သတ္တိရှိပါစေ၊ ကြောက်စိတ်ကင်းပါစေ
ဒေါက်တာ မောင်သင်း
မြန်မာမှုဝန်းကျင်မှာ “ကြောက်ရင်လွဲ၊ ရဲရင်မင်းဖြစ်” တဲ့ ကြောက်စိတ်နဲ့ ရဲရင့်စိတ်တို့ရဲ့ မတူညီတဲ့ တန်ဖိုး (၂)ခုပါ။ သတ္တိရှိမှ အရာရာကို ရင်ဆိုင်ရဲ၊ ဖြေရှင်းရဲမှာပါ။ လူတစ်ယောက်ရဲ့ ဘ၀အောင်မြင်ရေးအတွက် အရေးကြီးဆုံးအရာဟာ သတ္တိပါတဲ့။ ထို့အတူ ကလေးကို ကျဆုံးခြင်း နွံတောထဲ တွန်းချမဲ့ အရာကလည်း “ကြောက်စိတ်” ပါပဲ။ ကလေးငယ်တွေရဲ့ ရင်ထဲသို့ ကြောက်စိတ်မသွင်းမိဖို့ အရေးကြီပါတယ်။ ကလေးတွေဆီမှာ ကြောက်စိတ်ဝင်သွားပြီဆိုရင်
သူတို့ရဲ့ အညွှန့် တလူလူ တက်နေတဲ့ အနာဂတ်ကို ဖြတ်ပစ်လိုက်တာနဲ့ အတူတူပါပဲ။
ဟိုဟာနဲ့ခြောက်၊ ဒီဟာနဲ့ပိတ် ဆိုတာတွေ မလုပ်မိဖို့ အထူးသတိထားရပါမယ်။
အဲဒီထဲမှာ အဆိုးဆုံးက မအောင်မြင်မှာကိုကြောက်တဲ့ ကြောက်စိတ်ပါ။
အဲဒီကြောက်စိတ်မ၀င် အောင်လို့ အထူးသတိထားရပါမည်။ ဒီနေရာမှာ
မိတ်ဆွေတစ်ယောက်ရဲ့ သားကိုအမှတ်နည်းလို့ဆိုပြီး
အမေကမကြာခဏ ဆူပါတယ် နောက်တော့ကလေးက Report Card က အမှတ်တွေကို
ဖျက်ပြင်လာတာ တွေ့ဖူးပါတယ်။ အမေဆူခံရမှာ ကြောက်တဲ့ ကြောက်စိတ်က လိမ်တတ်၊
ညာတတ်တဲ့ လူ့အဖွဲ့အစည်းက လက်ခံနိုင်စွမ်းမရှိတဲ့ အကျင့်ဆိုးတစ်ခုကို လုပ်မိ
အောင် တွန်းအားပေးတဲ့ တကယ်ြ့ဖစ်ရပ်လေးပါ။ အဲဒီမိခင်ဟာ
သားကိုနွံတောထဲတွန်းချတဲ့ မိခင်ဘ၀ရောက်သွားတယ် ဆိုတာမသိလိုက်ပါ။
အဲဒီကမှတဆင့် သည်ထက်ကြီးတာ လုပ်မိခဲ့ရင် ကလေးဘ၀ရင်လေးစရာပါပဲ။
ကျွန်တော်တို့မိဘတွေ ဟာ လူ့လောကထဲကိုဝင်မယ့် မိမိသားသမီး ကိုစိတ်နေစိတ်ထား ဖြောင့်စင်းမှန်ကန်မှုကို အခြေပြုတဲ့ ရဲ့ဝံ့သူအဖြစ် ပြုစု ပျိုးထောင်ပေးဖို့ပါ။ အထက်မှာ ပြောခဲ့သလို (၉၉)မှတ်ရတာ တောင် (၁၀၀)မရကောင်းလားဆိုပြီး မဆူမိဖို့လည်းလိုပါတယ် ဆူမိရင်တော့ ကလေးဟာ (၁၀၀) မှတ်မရမှာကြောက်နေတာနဲ့ပဲ မရတော့တဲ့အဖြစ်မျိုးကြုံရတယ်လို့ ပညာရေးပညာရှင် များကဆိုပါတယ်။ အဲဒီလိုဆူမယ့်အစားအားပေးပါ။
အားပေးတိုက်တွန်းတယ်ဆိုတာ ကြုံတွေ့ရမယ့် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို
ရင်ဆိုင် ဖြေရှင်းနိုင်တဲ့ သတ္တိထူးတွေ ထွက်လာအောင်ကူညီပေးတာပါ။ ပြီးတော့
(၁)မှတ်လျော့ရတဲ့ အကြောင်းရှင်းပြပါ။ နောက်တခါ အမှတ်ပြည့်ရအောင်
အကောင်းဆုံးလုပ်ရမယ့် နည်းကို သားသမီးနဲ့အတူရှာပြီး အားပေးမှု ဖြင့်
ရဲဆေးသွင်းပါ လေ့ကျင့်ပေးပါ။ အဲဒါမှ ကြောက်စိတ်ကင်းပြီး သတ္တိပိုလာမှာ။
သတ္တိဦးဆောင်မှု စာသင်ခန်းကထ်ွကရင် ကြုံတွေ့ရမယ့် ဘ၀အခက်အခဲများကို
ရင်ဆိုင်ဝံ့မှာ။ ပြဿနာကို ရင်ဆိုင်ဖြေရှင်း ကျော်လွှားခဲ့သူတို့သာ
ယနေ့ကမ္ဘာကို ဦးဆောင်နေတယ်ဆိုတာကို မိဘများက သတိချပ်သင့်ပါတယ်။
ဒေါက်တာမောင်သင်း
#BabiMildMyanmar မှတင်ဆက်သည်။
ဒေါက်တာ မောင်သင်း
မြန်မာမှုဝန်းကျင်မှာ “ကြောက်ရင်လွဲ၊ ရဲရင်မင်းဖြစ်” တဲ့ ကြောက်စိတ်နဲ့ ရဲရင့်စိတ်တို့ရဲ့ မတူညီတဲ့ တန်ဖိုး (၂)ခုပါ။ သတ္တိရှိမှ အရာရာကို ရင်ဆိုင်ရဲ၊ ဖြေရှင်းရဲမှာပါ။ လူတစ်ယောက်ရဲ့ ဘ၀အောင်မြင်ရေးအတွက် အရေးကြီးဆုံးအရာဟာ သတ္တိပါတဲ့။ ထို့အတူ ကလေးကို ကျဆုံးခြင်း နွံတောထဲ တွန်းချမဲ့ အရာကလည်း “ကြောက်စိတ်” ပါပဲ။ ကလေးငယ်တွေရဲ့ ရင်ထဲသို့ ကြောက်စိတ်မသွင်းမိဖို့ အရေးကြီပါတယ်။ ကလေးတွေဆီမှာ ကြောက်စိတ်ဝင်သွားပြီဆိုရင်
ကျွန်တော်တို့မိဘတွေ ဟာ လူ့လောကထဲကိုဝင်မယ့် မိမိသားသမီး ကိုစိတ်နေစိတ်ထား ဖြောင့်စင်းမှန်ကန်မှုကို အခြေပြုတဲ့ ရဲ့ဝံ့သူအဖြစ် ပြုစု ပျိုးထောင်ပေးဖို့ပါ။ အထက်မှာ ပြောခဲ့သလို (၉၉)မှတ်ရတာ တောင် (၁၀၀)မရကောင်းလားဆိုပြီး မဆူမိဖို့လည်းလိုပါတယ် ဆူမိရင်တော့ ကလေးဟာ (၁၀၀) မှတ်မရမှာကြောက်နေတာနဲ့ပဲ မရတော့တဲ့အဖြစ်မျိုးကြုံရတယ
ဒေါက်တာမောင်သင်း
#BabiMildMyanmar မှတင်ဆက်သည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။