Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, May 19, 2017

အလုပ်လုပ်ကိုင်ခွင့် (資格外活動)



အကီ

အလုပ်လုပ်ကိုင်ခွင့် (資格外活動)
ဒီနေ့ ဂျပန်TVမှာ အလုပ်လုပ်ကိုင်ခွင့်မရှိပဲ၊ ဟိုတယ်မှာသန့်ရှင်းရေးအလုပ်လုပ်နေတဲ့ မြန်မာ၁၃ယောက်ကို ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းကို ကြည့်လိုက်ရပါတယ်။
ဒီသတင်းအတွက် တကယ်စိတ်မကောင်းဖြစ်မိပါတယ်။
အလုပ်လုပ်ကိုင်ခွင့် 資格外活動(shikakugaikatsudō) ဆိုတာ ဘာလဲဆိုတာကို အားလုံးလေ့လာလို့ရအောင် ရေးသားလိုက်ပါတယ်။
ဂျပန်ရောက်နေတဲ့နိုင်ငံခြားသားတွေဟာ မိမိရဲ့လက်ရှိနေထိုင်နေတဲ့ ရည်ရွယ်ချက်(ဗီဇာ)အပြင်၊ ပြင်ပကနေ ဝင်ငွေရတဲ့ အလုပ်တွေကို လုပ်ဆောင်ချင်တယ်ဆိုလျှင် လဝကမှာ ကြိုတင်ပြီး ခွင့်ပြုချက် ရယူရပါတယ်။ လဝကကလည်း မူလရည်ရွယ်ချက် မထိခိုက်နိုင်လောက်တဲ့ အချိန်အတိုင်းအတာထိပဲ ခွင့်ပြုချက်ပေးပါတယ်။

၁။ ကျောင်းသားဗီဇာ
ကျောင်းသားတွေကို ဂျပန်နိုင်ငံမှာ ပညာသင်ကြားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျောင်းသားဗီဇာ(留学)ကို ချပေးပါတယ်။ ဂျပန်ဥပဒေအရ နိုင်ငံခြားသားကျောင်းသားတစ်ယောက်ဟာ ဝင်ငွေရတဲ့အလုပ်ကို လုပ်ပိုင်ခွင့် မရှိပါဘူး။
ဒါပေမယ့်...
ပညာသင်ကြားနေစဉ်ကာလမှာ ကျောင်းစားရိတ်၊ နေစားရိတ် ရှာဖွေဖို့ရည်ရွယ်ချက်အတွက် အချိန်ပိုင်း အလုပ်လုပ်မယ်ဆိုလျှင်တော့၊ ဂျပန်လဝကမှာ ခွင့်ပြုချက်ရယူခွင့်ရှိပါတယ်။ ဂျပန်လဝကကလည်း အချိန်အကန့်အသက်နဲ့ အလုပ်လုပ်ခွင့်ချပေးပါတယ်။ ဒီခွင့်ပြုချက်ကို 資格外活動 လို့ခေါ်ပါတယ်။ ဒီခွင့်ပြုချက်မရှိပဲ ကျောင်းသားတစ်ယောက်ဟာ ဂျပန်မှာ အလုပ်လုပ်ပိုင်ခွင့် မရှိပါဘူး။
ကျောင်းသားတစ်ယောက်ကို တစ်ပတ်မှာ ၂၈နာရီပဲ အလုပ်လုပ်ခွင့်ပြုပါတယ်(ပျမ်းမျှခြင်း တစ်ရက်၎နာရီ)။ နွေရာသီကျောင်းပိတ်ရက်နဲ့ အခြားရက်ရှည် ကျောင်းပိတ်ရက်တွေမှာတော့ တစ်နေ့ကို၈နာရီအထိ အလုပ်လုပ်ခွင့်ပြုထားပါတယ်။
သတ်မှတ်ချိန်ထက် ကျော်လွန်ပြီး အလုပ်လုပ်မယ်(သို့) 資格外活動 ခွင့်ပြုချက်မယူပဲ အလုပ်လုပ်မယ်ဆိုလျှင်၊ လဝကက သိရှိသွားပါက၊ ဗီဇာဖျက်သိမ်းပြီး နိုင်ငံပြန်ပို့ခံရနိုင်ပါတယ်။
( ကျောင်းသားတစ်ယောက်ဟာ တက္ကသိုလ်(သို့)ကောလိပ်ပြီးလို့ ဂျပန်မှာ ချက်ချင်းအလုပ်မရခဲ့တဲ့အခါ၊ တစ်နှစ်တိတိ ဂျပန်မှာ အလုပ်အကိုင်ဆက်လက်ရှာဖွေနေထိုင်နိုင်ခွင့် ရှိပါတယ်။ အလုပ်ရှာဖွေနေတဲ့ အချိန်မှာလည်း ကျောင်းတက်စဉ်ကလိုပဲ တစ်ပတ်ကို ၂၈နာရီ အလုပ်လုပ်ပိုင်ခွင့်ရှိပါတယ်။)
၂။ မိသားစုမှီခိုဗီဇာ
ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့လူတွေ၊ ဂျပန်နိုင်ငံက တက္ကသိုလ်(သို့)ကောလိပ်မှာ တက်ရောက်နေတဲ့ ကျောင်းသားတွေကို၊ ကိုယ့်ခင်ပွန်း(ဇနီး)တွေနဲ့ ဂျပန်မှာ အတူတူနေထိုင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ မိသားစုဗီဇာ(家族滞在) ကို ချပေးပါတယ်။
ဒီ 家族滞在(kazokutaizai) ဟာလည်း ဂျပန်နိုင်ငံမှာ အလုပ်လုပ်ပိုင်ခွင့် မရှိပါဘူး။
အလုပ်လုပ်ချင်တယ်ဆိုလျှင် လဝကမှာ ခွင့်ပြုချက်ရယူခွင့်ရှိပါတယ်။ ဂျပန်လဝကကလည်း အချိန်အကန့်အသက်နဲ့ အလုပ်လုပ်ခွင့်ချပေးပါတယ်။ မှီခိုသမားတစ်ယောက်ကို တစ်ပတ်မှာ ၂၈နာရီပဲ အလုပ်လုပ်ခွင့်ပြုပါတယ်(ပျမ်းမျှခြင်း တစ်ရက်၎နာရီ)။သတ်မှတ်ချိန်ထက် ကျော်လွန်ပြီး အလုပ်လုပ်မယ်(သို့) 資格外活動 ခွင့်ပြုချက်မယူပဲ အလုပ်လုပ်မယ်ဆိုလျှင်၊ လဝကက သိရှိသွားပါက၊ ဗီဇာဖျက်သိမ်းပြီး နိုင်ငံပြန်ပို့ခံရနိုင်ပါတယ်။
၃။ အလုပ်သမားဗီဇာ
ဂျပန်နိုင်ငံမှာ ကျောင်းပြီးလို့ ကုမ္ပဏီမှာ အလုပ်ဝင်မယ့်လူတွေနဲ့၊ နိုင်ငံခြားက ပညာနဲ့အလုပ်လာလုပ်မယ့်လူတွေကို၊ ဂျပန်နိုင်ငံမှာ အလုပ်လုပ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အလုပ်သမားဗီဇာ(就労)ကို ချပေးပါတယ်။
ဒီဗီဇာဟာ ကိုယ်နဲ့သက်ဆိုင်တဲ့ အလုပ်မှာပဲ အလုပ်လုပ်ခွင့်ရှိပါတယ်။
အင်္ဂျင်နီယာဗီဇာနဲ့နေနေတဲ့လူဟာ အင်္ဂျင်နီယာနဲ့ ပတ်သက်တဲ့အလုပ်ပဲ လုပ်ခွင့်ရှိပါတယ်။ အရက်ဆိုင်၊ စားသောက်ဆိုင်တွေမှာ အချိန်ပိုင်းအလုပ်လုပ်ခွင့် မရှိပါဘူး(တက္ကသိုလ်တွေမှာ အင်္ဂျင်နီယာနဲ့ ပတ်သက်ပြီး အချိန်ပိုင်းနည်းပြခွင့်တော့ ရှိပါတယ်)။အချိန်ပိုင်းအလုပ်မှာ လုပ်နေလို့လဝကက သိရှိသွားပါက၊ ဗီဇာဖျက်သိမ်းပြီး နိုင်ငံပြန်ပို့ခံရနိုင်ပါတယ်။
၎။ ထရိန်နီဗီဇာ
ဂျပန်နိုင်ငံက နည်းပညာတွေလေ့လာပြီး ကိုယ့်နိုင်ငံကို တိုးတက်အောင်လုပ်နိုင်ဖို့ 技能実習(ginōjisshū)လို့ခေါ်တဲ့ ထရိန်နီဗီဇာတွေကို ချပေးပါတယ်။
ဒီဗီဇာသမားတွေဟာ ကိုယ်ထရိန်နီဆင်းရမယ့် အလုပ်တွေမှာပဲ အလုပ်လုပ်ပိုင်ခွင့်ရှိပါတယ်။
အလုပ်ပြောင်းခွင့်မရှိသလို အချိန်ပိုင်းအလုပ်လုပ်ခွင့်လည်းမရှိပါဘူး။အခြားအလုပ်(သို့)အချိန်ပိုင်းအလုပ်မှာ လုပ်နေလို့လဝကက သိရှိသွားပါက၊ ဗီဇာဖျက်သိမ်းပြီး နိုင်ငံပြန်ပို့ခံရနိုင်ပါတယ်။
၅။ ယာယီဗီဇာ
ဒီဗီဇာကတော့ အကြောင်းအမျိုးမျိုးကြောင့် အမိနိုင်ငံမပြန်နိုင်တဲ့လူတွေကို ဂျပန်မှာ ယာယီနေထိုင်နိုင်ဖို့အတွက် ထုတ်ပေးတဲ့ဗီဇာပါ။特定活動(tokuteikatsudō) လို့ခေါ်ပါတယ်။ ဒီဗီဇာမှာကတော့ အချိုကအလုပ်လုပ်ခွင့်ရှိပြီး အချို့က အလုပ်လုပ်ကိုင်ခွင့် မရှိကြပါဘူး။ ကိုယ့်ရဲ့ နေထိုင်ခွင့်ကဒ်(在留カード)ကို ကြည့်လျှင် အလုပ်လုပ်ခွင့် ရှိလားမရှိလား ဆိုတာ သိရှိနိုင်မှာ ဖြစ်ပါတယ်။အလုပ်လုပ်ခွင့်မရှိပဲ အလုပ်လုပ်နေတာကို လဝကက သိရှိသွားပါက၊ ဗီဇာဖျက်သိမ်းပြီး နိုင်ငံပြန်ပို့ခံရနိုင်ပါတယ်။
၆။ အလုပ်လုပ်ချိန် ကန့်သတ်မှုမရှိတဲ့ ဗီဇာ
ဂျပန်နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် ရထားတဲ့ 永住者(eijūsha) PRသမား၊PR သမားရဲ့မှီခို၊ ဂျပန်လူမျိုးရဲ့မှီခို၊ 定住者(teijūsha) သမားတွေဟာအလုပ်လုပ်ချိန် ကန့်သတ်ချက် မရှိပါဘူး။ လွတ်လပ်စွာ အလုပ်လုပ်ပိုင်ခွင့်ရှိပါတယ်။
မိမိနေထိုင်နေတဲ့ ဗီဇာ၊ မိမိအလုပ်လုပ်ခွင့်ရှိတဲ့ အချိန်တွေကို သတိထားပြီး နေထိုင်လုပ်ကိုင် နိုင်ကြပါစေ။
မေတ္တာဖြင့်
အကီ ။ ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။