ပညာတတ် လူမိုက်
============
ဘွဲ့တွေ ဘယ်လောက်ရရ
အကောင်းအဆိုးကို မခွဲခြားနိုင်ရင် ပညာတတ်လူမိုက်ပဲ။
ရာထူးဂုဏ်တွေ ဘယ်လောက်ကြီးကြီး
အကြောင်းအကျိုးကို မတွေးနိုင်ရင်လည်း ပညာတတ်လူမိုက်ပဲ။
အသိပညာ ၊ အတတ်ပညာ ဘယ်လောက်မြင့်မြင့်
ငါသိတယ် ငါတတ်တယ်ဆိုပြီး "ငါမာန"ကြီးနေရင်လည်း
ပညာတတ်လူမိုက်ပဲ။
ပညာတွေအရမ်းတတ်ပြီး လူကို လူလို့မမြင်ဘဲ
မာနတွေထောင်လွှားပြီး ခြေထောက်နဲ့မြေကြီးလွတ်နေရင်လည်း
ပညာတတ်လူမိုက်ပဲ။
ကိုယ်ဘယ်ဘဝကလာတယ် ၊ ကိုယ့်မိဘက ကိုယ် ပညာတတ်အောင်
နိမ့်ကျတဲ့ဘဝက မြှင့်တင်ပေးခဲ့တာကို အမှန်ကိုအမှန်အတိုင်း
အရှိကိုအရှိတိုင်း ထုတ်ဖော်မပြောရဲရင်လည်း ပညာတတ်လူမိုက်ပဲ။
ငွေကြေးနဲ့ ကိုယ်တတ်ခဲ့တဲ့ ပညာကို အလဲအလှယ်လုပ်ပြီး
ကိုယ်ချင်းမစာသောစိတ်နဲ့ အခြားသူကို နစ်နာအောင်
လုပ်စားနေရင်လည်း ပညာတတ်လူမိုက်ပဲ။
ပညာတွေတော့တတ်ပါရဲ့ လုပ်တဲ့လုပ်ရပ်တွေက အောက်တန်းကျကာ
ဘယ်သူပြောပြောနားမဝင်ဘဲ "ဘယ်သူသေသေ ငတေမာရင်ပီးရော"
ဆိုတဲ့စိတ်ဓာတ်ရှိနေရင်လည်း ပညာတတ်လူမိုက်ပဲ။
ကိုယ်တတ်ခဲ့တဲ့ ပညာတွေကို အများအကျိုးအတွက် တတ်နိုင်သလောက် အကျိုးမပြုဘဲ ကိုယ့်ကျိုးအတွက်ပဲ အတ္တကြီးစွာ အသုံးချနေရင်လည်း
ပညာတတ်လူမိုက်ပဲ။
ကိုယ့်ထက်နိမ့်ပါးသူကိုကျတော့ နှိမ်ပြီး ကိုယ့်ထက်မြင့်မားသူကို
ဖားပေါင်းကာ လောကကြီးအတွက် အမှိုက်တစ်စ ဖြစ်နေရင်လည်း
ပညာတတ်လူမိုက်ပဲ။
ငါဒီလို ဘွဲ့တွေ ရအောင် အများကြီးရင်းနှီးခဲ့ရတယ်
အဲ့အတွက်ကြောင့် ငါ ကုန်ခဲ့တဲ့ပိုက်ဆံတွေ ပြန်ရအောင်ဆိုပီး
အခွင့်အရေး ရတုန်းလေး မရှိဆင်းရဲသားတွေဆီက ဂုတ်သွေးစုပ်
အမြတ်ထုတ်နေရင်လည်း ပညာတတ်လူမိုက်ပဲ။
လူ့လောကကြီးမှာ တကယ်လိုအပ်တာက
လူတော်တွေထက် လူကောင်းတွေလိုတယ်
ပိုက်ဆံချမ်းသာသူတွေထက် ကိုယ်ချင်းစာတတ်သူတွေပိုလို အပ်တယ်။
မတော်တဲ့လူတွေက လောကကြီးအတွက် သိပ်အကျိုးမပြုနိုင်ဘူး
ဆိုပေမယ့် လူတော်တွေသာ ယုတ်မာတဲ့စိတ်ရှိရင်
လူဆိုးအယောက်တစ်ရာထက် လူတော်တစ်ယောက်က
ပိုကြောက်စရာကောင်းတယ်။
ယနေ့ကမ္ဘာပေါ်မှာ ကြောက်စရာကောင်းတဲ့ အနုမြူ လက်နက်ကို
လူတော်တွေက တီထွင်ခဲ့ကြတာပါ
အဲ့ဒီလူတော်တွေသာ ယုတ်မာခဲ့ရင် လောကကြီးအတွက် ရင်လေးစရာပါ။
ပညာတွေတတ်ပြီး လူလိမ္မာများ ဖြစ်အောင်ကြိုးစားကြပါနော်။
လေးစားစွာဖြင့်
♥
♥
♥
ဇင်းနစ် မကွေး
Credit.
============
ဘွဲ့တွေ ဘယ်လောက်ရရ
အကောင်းအဆိုးကို မခွဲခြားနိုင်ရင် ပညာတတ်လူမိုက်ပဲ။
ရာထူးဂုဏ်တွေ ဘယ်လောက်ကြီးကြီး
အကြောင်းအကျိုးကို မတွေးနိုင်ရင်လည်း ပညာတတ်လူမိုက်ပဲ။
အသိပညာ ၊ အတတ်ပညာ ဘယ်လောက်မြင့်မြင့်
ငါသိတယ် ငါတတ်တယ်ဆိုပြီး "ငါမာန"ကြီးနေရင်လည်း
ပညာတတ်လူမိုက်ပဲ။
ပညာတွေအရမ်းတတ်ပြီး လူကို လူလို့မမြင်ဘဲ
မာနတွေထောင်လွှားပြီး ခြေထောက်နဲ့မြေကြီးလွတ်နေရင
ပညာတတ်လူမိုက်ပဲ။
ကိုယ်ဘယ်ဘဝကလာတယ် ၊ ကိုယ့်မိဘက ကိုယ် ပညာတတ်အောင်
နိမ့်ကျတဲ့ဘဝက မြှင့်တင်ပေးခဲ့တာကို အမှန်ကိုအမှန်အတိုင်း
အရှိကိုအရှိတိုင်း ထုတ်ဖော်မပြောရဲရင်လည်း ပညာတတ်လူမိုက်ပဲ။
ငွေကြေးနဲ့ ကိုယ်တတ်ခဲ့တဲ့ ပညာကို အလဲအလှယ်လုပ်ပြီး
ကိုယ်ချင်းမစာသောစိတ်နဲ့ အခြားသူကို နစ်နာအောင်
လုပ်စားနေရင်လည်း ပညာတတ်လူမိုက်ပဲ။
ပညာတွေတော့တတ်ပါရဲ့ လုပ်တဲ့လုပ်ရပ်တွေက အောက်တန်းကျကာ
ဘယ်သူပြောပြောနားမဝင်ဘဲ "ဘယ်သူသေသေ ငတေမာရင်ပီးရော"
ဆိုတဲ့စိတ်ဓာတ်ရှိနေရင်လည်း
ကိုယ်တတ်ခဲ့တဲ့ ပညာတွေကို အများအကျိုးအတွက် တတ်နိုင်သလောက် အကျိုးမပြုဘဲ ကိုယ့်ကျိုးအတွက်ပဲ အတ္တကြီးစွာ အသုံးချနေရင်လည်း
ပညာတတ်လူမိုက်ပဲ။
ကိုယ့်ထက်နိမ့်ပါးသူကိုကျတေ
ဖားပေါင်းကာ လောကကြီးအတွက် အမှိုက်တစ်စ ဖြစ်နေရင်လည်း
ပညာတတ်လူမိုက်ပဲ။
ငါဒီလို ဘွဲ့တွေ ရအောင် အများကြီးရင်းနှီးခဲ့ရတယ်
အဲ့အတွက်ကြောင့် ငါ ကုန်ခဲ့တဲ့ပိုက်ဆံတွေ ပြန်ရအောင်ဆိုပီး
အခွင့်အရေး ရတုန်းလေး မရှိဆင်းရဲသားတွေဆီက ဂုတ်သွေးစုပ်
အမြတ်ထုတ်နေရင်လည်း ပညာတတ်လူမိုက်ပဲ။
လူ့လောကကြီးမှာ တကယ်လိုအပ်တာက
လူတော်တွေထက် လူကောင်းတွေလိုတယ်
ပိုက်ဆံချမ်းသာသူတွေထက် ကိုယ်ချင်းစာတတ်သူတွေပိုလို
မတော်တဲ့လူတွေက လောကကြီးအတွက် သိပ်အကျိုးမပြုနိုင်ဘူး
ဆိုပေမယ့် လူတော်တွေသာ ယုတ်မာတဲ့စိတ်ရှိရင်
လူဆိုးအယောက်တစ်ရာထက် လူတော်တစ်ယောက်က
ပိုကြောက်စရာကောင်းတယ်။
ယနေ့ကမ္ဘာပေါ်မှာ ကြောက်စရာကောင်းတဲ့ အနုမြူ လက်နက်ကို
လူတော်တွေက တီထွင်ခဲ့ကြတာပါ
အဲ့ဒီလူတော်တွေသာ ယုတ်မာခဲ့ရင် လောကကြီးအတွက် ရင်လေးစရာပါ။
ပညာတွေတတ်ပြီး လူလိမ္မာများ ဖြစ်အောင်ကြိုးစားကြပါနော်။
လေးစားစွာဖြင့်
ဇင်းနစ် မကွေး
Credit.

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။