#မိမိကိုယ်တိုင်ပျော်ရွင်အောင်နေပါ
-------------------------- -----------%
တစ်ခါတစ်လေ ပျော်ရွင်မှုတစ်ခုကို ဖမ်းဆုပ်နိုင်ဖို့အတွက်
တစ်ပါးသူရဲ့ အကူညီတွေ တောင်းနေရတာမျိုးလည်းရှိတတ် ပါတယ်။
တစ်ခုခုကို မျော်လင့်ချက်ထားပြီး ကိုယ်ထင်သလိုဖြစ်မလာတဲ့အခါ
ပျော်ရွင်ဖို့ ရည်မှန်းရင်း စိတ်ညစ်သွားရတာတွေလည်း ဖြစ်တတ်ပါတယ်။
အဲ့လိုအဖြစ်မျိုးတွေကြုံရရင် စိတ်က ပျော်ရွင်ရမလိုလိုနဲ့
စိတ်ညစ်သွားရတတ်ပါတယ်။
မနက်စောစောအချိန်တွေ ပိုဆိုးပါတယ်
တစ်နေ့တာအတွတ် လုပ်ငန်းခွင်မှာ စိတ်မပါတာတွေ
အလုပ်ကို အာရုံမစိုက်မိလို့ အမှားယွင်းတွေလည်း ရှိတတ်ပါတယ်။
စိတ်ညစ်မှုတစ်ခုကို ခံစားလိုက်ရပြီဆိုရင်
နောက်ဆက်တွဲ ဆိုးကျိုးတွေက ကပ်ပါလာတတ်ပါတယ်။
စိတ်ညစ်ရင် အလုပ်မှာ မပျော်ဘူး၊
အလုပ်မှာ မပျော်ရင် အမှားယွင်းများမယ်၊
အလုပ်မှာ မှားယွင်းများတာနဲ့ အလုပ်ရှင်နဲ့ အဆင်မပြေဖြစ်မယ်
အလုပ်ရှင်နဲ့လည်း အဆင်မပြေဘူး
အလုပ်မှာလည်း အမှားယွင်းများမယ်ဆိုရင်
ပျော်ရွင်လာစရာ အကြောင်းက မရှိတော့ပါဘူး။
တကယ်တော့ ပျော်ရွင်မှုဆိုတာက
ဘ၀တက်လမ်းအတွတ် အဓိက လိုအပ်ချက်တစ်ခုပါပဲ။
ပျော်ရွင်မှုမရှိရင် သာယာမှုမရှိဘူး
သာယာမှုမရှိရင် စိတ်မကြည်လင်ဘူး
စိတ်မကြည်လင်တဲ့အခါ စိတ်ညစ်ရမယ်
စိတ်ညစ်ရင် ပျော်ရွင်မှုနဲ့ဝေးပြီ။
အသေးဖွဲလေးတွေကို နေရာတကာ လိုက်ပြီးမခံစားပါနဲ့။
ခြေပလို့ရတဲ့အရာတွေကို ခြေဖျတ်လိုက်ပါ။
တစ်ခါတစ်လေ စိတ်ညစ်တယ်လို့ အမည်ခံထားပေမယ့်
တကယ်တမ်း စိတ်ညစ်စရာတွေက ရေရေရာရာမရှိပါဘူး။
မိမိကိုယ်တိုင် ပျော်ရွင်စွာ နေတတ်ဖို့ကလည်း အရေးကြီးပါတယ်။
ပျော်ရွင်မှုကို မိမိကိုယ်တိုင်ဖန်တီးယူပါ။
တစ်ပါးသူဆီက ပျော်ရွင်မှုက စစ်မှန်တဲ့ပျော်ရွင်မှု မဖြစ်နိုင်ပါဘူး။
ခဏတာ စိတ်သာယာမှုတစ်ခုပါ။
မိမိစိတ်ကို အမြဲ ကြည်လင်လန်းဆန်းအောင်နေနိုင်သူဖြစ်ဖို့
ကြိုးစားရင်း ပျော်ရွင်မှုတွေကို ရှာဖွေလိုက်ပါ......။***
လေးစားစွာဖြင့်
သျှီ(တမာမြေ)
--------------------------
တစ်ခါတစ်လေ ပျော်ရွင်မှုတစ်ခုကို ဖမ်းဆုပ်နိုင်ဖို့အတွက်
တစ်ပါးသူရဲ့ အကူညီတွေ တောင်းနေရတာမျိုးလည်းရှိတတ်
တစ်ခုခုကို မျော်လင့်ချက်ထားပြီး ကိုယ်ထင်သလိုဖြစ်မလာတဲ့အခါ
ပျော်ရွင်ဖို့ ရည်မှန်းရင်း စိတ်ညစ်သွားရတာတွေလည်း ဖြစ်တတ်ပါတယ်။
အဲ့လိုအဖြစ်မျိုးတွေကြုံရရင
စိတ်ညစ်သွားရတတ်ပါတယ်။
မနက်စောစောအချိန်တွေ ပိုဆိုးပါတယ်
တစ်နေ့တာအတွတ် လုပ်ငန်းခွင်မှာ စိတ်မပါတာတွေ
အလုပ်ကို အာရုံမစိုက်မိလို့ အမှားယွင်းတွေလည်း ရှိတတ်ပါတယ်။
စိတ်ညစ်မှုတစ်ခုကို ခံစားလိုက်ရပြီဆိုရင်
နောက်ဆက်တွဲ ဆိုးကျိုးတွေက ကပ်ပါလာတတ်ပါတယ်။
စိတ်ညစ်ရင် အလုပ်မှာ မပျော်ဘူး၊
အလုပ်မှာ မပျော်ရင် အမှားယွင်းများမယ်၊
အလုပ်မှာ မှားယွင်းများတာနဲ့ အလုပ်ရှင်နဲ့ အဆင်မပြေဖြစ်မယ်
အလုပ်ရှင်နဲ့လည်း အဆင်မပြေဘူး
အလုပ်မှာလည်း အမှားယွင်းများမယ်ဆိုရင်
ပျော်ရွင်လာစရာ အကြောင်းက မရှိတော့ပါဘူး။
တကယ်တော့ ပျော်ရွင်မှုဆိုတာက
ဘ၀တက်လမ်းအတွတ် အဓိက လိုအပ်ချက်တစ်ခုပါပဲ။
ပျော်ရွင်မှုမရှိရင် သာယာမှုမရှိဘူး
သာယာမှုမရှိရင် စိတ်မကြည်လင်ဘူး
စိတ်မကြည်လင်တဲ့အခါ စိတ်ညစ်ရမယ်
စိတ်ညစ်ရင် ပျော်ရွင်မှုနဲ့ဝေးပြီ။
အသေးဖွဲလေးတွေကို နေရာတကာ လိုက်ပြီးမခံစားပါနဲ့။
ခြေပလို့ရတဲ့အရာတွေကို ခြေဖျတ်လိုက်ပါ။
တစ်ခါတစ်လေ စိတ်ညစ်တယ်လို့ အမည်ခံထားပေမယ့်
တကယ်တမ်း စိတ်ညစ်စရာတွေက ရေရေရာရာမရှိပါဘူး။
မိမိကိုယ်တိုင် ပျော်ရွင်စွာ နေတတ်ဖို့ကလည်း အရေးကြီးပါတယ်။
ပျော်ရွင်မှုကို မိမိကိုယ်တိုင်ဖန်တီးယူပါ။
တစ်ပါးသူဆီက ပျော်ရွင်မှုက စစ်မှန်တဲ့ပျော်ရွင်မှု မဖြစ်နိုင်ပါဘူး။
ခဏတာ စိတ်သာယာမှုတစ်ခုပါ။
မိမိစိတ်ကို အမြဲ ကြည်လင်လန်းဆန်းအောင်နေနိုင
ကြိုးစားရင်း ပျော်ရွင်မှုတွေကို ရှာဖွေလိုက်ပါ......။***
လေးစားစွာဖြင့်
သျှီ(တမာမြေ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။