မောင်.အတွက်
ကောင်းလိုက်တဲ့စာသား
#တစ်ခါတစ်လေတော့လည်း
ကိုယ့်ကို ဆက်ဆံရေးကျဲသွားသူတွေကို အရင်လို
အောက်ကျို့ခံပြန် မပေါင်းဖြစ်တော့ဘူး။ ။
မာနအပြိုင်ကြီးတာမဟုတ်ပေမယ့် ကိုယ့်ကြောင့်သူ အနှောင့်အယှက်ဖြစ်သွားမလားဆိုတဲ့
စိတ်နဲ့အလိုက်တသိ ပဲနေဖြစ်တော့တယ်။
#တစ်ခါတစ်လေတော့လည်း ကိုယ့်အနားမလာချင်တော့တဲ့သူတွေကိုအရင်လို
ခခယယ ခေါ်မနေတော့ဘူး။
နေနိုင်သွားတာမဟုတ်ပေမယ့် ကိုယ့်ကြောင့်များ သူ ဝန်ထုပ်ဝန်ပိုးဖြစ်နေမလားဆိုတဲ့အတွေး ကြောင့်ကြစိတ်နဲ့
ခပ်စိမ်းစိမ်းပဲနေဖြစ်တော့တယ်။
#တစ်ခါတစ်လေတော့လည်း ကိုယ့်ဆီကအတင်းရုန်းထွက်ချင်နေတဲ့လက်တွေကိုအရင်လို
ခပ်တင်းတင်းပြန်ဆွဲမထားဖြစ်တော့ဘူး။
စွန့်လွှတ်နိုင်သွားတာမဟုတ်ပေမယ့် ကိုယ့်ကြောင့်များသူ အဟန့်အတားဖြစ်နေမလားဆိုတဲ့
စိုးရိမ်စိတ်နဲ့ အသာလေးနောက်ဆုတ်
လက်ပိုက်ပြီးပဲကြည့်နေဖြစ်တော့တယ်။
#တစ်ခါတစ်လေတော့လည်း ကိုယ့်ကိုလက်ညှိုးထိုးတိုက်ခိုက်နေသူတွေကို
အရင်လိုဆတ်ဆတ်ထိမခံ ရန်တွေ့မနေတော့ဘူး။
ခန္တီပါရမီဖြည့်နေတာမဟုတ်ပေမယ့်သူတို့ပေးသမျှကိုယ်ကယူပြီး
ပူလောင်ဒေါသနဲ့အလေးပင်ခံ နေမယ့်အစား သူတို့ဆီမှာပဲထားထားတာက ကိုယ့်အတွက်ပိုပြီး သက်သောင့်သက်သာရှိတာကို သဘောပေါက်သွားတော့
တော်ရုံတန်ရုံအတင်းအဖျင်းတွေကို လျစ်လျူရှုပြီး
ခပ်ဆိတ်ဆိတ်ပဲ နေဖြစ်တော့တယ်။
#တစ်ခါတစ်လေတော့လည်း ကိုယ်နဲ့သဘောထားမတိုက်ဆိုင်သူတွေကို အရင်လို
ဇွတ်အတင်းမညှိုနှိုင်းဖြစ်တော့ဘူး။
သူကသူ၊ ကိုယ်ကကိုယ်၊ သီးခြားဖြစ်တည်မှုတွေနဲ့ မတူညီတဲ့ဘဝတွေမှာ မတူညီတဲ့အတွေးတွေ
ရှိနေနိုင်တာ နားလည်လာတဲ့အခါမှာ "သူကကိုယ်မှမဟုတ်တာ"ဆိုတဲ့စကားလေးနဲ့ပဲ
ကိုယ့်ကိုယ်ကိုယ် ပြန်နှစ်သိမ့် ဖြစ်တော့တယ်။
#credit

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။