Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 17, 2017

စိတ်အားထက်သန်ခြင်းသည် အောင်မြင်မှု၏ သော့ချက်


“စိတ်အားထက်သန်မှု မပါပဲ ကြီးကျယ်တဲ့ အောင်မြင်မှုကို မရရှိနိုင်ပါ”လို့ ၁၉ ရာစုက ကဗျာဆရာနဲ့ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ Ralph Waldo Emerson က ဆိုပါတယ်။ အောင်မြင်အောင် ကြိုးစားခဲ့ကြတယ် ဆိုတဲ့ ဖြစ်ရပ်မှန် တွေမှာပဲ ဖြစ်ဖြစ်၊ အောင်မြင်မှု လမ်းညွန် ဆောင်းပါးတွေ မှာပဲ ဖြစ်ဖြစ် စိတ်အားထက်သန်မှု ရှိဖို့ ဆိုတာ မပါမဖြစ်တဲ့ အချက်တစ်ခု အနေနဲ့ ပါလေ့ ရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ဟာ လုံလောက်တဲ့ စိတ်အားထက်သန်မှု ဖြစ်အောင် တွန်းအား မပေးဖြစ်ကြပါဘူး။

စိတ်အားထက်သန်ခြင်းက ဘာကြောင့် အောင်မြင်မှုရဲ့ သော့ချက် ဖြစ်ရပါသလဲ။ အကြောင်းအချက် ၂ ခု ရှိပါတယ်။ ပထမ တစ်ခုက ပျော်ရွှင်မှု ပါ။ စိတ်အားထက်သန်နေတဲ့ လူတစ်ယောက်ဟာ ပျော်ရွှင်နေပါတယ်။ ပျော်ရွှင်နေတဲ့ လူတစ်ယောက်ဟာ ပြဿနာတွေကို ပိုပြီး ကောင်းကောင်းမွန်မွန် ဖြေရှင်း နိုင်ပါတယ်။ ပျော်ရွှင်နေတဲ့ လူတွေမှာ ထိုးထွင်းသိမြင်စိတ် ပိုရှိနိုင်ပါတယ်။
နောက်တစ်ချက်ကတော့ အချိန်ပါ။ တစ်စုံတစ်ရာကို စိတ်အားထက်သန်ပြီး အဲဒီအပေါ်မှာ သုံးစွဲတဲ့ အချိန်ပမာဏပါ။ အဲဒီအချိန်ကလည်း နှစ်မျိုး ရှိပါတယ်။ သတိရှိနေတဲ့ အချိန်နဲ့ သတိမရှိတဲ့ အချိန် ပါ။ သတိရှိနေတဲ့ အချိန် (အသိစိတ်နဲ့ လုပ်တဲ့ အချိန်) ဆိုတာ ကျွန်မတို့ တကယ်တမ်း လက်ရှိ အလုပ်လုပ် နေတဲ့ အချိန်ပါ။ Facebook တို့ Twitter တို့ လို social website တွေမှာ ကျွန်မတို့ အချိန်အကြာကြီး ဖြုန်းနိုင်သလို စိတ်အားထက်သန်သူတွေကလည်း သူတို့ စိတ်အားထက်သန်တဲ့ အလုပ်ပေါ်မှာ အချိန်အကြာကြီး အာရုံစိုက် အလုပ်လုပ်နိုင်ကြပါတယ်။
သတိမရှိတဲ့ အချိန် ဆိုတာကတော့ ကျွန်မတို့ လုပ်ရမယ် ဆိုတဲ့ အသိစိတ်နဲ့ အလုပ်တစ်ခုခု လုပ်နေတဲ့ အချိန် မဟုတ်ပဲ အလိုအလျှောက် လုပ်နေမိတဲ့ ကိစ္စတွေကို ဆိုလိုတာပါ။ ကလေးတွေကို ဂရုစိုက်တာ၊ အားကစားလုပ်တာ၊ အိပ်တာ စတာတွေပါ။ စိတ်အားထက်သန်နေတဲ့ စိတ်က သူလုပ်နေတဲ့ အလုပ်အပေါ်မှာ အချိန်ပို လွတ်လပ်စွာ အလိုအလျှောက် အလုပ်လုပ်ပါတယ်။
အထက်ပါ အချက်နှစ်ချက်ကို ကြည့်ရင် ဘာကြောင့် စိတ်အားထက်သန်မှု ရှိအောင် တွန်းအားပေးသင့်တယ် ဆိုတာ ရှင်တို့ သဘောပေါက်မှာပါ။ စိတ်အားထက်သန်သူတွေဟာ သူတို့ လုပ်နေတဲ့ အလုပ်အပေါ်မှာ သူတို့ ရဲ့ ဦးနှောက်၊ သိစိတ်၊ မသိစိတ် အားလုံးကို အသုံးချပြီး လုပ်တဲ့ အတွက် ရလာဒ်ကောင်းတွေ ပိုရလာပါတယ်။ အဲဒါကြောင့် စုပေါင်း လုပ်ရတဲ့ အလုပ်တစ်ခု အောင်မြင်ဖို့ ဆိုရင်လည်း ကိုယ့်အဖွဲ့ ထဲမှာ ရှိတဲ့ လူတိုင်းကို စိတ်အားထက်သန်မှု ရှိလာအောင် တွန်းအားပေး ပေးဖို့ လည်း လိုပါတယ်။
စိတ်အားထက်သန်နေတဲ့ ရှင်ဟာ ပိုပြီး ပျော်ရွှင်တယ်၊ ပိုပြီး ပြုံးတယ်၊ အကောင်းမြင် အတွေးပဲ တွေးတယ်၊ ရှင်လုပ်နေတဲ့ အလုပ်ကို ရှင်နှစ်သက်နေတယ်။ အဲဒီအခါ ရှင်လုပ်နေတဲ့ အလုပ်ရဲ့ အောင်မြင်မှုဟာ မဝေးတော့ပါဘူး။ စိတ်အားထက်သန်မှုက ရှင့်ကို ကြိုးကြိုးစားစား အလုပ်လုပ်စေပြီး ရှင့် ရည်မှန်းချက် ပြီးမြောက်အောင် အထောက်အပံ့ကောင်း ပေးနေပါတယ်။ အဲဒီအလုပ်ဟာ ရှင့်အနေနဲ့ လုပ်ရမယ့် အလုပ်မို့ လုပ်နေတာ မဟုတ်ပဲနဲ့ ရှင်လုပ်ချင်လို့ကို လုပ်နေတဲ့ အလုပ် ဖြစ်နေလို့ပါ။
စိတ်အားထက်သန်မှုကို လျော့ပါးစေတဲ့ အရာတွေထဲက ၂ ခုကို ပြောပါရစေ။ တစ်ခုကတော့ မလိုအပ်တဲ့ အလုပ်ပါ။ ကျွန်မတို့ ပါးစပ်ကနေ ပြောမိတဲ့ စကားတစ်ခု ရှိပါတယ်။ မလိုအပ်တဲ့ အဆင့်ပဲ၊ အဲလောက်လည်း မလိုပဲနဲ့ လုပ်နေရတယ် စသဖြင့်ပါ။ မလိုအပ်ဘူး လို့ ကျွန်မတို့ ထင်တဲ့ အစိတ်အပိုင်း တစ်ခု ကို လုပ်ရတဲ့ အခါ ကျွန်မတို့ရဲ့ စိတ်အားထက်သန်မှုတွေ လျော့နည်း လာတတ်ပါတယ်။
နောက်တစ်ခုကတော့ Deadline (နောက်ဆုံးရက် သတ်မှတ်ပေးခြင်း) ပါ။ Deadline သတ်မှတ်ပေးခြင်းဟာ စိတ်အားထက်သန်မှုနဲ့ ကိုက်ညီမှု မရှိတဲ့ အရာပါ။ ကျွန်မကိုယ်တိုင်လည်း စာရေးတဲ့အခါ စိတ်ပါတဲ့ အချိန်များမှာ တစ်ဆက်တည်း ရေးလေ့ရှိပြီး ဘယ်နေ့ ပြီးရမယ်လို့ သတ်မှတ်မထားတဲ့ deadline ပေါ်မှာပဲ ရေးလေ့ ရှိပါတယ်။
ဘယ်အချိန် ပြီးရမယ် ဆိုတဲ့ deadline တွေ အပေါ်မှာ အလုပ်လုပ်ရတဲ့အခါ စိတ်ဖိစီးမှုတွေ ဖြစ်လာနိုင်ပြီး အဲဒီလို စိတ်ဖိစီးမှုတွေက ကိုယ့်ရဲ့ လုပ်နိုင်စွမ်းအားကို ကျဆင်း စေပါတယ်။ Deadline သတ်မှတ်ထားတဲ့ အပေါ် လုပ်ရတဲ့အခါ ကိုယ့်ရဲ့ အကောင်းဆုံး လုပ်ဆောင်ချက် ရတဲ့အထိ မလုပ်နိုင်တော့ပဲ ဒီအချိန် ပြီးဖို့ အတွက်ဆို ဒီလောက်ပဲ ဆိုပြီး သတ်မှတ်ရက် ပြီးစီးရေး အဓိကထားပြီး တော်ရုံတန်ရုံသာ လုပ်တတ်ကြပါတယ်။
စိတ်အားထက်သန်မှု ရဲ့ စွမ်းအားကို ထုတ်ဖော်ဖို့ အတွက် အရေးကြီးတဲ့ အဆင့် သုံးဆင့် ရှိပါတယ်။ ပထမ အဆင့်က စိတ်ဝင်စားမှု (Interest) ပါ။ ကိစ္စရပ် တစ်ခုခုနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု၊ သိချင်စိတ် ရှိရပါမယ်။ ရှင့် အလုပ် အပေါ်မှာ စိတ်အားထက်သန်ဖို့ ဆိုရင် အဲဒီအလုပ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုရှိရပါမယ်။ ရှင့် အလုပ်ရဲ့ အရာတိုင်းကို သိချင်စိတ် ရှိနေရပါမယ်။ အဲဒီအတွက် အလုပ်အားချိန် တွေမှာလည်း ရှင် သိချင်တာတွေကို ဖတ် မှတ်၊ လေ့လာ နေရပါမယ်။
ဒုတိယ အဆင့်က ဗဟုသုတ (Knowledge) ရှိရပါမယ်။ လူ အများစုက တစ်ချို့ ကိစ္စရပ်တွေမှာ စိတ်ဝင်စားမှုတော့ ရှိပါတယ်။ ဒါပေမယ့် လေ့လာဖို့ မကြိုးစားကြပါဘူး။ စိတ်အားထက်သန်မှု ဖြစ်လာအောင်အထိ ဗဟုသုတ ဖြစ်စရာတွေ ဘယ်အခါမှ ရမလာတတ်ကြပါဘူး။ ရှင် တစ်စုံတစ်ခုကို စိတ်ဝင်စားတယ် ဆိုရင် အဲဒါနဲ့ ပတ်သက်ပြီး ပိုသိလာစေမယ့် ဗဟုသုတ ဖြစ်စရာတွေကို ရှာဖွေ လေ့လာရပါမယ်။
တတိယအဆင့်က ယုံကြည်မှု (Belief) ပါ။ ယုံကြည်ချက်က သင့်ရဲ့ ရိုးရှင်းတဲ့ သတင်းအချက်အလက် တွေက လာတဲ့ ဗဟုသုတ အဆင့်ကနေ ခံစားချက်နဲ့ လုပ်ဆောင်မှု စတင်လာအောင် ပြောင်းလဲပေးနိုင်ပါတယ်။ အဲဒါဟာ စိတ်အားထက်သန်မှုကို မွေးဖွားလာစေတာပါ။
ကိစ္စရပ်တစ်ခုနဲ့ ပတ်သက်ပြီး လုံလုံလောက်လောက် မသိသေးပေမယ့် ရှင် ဒါကို ယုံကြည်တာမျိုး ရှိတတ်တယ်။ တစ်စုံတစ်ရာကို ယုံကြည်လာစေဖို့က ရှင့်မှာ ရှိတဲ့ ဗဟုသုတကို မှန်ကန်မှု ရှိမရှိ အဲဒီ အရာ အပေါ်မှာ စမ်းသပ်ကြည့်ဖို့ပါပဲ။ မှန်ကန်မှုကို တွေ့လာတဲ့အခါ ယုံကြည်လာမယ်။ အဲဒီ ယုံကြည်မှုက ရှင့်ကို စိတ်အားထက်သန်မှုကို တွန်းအားပေးတဲ့ ပြင်းပြတဲ့ ခံစားမှုနဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်လာစေပါတယ်။
စိတ်အားထက်သန်ခြင်းက အောင်မြင်မှု ရလာဒ်ဆီ ရောက်ဖို့အတွက် အားဖြည့်ပေးတဲ့ စွမ်းအင် တစ်ခု ဖြစ်ပါတယ်။ ရှင့်မှာ ကြီးကျယ်တဲ့ စိတ်ကူးတွေ၊ ရည်မှန်းချက်တွေ အောင်မြင်ဖို့၊ ကြီးကျယ်တဲ့ ဘဝကို ရရှိဖို့ ဆိုရင် ရှင်လုပ်သမျှ အရာတိုင်းကို စိတ်အားထက်သန်စွာ အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။
လူအများစုက တစ်စုံတစ်ရာအပေါ်မှာ စိတ်အားထက်သန်မှု ဖြစ်လာဖို့ကို စောင့်စား နေကြပါတယ်။ ဒါပေမယ့် စိတ်အားထက်သန်မှုက သူတို့ ဆီ ရောက်မလာပါဘူး။ အဲဒါက ဖန်တီးယူမှ ရတဲ့ အရာပါ။ ကျွန်မတို့ရဲ့ ဘဝမှာ အဲဒီလို စိတ်အားထက်သန်မှုကို ဖန်တီးရယူဖို့ အတွက် ကျွန်မတို့မှာပဲ တာဝန်ရှိပါတယ်။ အဲဒါကသာ ကျွန်မတို့ရဲ့ အိပ်မက်တွေကို ဖြည့်ဆည်းပေးပြီး ကျွန်မတို့ရဲ့ အနာဂါတ်ကို ပြီးပြည့်စုံ စေနိုင်မှာပါ။
Credit to သိင်္ဂါကျော်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။