Aung Khin Myo
" အရောင်းပညာအခြေခံ "
အရောင်းတာဝန်ခံသည်ဝယ်မည့်သူအားမည်ကဲ့သို့သောကုန်ပစ္စည်းတို့ကိုတင်ပြရမည်ကိုသိရှိပြီးဖြစ်ရလိုပါ သည်။ ၄င်းကုန်ပစ္စည်းကို တင်ပြရန် ၄င်းကုန်ပစ္စည်းအကြောင်း product knowledge ကိုသိထားရပါ လိမ့် မယ်။ potential demand ၀ယ်ယူမည့်အလားအလာရှိသူ အမျိုးအ စားနှင့် အကျိုးသက်ရောက်မှုရောင်းချနည်း effective selling method ကို လည်းအခြေခံသဘောတရားများ အဖြစ်သိထားရန်လိုအပ်ပါသည် ။
၁။ ကုန်ပစ္စည်းအကြောင်းကိုသိရှိနားလည်ထားခြင်း Product Knowledge
ကုန်ရောင်းတာဝန်ခံသည် ကုန်ပစ္စည်း၏ အကျိုး/အပြစ် များနှင့် တကွ အသုံးဝင်ပုံတို့ကိုနားလည်ထားရန်လိုပါသည်။ ၄င်းကုန်ပစ္စည်းရဲ့ပြိုင်ဖက်ပစ္စည်းတွေရဲ့အကျိုး/အပြစ်တွေကိုလည်း တတ်နိုင်သလောက်သိရှိထားရန်လိုအပ်ပါသည်။ကုန်ပစ္စည်းအကြောင်းကိုကုန်ရောင်းသူက သိနားလည်ထားမှသာလျှင် ကုန်ရောင်းချရာတွင် အထမြောက်အောင်မြင်ပါလိမ့်မည်။ဒါကြောင့်ပထမဦးစွာ ဗဟုသုတ အနေဖြင့် မိမိရောင်းချမည့်product အကြောင်းကိုစုံစုံ လင်လင်သိထား ဖို့ အထူးလိုအပ်လှပါသည် ။ကိုယ်စီးတဲ့မြင်း အထီး/အမတော့သိအောင်လုပ်ပါ။
၂။ဝယ်သူများရဲ့အကြောင်းကိုသိရှိနားလည်ထားခြင်း customer behaviour
Research သုတေသနပြုခြင်းဖြင့် ၀ယ်ယူသူများရဲ့ အခြေအနေနှင့် အမျိုးအစားကိုသိနားလည်နိုင်ပါတယ်။ဒါ့အပြင်ကုန်ရောင်းတာဝန်ခံသည်ကုန်ဝယ်သူ၏သဘောထားကိုသေချာကျနစွာတီးခေါက်မိဖို့လည်းလိုပါ တယ်။ကုန်ရောင်းသူနှင့်ကုန်ဝယ်သူတို့၏ ဆက်ဆံမှုမှာကုန်ဝယ် သူရဲ့ လိုအပ်အင်ဆန္ဒအရလိုက်လျောအဆင်ပြေသောဆက်ဆံမှုရှိသင့်တာပေါ့။ကိုယ်လျှောက်မဲ့လမ်းကကြမ်းသလား/ချောမွေ့ပြောပြစ်မှုရှိနိုင်သလားဆိုတာလည်း
လေ့လာထားအုံး။
၃။ဈေးရောင်းနည်းကိုသိရှိနားလည်ခြင်း selling method
အရောင်းသမားတစ်ယောက်ဟာ ဈေးရောင်းနည်းတွေကို ပိုင်ပိုင်နိုင်နိုင် သိဖို့လိုပါတယ်။သင်တန်းဆင်းပြီးတဲ့ စနစ်တကျလေ့ကျင့်သင်ယူပြီးတဲ့ အရောင်းသမားတစ်ယောက်ဟာ ကုန်ပစ္စည်းကိုရောင်းချရာတွင် အခြေခံအဆင့်များကိုလည်းကောင်း၊လုပ်ကိုင်ရမည့်အလုပ်တို့ကို လည်းကောင်း သိနားလည်ပြီးဖြစ်ရန်လိုအပ်ပါတယ်။ ဘယ်လိုလျှောက်လှမ်းမယ်ဆိုတာလည်းကြိုတွေးထား။ လမ်းချောရင်မြန်မြန်လျောက်မယ်၊လမ်းကြမ်းရင်လည်း အချိန်မှီရောက်ဖို့အတွက် ဘယ်လိုအထောက်အကူပြုပစ္စည်းတွေသုံး မလဲဆိုတာ လည်းကြိုတွေးထားပါ။ အဲဒီ့အလုပ်တွေကတော့-
(က) ၀ယ်မည့်သူရဲ့စိတ်ကိုဆွဲဆောင်နိုင်ခြင်း။ Attracting Power ၀ယ်ယူမည့်သူရဲ့စိတ်ကိုရောင်းချမည့်ကုန်ပစ္စည်းဆီသို့ရောက်ရှိကိုင်း ညွတ်လာအောင်လုပ်ဆောင်ခြင်းသည်ပထမအချက်ဖြစ်ပါတယ်။
(ခ)စိတ်ဝင်စားလာအောင်နှိုးဆွပေးနိုင်ခြင်း။ Agitating Power ၀ယ်ယူမည့်သူရဲ့စိတ်ကိုဆွဲဆောင်၍ ရပြီးသည့်နောက်၎င်းရဲ့ စိတ်ဝင်စားမှုကိုနှိုးဆွပေး၍ အသေးစိတ်အချက်အလက်များ ကိုပြောပြခြင်းခြင့်မိမိ၏ကုန်ပစ္စည်းသို့မဟုတ်ဆောင်ရွက်မှုတို့ကိုဝယ် ချင်လာအောင်ပြုလုပ်ပေးနိုင်ရပါလိမ့်မယ်။
(ဂ)လိုအင်ဆန္ဒဖြစ်ပေါ်လာအောင်နှိုးဆော်ခြင်း။ Motivation Power ကုန်ပစ္စည်းသို့မဟုတ်ဆောင်ရွက်မှုများကိုတင်ပြရာမှာ တဆင့်တက်၍ ၄င်းတို့၏ အကျိုးအာနိသင်များကိုပြောပြခြင်းဖြင့် ၀ယ်သူရင်ထဲတွင် ၀ယ်လိုသော ဆန္ဒပေါ်ပေါက်လာသည်အထိလှုံ့ဆော်ပေးရပါမည်။
(ဃ) တကယ်ဝယ်သူသွားသည်အထိကြိုးပမ်းခြင်း။ Attempting Power အရောင်းသမားများရဲ့ ရည်ရွယ်ချက်ကတော့ ၀ယ်မည့်သူအား ကုန်ပစ္စည်းကိုဝယ်ယူစေရေးဖြစ်၍ ကုန်ပစ္စည်းကိုဝယ်ယူသွားသည့် အဆင့်ထိရောင်အောင်ကြိုးပမ်းရပါမည်။ဒီအကြောင်းအရာနဲ့ပါတ် သတ်ပြီးသတိထားဖို့လိုတာကတော့ ကိုယ်တိုင်ကိုယ်ကျရောင်းချရာမှာ ကုန်ဝယ်သူကလိုချင်တဲ့ ပစ္စည်းတစ်ခုကိုသူ့ဆန္ဒအရ ၀ယ်ယူသွားခြင်း သာဖြစ်ဖို့အင်မတန်မှအရေးကြီးပါတယ်။ဇွတ်အတင်းရောင်းလို့ မကြိုက်ပဲနဲ့ဝယ်သွားရခြင်းမျိုးမဖြစ်ရန်အထူးလိုအပ်ပါတယ်။ ၀ယ်ကိုဝယ်ရမယ်ဆိုတဲ့စိတ်ဓါတ်မျိုးထားဖို့အင်မတန်မရေးကြီးတယ်။အဲဒါ self confidence ပဲ။
(င)နောက်ဆုံးတစ်ချက်ကတော့After sale ပေါ့။ ၀ယ်ယူပြီးတဲ့ customer ကိုပြီးရင်ပြီးရောလုပ်လို့မရပြန်ဘူး။ မိမိတို့ရောင်းကုန်/ ၀န်ဆောင်မှုအပေါ်မှာဘယ်လောက်အထိကျေနပ်အားရမှုရှိသလဲဆိုတာကိုလည်းစမ်းစစ်ဖို့လိုသလို၊မိမိတို့ဘက်ကလည်း အဲဒီ့ customer ကို ထာဝရဖောက်သည်ဖြစ်သည်အထိဆက်လက် လုပ်ဆောင်နိုင်ဖို့က လည်းအရေးကြီးပြန်တယ်။
ဆက်လက်ဖော်ပြပါအုံးမည်။
အောင်ခင်မျိုး (Future Aims)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။