Like Page added 4 new photos.
ရုပ်ဆိုးမ..ဆိုပြီး နှိမ့်ချပြောဆိုခံရတဲ့ဘဝကိုစိတ်နာလို့
မိန်းမလှလေးအဖြစ် ပြောင်းလဲပစ်ခဲ့သူ ...
---------------------------------------------------------------
>:< လူတစ်ယောက်ရဲ့ ပထမဆုံး First Impression ကတော့ အဲ့ဒီလူရဲ့ ပြင်ပ
ရုပ်ရည်ဆိုတာကတော့ ဘယ်လိုမှ ငြင်းလို့ မရတဲ့ အမှန်တရားပါ။တစ်ချို့ လူတွေက
တော့ အတိတ်ဘ၀ကကုသိုလ်ကံတွေကြောင့် ဒီဘ၀မှာ ချောချော လှလှလေး
လူလာဖြစ်ခဲ့ပေမယ့် တစ်ချို့ကတော့ ဘ၀ပေးကုသိုလ်အရ ရုပ်မလှပဲ မွေးလာတာ
တွေ ရှိပါတယ်။ အဲ့ဒီလို ဘ၀ပေးကံ မကောင်းသူတွေ ထဲမှာ Kuok ဆိုတဲ့
ဗီယက်နမ်ကောင်မလေးလည်း တစ်ယောက်အပါအ၀င်ပါ။
သူမရဲ့ အသက်ကတော့ (၂၂)နှစ်ပဲ ရှိပါသေးတယ်။ ငယ်စဉ်တုန်းက ဆိုရင်
“ရုပ်ဆိုးမ” ဆိုပြီး ၀ိုင်းအလှောင် ခံခဲ့ရသူပါ။ ထူထဲတဲ့ နှုတ်ခမ်းနဲ့ချောမွတ်မှု မရှိတဲ့
အသားအရေက သူများတွေအဖို့ လှောင်ပြောင်စရာ ဖြစ်ခဲ့တာပါ။ တစ်ချို့ကဆိုရင်
သူမရဲ့ ရုပ်ရည်ကို ဒီအတိုင်း လှောင်ပြောင်ရုံနဲ့ အားမရပဲ ပြင်းပြင်းထန်ထန်
ရှုတ်ချပြောဆိုတဲ့ အထိလုပ်ခဲ့တာပါ။ ကျောင်းတတ်စဉ်ကဆို ပွဲလမ်းအခမ်းအနား
တွေမှာဆိုရင် သူမအနားကို လာချင်သူ ပတ်သက်ချင်သူ ရှားပါးခဲ့ပါတယ်။
တစ်ချို့ကောင်လေးတွေကဆိုရင် ” ဒီလိုမိန်းမမျိုးနဲ့ လက်ထပ်ရလို့ကတော့
အစားအသောက်ပျက်တော့မိမှာပဲ “ဆိုပြီး သူမရဲ့ ရုပ်ရည်က အော်ဂလီဆန်စရာ
ကောင်းတယ်ဆိုပြီး လှောင်ခဲ့ကြတာပါ။ ဘေးကနေ ၀ိုင်းပြီး လှောင်ပြောင်ရှုတ်ချသံ
တွေကြောင့် ခေါင်းမဖော်နိုင်ဖြစ်ခဲ့ရပြီး ယုံကြည်မှု ပျောက်ဆုံးလာတဲ့ အတွက်
သူမဘ၀အတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခု ချခဲ့ပါတယ်။ အဲ့ဒါ ကတော့
ပလတ်စတစ်ဆာဂျရီ လုပ်ဖို့ပါ။
မနှစ်ကမှ ဆာဂျရီလုပ်ခဲ့တာဖြစ်ပြီး RM61,800 ကုန်ကျခဲ့ပြီး နောက်ဆုံး မှာတော့
သူမသိပ်လိုချင်တော့င့်တခဲ့တဲ့ မိန်းမလှလေးအဖြစ် ပြောင်းလဲသွားပါတယ်။ ဒီလိုနဲ့ပဲ
တစ်နှစ်လောက် အကြာမှာတော့ သူမဘ၀ရဲ့ ဖူးစာရှင်နဲ့ တွေ့ခဲ့ပါတယ်။
(၆)လလောက် ချစ်သူတွေ ဖြစ်ပြီးနောက်မှာတော့ သူတို့ နှစ်ယောက်
လက်ထပ်ခဲ့ပါတယ်။ Kuok ရဲ့ ခင်ပွန်းဟာ ချမ်းသာတဲ့ မိသားစုကနေ ဆင်းသက်
လာတဲ့ လူချမ်းသာတစ်ယောက်ပါ။ ပလတ်စတစ် ဆာဂျရီလုပ်တာဟာ ဒီနေ့ခေတ်
မှာ တော်တော်လေး ခေတ်စားလာပြီး၊ မလှပတဲ့ ရုပ်ရည်နဲ့ မွေးဖွားလာတဲ့ လူတွေ
အဖို့တော့ အားကိုးစရာ တစ်ခုလို ဖြစ်လာခဲ့ပါတယ်။
Nilar(Shwemom)
Ref;worldofbuzz
http://www.worldofbuzz.com/girl-grew-insulted-ugly-now-fin…/
Mg Hla Min

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။