ဆိုင်မှာ အလွယ်တကူ ဝယ်စားနိုင်ပေမယ့် အိမ်မှာ လုပ်စားရင် လတ်ဆတ်သန့်ရှင်းပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်တာပေါ့။
ဒီတစ်ခါတော့ ဘဲကင်ပြုလုပ်နည်းလေး တင်ပြလိုက်ပါတယ်။ အိမ်မှာ ပါတီပေးချင်လို့ပဲ ဖြစ်ဖြစ်၊ ဟင်းလျာအဖြစ် စားသုံးလိုလို့ပဲ ဖြစ်ဖြစ် ချက်ပြုတ်တာ ဝါသနာပါတဲ့သူတွေ အိမ်မှာ ကင်စားနိုင်အောင်လို့ပါ။
အချိန်တော့ ကြာတဲ့အတွက် စိတ်တော့ ရှည်ရပါမယ်။ အနံ့အရသာနဲ့ ပြည့်စုံပြီး နူးအိနေတဲ့ ဘဲကင်တစ်ကောင်ရဖို့ ၄ နာရီကြာ ကင်ရပါတယ်။
ဘဲကင်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းများ
(၁) ဘဲတစ်ကောင်
(၂) ပဲငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
(၃) သကြား လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
(၄) ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
(၅) ငရုတ်ကောင်းအနည်းငယ်
(၆) ရှာလကာရည်
(၇) ကြက်သွန်ဖြူ တစ်ဥ
(၈) ပဲငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ဘဲကင်ပြုလုပ်ပုံ အဆင့်ဆင့်
(၁) ဘဲရဲ့ ဝမ်းတွင်း ကလီဇာတွေကို ထုတ်ပြီး ရေဆေးပါ။
(၂) ပြီးရင် လုံးဝခြောက်သွေ့သွားအောင်လုပ်ပါ။ တစ်ရှူးလေးတွေနဲ့ တို့ပြီး ခြောက်သွေ့အေ
င် လုပ်နိုင်ပါတယ်။
(၃) ကြက်သွန်ဖြူနဲ့ ဂျင်းကို သေချာ ညပ်အောင်ထောင်းပြီး ဆားနဲ့ ပဲငံပြာရည်ရောပါ။ ရလာာတဲ့အရည်ကို ဘဲရဲ့ ဝမ်းဗိုက်အတွင်းကို သုတ်လိမ်းပါ။
(၄) ဘဲရဲ့ ပွင့်နေတဲ့ ဗိုက်အပေါက်ဝကို သွားကြားထိုးထံနဲ့ ထိုးပြီး ပိတ်လိုက်ပါ။
play
(၃) ဘဲအရေခွံကို ပုံမှာ ပြထားတဲ့အတိုင်း ဓားထက်ထက်နဲ့ မွှန်းပါ။
play
(၄) ပြီးရင် ဘဲရဲ့ တစ်ကိုယ်လုံး၊ တောင်ပံအောက်လို နေရာတွေပါ အပါအဝင် ဆားနဲ့ ငရုတ်ကောင်း နှံ့အောင် ဖြူးပါ။
play
(၅) ပုံမှာ ပြထားတဲ့အတိုင်း မီးဖိုပေါ်ကို တစ်နာရီခန့် ကင်ပါ။ တစ်နာရီအကြာမှာ အောက်ပါပုံအတိုင်း ဖြစ်သွားတာကို တွေ့ရပါလိမ့်မယ်။
play
(၆) ဘဲရင်အုံပေါ်မှာ မွှန်းထားတဲ့ နေရာတွေကို ဓားထက်ထက်နဲ့ ဖြဲလိုက်ပြီး ရင်အုံပိုင်းကို နောက်ထပ် တစ်နာရီကင်ပါ။
play
(၇) နောက်တစ်ဖက်ကိုလည်း အဲဒီအတိုင်းပြုလုပ်ပြီး နောက်ထပ် တစ်နာရီကင်ပါ။
play
(၈) အဲဒီနည်းအတိုင်း အပြန်ပြန်အလှန်လှန်ကင်ရင်း ဘဲအသားအောက်က အဆီတွေ ထွက်လာရင်တော့ ဘဲကင် ကျက်သွားပါပြီ။
play
(၉) ဘဲကင်ကို အအေးခံပါ။ ပြီးရင် လိုသလို ခုတ်ပိုင်းနိုင်ပါတယ်။
play
(၁၀) အခုလို ပန်းကန်ပြားပေါ်မှာ လှလှပပလေးပြင်ပြီး ထမင်းနဲ့လည်း တွဲဖက်စားနိုင်ပါတယ်။
Credit - Duwun
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။