Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, May 5, 2017

ကျောင်းဆက်တက်ခြင်း (進学)

 
 
ကျောင်းဆက်တက်ခြင်း (進学)
ဂျပန်နိုင်ငံမှာ ဂျပန်စာသင်တန်းကျောင်း အောင်မြင်ပြီးတဲ့နောက်၊ နိုင်ငံခြားသားကျောင်းသားတွေဟာ ဘွဲ့လွန်သင်တန်း၊ တက္ကသိုလ်၊ ကောလိပ် တို့မှာ ပညာဆက်လက် သင်ယူကြပါတယ်။

ကျွန်တော်တို့နိုင်ငံနဲ့ ကွာခြားမှုတွေ အနည်းငယ်ရှိလို့ လေ့လာကြည့်ကြပါစို့။

၁။ ကောလိပ်ကျောင်း (専門学校)
လုပ်ငန်းခွင်မှာလက်တွေ့အသုံးချနိုင်မယ့် နည်းပညာ၊ အတတ်ပညာတွေကို လေ့လာနိုင်မှာကတော့ 専門学校 ပါပဲ။
ဒီကျောင်းကိုတက်ဖို့ အနည်းဆုံး၁၂တန်းနဲ့ညီတဲ့ ပညာရေးရှိရပါမယ်။(မြန်မာလူမျိုးတွေအတွက်ကတော့ တက္ကသိုလ် first year အောင်ထားတဲ့လူမှ တက်ခွင့်ရှိပါတယ်။)

စီးပွါးရေးပညာ၊ ကွန်ပျုတာ၊ အင်္ဂျင်နီယာ၊ ဒီဇိုင်နာ၊ အလှပြင်၊ သူနာပြု၊ ဟိုတယ်နှင့်ခရီးသွားဘာသာရပ် စသည်ဖြင့် ဘာသာရပ် အမျိုးမျိုးရှိကြပါတယ်။ ကျောင်းဝင်ခွင့်အတွက် ဂျပန်စာ N1,N2 အောင်ရမယ်လို့ ကျောင်းတွေက သက်မှတ်ကြပေမယ့်..
ဒီကျောင်းတွေဟာ လက်တွေ့ကိုအဓိကထားသင်ကြားပေးကြတဲ့အတွက် ဂျပန်စကားအထိုက်အသင့်ရမယ်ဆိုလျှင် ကျောင်းဝင်ခွင့်ရကြပါတယ်။

ပုံမှန်အားဖြင့် ၂နှစ်တက်ရပြီး၊ ၃နှစ်(သို့)၄နှစ်တက်ရတဲ့ ကျောင်းတွေလည်းရှိပါတယ်။ ၂နှစ်(သို့)၃နှစ်တက်ရတဲ့လူတွေကို 専門士 (diploma)ပေးပြီး၊ ၄နှစ်တက်ရတဲ့လူတွေကိုတော့ 高度専門士 (advanced diploma) (တက္ကသိုလ်အောင်level)ကို ပေးကြပါတယ်။

ဒီကျောင်းတွေရဲ့အားသာချက်ကတော့ ကျောင်းတက်ရတဲ့နှစ်တိုတဲ့အတွက် ဂျပန်မှာ ကျောင်းမြန်မြန်ပြီး၊ ဂျပန်ကုမ္ပဏီမှာ အလုပ်မြန်မြန်ဝင်ချင်တဲ့လူတွေအတွက် အဆင်ပြေပါတယ်။
ဒီကျောင်းတွေဟာ ဘာသာရပ်တစ်ခုကိုပဲ အဓိကထားသင်ပြီး၊ လက်တွေလုပ်ရတာတွေများပါတယ်။ ကျောင်းတွေနဲ့အလုပ်တွေချိတ်ဆက်ထားကြတဲ့အတွက် ကျောင်းပြီးကြတဲ့အခါ အလုပ်အကိုင်ရဖို့ အခွင့်အလမ်းများပါတယ်။
အားနည်းချက်ကတော့ မိမိယူထားတဲ့ဘာသာရပ်နဲ့သက်ဆိုင်တဲ့ အလုပ်ကိုပဲရွေးချယ်ခွင့်ရှိပါတယ်။ပြီးတော့ အလုပ်ဝင်တဲ့အခါ စစချင်းရတဲ့ဝင်ငွေ(初任給)ဟာ တက္ကသိုလ်ကျောင်းဆင်းတွေထက်နည်းတတ်ပါတယ်။

၂။ တက္ကသိုလ်အတို(短期大学)
ဒီတက္ကသိုလ်ကတော့ ပုံမှန်အားဖြင့်၂နှစ်တက်ရပါတယ်။
၃နှစ်တက်ရတဲ့ တက္ကသိုလ်လဲရှိပါတယ်။
ဒီကျောင်းကိုတက်ဖို့ဆိုရင်လည်း အနည်းဆုံး၁၂တန်းနဲ့ညီတဲ့ ပညာရေးရှိရပါမယ်။(မြန်မာလူမျိုးတွေအတွက်ကတော့ တက္ကသိုလ် first year အောင်ထားတဲ့လူမှ တက်ခွင့်ရှိပါတယ်။)

ဒီကျောင်းတွေဟာ ဘာသာရပ်ပေါင်းစုံကိုသင်ကြားပေးကြပေမယ့် မိန်းကလေးတွေကိုပဲ ကျောင်းဝင်ခွင့်ပေးလေ့ရှိတဲ့ ကျောင်းတွေလည်း ရှိပါတယ်။
ဒီကျောင်းကိုအောင်သွားတဲ့လူတွေကို 短期大学士(associate degree)ကို ပေးကြပါတယ်။
တော်တဲ့လူတွေဟာ တက္ကသိုလ်ကို ဆက်တက်ခွင့်လည်းရှိကြပါတယ်။

ဒီကျောင်းတွေရဲ့အားသာချက်ကတော့ တက္ကသိုလ်ရှိတဲ့နယ်ကအလုပ်အကိုင်တွေနဲ့ချိတ်ဆက်ထားပြီး အလုပ်ရလွယ်ကူတယ်ဆိုတဲ့ အချက်ပါပဲ။ တကယ်လို့ ကိုယ်အလုပ်လုပ်ချင်တဲ့ နယ်ရှိမယ်ဆိုလျှင်၊ အဲ့ဒီနယ်က တက္ကသိုလ်မှာတက်ပြီး ကျောင်းပြီးတဲ့အခါ အဲ့ဒီနယ်က အလုပ်မှာဝင်နိုင်မယ့်အခွင့်အလမ်းတွေရှိပါတယ်။အားနည်းချက်ကတော့ တက်ရောက်တဲ့လူတွေနည်းပါးပြီး၊ နိုင်ငံခြားသားတွေတက်ဖို့ မကိုက်ညီဘူးလို့ဆိုနေကြတဲ့ အချက်ပါပဲ။

၃။ တက္ကသိုလ် (大学)
တက္ကသိုလ်တွေကတော့ စာတွေ့၊ လက်တွေ့ ၂မျိုးစလုံးသင်ကြားပေးပါတယ်။ဒီကျောင်းကိုတက်ဖို့ဆိုရင်လည်း အနည်းဆုံး၁၂တန်းနဲ့ညီတဲ့ ပညာရေးရှိရပါမယ်။(မြန်မာလူမျိုးတွေအတွက်ကတော့ တက္ကသိုလ် first year အောင်ထားတဲ့လူမှ တက်ခွင့်ရှိပါတယ်။)

ပုံမှန်အားဖြင့် ၄နှစ်တက်ကြရပြီး၊ အောင်မြင်တဲ့လူတွေကို 学士号(bachelor) ပေးပါတယ်။
စီးပွါးရေးပညာ၊ အင်္ဂျင်နီယာ၊ ဆေးပညာ၊ ဥပဒေ၊ စိုက်ပျိုးရေးပညာ၊ နိုင်ငံတကာဆက်ဆံရေး စသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။ ကျောင်းဝင်ခွင့်အတွက် ဂျပန်စာ N1,N2 အောင်ရမယ်လို့ ကျောင်းတွေက သက်မှတ်ကြပါတယ်။ ကျောင်းတက်တဲ့အခါ レポート(report)၊ 論文(treatise)တွေတင်ရတဲ့အတွက် ဂျပန်စာရဖို့အလွန်အရေးကြီးပါတယ်။ကိုယ်ယူတဲ့ ဘာသာရပ်ကိုလိုက်ပြီး ခက်ခဲတာ၊ လွယ်ကူတာရှိနိုင်ပါတယ်။

တက္ကသိုလ်ရဲ့အားသာချက်ကတော့ကျောင်းချိန်ကို ကိုယ်ယူမယ့် ဘာသာရပ်ကိုလိုက်ပြီး အပြောင်းအလဲလုပ်ခွင့်ရှိပါတယ်။တက္ကသိုလ်တက်မှ လျှောက်ခွင့်ရမယ့် စကော်လာလျှောက်ခွင့်တွေလည်းရှိပါတယ်။ ကျောင်းပြီးတဲ့အခါမှာလည်း အလုပ်အကိုင်ရှာဖွေဖို့ နေရာကျယ်ပြန့်ပါတယ်။ လခ(初任給)လည်း အနည်းငယ် များတတ်ပါတယ်။
အားနည်းချက်ကတော့ မဖြစ်မနေ ၄နှစ်တက်ရမှာဖြစ်တဲ့အတွက်၊ ငွေပင်ပန်း၊ လူပင်ပန်း၊ စိတ်ပင်ပန်းပြီး ပန်းတိုင်မရောက်ဖြစ်တတ်ပါတယ်။

၎။ ဘွဲ့လွန်သင်တန်း (大学院)
ကိုယ့်နိုင်ငံမှာ တက္ကသိုလ်အောင်လာတဲ့လူတွေ ဘွဲ့လွန်သင်တန်းတက်ဖို့ အခွင့်အရေးရှိပါတယ်။
ဘွဲ့လွန်မှာက 修士課程(master's course)နဲ့博士課程(doctor's course)ဆိုပြီး ၂မျိုးရှိပါတယ်။
မြန်မာနိုင်ငံက ရခဲ့တဲ့ဘွဲ့ပေါ်မူတည်ပြီး တက်ခွင့်ရှိပါတယ်။
ကိုယ်လုပ်ခဲ့တဲ့သုတေသနစာတမ်းတွေနဲ့ တက္ကသိုလ်ကလိုအပ်တဲ့ အချက်အလက်တွေကိုက်ညီတဲ့အခါမှာ လျှောက်ထားခွင့်ရှိပါတယ်။တက္ကသိုလ်တွေကို လိုက်စုံစမ်းကြည့်သင့်ပါတယ်

ကျောင်းသားတစ်ယောက်ဟာ ဂျပန်မှာ ကျောင်းကောင်းကောင်း ဆက်တက်နိုင်ဖို့ဆိုတာ မိမိနဲ့၊ မိမိလက်ရှိတက်နေတဲ့ ဂျပန်စာသင်တန်းကျောင်းမှာလည်း အများကြီးမူတည်ပါတယ်။ ဂျပန်စာသင်တန်းကျောင်း ရွေးချယ်မှုမှန်ကန်ခဲ့ဖို့လဲလိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိရဲ့ဂျပန်စာသင်တန်းကျောင်းနဲ့ ချိတ်ဆက်ထားတဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေကို မိတ်ဆက်ပေးကြတာများလို့ပါပဲ

မြန်မာကျောင်းသားတွေ ဂျပန်စာသင်တန်းကျောင်း အောင်မြင်ပြီးတဲ့နောက်၊ မိမိနဲ့ကိုက်ညီမယ့် ကျောင်းကိုရွေးချယ် ဆက်လက် ပညာသင်ယူနိုင်ကြပါစေ။

မေတ္တာဖြင့်
အကီ ။ ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။