့အကြိုက်အတိုင်း ပြင်ဆင်ပေးခိုင်းထားပြီး ရှေးဟောင်းပရိဘောဂပစ္စည်းတွေ၊ ကမ္ဘာကျော်တွေရဲ့ပန်းချီကားတွေနဲ့ ခရမ်းရောင်ဇော်မွှားပန်းတွေနဲ့ ဆင်ယင်ခိုင်းထားပါတယ်။
သူ့မျက်စိရှေ့မှာ လီလီပန်းတွေမထားဖို့လည်း ဘီဘာက တားမြစ်ထားပါတယ်။ နောက်ပြီး ပင်ပေါင်စားပွဲတစ်လုံး၊ playstation စက်တစ်လုံးနဲ့ စတိတ်စင်နောက်မှာနေစဉ်မှာ သက်သောင့်သက်သာဖြစ်အောင်လုပ်ပေးဖို့ သီးသန့်အနှိပ်ဆရာမတစ်ဦး စီစဉ်ပေးခိုင်းထားပါတယ်။
ဒါ့အပြင် သီးသန့်ဂျက်လေယာဉ်တစ်စင်းနဲ့ ရဟတ်ယာဉ်တစ်စင်းကိုလည်း အဆင်သင့်ထားခိုင်းပါသေးတယ်။ အိန္ဒိယရဲ့အလှဆုံးမြင်ကွင်းတွေကို သွားလာကြည့်ရှုဖို့လို့ဆိုပါတယ်။ ဂျေဘီက ကုန်းလမ်းကနေ ခရီးမသွားနိုင်ဘူးလို့လည်း အဲဒီစာရင်းထဲမှာ ရေးသားထားပါတယ်။
ဒါ့အပြင် ဟင်းချက်အရမ်းကောင်းတဲ့ စားဖိုမှူးတွေကိုလည်း ထားခိုင်းကာ တစ်နေ့ကို ဟင်း ၅ မျိုးချက်ပေးရမယ်လို့ဆိုပါတယ်။ အဲဒီဟင်းတွေကို သူ့ရဲ့နာမည်ကြီးသီချင်းတွေပါအောင် နာမည်ပေးရမယ်လို့ ဆိုပါတယ်။
ဘီဘာရဲ့ အဝတ်အစားလဲခန်းကို အဖြူရောင်ခန်းစီးလိုက်ကာရှည်တွေ တပ်ခိုင်းကာ အယ်လ်ကာလိုင်းရေ ၂၄ ပုလင်းအပြင် လက်ကိုင်ပုဝါအဖြူ ၁၂ ထည်လည်းထည့်ထားကာ အသေးစိတ် ပြုပြင်ခိုင်းထားပါတယ်။
ဂျေဘီရဲ့အဖြူရောင်နဲ့ပတ်သက်ပြီး တောင်းဆိုမှုထဲမှာ XS နဲ့ L ဆိုဒ်တွေဖြစ်တဲ့ အဖြူရောင်တီရှပ် နှစ်ပါကင်၊ စွပ်ကျယ် နှစ်ပါကင်၊ ခြေအိတ် သုံးဒါဇင်နဲ့ သူ စတိတ်စင်နောက်မှာရှိနေစဉ် ထောပတ်ပေါက်ပေါက် ပန်းကန်တွေ၊ ပေါင်မုန့်ဖြူနဲ အာလူးကြော်တွေ ထားပေးဖို့လည်း ပါဝင်ပါသေးတယ်။
ပွဲစီစဉ်သူတွေကို အသေးစိတ်ကအစ တောင်းဆိုတတ်တဲ့ အဆိုတော်ဟာ ဂျက်စတင်ဘီဘာတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ အဆိုတော် မရိုင်ယာကာရီဟာလည်း အဲဒီလိုတောင်းဆိုတတ်တယ်လို့ နာမည်ကြီးသူပါ။ မရိုင်ယာဟာ ကြောင်ပေါက်စအဖြူလေး ၂၀ ကောင်နဲ့ သူမဝါးပြီးသား ပီကေတွေကို လွှင့်ပစ်ဖို့အတွက် လက်ထောက်တစ်ယောက် လိုတယ်လို့ တောင်းဆိုခဲ့သူပါ။ ကာညေးဝက်စ်ကလည်း အဝတ်လဲခန်းကောဇောတွေက မညီညာလို့ဆိုပြီး မီးပူတိုက်ခိုင်းခဲ့ဖူးတယ်လို့ သိရပါတယ်။
Source & Photos : Mirror
duwun
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။