[ KoThura's Note - 8 May 2017 ]
*** ဗီဇပြောင်းပါ ***
လူတိုင်းလူတိုင်းမှာ မွေးကတည်းက ပါလာတဲ့ ဗီဇဆိုတာရှိတယ်။
တချို့က မွေးကတည်းက စိတ်တိုတတ်တယ်၊ ဒေါသကြီးတတ်တယ်၊ စိတ်ကောက်တတ်တယ်၊ အစားကြီးတတ်တယ်၊ အငိုသန်တတ်တယ်၊ နိုင်လိုစိတ်ကြီးတယ်၊ လောဘကြီးတယ်၊ အပျင်းကြီးတတ်တယ်။
တချို့ကတော့ မွေးကတည်းက စိတ်ရှည်တယ်၊ သဘောကောင်းတယ်၊ ရိုးသားတယ်၊ သနားတတ်တယ်၊ အရယ်သန်တယ်၊ ဝေမျှလိုစိတ်ရှိတယ်၊ လောဘနည်းတယ်၊ လုံလရှိတယ်။
ဒါတွေက မွေးကတည်းက ပါလာတဲ့ ဗီဇတွေပါ။ ကျွန်တော်တို့ တိုးတက်ချင်လာရင် ကိုယ့်မှာ ငယ်ငယ်ကတည်းက အကျင့်ရှိလို့ဆိုပြီး ဒီ မွေးရာပါ ဗီဇကိုပဲ လက်ညှိုးထိုးပြီး လုပ်မြဲအတိုင်းဆက်လုပ်နေလို့ မရပါဘူး၊ ဒီမွေးရာပါ ဗီဇတွေ နေရာမှာ လုပ်ယူရမယ့် ဗီဇသစ် တွေကို အစားထိုး လဲလှယ်ဖို့ (သို့) အဆင့်မြှင့်တတ်ဖို့လိုပါတယ် ။
ကိုယ်က ဒေါသကြီးတတ်သလား... ?
မွေးရာပါတဲ့လား..?
ဒီအတိုင်းပဲ ဆက်နေတာ အကျိုးရှိမလား ... ? တိုးတက်မလား... ?
ဒီဗီဇလေးကို ပြင်ပြီး ကိုယ့်ဘဝကို တိုးတက်စေမယ့် ဗီဇ အသစ်၊ အကျင့်အသစ် ကို ရအောင် မွေးယူပါ...
ဟုတ်ပါတယ်.. မလွယ်ပါဘူး။
ဟုတ်ကဲ့ပါ... ခက်ပါတယ်...
အေးဗျာ... ဒီအတိုင်းနေလည်း ရပါတယ်..
ဒါပေမယ့်ဗျာ... မိတ်ဆွေက တိုးတက်ချင်သူဆိုရင်တော့ ပြောင်းလဲဖို့ စိတ်ခွန်အားလေး တိုးကြည့်လိုက်စမ်းပါ။
ဗီဇဆိုတဲ့ မပြင်နိုင်ပါဘူးလို့ ထင်ထားတဲ့ အရာလည်း တနေ့တနေ့ ပြောင်းလဲလာတာ တွေ့ရပါလိမ့်မယ်...
(ဇော်ပိုင်လို ဆိုလိုက်ဦးမယ်။ "မြဲမြဲခိုင်တဲ့ ကျောက်ရုပ်တွေတောင် တွန်းတိုက်ပါများ နဲ့နဲ့ လုပ်လာတယ်။ ဗီဇဆိုတာ ကျောက်ရုပ်မဟုတ်မှန်း သိရတဲ့အခါ" )
#KoThuraNote
#8May2017
*** ဗီဇပြောင်းပါ ***
လူတိုင်းလူတိုင်းမှာ မွေးကတည်းက ပါလာတဲ့ ဗီဇဆိုတာရှိတယ်။
တချို့က မွေးကတည်းက စိတ်တိုတတ်တယ်၊ ဒေါသကြီးတတ်တယ်၊ စိတ်ကောက်တတ်တယ်၊ အစားကြီးတတ်တယ်၊ အငိုသန်တတ်တယ်၊ နိုင်လိုစိတ်ကြီးတယ်၊ လောဘကြီးတယ်၊ အပျင်းကြီးတတ်တယ်။
တချို့ကတော့ မွေးကတည်းက စိတ်ရှည်တယ်၊ သဘောကောင်းတယ်၊ ရိုးသားတယ်၊ သနားတတ်တယ်၊ အရယ်သန်တယ်၊ ဝေမျှလိုစိတ်ရှိတယ်၊ လောဘနည်းတယ်၊ လုံလရှိတယ်။
ဒါတွေက မွေးကတည်းက ပါလာတဲ့ ဗီဇတွေပါ။ ကျွန်တော်တို့ တိုးတက်ချင်လာရင် ကိုယ့်မှာ ငယ်ငယ်ကတည်းက အကျင့်ရှိလို့ဆိုပြီး ဒီ မွေးရာပါ ဗီဇကိုပဲ လက်ညှိုးထိုးပြီး လုပ်မြဲအတိုင်းဆက်လုပ်နေလို
ကိုယ်က ဒေါသကြီးတတ်သလား... ?
မွေးရာပါတဲ့လား..?
ဒီအတိုင်းပဲ ဆက်နေတာ အကျိုးရှိမလား ... ? တိုးတက်မလား... ?
ဒီဗီဇလေးကို ပြင်ပြီး ကိုယ့်ဘဝကို တိုးတက်စေမယ့် ဗီဇ အသစ်၊ အကျင့်အသစ် ကို ရအောင် မွေးယူပါ...
ဟုတ်ပါတယ်.. မလွယ်ပါဘူး။
ဟုတ်ကဲ့ပါ... ခက်ပါတယ်...
အေးဗျာ... ဒီအတိုင်းနေလည်း ရပါတယ်..
ဒါပေမယ့်ဗျာ... မိတ်ဆွေက တိုးတက်ချင်သူဆိုရင်တော့ ပြောင်းလဲဖို့ စိတ်ခွန်အားလေး တိုးကြည့်လိုက်စမ်းပါ။
ဗီဇဆိုတဲ့ မပြင်နိုင်ပါဘူးလို့ ထင်ထားတဲ့ အရာလည်း တနေ့တနေ့ ပြောင်းလဲလာတာ တွေ့ရပါလိမ့်မယ်...
(ဇော်ပိုင်လို ဆိုလိုက်ဦးမယ်။ "မြဲမြဲခိုင်တဲ့ ကျောက်ရုပ်တွေတောင် တွန်းတိုက်ပါများ နဲ့နဲ့ လုပ်လာတယ်။ ဗီဇဆိုတာ ကျောက်ရုပ်မဟုတ်မှန်း သိရတဲ့အခါ" )
#KoThuraNote
#8May2017

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။