shared by knight on 30/01/17 - kanaung.net - Education
အမေရိကန်ကလေးက သူ့ဖခင်ကိုမေးတယ်… “ဖေဖေ.. သားတို့မှာ ပိုက်ဆံရှိသလား” ဖခင်ကပြန်ဖြေတယ်…. “ဖေဖေ့မှာ ပိုက်ဆံရှိတယ်၊ သားမှာမရှိဘူး” ဒါကြောင့် အမေရိကန်ကလေးတွေက ငယ်ငယ်လေးကတည်းက ကိုယ်တိုင်ကြိုးစားရမယ်ဆိုတာကို သိတယ်။ ဘိုးဘွားမိဘတွေရဲ့အရိပ်အရာကို ဆက်ဆံပြီးရင်လည်း ဒီလိုပဲ အဆက်ဆက် လက်ဆင့်ကမ်းသွားကြတယ်။ ဒါကြောင့် သူတို့ရဲ့စီးပွားရေးလုပ်ငန်းက ရာစုနှစ်ချီအောင် တည်တံအောင်မြင်တယ်။
ထိုင်ဝမ်ကလေးက သူ့ဖခင်ကိုမေးတယ်…. “ဖေဖေ.. သားတို့မှာ ပိုက်ဆံရှိသလား” ဖခင်ကပြန်ဖြေတယ်…. “ဖေဖေတို့ အရမ်းချမ်းသာတယ်.. ဖေဖေသေသွားရင် ဒီပိုက်ဆံတွေက သားအတွက်ပဲ” ဒီလိုနဲ့ ထိုင်ဝမ်ကချမ်းသာတဲ့ကလေးတွေက ငယ်ငယ်လေးတည်းက အလိုလိုက်ခံရလွန်းလို့ ဆိုးခဲ့တယ်။ ဘာအလုပ်မှ မယ်မယ်ရရမလုပ်ဘဲအဖေတောင်မသေသေးဘူး.. ငွေကို ကြိုက်သလိုဖြုန်းတော့တယ်။ အဖေ့အရိုက်အရာကို ဆက်ခံတော့လည်း မကြာခင် ဒေဝါရီခံရတယ်။
ဒါကြောင့် ရှေးစကားတစ်ခွန်းက ဒီလိုဆိုတယ် “ချမ်းသာတာဟာ မျိုးဆက်၃ဆက် မကူးဘူး”တဲ့။
Credit to: Original Writer
www.searchmyanmar.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။