Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 18, 2017

Managementဆိုတာဘာလဲ ?

((( #Managementဆိုတာဘာလဲ ? )))

မြန်မာလို စီမံခန့်ခွဲခြင်းပါ။အဲဒီနောက်မှာ တွေးလိုက်ရင် အများကြီးနက်နဲကျယ်ပြန့်တယ်။ တကယ်တော့ Management ဆိုတာ အလုပ်တစ်ခုပြီးဖို့ ပန်းတိုင်တစ်ခုရောက်ဖို့ လိုအပ်တဲ့ အစိတ်အပိုင်း ၄ခုကို စုပြီးခေါ်လိုက်တာပါ။ အဲဒီ အပိုင်း ၄ခုကတော့

- Planning အကွက်ချစီစဉ်ခြင်း။
- Organizing စုစည်းခြင်း။
- Leading လုပ်ငန်းလည်ပတ်ခြင်း။
- Coordinating စုစည်းပြုလုပ်ခြင်းပါပဲ။

အဲတစ်ခုရှိတာက Mornitoring and Controlling လည်းပါနေသေးတာပါ။ Mornitoring ဆိုတာ စောင့်ကြည့်စစ်ဆေးတာဖြစ်ပြီး Controlling ကတော့ တည့်မတ်ပြုပြင်တာပါ။ ဒီ Management ဆိုတဲ့ Process ကိုသေချာလေ့လာ ရင် နေ့စဉ်အလုပ်တွေကစလို့ ကမ္ဘာချီပြီးပြောလို့ရပါတယ်။
Leadership ဟာ management ထက်ပိုပြီးနက်နဲပါတယ်။ အဲ leadership ကိုမသွားခင် leader ဆိုတာကိုသိဖို့ လိုပါတယ်။ Leader ဆိုတာအလွယ်ပြော ရရင် ခေါင်းဆောင်ပေါ့။ ခေါင်းဆောင်ဆိုတာ Process တစ်ခု Goal တစ်ခုကို ဦးတည်ရာမှာ ဦးဆောင်ဦးရွက်ပြုတဲ့သူကိုခေါ်တာပါ။

Leadership ကိုအဓိပ္ပာယ်ဖွင့်ရအောင်
အဖွဲ့အစည်းတစ်ခု အလုပ်လုပ်ရာမှာ ခေါင်းဆောင်မှုသည် အင်မတန် အရေးပါသည်တဲ့။ ပြီးတော့ လူတွေရဲ့လုပ်နိုင်စွမ်းကို စုစည်းဖို့ အရေးကြီး တယ်။ စီမံခန့်ခွဲတာကို လိုအပ်တယ်ဆိုရင် ခေါင်းဆောင်မှုက ပိုလိုအပ် တယ်လို့ရေးထားတာပါ။ဒါဘာနဲ့တူလဲဆိုတော့ ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်သွားမှ နောက်ပါနွားများဖြောင့်ဖြောင့်သွား၏ဆိုတာနဲ့တူပါတယ်

အခုဒီမှာပြောစရာရှိတာက Tea shop ကို organization လို့ယူဆလိုက်။ ကျွန်တော်တို့ User တွေက Environment ပေါ့။ Admin တွ၊ Moderator တွေက orgainization ရဲ့လူတွေပေါ့။ ဒါဆို ဒီအက်ဒမင်တွေနဲ့ User တွေနဲ့ တွေ့ဆုံပွဲလုပ်မယ်။ ဒါဆို အက်ဒမင်တွေက တွေ့ဆုံပွဲဖြစ်ဖို့ စီစဉ်ကြရမယ်။ ဒီမှာ တစ်ယောက်နဲ့တစ်ယောက် တာဝန်တွေခွဲရမယ်။ အဲဒီလူတွေကို တစ်ယောက်က ဦးဆောင်ရမယ်လေ။ ဒါမှ အလုပ်ဖြစ်မှာကိုး။ အဲဒီမှာဦးဆောင်သူက ဘယ်သူဘာလုပ်ဆိုပြီး တာဝန်ပေးမယ်။ သူကလိုက်စစ်မယ်။ ဒါဆို Manager သက်သက်ဖြစ်သွားပြီ။ ဒီလိုမဟုတ်ပဲ သူကိုယ်တိုင်က တက်ကြွစွာပါဝင်တယ်၊ သူများတွေကိုလဲ Motivate လုပ်တယ်။အစီအစဉ်တွေကိုလဲအားလုံးနဲ့ညှိနှိုင်းတယ်။ အောင်မြင်အောင်လဲဆောင်ရွက်တယ်။ user တွေနဲ့တွေ့တဲ့အခါမှာလည်း ဒါကျွန်တော် စီစဉ်တာမဟုတ်ဘူး အက်ဒမင်အားလုံး ဝိုင်းလုပ်တာ ( မကောင်းခဲ့ရင်တော့ ကိုယ်ပဲခေါင်းခံတယ် ) စတဲ့ Team Spirit ကိုရှိစေမယ်ဆိုရင် ဒါ Leader ပဲ။

အဲဒါကြောင့်ဒီမှာကြည့်လိုက်ရင် Leadership is the ability to influence people towards the attainment of organizational goal. တဲ့

စစ်မှန်တဲ့ ခေါင်းဆောင်က “ follow me ” လို့ ပြောတယ်.
ရည်မှန်းချက်ကို ပြီးမြောက်အောင် ဆောင်ရွက်တဲ့အခါမှာ ပြဿနာဆိုတာ ရှိလာမှာပဲ၊ အခက်ခဲဆိုတာ တွေ့လာမှာပဲ။ ဒီအခက်ခဲကို ခေါင်းဆောင်က meeting လုပ်တယ်။ report တင်ခိုင်းတယ်။အကောင်းဆုံးအချက်တွေကို ယူပြီး ဘာလုပ်သင့်တယ်ဆိုတာ ကိုယ်တိုင်ဆုံးဖြတ်တယ်။ ကိုယ့်ဆုံးဖြတ်ချက်အတွက် ကိုယ်တာဝန်ခံတယ်။

ဒီတစ်ခါ ခေါင်းဆောင်နဲ့ မန်နေဂျာတွေမှာရှိသင့်တဲ့ အရည်အသွေးတွေနဲ့ ကွာခြားပုံကိုဆက်ရအောင်
ပထမပြောချင်တာက Manager ဆိုတာပါ။ Manager ဆိုတာ ရာထူးတစ်ခုသက်သက်ပါ။ Organization ကပေးအပ်ထားတဲ့ ရာထူး၊ အာဏာ၊ ပါဝါ ဆိုတာပဲရှိပါတယ်။ သူ့မှာ လူတွေကိုခိုင်းနိုင်၊ အပြစ်ပေးနိုင်၊ ဆုပေးနိုင်တဲ့ အာဏာရှိသူသက်သက်ပါ။ ရှင်းရှင်းပြောရရင် Manager ဆိုတာ Organizational Goal တစ်ခုရဖို့ ဦးနှောက်ချည်းသက်သက်နဲ့ အလုပ်စေခိုင်းပါတယ်။ မရရင်အပြစ်ပေးမယ်။ ရရင်ဆုချမယ်။ Report တွေကိုကြည့်မယ်။ ဒါထက်မပိုပါဘူး။ အဲလိုလူများကိုလည်း မြင်ဖူးကြ မယ်ထင်ပါတယ်။ သူ့လက်အောက်ငယ်သားတွေက သူ့ကို အရာရှိဖြစ်လို့  သာနေတာပါ။ သူသာပြုတ်ကြည့် လှည့်တောင်မကြည့်တော့ပါ။ ဒါမန်နေဂျာရဲ့ သဘောပါ။

Leader ကျတော့ ဒီလိုမဟုတ်ပါ။ အလုပ်တစ်ခုကိုပြီးဖို့ ဦးနှောက်တင်မကဘဲ နှလုံးသားနဲ့ပါပေါင်းကာကိုယ်ရောစိတ်ပါလုပ်တဲ့သူတွေပါ။သူ့ရဲ့ငယ်သားတွေကို ဆူပူတာမျိုးသိပ်မရှိပဲ ရင်ဝယ်သားလို အုပ်ချုပ်တတ်တယ်။ တစ်ဦးချင်းရဲ့ Ability ကိုသာမကပဲ စိတ်သဘောထား၊ လက်ရှိအခြေအနေ စတဲ့အချက်တွေ ကိုပါကြည့်ပြီး တာဝန်ပေးတာမဟုတ်ဘဲ တာဝန်ယူစေတဲ့သူတွေပါ။ လုပ်ငန်းလည်ပတ်မှုကောင်းအောင် Motivate လဲလုပ်တယ်။ လက်ရှိအခြေအနေပေါ်မူတည်ပြီး Flexible ဖြစ်အောင် အလုပ်လုပ်ပါတယ်။ လုပ်ငန်းခွင်မှာ Conflict တွေမရှိစေဘဲ Team Work Spirit ကိုရှင်သန်စေပါတယ်။ အဲဒါ Leader ပါပဲ။ ဒီလိုလူမျိုးဟာ Manager
ဖြစ်ချင်မှဖြစ်မယ်။ လုပ်ငန်းထဲကလူတွေကပုဂ္ဂိုလ်ရေးအရကို လေးစား ချစ်ခင်ကြတယ်။ဘယ်နေရာမှာတွေ့တွေ့ညီရင်းအကိုလို လေးစားခံရသူတွေပါ။

ဒီတစ်ခါတော့ Management ရဲ့အဓိကအစိတ်အပိုင်းတွေအကြောင်းပြောရအောင်

အဲဒါတွေက အပေါ်မှာ မကြာခဏပြောနေတဲ့ Process ကိုလည်ပတ်တဲ့ Planning, organizing, leading, coordinating, mornotoring, controllingတွေရဲ့အကြောင်းပါပဲ။

အဲဒါတွေကိုမပြောခင် ရည်မှန်းချက်၊ ပန်းတိုင် Goal အကြောင်း Intro ဝင်မှရပါမယ်။ ကျွန်တော်တို့ဟာ ရည်မှန်းချက်ကိုယ်စီနဲ့ အသက်ရှင် ရပ်တည်နေသူတွေပါ။ ဒါပေမယ့် ကိုယ့်ဘဝအတွက် အကျိုးရှိတဲ့ ရည်မှန်းချက်တစ်ခုကို ဘယ်လို ရှာမလဲ၊ Define လုပ်မလဲဆိုတာ သိတဲ့လူနည်းပါတယ်။
ဒီတော့ ဘယ်လို ရည်မှန်းချက်ထားမလဲဆိုတာကို ကျွန်တော်လေ့လာ
ကြည့်တော့ SMART ဆိုတဲ့ Approch ကိုသွားတွေ့တယ်။ ဟုတ်ပါတယ်။ မိမိဘဝရဲ့ ၊မိမိလုပ်ငန်းရဲ့၊ မိမိတို့ Organization ရဲ့ Goal/ Objective တွေဟာ SMART ဖြစ်ဖို့လိုပါတယ်။ SMART ဆိုတာတကယ်တော့ဒီလိုပါ။

S – Specific တိကျသေချာမှုရှိတဲ့ ရည်မှန်းချက်၊ Goal ဖြစ်ရမယ်။
M – Measurable ဖြစ်ထွန်းမှုကို တိုင်းတာနိုင်ရမယ်။
A – Achievable ဖြစ်နိုင်၊ လုပ်နိုင်၊ ရနိုင်တဲ့ Goal ဖြစ်ရမယ်။
R – Relevant လက်ရှိအခြေအနေအရပ်ရပ်နဲ့ ဆီလျော်နေရမယ်။
T – Time-bound အချိန်ကာလတစ်ခုထားရပါမယ်။

ဥပမာပြောရရင် Dr.Achilles သည် ၅နှစ်အတွင်း သိန်း၁၀၀ရှာနိုင်ရမည် ဆိုတဲ့ Objective ကိုကြည့်ရအောင်။ Specific ဖြစ်ပါတယ်။ သိန်း ၁၀၀ပါ။ Measurable ဖြစ်ပါတယ်။ တစ်နှစ်ဘယ်လောက်ဝင်လဲ တိုင်းတာနိုင်ပါတယ်။ Achievable လဲဖြစ်ပါတယ်။ Time-Bound လဲ ၅နှစ်ဆိုတော့ ဖြစ်တာပေါ့။

ကဲ Planning ကြိုတင်စီမံခြင်းကို ဆက်ရအောင်။
Planning includes Methods, Resource, Responsibilities to carry out to achieve the goal ပါ။ ရည်မှန်းချက်တစ်ခု အထမြောက်အောင်မြင်ဖို့ လိုအပ်မယ်ထင်တဲ့ နည်းလမ်း၊ အရာတွေကို စဉ်းစားစီမံတာဟာ Planning ပါပဲ။ ဒီမှာ လုပ်ငန်းစဉ် ( Ways, Methods ) တွေကို ရေးဆွဲခြင်းနဲ့ လိုအပ်တဲ့ အရင်းအနှီး အင်အားစုများကို တွက်ချက်ထုတ်ဖေါ်ခြင်းဆိုတဲ့ အပိုင်း ၂ ပိုင်း ပါဝင်ပါတယ်။

ဥပမာပေးရရင် အိမ်ဆောက်ဖို့ ပုံကြမ်း၊ အခန်းဖွဲ့ပုံစသည်ဖြင့် ပုံတွေလိုသလို သံချောင်းဘယ်လောက်သုံးမယ်၊ ဘိလပ်မြေဘယ်လောက်ကုန်မယ်၊ သစ်ဘယ်နတန်ဝင်မယ်စတဲ့ Estimate လဲလိုပါတယ်။ ဒါ Plan တွေ ပါပဲ။ ဖြစ်နိုင်ရင် Methods, ways တွေရေးဆွဲရာမှာ ဘယ်နေ့၊ ဘယ်လမှာ ဘာလုပ်မယ်ကအစ အသေးစိတ်ရေးဆွဲရင် ကောင်းပါမယ်။ Sources တွေကိုတွက်ရာမှာလဲ Men Power, Money, Material, Methods, တွေအပြင် Morale ကလဲအရေးကြီးတယ်။ Leadership ကိုပိုင်နိုင်သူတွေဟာ own morale ကိုလဲ အမြဲ ကောင်းအောင် ကြိုးစားကြပါတယ်။ Time, Information, Place, Environment ဆိုတဲ့ Factors တွေကိုလဲ Plan ချရင်ထည့်စဉ်းစားပါ။ ပြီးတော့ အရေးကြီးတဲ့ ကိစ္စတွေ၊ အလုပ်တွေမှာ Backup Plan လို့ခေါ်တဲ့ အရေးပေါ်သုံးရမယ့် Plan တစ်ခုအမြဲရှိနေပါစေ။ ဒီ Backup Plan ဟာ Main Plan လောက်ကောင်းစရာမလိုပေမယ့် Effective တော့ဖြစ်ရပါမယ်။

Organizing မှာတော့လိုအပ်သမျှအကုန်စုရမှာပါ။ လူ၊ငွေ၊ ပညာရပ်၊ ကိရိယာပစ္စည်း၊ လုပ်ထုံးလုပ်နည်းတွေအားလုံးပါပါတယ်။ အဲ စုစည်းတယ်ဆိုရာမှာလဲ အလုံအလောက်ဖြစ်ဖို့လိုတယ်။

Leading။ ဒီ Leading က ခေါင်းဆောင်တာမဟုတ်ပါဘူး။
တကယ်က Leading & Implementations လို့ခေါ်တာပါ။ အဓိပ္ပာယ်က လုပ်ငန်းစတင်လည်ပတ်ခြင်းကို ဆိုလိုပါတယ်။
Coordination ကတော့ အပေါ်မှာ ကျွန်တော်က စုစည်းခြင်းလို့ဆိုပေမယ့် တကယ်က အားဖြည့်ပေးတာ၊ စစ်ကူပေးတာပါ။ တခါတလေ ရလာတဲ့ product က Process ကို ပြန်ပီးထောက်ပံ့ပေးပါတယ်။ ဥပမာပြောရရင် ဒီနေ့ရောင်းရငွေသည် နက်ဖြန်အတွက် အရင်းဖြစ်သည် ဆိုတာမျိုးပေါ့။

Monitoring ဆိုတာ စောင့်ကြည့် ထိန်းသိမ်းခြင်းကို ဆိုလိုပါတယ်။ Monitoring ကိုဆက်ပြောရရင် အလုပ်တစ်ခုဟာ ဘယ်လိုဖြစ်နေတယ်။ ဘာလိုတယ်၊ စသည်ကို လုပ်နေစဉ်အတွင်းမှာပဲ စောင့်ကြည့်တာကို Monitoring လို့ခေါ်တယ်။ ဒီအကြောင်းအရာမှာ ၃မျိုးထပ်ခွဲထားတယ်။ 1. Monitoring, 2. Supervision,
3. Evaluation တဲ့။ ဒါဖြင့်ဘာတွေကွာတာလဲ။

Monitoring ဆိုတာ လုပ်ငန်းတစ်ခု စတင်အကောင်ထည်ဖေါ်ကတည်းက နောက်ကကပ်ပါလာရမယ့် လုပ်ငန်းပါ။ ဘာနဲ့တူလဲဆိုတော့ အလုပ်တစ်ခုကိုအပေါ်စီးတည့်တည့်ကနေ ကြည့်နေတာမျိုးပါ။ တာဝန်ဝတ္တရားတွေ၊ အလုပ်တွေကို တစ်ခုပြီးတစ်ခု ဆောင်ရွက်သွားနိုင်ဖို့နဲ့ သတ်မှတ်ထားတဲ့ကာလအတွင်း အချိန်မီပြီးစီးဖို့ စောင့်ကြည့်နှိုးဆော်နေတာမျိုးပါ။ တကယ်တော့ Monitoring ဟာ လုပ်ငန်းအဖွဲ့အစည်းတွက်သာမဟုတ်ဘဲ တစ်ဦးချင်း Individual လိုက် Self- Monitoring လဲလုပ်ဖို့လိုပါတယ်။ ရည်မှန်းချက်တစ်ခုကို ဦးတည်နေတဲ့သူတစ်ဦးဟာ ကိုယ့်ရည်မှန်းချက်အတွက် ဒီနေ့ဘာလုပ်ခဲ့တယ်။ ဘာတွေမှားခဲ့တယ် စသည်ဖြင့် ဒိုင်ယာရီသဘောမျိုး Report ရေးတာ Mornitoring ပဲပေါ့။

Supervision ကတော့ Mornitoring ထက်နဲနဲပိုမြင့်တယ်။ Supervision ဆိုတာ Mornitoring ကို Check List နဲ့ လုပ်တာကိုခေါ်ပါတယ်။ ဘာတွေလုပ်ရမယ်ဆိုတာကို List လေးရေးထားပြီး ကိုယ်ဘာတွေလုပ်ထားတယ်၊ ဘာတွေလုပ်ဖို့ကျန်နေသေးတယ်၊ ဘယ်နေရာတွေမှာဖြင့် မှားနေတယ် စသည်ဖြင့် ပြန်စစ်ဆေးတာ၊ သုံးသပ်တာကို Supervision လို့ခေါ်တာပါ။ ကုပ္ပဏီတွေ၊ ရုံးတွေမှာရှိတဲ့ Supervisor ဆိုတာဒီလိုလူတွေကိုခေါ်တာပါ။ သူတို့မှာတော့ ပိုင်ရှင်၊ ဒါရိုက်တာတွေကို အကြံပေးတာတွေ၊ ဆွေးနွေးတာတွေ Report ပြန်တင်တာတွေစတဲ့ တာဝန်တွေပါထပ်ပါနေပါတယ်။

Evaluation မှာတော့ ရှေ့က ၂ခုနဲ့အတော်လေးကွဲပြားပါတယ်။ Evaluation ဟာ လုပ်ငန်းတစ်ခုကို တစ်လတစ်ကြိမ်၊ ၃ လတစ်ကြိမ်၊ ၆ လတစ်ကြိမ်မျိုး အနုလုံပဏ္ဍိလုံ စစ်ဆေးတာမျိုး၊ ပြန်လှန်သုံးသပ်တာမျိုးကို ခေါ်ပါတယ်။

Evaluation လုပ်ရာမှာ အချက် ၆ချက်ပေါ်မူတည်ပြီး ဆန်းစစ်ရမှာပါ။ အဲဒါတွေကတော့ ၁။ Relevance ဆီလျော်မှု ၂။ Idequacy လုံလောက်မှု
၃။ Progress တိုးတက်မှု ၄။ Efficiency စွမ်းဆောင်နိုင်မှု
၅။ Effectiveness ထိရောက်မှု/အကျိုးရှိမှု ၆။ Impact အဆုံးစွန်ဆုံး အကျိုး သက်ရောက်မှု တို့ပဲဖြစ်ပါတယ်။ ဒီအချက်တွေပေါ်မူတည်ပြီး ကိုယ့်ရဲ့ရည်မှန်းချက်၊ ကိုယ်လုပ်နေတဲ့အလုပ်တစ်ခု ဘာတွေဖြစ်တယ်။ ဘယ်အတိုင်းအတာထိရောက်ပြီ။ ရှေ့ဆက်ပြီးဘာတွေလုပ်ရမယ်၊ ဘာတွေပြုပြင်ရမယ် စသည်ဖြင့် ခြုံငုံသုံးသပ်တာကို Evaluation လို့ခေါ်ပါတယ်။

Controlling ဟာ Management ရဲ့နောက်ဆုံးအပိုင်းဆိုပေမယ့် အရေးအကြီးဆုံးအပိုင်းဆိုလဲမမှားပါဘူး။ Controlling ဆိုတာ မှားနေတာ လိုနေတာကို ပြန်ပြင်ပေးတာပါပဲ။ ပဲ့ကိုင်ရှင်လဲဖြစ်တယ်။ Controlling ဟာ Management ရဲ့ဘယ်အပိုင်းကိုမဆို ပဲ့ကိုင်ထားတာပါ။ Planning၊ Organizing၊ Leading၊ Coordinating၊ အစရှိတဲ့ Process တွေအားလုံးကို Monitoring လုပ်၊ မှားရင်ပြင်တာ၊ Modify လုပ်တာ ဟာ Controlling ပါပဲ။ ဥပမာပေးရရင် ကားမောင်းသလိုပါပဲ။ ကားမောင်းရင် စတီယာရင် အသေထား၊အရှိန်တသတ်မှတ်ထဲနဲ့ မောင်းလို့မရပါ။ ကွေ့စရာရှိကွေ့၊ အရှိန်လျော့စရာရှိလျော့၊ တင်စရာရှိတင်။ ရပ်စရာရှိရပ်။ Driver က တောက်လျှောက် Control လုပ်နေရတာပါ။ Control မရှိတဲ့ Project တစ်ခု၊ အလုပ်တစ်ခုဟာ ဗရမ်းပတာနိုင်စွာပဲ လျှောက်လုပ်နေ တာပါ။ အောင်မြင်မှုဆိုတာ ဝေးပါတယ်။ လူတစ်ဦးခြင်းစီမှာလဲ Self-Controlling ရှိသင့်ပါတယ်။

#CreditSawHanNyuntBySBA

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။