shared by ThiThi on 19/10/16 - myanmarlatestnews.com - Other
” ပန်းယူဦးမလား ဦးလေး ”
သင်းပျံ့သော စံပယ်နံ့လေးကြောင့် ဦးခေါင်းထဲတွင်
အနည်းငယ်ကြည်လင်သွားခိုက် စံပါယ်ကုံးအတွဲများ ကိုင်ထားသော မိန်းမငယ်လေးတစ်ဦး ကားရှေ့ခန်းနံဘေးသို့ ရောက်လာသည်။
” တစ်တွဲ ဘယ်လောက်လဲကွဲ့ ”
” သုံးရာပါ ဦးဦး ”
” အေး…တစ်တွဲပေးကွာ ”
ကလေးမလေး လှမ်းပေးသော ပန်းတွေယူကာ
မော်တော်ကားလက်ကိုင်ခွေ အထက်နာဆီ၌
ချိတ်ဆွဲထားလိုက်ပြီးနောက် ပန်းဖိုးပေးရန် ပိုက်ဆံအိတ်ကို
ဖွင့်လိုက်သည်။ ကျွန်တော်အိတ်ထဲမှ ပိုက်ဆံများကို
ကားနံဘေးတွင် ရပ်နေသော ပန်းသည် ကလေးမလေး မြင်နေရသည်။
ငါးရာကျပ်တန်အသစ်အထပ်များထဲမှ အနွမ်းဆုံး ငါးရာတန်တသ်ရွက် ထုတ်ယူပြီး ပေးလိုက်သည်။ ကျွန်တော်
အပြုအမှုကို ပန်းသည်မလေး ခပ်ပြုံးပြုံးဖြင့် ပိုက်ဆံယူလိုက်သည်။ ပြီးတော့ ကျွန်တော်ကို နှစ်ရာပြန်အမ်းရန်အတွက် သူ့လက်တွင် ဆုပ်ကိုင်ထားသော ပိုက်ဆံများထဲတွင် နှစ်ရာကျပ်တန် လိုက်ရှာနေသည်။
ပိုက်ဆံရွေးနေသည့် အချိန် အနည်းငယ် ကြံ့ကြာနေသဖြင့်
စိတ်မရှည်စွာနှင့် ကျွန်တော်က -
” မြန်မြန်အမ်းလေ …”
ငါးရာတန်အနွမ်းကို ပေးလိုက်သဖြင့် သူကလည်း
နှစ်ရာတန်ငွေစက္ကူအနွမ်း ပြန်အမ်းရန်ရှာနေ၍ ကြန့်ကြာနေသည်ဟု
ကျွန်တော်ထင်လိုက်မိသည်။ သို့သော် ကျွန်တော်အထင်
မှားယွင်းသည်ကို သူ့အပြုအမူအရ ကျွန်တော်လက်တွေ့
သိရတော့သည်။
” အမ်းမှာပါ ဦးရဲ့ ၊ဦးက ပိုက်ဆံ အသစ်ကြိုက်မှန်းသိလို့ နှစ်ရာအသစ်လေးပေးချင်လို့ သမီးရွေးနေတာ။ ဒီမှာ နှစ်ရာတန်မှ အသစ်ကျပ်ချွတ်လေး…?”
ပေးပြီး ပြောပြောဆိုဆိုနှင့် တစ်ဖက်ပလက်ဖောင်းသို့ ကလေးမလေး ကူးရောက်သွားလေတော့သည်။ ကလေးမလေး၏ ကျောပြင်ကို ငေးကြည့်နေရင်း ကျွန်တော် စဉ်းစားမိသည်က -
” သြော် – ငါက ငွေကြေးပြည့်စုံချမ်းသာသူဖြစ်ပေမယ့် လမ်းပေါ်ကဈေးသည်မလေးလောက် စိတ်ဓါတ်မရင့်ကျက်သေးပါလား ။ ငါ့အတွင်းစိတ်ကို လမ်းစောင့်နတ်သာ သိရင် ငါ့ကို ကဲ့ရဲ့ တော့မှာပဲ ” ဟ၍
ညီမေတ္တာ
(မေတ္တာရှင် မဂ္ဂဇင်းပါ ” စိတ်ကောင်းရှိမှ၊ လူ့ဘဝ ၊ လှပသာယာမည်” ဆောင်းပါး )
နိဗ္ဗန်ဆော် page – မှ
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ
http://www.searchmyanmar.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။