" အူစိန်ဘော့၏ ငိုကြွေးခြင်း "
==
အူစိန်ဘော့တစ်ယောက် ငိုကြီးချက်မဖြင့် အိပ်ယာနိုးလာသည် ။
၎င်း၏ငိုသံပြဲကြီးကြောင့် အားကစားသတင်းယူရန် ရောက်ရှိနေကြသော
သတင်းထောက်များ အပြေးအလွှား ရောက်လာကာ ကမ္ဘာ့အမြန်ဆုံးလူသားအူစိန် ဘော့အား မေးကြမြန်းကြတော့သည် ။
အူစိန်ဘော့ကား သတင်းထောက်တို့၏အမေးကို ရုတ်တရက် မဖြေနိုင်
ဆက်ကာဆက်ကာငို၏ ။ ဆင့်ကာဆင့်ကာ ရှိုက်၏ ။ နှပ်ကို တစ်ဗြင်းဗြင်းမြည်အောင်ညှစ်၏
။ နှပ်ညှစ်ထားသည့်လက်ကို အားနှင့်မာန်နှင့်ခါ၏ ။ ၎င်းနှပ်များသည်
သတင်းထောက်တစ်ဦး၏ ကင်မရာမှန်အား ဘန်းကနဲမှန်၏ ။ ထိုအခါ
၎င်းသတင်းထောက်ပါးစပ်မှ "holy shit"ဟု ယောင်ရမ်းထွက်သွား၏ ။
--
အတန်ကြာအောင်ငိုပြီးသောအ ခါမှ အလွန်စိတ်နှလုံးမသာယာသော အသံဖြင့် သတင်းထောက်များအား ၎င်းငိုကြွေးရခြင်းအကြောင်းကို အူစိန်ဘော့ ဖြေကြားလေတော့သည် ။
"so so terrible ပါပဲ...ဘဝမှာ ပထမဦးဆုံး အလွန်ဆိုးသောအိပ်မက်ကို ကျနော်မက်လိုက်ရပါပြီ ဒီအိပ်မက်ဟာ ကျနော့ဘဝကြီးတစ်ခုလုံးကို
ထာဝရခြောက်လှန့်နေတော့ မှာပါပဲ ။ လောကမှာ ဒီလောက်ဆိုးဝါးပြင်းထန် တဲ့အိပ်မက်မျိုး
ရှိလိမ့်မယ်လို့ ကျနော်ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူးဗျာ oh god .."
ဟု စကားတစ်ပိုင်းတစ်စ ရပ်တန့်ကာ အူစိန်ဘော့ဆက်ငို၏ ။
--
သတင်းထောက်များကား သိလိုစိတ်ပြင်းပြစွာဖြင့်  ၎င်းအားစောင့်၏ ။
ငို၍အားရသော် အူစိန်ဘော့စကားဆက်ပြန်၏
"ခင်ဗျားတို့အားလုံး သိတဲ့အတိုင်းပါပဲ ။ ကျနော်ဟာ ကမ္ဘာ့အမြန်ဆုံးလူသားဆိုပြီး အပြေးချန်ပီယံဆုကို အကြိမ်ကြိမ်အခါခါ ဆွတ်ခူးနိုင်ခဲ့တဲ့လူတစ် ယောက်ပါ ။ အဲဒီအတွက်လည်း ကိုယ့်ကိုကိုယ်ဂုဏ်ယူခဲ့ ပေါင်းမနည်းပါဘူး
။ ကျနော့ကိုအမြန် ဆုံးခြေထောက်တွေ ပေးသနားတော်မူခဲ့တဲ့
ဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုလည်း အောင်းမေ့ခဲ့ပေါင်း မနည်းပါဘူး
။
ခုတော့ဗျာ.... အဲလိုကျနော့ရဲ့ကမ္ဘာ့အမြန် ဆုံး ကမ္ဘာ့အပြေးသန်ဆုံးဆိုတဲ့ ဂုဏ်ယူစရာ စံချိန်တွေကို အမြစ်ကနေ လှန်ချိုးတစ်ဖျက်ဆီးပစ် တော့မယ့် အိပ်မက်တစ်ခုကို မမျှော်လင့်ပဲ မက်ပါရောလားဗျာ...."
--
အူစိန်ဘော့ပြောရင်းငြို ပန်၏ ။ သတင်းထောက်များကား စိတ်ရှည်လက်ရှည် စောင့်ပြန်၏ ။ ငို၍ဝသော် စကားဆက်ပြန်၏
"အဲဒီအိပ်မက်ကတော့ဗျာ ...
မြန်မာနိုင်ငံက အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးလို့ သူတို့ကိုယ်သူတို့ကြွေးေ ကြာ်နေတဲ့ မျိုးချစ်ဆိုသူတွေ ကမ္ဘာ့မာရသွန်လောကထဲ ဝင်ရောက်လာတယ်ဆိုတဲ့ အိပ်မက်ပဲ ။ "
--
" ခင်ဗျားတို့ပဲ စဉ်းစားကြည့် ။ ရဲကနေ ဖမ်းဖို့စာပဲ ထုတ်ရသေးတယ်
မြန်မာ့မျိုးချစ်တွေဆိုတာ ဖျပ်ကနဲ ပျောက်ကုန်တယ် ။ အဲလောက်ရုတ်တရက်ကြီး မြန်အောင်ပျောက်နိုင် ဖို့ဆိုတာ
Jumperတို့ the flashတို့ပဲ တတ်နိုင်တာ ။ ဒါမဲ့ Jumperနဲ့ the flashက
စိတ်ကူးယဉ်ရုပ်ရှင်ဗျ ။ အပြင်မှာမရှိဘူး ။ အခုကအပြင်မှာရှိနေတဲ့
တစ်ကယ့်လူတွေ ။
စဉ်းစားသာကြည့်ကြပါတော့ဗျာ ဒီလိုလျင်မြန်မှုမျိုးရှိတဲ့ မြန်မာပြည်ကမျိုးချစ်တွေသာ အပြေးလောကထဲ တစ်ကယ်ရောက်လာခဲ့ရင်
ကျနော်ထမင်းအိုးကွဲပြီေ ပါ့ဗျာ ။ ကျနော်ငတ်ပြီပေါ့ ..... ။
" ဟမ်မယ်မင်း ... နှမတော် ကာစီဘန်းနက်ရဲ့.... !
မောင်ကြီးအဖြစ်ကို မြင်လှည့်ပါဦးလား...ဟာ.. ..ဟာ.."
--
အူစိန်ဘော့သည် အထက်ပါအတိုင်း ရေရွတ်မြည်တမ်းကာ
တောင်ရှည်ပုဆိုးလည်းမရှိသဖြင့် ရှိသည့်ဘောင်းဘီအစနှင့် မျက်ရည်သုတ်လိုက် နှပ်သုတ်လိုက်လုပ်လျှက် သတင်းထောက်များဝိုင်းအုံကြည့်ရှုနေသည့်ကြားမှပင် အတောမသတ်နိုင်စွာ ဆက်လက်ငိုကြွေးနေလေတော့သတည်း ... ။
===
Credit @ Soe Paing Oo Chit
Via # မြန်မာ့ ဟစ်တိုင်
==
အူစိန်ဘော့တစ်ယောက် ငိုကြီးချက်မဖြင့် အိပ်ယာနိုးလာသည် ။
၎င်း၏ငိုသံပြဲကြီးကြောင့် အားကစားသတင်းယူရန် ရောက်ရှိနေကြသော
သတင်းထောက်များ အပြေးအလွှား ရောက်လာကာ ကမ္ဘာ့အမြန်ဆုံးလူသားအူစိန်
အူစိန်ဘော့ကား သတင်းထောက်တို့၏အမေးကို
ဆက်ကာဆက်ကာငို၏ ။ ဆင့်ကာဆင့်ကာ ရှိုက်၏ ။ နှပ်ကို တစ်ဗြင်းဗြင်းမြည်အောင
--
အတန်ကြာအောင်ငိုပြီးသောအ
"so so terrible ပါပဲ...ဘဝမှာ ပထမဦးဆုံး အလွန်ဆိုးသောအိပ်မက်ကို
ထာဝရခြောက်လှန့်နေတော့
--
သတင်းထောက်များကား သိလိုစိတ်ပြင်းပြစွာဖြင်
ငို၍အားရသော် အူစိန်ဘော့စကားဆက်ပြန်၏
"ခင်ဗျားတို့အားလုံး သိတဲ့အတိုင်းပါပဲ ။ ကျနော်ဟာ ကမ္ဘာ့အမြန်ဆုံးလူသားဆိုပြီ
ခုတော့ဗျာ.... အဲလိုကျနော့ရဲ့ကမ္ဘာ့အမြန်
--
အူစိန်ဘော့ပြောရင်းငြို
"အဲဒီအိပ်မက်ကတော့ဗျာ ...
မြန်မာနိုင်ငံက အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးလို့ သူတို့ကိုယ်သူတို့ကြွေးေ
--
" ခင်ဗျားတို့ပဲ စဉ်းစားကြည့် ။ ရဲကနေ ဖမ်းဖို့စာပဲ ထုတ်ရသေးတယ်
မြန်မာ့မျိုးချစ်တွေဆိုတ
စဉ်းစားသာကြည့်ကြပါတော့ဗ
ကျနော်ထမင်းအိုးကွဲပြီေ
" ဟမ်မယ်မင်း ... နှမတော် ကာစီဘန်းနက်ရဲ့.... !
မောင်ကြီးအဖြစ်ကို မြင်လှည့်ပါဦးလား...ဟာ..
--
အူစိန်ဘော့သည် အထက်ပါအတိုင်း ရေရွတ်မြည်တမ်းကာ
တောင်ရှည်ပုဆိုးလည်းမရိ
===
Credit @ Soe Paing Oo Chit
Via # မြန်မာ့ ဟစ်တိုင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။