#မျှော်လင့်ချက်ကိုယ်စီ
++++++++++++++
ကျွန်တော့်ကို စာဖတ်သူတစ်ယောက်က မေးလာပါတယ် … သူကို လစာမတိုးဘဲ သူဌေးက နောက်မှ ဝင်လာတဲ့ တစ်ယောက်ကို လစာတိုးပေးလိုက်ပါတယ် … သူ့ကိုတော့ ဘောနပ် ပေးမယ်လို့ ပြောပါတယ် … အဲဒါကို မကျေနပ်လို့ အလုပ်ထွက်တော့မယ် …. ဆိုပြီးတော့ တိုင်ပင်ပါတယ် …
တစ်ချို့တွေကျတော့ ရာထူးတိုးပေးတယ် လစာမတိုးပေးဘူး … တစ်ချို့တွေကျပြန်တော့ ရာထူးတော့ မတိုးဘူး တာဝန်တွေ တိုးလာတယ် … စသည် စသည်ဖြင့် … လုပ်ငန်းခွင် ပြဿနာ တွေ တော်တော်များများ တွေ့ရပါတယ် …
လူတွေဟာ ဘာကြောင့် အလုပ်လုပ်ကြလဲ …. အခြေခံအကျဆုံးကတော့ စားဝတ်နေရေးကြောင့် ဖြစ်ပါတယ် … ကိုယ်စီကိုယ်စီမှာ ဒီထက်ပိုပြီးတော့ တိကျတဲ့ ရည်ရွယ်ချက်တွေ ရှိကြပါလိမ့်မယ် …
အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် နံပါတ် (၁) တော်တော်များများက လစာကို ကြည့်ကြ ပါလိမ့်မယ်။
ကျွန်တော် အရင်တုန်းက ပြောဖူးသလိုပဲ … အလုပ်တစ်ခုမှာ ဥစ္စာ၊ ပညာ၊ နေရာ တစ်ခုခုတော့ ရသင့်ပါတယ် … အဲဒီ (၃) ခုထဲက တစ်ခုခုမှ မရဘူးဆိုရင် ရေရှည်မနေသင့်တော့ပါဘူး … နောက်တစ်ခုက အဲဒီ (၃) ခုထဲက တစ်ခုခု ရတယ်ဆိုရင်လည်း ဒီထက်ပိုပြီး တက်လမ်းမရှိတော့ဘူးဆိုရင် နောက်ထပ် စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့ … ဒီထက် အောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ နေရာ ပတ်ဝန်းကျင် စသည်ဖြင့် တစ်ခုခုကို ပြောင်းလဲ ကြိုးစားသင့်ပါတယ် … ။
တစ်ချို့ချို့တွေက လစာများတာကို ကြိုက်တယ် … တစ်ချို့တစ်ချို့တွေက ငွေရေးကြေးရေး ပြည့်စုံကြတယ် ဂုဏ်တစ်ခုအနေနဲ့ လာလုပ်ကြတယ် … တစ်ချို့ချို့တွေက ပညာတစ်ခုခု ရဖို့အတွက် အလုပ်လုပ်ကြတယ် … အဲဒီအချိန်မှာ ဘဝရပ်တည်ရေးအတွက် ကြိုးစား ငွေရှာနေတဲ့ ဝန်ထမ်းမျိုးကို ရာထူးတိုးပေးလည်း သူကြိုက်မှာ မဟုတ်သလို … ငွေရေးကြေးရေး ပြည့်စုံပြီး ဂုဏ်တစ်ခု အတွက် အလုပ်လာလုပ်တဲ့ သူကို ရာထူးမတိုးဘဲ လစာတိုးပေးလိုက်ရင် ကြိုက်မှာ မဟုတ်ပါဘူး .... ။ ထို့အတူ ပညာလိုချင်လို့ လာလုပ်တဲ့သူကို ဘာမှ မသင်ပြရင် ပျော်မှာ မဟုတ်ပါဘူး … ။
နောက်တစ်ခုက လုပ်ငန်းခွင် နေရာချထားမှု အလွဲတွေပါ … စီမံခန့်ခွဲမှုအပိုင်းက နေရာချထားမှု အလွဲတွေရှိသလို … တစ်ချို့တွေကျတော့လည်း အခြေအနေတစ်ခုကြောင့် အဆင်ပြေရာမှ ဝင်လုပ်ရင်း ကိုယ့်ရဲ့အနေအထားနဲ့ လုပ်ငန်းသဘာဝ မကိုက်ညီတာတွေလည်း ဖြစ်တတ်ပါတယ် … ။ အဲဒီလိုတွေ မကိုက်ညီတဲ့ အခါ ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေ အပြည့်အဝ မပေါ်နိုင်သလို လုပ်ငန်းမှာလည်း သိပ်ပြီးတော့ အစေးမကပ်နိုင်ပဲ … တာဝန်ကျေ ဆိုတဲ့ အနေအထားလောက်နဲ့ ရပ်နေတတ်ပါတယ် … ။
အရင်တုန်းက ပြောဖူးတဲ့ ဘဲပုံပြင်ကို ဗားရှင်းပြောင်းပြီး ပြောချင်ပါတယ် … ။ မူလဗားရှင်းက ဒီလိုပါ ..
တစ်ခါတုန်းက တောအုပ်ကြီးထဲမှာ … ဘဲတစ်ကောင်ရယ် … ငါးတစ်ကောင်ရယ် … မြင်းတစ်ကောင်ရယ် … ငှက်တစ်ကောင်ရယ် … ရှိကြတယ် … ငါးက ရေမှာကူးတယ် … မြင်းက ကုန်းမှာ ပြေးတယ် … ငှက်က လေထဲမှာ ပျံတယ် … ဘဲကတော့ ရေလည်း ကူးတတ်တယ် … ကုန်မှာလည်း ပြေးနိုင်တယ် … လေပေါ်လည်း ပျံနိုင်တယ် … အမှတ်တမဲ့ကြည့်လိုက်ရင် … ဘဲက ဘက်စုံတော်တယ်လို့ ထင်ရပေမယ့် တကယ်တန်း သေသေချာချာ ကြည့်တော့ ဘဲဟာ ပြေးတော့လည်း မြင်းလောက် မပြေးနိုင် … ပျံတော့လည်း ငှက်လောက် မပျံနိုင် … ရေကူးတော့လည်း ငါးလောက် မကူးတတ် … ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဘယ်နေရာမှ Professional မဖြစ်ပါဘူး … (လူငယ်တွေလည်း ဘဲလိုပဲ ဟိုသင်တန်းတက် … ဒီသင်တန်းတက် … လက်မှတ်တွေ စုပြီး ဘာကို သေသေချာချာ တက်လဲဆိုရင် ဘာမှ သေသေချာချာ မတတ်ဘဲ ဟိုလိုလို ဒီလိုလို ဖြစ်နေတတ်ကြပါတယ် … ) … အသေးစိတ်ကိုတော့ “မြန်မာလူငယ်တွေ ဘဲမဖြစ်ကြစေချင်” စာစုမှာ ဖတ်နိုင်ပါတယ် … ။
ခု အဲဒီပုံပြင်ကို ဗားရှင်း နည်းနည်းပြောင်းပါရစေ …
လေမှာ ပျံတဲ့ ငှက်ကို ရေထဲ ဆင်းကူးခိုင်းရင် …. မြေပေါ်လမ်းလျှောက်ခိုင်းရင် …
ကုန်းမှာ ပြေးတဲ့ မြင်းကို လေပေါ် ပျံခိုင်းရင် … ရေဆင်းကူးခိုင်းရင် …
ရေထဲက ငါးကို ကုန်းပေါ်တင်လိုက်ရင် … လေပေါ် ပျံခိုင်းရင် ….
စာဖတ်သူများ စဉ်းစားကြည့်ကြပါ … ဘာတွေ ဖြစ်ကုန်မလဲ …
ရုံးမှာထိုင်နေချင်တဲ့ သူကို Marketing ဆင်းခိုင်းတဲ့အခါ … အပြင်ထွက်ပြီး လူတွေနဲ့ ဆက်ဆံရတာကို ကြိုက်တဲ့ သူမျိုးကို စာရင်းကိုင် ခန့်ထားတဲ့အခါ … (ဒါမှမဟုတ်) ပင်ကိုယ်က အေးတဲ့ စကားနည်းတဲ့ လူတွေနဲ့ စကားအများကြီး မပြောတတ်တဲ့ သူက အရောင်းဝန်ထမ်း အလုပ် လုပ်မိတဲ့ အခါ … စတဲ့ စတဲ့ အဖြစ်အပျက်မျိုးတွေဟာ လုပ်ငန်းခွင်မှာ လုပ်အား ဆုံးရှုံးမှု တွေ ဖြစ်တတ်ပါတယ် …
ဒါကြောင့် ကိုယ့်ရဲ့ မျှော်မှန်းချက်နဲ့ ဖြစ်စေ … ကိုယ့်ရဲ့ သဘော သဘာဝနဲ့ ဖြစ်စေ … မကိုက်ညီတဲ့ အလုပ်မျိးတွေကို မလုပ်ချင်ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ဆက်လုပ်နေရ တဲ့အခါ … အလုပ်ရှင်အတွက်ရော … ဝန်ထမ်းအတွက်ရော နှစ်ဦးနှစ်ဖက် ဆုံးရှုံးပါတယ် …
ကိုယ့်ရဲ့ မျှော်လင့်ချက် … မျှော်မှန်းချက် နဲ့ မကိုက်ညီတဲ့ အလုပ်ဆိုရင် .. အမြန်ဆုံး သင့်တော်တဲ့ နေရာကို ပြောင်းလိုက်တာ အကောင်းဆုံးပါ … ဒါပေမယ့် “ရုံးထွက်ချင်ရင် SPACE လိုတယ်” စာစုမှာ ရေးထားတဲ့ ထည့်သွင်း စဉ်းစားသင့်တဲ့ အချက်တွေကိုတောာ့ သေသေချာချာ စဉ်းစားပါ … သုံးသတ်ပါ … သေချာပြီးဆိုရင် … ရဲရဲဝံ့ဝံ့ ဆုံးဖြတ်လိုက်ပါ ….
ဆုံးဖြတ်ပြီးရင်တော့ ဖြစ်အောင် လုပ်ပါ လို့ တိုက်တွန်းလိုက်ပါတယ် ….
ဆန္ဒနဲ့ ဘဝ တစ်ထပ်တည်းကျပြီး ပျော်ရွှင် အောင်မြင်သော ဘဝ ကိုယ်စီကို ပိုင်ဆိုင်နိုင်ကြပါစေ…
အောင်ကိုဦး(UMK)
Be the Best !
Credit. Original writing
++++++++++++++
ကျွန်တော့်ကို စာဖတ်သူတစ်ယောက်က မေးလာပါတယ် … သူကို လစာမတိုးဘဲ သူဌေးက နောက်မှ ဝင်လာတဲ့ တစ်ယောက်ကို လစာတိုးပေးလိုက်ပါတယ် … သူ့ကိုတော့ ဘောနပ် ပေးမယ်လို့ ပြောပါတယ် … အဲဒါကို မကျေနပ်လို့ အလုပ်ထွက်တော့မယ် …. ဆိုပြီးတော့ တိုင်ပင်ပါတယ် …
တစ်ချို့တွေကျတော့ ရာထူးတိုးပေးတယ် လစာမတိုးပေးဘူး … တစ်ချို့တွေကျပြန်တော့ ရာထူးတော့ မတိုးဘူး တာဝန်တွေ တိုးလာတယ် … စသည် စသည်ဖြင့် … လုပ်ငန်းခွင် ပြဿနာ တွေ တော်တော်များများ တွေ့ရပါတယ် …
လူတွေဟာ ဘာကြောင့် အလုပ်လုပ်ကြလဲ …. အခြေခံအကျဆုံးကတော့ စားဝတ်နေရေးကြောင့် ဖြစ်ပါတယ် … ကိုယ်စီကိုယ်စီမှာ ဒီထက်ပိုပြီးတော့ တိကျတဲ့ ရည်ရွယ်ချက်တွေ ရှိကြပါလိမ့်မယ် …
အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် နံပါတ် (၁) တော်တော်များများက လစာကို ကြည့်ကြ ပါလိမ့်မယ်။
ကျွန်တော် အရင်တုန်းက ပြောဖူးသလိုပဲ … အလုပ်တစ်ခုမှာ ဥစ္စာ၊ ပညာ၊ နေရာ တစ်ခုခုတော့ ရသင့်ပါတယ် … အဲဒီ (၃) ခုထဲက တစ်ခုခုမှ မရဘူးဆိုရင် ရေရှည်မနေသင့်တော့ပါဘူး … နောက်တစ်ခုက အဲဒီ (၃) ခုထဲက တစ်ခုခု ရတယ်ဆိုရင်လည်း ဒီထက်ပိုပြီး တက်လမ်းမရှိတော့ဘူးဆိုရင် နောက်ထပ် စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့ … ဒီထက် အောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ နေရာ ပတ်ဝန်းကျင် စသည်ဖြင့် တစ်ခုခုကို ပြောင်းလဲ ကြိုးစားသင့်ပါတယ် … ။
တစ်ချို့ချို့တွေက လစာများတာကို ကြိုက်တယ် … တစ်ချို့တစ်ချို့တွေက ငွေရေးကြေးရေး ပြည့်စုံကြတယ် ဂုဏ်တစ်ခုအနေနဲ့ လာလုပ်ကြတယ် … တစ်ချို့ချို့တွေက ပညာတစ်ခုခု ရဖို့အတွက် အလုပ်လုပ်ကြတယ် … အဲဒီအချိန်မှာ ဘဝရပ်တည်ရေးအတွက် ကြိုးစား ငွေရှာနေတဲ့ ဝန်ထမ်းမျိုးကို ရာထူးတိုးပေးလည်း သူကြိုက်မှာ မဟုတ်သလို … ငွေရေးကြေးရေး ပြည့်စုံပြီး ဂုဏ်တစ်ခု အတွက် အလုပ်လာလုပ်တဲ့ သူကို ရာထူးမတိုးဘဲ လစာတိုးပေးလိုက်ရင် ကြိုက်မှာ မဟုတ်ပါဘူး .... ။ ထို့အတူ ပညာလိုချင်လို့ လာလုပ်တဲ့သူကို ဘာမှ မသင်ပြရင် ပျော်မှာ မဟုတ်ပါဘူး … ။
နောက်တစ်ခုက လုပ်ငန်းခွင် နေရာချထားမှု အလွဲတွေပါ … စီမံခန့်ခွဲမှုအပိုင်းက နေရာချထားမှု အလွဲတွေရှိသလို … တစ်ချို့တွေကျတော့လည်း အခြေအနေတစ်ခုကြောင့် အဆင်ပြေရာမှ ဝင်လုပ်ရင်း ကိုယ့်ရဲ့အနေအထားနဲ့ လုပ်ငန်းသဘာဝ မကိုက်ညီတာတွေလည်း ဖြစ်တတ်ပါတယ် … ။ အဲဒီလိုတွေ မကိုက်ညီတဲ့ အခါ ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေ အပြည့်အဝ မပေါ်နိုင်သလို လုပ်ငန်းမှာလည်း သိပ်ပြီးတော့ အစေးမကပ်နိုင်ပဲ … တာဝန်ကျေ ဆိုတဲ့ အနေအထားလောက်နဲ့ ရပ်နေတတ်ပါတယ် … ။
အရင်တုန်းက ပြောဖူးတဲ့ ဘဲပုံပြင်ကို ဗားရှင်းပြောင်းပြီး ပြောချင်ပါတယ် … ။ မူလဗားရှင်းက ဒီလိုပါ ..
တစ်ခါတုန်းက တောအုပ်ကြီးထဲမှာ … ဘဲတစ်ကောင်ရယ် … ငါးတစ်ကောင်ရယ် … မြင်းတစ်ကောင်ရယ် … ငှက်တစ်ကောင်ရယ် … ရှိကြတယ် … ငါးက ရေမှာကူးတယ် … မြင်းက ကုန်းမှာ ပြေးတယ် … ငှက်က လေထဲမှာ ပျံတယ် … ဘဲကတော့ ရေလည်း ကူးတတ်တယ် … ကုန်မှာလည်း ပြေးနိုင်တယ် … လေပေါ်လည်း ပျံနိုင်တယ် … အမှတ်တမဲ့ကြည့်လိုက်ရင် … ဘဲက ဘက်စုံတော်တယ်လို့ ထင်ရပေမယ့် တကယ်တန်း သေသေချာချာ ကြည့်တော့ ဘဲဟာ ပြေးတော့လည်း မြင်းလောက် မပြေးနိုင် … ပျံတော့လည်း ငှက်လောက် မပျံနိုင် … ရေကူးတော့လည်း ငါးလောက် မကူးတတ် … ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဘယ်နေရာမှ Professional မဖြစ်ပါဘူး … (လူငယ်တွေလည်း ဘဲလိုပဲ ဟိုသင်တန်းတက် … ဒီသင်တန်းတက် … လက်မှတ်တွေ စုပြီး ဘာကို သေသေချာချာ တက်လဲဆိုရင် ဘာမှ သေသေချာချာ မတတ်ဘဲ ဟိုလိုလို ဒီလိုလို ဖြစ်နေတတ်ကြပါတယ် … ) … အသေးစိတ်ကိုတော့ “မြန်မာလူငယ်တွေ ဘဲမဖြစ်ကြစေချင်” စာစုမှာ ဖတ်နိုင်ပါတယ် … ။
ခု အဲဒီပုံပြင်ကို ဗားရှင်း နည်းနည်းပြောင်းပါရစေ …
လေမှာ ပျံတဲ့ ငှက်ကို ရေထဲ ဆင်းကူးခိုင်းရင် …. မြေပေါ်လမ်းလျှောက်ခိုင်းရင်
ကုန်းမှာ ပြေးတဲ့ မြင်းကို လေပေါ် ပျံခိုင်းရင် … ရေဆင်းကူးခိုင်းရင် …
ရေထဲက ငါးကို ကုန်းပေါ်တင်လိုက်ရင် … လေပေါ် ပျံခိုင်းရင် ….
စာဖတ်သူများ စဉ်းစားကြည့်ကြပါ … ဘာတွေ ဖြစ်ကုန်မလဲ …
ရုံးမှာထိုင်နေချင်တဲ့ သူကို Marketing ဆင်းခိုင်းတဲ့အခါ … အပြင်ထွက်ပြီး လူတွေနဲ့ ဆက်ဆံရတာကို ကြိုက်တဲ့ သူမျိုးကို စာရင်းကိုင် ခန့်ထားတဲ့အခါ … (ဒါမှမဟုတ်) ပင်ကိုယ်က အေးတဲ့ စကားနည်းတဲ့ လူတွေနဲ့ စကားအများကြီး မပြောတတ်တဲ့ သူက အရောင်းဝန်ထမ်း အလုပ် လုပ်မိတဲ့ အခါ … စတဲ့ စတဲ့ အဖြစ်အပျက်မျိုးတွေဟာ လုပ်ငန်းခွင်မှာ လုပ်အား ဆုံးရှုံးမှု တွေ ဖြစ်တတ်ပါတယ် …
ဒါကြောင့် ကိုယ့်ရဲ့ မျှော်မှန်းချက်နဲ့ ဖြစ်စေ … ကိုယ့်ရဲ့ သဘော သဘာဝနဲ့ ဖြစ်စေ … မကိုက်ညီတဲ့ အလုပ်မျိးတွေကို မလုပ်ချင်ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့်
ကိုယ့်ရဲ့ မျှော်လင့်ချက် … မျှော်မှန်းချက် နဲ့ မကိုက်ညီတဲ့ အလုပ်ဆိုရင် .. အမြန်ဆုံး သင့်တော်တဲ့ နေရာကို ပြောင်းလိုက်တာ အကောင်းဆုံးပါ … ဒါပေမယ့် “ရုံးထွက်ချင်ရင် SPACE လိုတယ်” စာစုမှာ ရေးထားတဲ့ ထည့်သွင်း စဉ်းစားသင့်တဲ့ အချက်တွေကိုတောာ့ သေသေချာချာ စဉ်းစားပါ … သုံးသတ်ပါ … သေချာပြီးဆိုရင် … ရဲရဲဝံ့ဝံ့ ဆုံးဖြတ်လိုက်ပါ ….
ဆုံးဖြတ်ပြီးရင်တော့ ဖြစ်အောင် လုပ်ပါ လို့ တိုက်တွန်းလိုက်ပါတယ် ….
ဆန္ဒနဲ့ ဘဝ တစ်ထပ်တည်းကျပြီး ပျော်ရွှင် အောင်မြင်သော ဘဝ ကိုယ်စီကို ပိုင်ဆိုင်နိုင်ကြပါစေ…
အောင်ကိုဦး(UMK)
Be the Best !
Credit. Original writing

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။