Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, May 5, 2017

၂၁ ရာစုမှာ လိုအပ်လာတဲ့ 4C ခေတ်အတွက် Communication ???

၂၁ ရာစုမှာ လိုအပ်လာတဲ့ 4C ခေတ်အတွက် Communication ???
----------------------------------------------------
စကားပြောနည်း အတက်ပညာဟာ လူတိုင်းအတွက် နေ့စဉ် အသုံးဝင်စေပါတယ်၊ မနက်မိုးလင်း မှစပြီး ညနေအိပ်ရာထင်ချိန်အထိ လုပ်ငန်းကိစ္စတွေ၊ မိတ်ဆွေသူငယ်ချင်းကိစ္စ၊ ပတ်ဝန်းကျင်ရေးရာ၊ ကိုယ်ရေးကိုယ်တာ၊ နေ့စဉ်ဆက်သွယ်ပြောဆိုမှုတွေရဲ့ (၈၀%) ဟာ ပြောဆိုဆက်သွယ်-ပြန်ကြားမှုတွေ ပြုလုပ်နေရတာဖြစ်တာမို့ အားလုံးအတွက် အသုံးဝင်နိုင်ဖို့မျှော်လင့်ပါတယ်။

ယနေ့ ၂၁ ရာစုမှာ ပြောဆိုဆက်ဆံမှုတွေက များစွာတိုးတက်လာခဲ့ပါပြီ၊ ဒီအခါမှာ Communication ပန်ကြားဆက်သွယ်မှုအရည်အချင်းတွေဖြစ်တဲ့ (စကားပြောဆိုမှု၊ ဖုန်းဆက်သွယ်မှု၊ Facebook အွန်လိုင်း ဆက်သွယ်မှု၊ ပြင်ပတွေ့ဆုံဆွေးနွေးမှုများဟာ ပိုမိုတိုးတက်လာခဲ့ပြီဖြစ်လို့ 21 ရာစု လိုအပ်တဲ့ 4-C အရည်အချင်းထဲမှ Communication Skills တွကိုလည်း မြင့်တင်ပြီး လူမှုပတ်ဝန်းကျင်သို့ များစွာဆက်သွယ်ဖို့ အခွင့်အရေးတွေ ဖြစ်လာခဲ့ပါပြီ။

ကျွန်တော်ဟာ ဟောပြောတင်ဆက်ရတဲ့ ဆရာဖြစ်တဲ့အလျှောက် Communication အကြောင်းကို ပိုမိုလေ့လာဖြစ်သလို၊ UN သင်တန်းတွေ၊ အင်တာနက်မှ ကိုယ်တိုင်လေ့လာမှုတွေနဲ့ ယနေ့မှာ တင်ဆက်ပြောဆိုမှု၊ စကားပြောဆိုမှု၊ တွေ့ဆုံဆွေးနွေးမှုမှာ များစွာထိရောက်စေတဲ့အကြောင်းကတော့ (စကားပြောနည်း ပညာ) ရဲ့ ကျေးဇူးပင်ဖြစ်ပါတယ်။ ကောင်းတဲ့ အချက်များစွာကို အားလုံးကိုလည်း ပြန်လည်မျှဝေပေးထားပါတယ်။

Short to the Point လိုရင်တိုရှင်း ရိုးရိုးရှင်းရှင်း တိုက်ရိုက်ပြောပါ
(နားလည်လွယ်တဲ့ လိုရင်းတိုရင်း ပြောတာ ပိုအကျိုးရှိစေပါတယ်)
Effective Listening စိတ်ရှည်လက်ရှည် နားထောင်ဖို့ကြိုးစားပါ
(ကိုယ့်ရဲ့နားထောင်မှုဟာ တဖက်ရဲ့စိတ်ကျေနပ်မှုကိုဖြစ်စေတယ်)
Encourage to Other တဖက်သူပြောရန် အားပေးပါ
(မေးခွန်းမေးခြင်းဖြင့် တပါးသူပြောဖို့ ကိုယ်နားထောင်လေ သူအားတက်လေပဲ)
Communication with Example အဖြစ်အပျက်နဲ့ ဥပမာတွေကို အသုံးပြုပါ
(ဆင်တူရိုးမှားဖြစ်စေတဲ့ ဥပမာတချို့ဖြင့် လိုရင်းတိုရှင်းတင်ပြပါ)
Don’t Hurry အလျှင်စလို ဖုတ်ပူမီးတိုက် မပြောပါစေနဲ့
(ဖြည်းဖြည်းနဲ့မှန်မှန် သတိထားပြီး အေးဆေးတည်ငြိမ်စွာပြောပါ)
Slow & Speak စကားများကို ခေတ္တရပ်ဆိုင်းမှု အသုံးပြုပါ
(ကိုယ် နဲ့ သူ စဉ်းစားချိန်အတွက် အနည်းငယ်နားဖို့ လိုပါတယ်)
Give & Take တဖက်သူဆီက ပြန်ကြားချင်တဲ့အသံ ကိုယ်ကအရင်ပေးပါ
(ကိုယ်ပေးတဲ့အတိုင်း တပါးသူပြန်ပေးပါလိ့မ်မယ်)
Active Communication အသက်ဝင်ပြီး အားပါတဲ့ဟန်မျိုးထိန်းပါ
(တက်ကြွစွာပြောဆိုမှုဟာ တဖက်သူသို့ လွှမ်းမိုးအားဖြစ်စေတယ်)
Focus on Subject စိတ်ဝင်စားမှုနဲ့ ကိစ္စအပေါ် အာရုံစိုက်ပါ
(သတိရှိရှိ အာရုံစိုက်နေခြင်းဟာ ပြောဆိုတုန့်ပြန်မှုကို အကျိုးရှိစေတယ်)

စကားပြောဆိုတဲ့အခါမှာ သတိထားရမဲ့ အရာတွေလည်း ရှိပါတယ်၊ ကိုယ်က ပြောသူဆိုရင် - လက်ခံမည့်သူ ရဲ့ နားလည်နိုင်မှု၊ အတွေ့အကြုံ၊ စိတ်နေစိတ်ထား၊ အသက်အရွယ်ကွာဟမှု၊ အသိပညာကွာဟမှု စတဲ့ အချက်တွေကိုလည်း သိနိုင်ရင် ပိုမိုအကျိုးရှိနိုင်ပါတယ်။ လူမှုပတ်ဝန်းကျင်မှာ တွေ့ကြုံနေရတဲ့ ပြဿနာတွေ၊ သတင်းအမှားတွေ၊ နားလည်မှုလွဲတာတွေ အားလုံးဟာ Gap of Communication ကြောင့်သာ ဖြစ်ပါတယ်။ လူမှုအဖွဲ့အစည်းနဲ့ အမြဲအဆင်ပြေဖို့ဆိုရင်တော့ မတူညီတဲ့ အမြင်တွေ၊ မတူညီတဲ့သိထားမှုတွေ၊ မတူညီတဲ့ လက်ခံယုံကြည်မှုတွေရှိလို့ (Understanding နားလည်လက်ခံခြင်း) ကသာ ထိရောက်သော ပြောဆိုဆက်သွယ်မှုကို ဖြစ်စေနိုင်ပါလိမ့်မယ်။

ထိရောက်သော ပြောဆိုဆက်သွယ်မှုဖြစ်ဖို့အတွက် (ပြောဆိုသူ - လက်ခံသူ) အကြားမှာ Gap of Communication တွေ များစွာရှိနိုင်တာမို့ Feedback ပြန်လည်တုန့်ပြန်ခြင်း၊ Understanding နားလည်လက်ခံခြင်း၊ Negotiation ဆွေးနွေးတိုင်ပင်ခြင်း၊ Q&A အမေး-အဖြေများနဲ့ လိုချင်တဲ့ ရည်ရွယ်ချက်ကို နှစ်ဖက်နားလည်သဘောက်ပေါက်နိုင်ဖို့ အရေးကြိးပါတယ်။ အပြောအဆို တုန့်ပြန်မှုဟာ လူတဦးကို ကိုယ်စားပြုတဲ့ အရာပဲဖြစ်ပါတယ်။

အပြောအဆိုဟာ လူတဦးရဲ့ Integrity ကို ဖြစ်စေပါတယ်၊
ပြောနေတဲ့ အရာ၊ လုပ်နေတဲ့ အရာ၊ ညီနေတယ်ဆိုရင် ဒါဟာ ကိုယ့်ရဲ့ပုံရိပ်ကို ကိုယ်စားပြုလာပြီး၊ စကားလုံးတိုင်းကို Power အဖြစ် လွမ်းမိုးဖန်တီးလာစေပါတယ်။
ဘာတွေ လုပ်နိုင်သလဲကို မမြင်ခင်မှာ - ဘာပြောသလဲကို ကြည့်ပြီး တချို့က ဆုံးဖြတ်တာလည်း တွေ့ရလို့၊ အပြောကောင်းဖို့ထက် - အကောင်းပြောဖို့၊ Don’t tell အပြောမဟုတ် - Show what … အလုပ်နဲ့ သက်သေပြဖို့၊ ဘာပြောသလဲ မကြည့်ပဲ - ဘာလုပ်သလဲ ကြည့်ဖို့သာ အရေးကြီးမှာဖြစ်ပါတယ်။

အကျိုးရှိတဲ့ ပြောဆိုဆက်ဆံမှုတွေဖြစ်ဖို့ ဘယ်လောက်သိတယ်ဆိုတာဟာ (၂၀%) ပဲဖြစ်စေပြီး၊ ကိုယ်သိလိုက်တဲ့ အရာတွေကို ဘယ်လိုလက်ခံယူသလဲဆိုတာ (၈၀%) ကိုဖြစ်စေပါလိမ့်မယ်။ ယနေ့ ကျွန်တော်တို့ လက်ခံကြားနေသမျှ အကြောင်းအရာတွေရဲ့ မှန်ကန်မှုဟာ လူတဦးချင်းစီရဲ့ မတူညီတဲ့ သိထားမှုတွေ၊ တွေးခေါ်ခံစားမှုတွေနဲ့ ရလဒ်တွေအပေါ်မှာ မူတည်နေပါလိမ့်မယ်။ ကိုယ်ပြောချင်တာ ကိုယ်နားလည်ဖို့ထက် တခြားသူ နားလည်ဖို့သာ ပိုအရေးကြီးမှာဖြစ်ပါတယ်။

(မတူညီစွာ လက်ခံထားတဲ့ လူမှုအဖွဲ့အစည်းမှာ ဘာတွေပြောမလဲ၊ ဘယ်လိုပြောမလဲ၊ ဘယ်လိုနားအောင်ပြောမလဲ၊ ဘယ်လိုနားလည်လက်ခံမလဲ၊ ဘယ်လို တုန့်ပြန်ပြောဆိုမလဲ . . . ဆိုတဲ့ အရာတွေဟာ ထိရောက်သော ပြောဆိုဆက်ဆံမှုရဲ့ ရလဒ်တွေဖြစ်လာပါလိမ့်မယ်)

အတွေးတွေကို အပြောက ကိုယ်စားပြုနိုင်ပါတယ်။
အပြောတွေကို အလုပ်နဲ့ ကိုယ်စားပြုနိုင်ပါတယ်။
အလုပ်တွေကို ရလဒ်နဲ့ ကိုယ်စားပြုနိုင်ပါတယ်။
ရလဒ်တွေကို အောင်မြင်မှုက ကိုယ်စားပြုပေးပါလိ့မ်မယ်…

အားလုံးအောင်မြင်ပါစေ...

အပြောကောင်းဖို့ထက် - အများအတွက် ကောင်းတဲ့အရာတွေ ပြောနိုင်ဖို့ ကြိုးစားလျှက်ပါ :)

လေးစားလျှက်.....

Zin Phyo Paing
MESI Business Institute
www.eSMEmm.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။