[ KoThura's Note - 4 May 2017 ]
*** လက်ရှိကို အာရုံစိုက်ပါ ***
လူတွေမှာ ၂ အုပ်စု နှစ်စု ရှိတယ်။
ပထမ အုပ်စုကတော့ ဖြစ်ပြီးခဲ့တဲ့ အတိတ်ကို တမ်းတ လွမ်းဆွေး နေတဲ့ အုပ်စုပါ။
ငါ... မှားခဲ့တယ်
ငါ... ဒီလို မလုပ်ခဲ့သင့်ဘူး
သူ... ဘာလို့ ဒီလို လုပ်သွားရတာလဲ
ငါ့ကျမှ ဘာလို့ ဒီလိုဖြစ်ရတာလဲ
ငါ.. အရင်က တော်တော် မိုက်ခဲ့တာ
ငါ... အရင်က ချမ်းသာခဲ့တာ
ငါ... အရင်က သုံးနိုင်ခဲ့တာ
ငါ... အရင်က ပိန်ပိန်လေး
နောက်အုပ်စုကတော့ အနာဂတ်မှာ ဖြစ်လာမှာတွေကို တမ်းတပြီး စိုးရိမ်နေတဲ့ အုပ်စုပါ...
ငါ.. မအောင်မြင်ရင် ဘယ်လိုလုပ်မလဲ
ငါ... မလုပ်နိုင်ရင် ဘယ်လိုလုပ်မလဲ
သူတို့ မကြိုက်ရင် ဘယ်လိုလုပ်မလဲ
ငါ... သွေးတိုးဖြစ်ရင် ဘယ်လိုလုပ်မလဲ
ငါ... ကင်ဆာဖြစ်ရင် ဘယ်လိုလုပ်မလဲ
ငါ... မချမ်းသာရင် ဘယ်လိုလုပ်မလဲ
ငါ... နောက်ထပ် ထပ်ဝရင် ဘယ်လိုလုပ်မလဲ
အများအားဖြင့် ... လူတွေက ဒီအုပ်စု ၂စု ထဲပါတတ်ပါတယ်။ အတိတ်ကို တသနေတဲ့ အုပ်စုနဲ့၊ အနာဂတ်ကို စိုးရွံ့နေတဲ့ အုပ်စုပေါ့ဗျာ...
ကျွန်တော် တိုက်တွန်းချင်တာတော့ ဒီ ၂ခု လုံးထဲ မပါပါစေနဲ့... ဒီ အစား လက်ရှိ အတိတ်ကို ပူဆွေး၊ အနာဂတ်ကို ရတတ်မအေး ဖြစ်နေမယ့်အစား တကယ် အကျိုးရှိနိုင်မယ့် လက်ရှိ အချိန်၊ လက်ရှိ အလုပ်၊ လက်ရှိ အတွေးကို ပိုပြီး အားထုတ်လိုက်နိုင်ရင် အခုန ပူဆွေးနေခဲ့တဲ့ အတိတ်ကလို အဖြစ်တွေကို ရှောင်ရှားလာနိုင်မယ်၊ အနာဂတ်မှာ မဖြစ်မှာကို စိုးရိမ်နေတဲ့ အချက်တွေကိုလည်း လက်ရှိ အချိန်မှာ ကြိုးစားလုပ်ရင်းနဲ့ လျော့ချလာနိုင်မယ်....
တွေးချင်းတွေးရင် ...
အတိတ်ကို သင်ခန်းစာယူဖို့တွေးလိုက်ပါ
အနာဂတ်ကို ရည်မှန်းချက်ထားဖို့အတွက် တွေးလိုက်ပါ
လက်ရှိအချိန်ကို ဘယ်လို အကောင်းဆုံး အသုံးချနိုင်မလဲ တွေးလိုက်ပါ..
လက်ရှိအချိန်ဟာပဲ ကိုယ့်အတွက် အကောင်းအဆိုးတွေ အကုန်ဆုံးဖြတ်ပေးမှာပါဗျာ.. .
#KoThuraNote
#4May2017

လက်ရှိအချိန်ဟာပဲ ကိုယ့်အတွက် အကောင်းအဆိုးတွေ အကုန်ဆုံးဖြတ်ပေးမှာပါဗျာ..
#KoThuraNote
#4May2017

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။