shared by MaMa on 03/05/17 - buzzy.com.mm - Personals
ကျွန်တော်တို့ တော်တော်များများကြားဖူးကြမှာပါ။ ကြုံဖူးကြမှာပါ။ နာမည်ကြီး တံဆိပ်ဆိုင်တွေရဲ့ အရောင်းစာရေးတွေဟာဆိုရင် ရောက်လာတဲ့ customer ကို သူတို့ရဲ့ အ၀တ်အစားပေါ်မူတည်ပြီးတော့ ဆုံးဖြတ်တက်ကြပါတယ်။တစုံတယောက်ကများစုတ်စုတ်ပြတ်ပြတ် ၊နွမ်းနွမ်းဖတ်ဖတ် ၀တ်ထားလိုက်ပြီဆိုရင် ဒီလူ ၀ယ်ဖို့ ပိုက်ဆံမရှိလောက်ဘူးဆိုပြီးတော့ တခါထဲ ကောက်ချက်ချလိုက်ကြပါတယ်။ဒါကြောင့်မို့လို့ ဒီဦးလေးကြီးက ဒီလို အရောင်းစာရေးတွေကို ပညာပြခဲ့ပါတော့တယ်။
စာအုပ်အဖုံးကိုကြည့်ပြီးတော့ စာအုပ်ကို အကဲမဖြတ်ပါနဲ့။ဖြစ်ပုံကတော့ အသက်ကြီးကြီး အမျိုးသားတစ်ဦးဟာ အမြောက်အများရောင်းချနေတဲ့ ဆိုင်ကယ်ပြပွဲကို သွားချင်ပေမယ့်လည်း သူဟာ သွားရောက်ခွင့် မရရှိခဲ့ပါဘူး။ဘာလို့လည်းဆိုတော့ သူဟာ ဟောင်းနွမ်းစုတ်ပြတ်နေပြီး အရွယ်အစားအလွန်ကြီးမားတဲ့ အကျီ ၊ အရာင်အသွေး မရှိတော့တဲ့ ဘောင်းဘီ တို့ကို ၀တ်ဆင်ထားတာကြောင့် ဘဲဖြစ်ပါတယ်တဲ့။
ဒီအချက်ကိုကြည့်မိလိုက်ပြီး ဒီအဘိုးကြီး အနေနဲ့ အခုလိုဈေးကြီးပေးနေရတဲ့ အရာတွေကို ၀ယ်နိုင်မှာမဟုတ်ပါဘူး ဆိုတဲ့ အတွေးတွေကို အရောင်းစာရေးတွေက တွေးမိသွားတဲ့ အတွက်ကြောင့်ပါဘဲ။
ဒါကြောင့်မို့လို့ အဘိုးကြီးဟာ နောက်တစ်ဆိုင်ကို သွားခဲ့ပြီးတော့ ကြည့်ရှု့ခဲ့ပြန်ပါတယ်။ဒီတစ်ခေါက်မှာတော့ ဆိုင်အရောင်းစာရေးတွေဟာ သူ့ကို နွေးနွေးထွေးထွေး ဆက်ဆံခဲ့ကြပြီးတော့ မိသားစုလိုပြောဆိုခဲ့ပါတော့တယ်။၁၀မိနစ်လောက်ကြာတဲ့အခါမှာတော့ အဘိုးအိုဟာ စိတ်ဆုံးဖြတ်ချက်ချလိုက်ပြီးတဲ့နောက် ကျွန်တော်တစ်ခုဝယ်မယ် ဆိုပြီးပြောချလိုက်ပါတယ်။
ပြီးတဲ့နောက် ဘတ် ၆သိန်းကို သူ့ရဲ့ ဘောင်းဘီအိတ်ထဲကနေထုတ်လိုက်ပြီး ဟာလေဒေဗစ်ဆန် အစီးအတွက် ငွေပေးချေခဲ့ပါတော့တယ်။ပထမ သူ့ကိုမောင်းထုတ်ခဲ့တဲ့ ဆိုင်ကတော့ ဒီသတင်းကြားကြားပြီးချင်း နောင်တများစွာရနေခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ အွန်လိုင်းမှာ ရေပန်းစားခဲ့ပြီးနောက် ဒီအဘိုးကြီးရဲ့ ဓာတ်ပုံဟာလည်း ပျံ့နှံ့နေခဲ့ရာ တစ်နေ့မှာတော့ အဘိုးကြီးရဲ့ အစ်မဖြစ်တဲ့သူသာ သူမရဲ့ မောင်ဖြစ်သူဓာတ်ပုံကိုတွေ့ခဲ့ရပါတယ်။သူမရဲ့ ပြောဆိုချက်အရ ၎င်းအမျိုးသားဟာ Lung Decha ဖြစ်ပြီးတော့ ရိုးသားကြိုးစားကာ စက်ပစ္စည်း ပြင်ဆင်ရတဲ့ ဆိုင်က အလုပ်သမားဖြစ်ကြောင်းသိခဲ့ရပါတယ်။ယခုရရှိလာခဲ့တဲ့ ငွေဟာလည်း သူ့ရဲ့ ချွေးနဲစာတွေကို စုပြီးတော့ ၀ယ်ခဲ့ရတဲ့ ပိုက်ဆံဖြစ်ကြောင်းလည်း ထပ်မံသိခဲ့ရပြန်ပါတယ်။
Pyae Phyoe(Buzzy.com.mm)
searchmyanmar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။