သမိုင်းတန်ဖိုးအလွန်ကြီးပါသ ည်။ ရောင်းမစားပါစေနှင့်
-------------------------- -------------
မကွေးမြို့နယ် ပေပင်စမ်းကျေးရွာတွင် နှစ်ပေါင်းတစ်သန်းကျော် သက်တမ်းရှိ အရှည် ပေ ၁၀၀ ကျော်နှင့် လုံးပတ် ၁၅ ပေရှိ အင်ကြင်းပင် ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခု တူးဖော်တွေ့ရှိ
========================== =======
မကွေးမြို့နယ် ပေပင်စမ်းအုပ်စု ပေပင်စမ်းကျေးရွာ အနောက်ဘက်ရေကန်နှင့် သုသာန်အကြား လှည်းလမ်းကို ကန့်လန့်ဖြတ်၍ နှစ်ပေါင်းတစ်သန်းကျော်ရှိ အရှည် ၁၁၀ ပေနှင့် လုံးပတ်အဖျားပိုင်း ၁၃ ပေ၊ အရင်းပိုင်း ၁၆ ပေရှိ အင်ကြင်းပင် ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခု ဖေဖော်ဝါရီလဆန်းပိုင်းတွင် တူးဖော်တွေ့ရှိထားကြောင်း ဒေသခံများထံက သတင်းရရှိသည်။
ပေပင်စမ်းကျေးရွာ အနောက်ဘက် တောင်သူဦးမြင့်စိန်၏ ယာမြေယာဘက်၊ တောင်သူ ဒေါ်ပု၏ ယာမြေ၀ဲဘက်အကြား လှည်းလမ်းတွင် နှစ်ပေကျော်ခန့် မြေပေါ်တွင် ပေါ်ထွက်နေသည့် အင်ကြင်းကျောက်သား အားတူးဖော်ရာမှ အဆိုပါ အင်ကြင်းပင် ကျောက်ဖြစ်ရုပ်ကြွင်းကြီးကို
တွေ့ရှိခဲ့ကြောင်း၊ မူလက လှည်းလမ်းပေါ်တွင် ထွက်နေသည့် ကျောက်သားအား
လှည်းများထိခိုက်မှု မရှိစေရန် ဖယ်ရှားခဲ့ရာမှ အင်ကြင်းပင်
ကျောက်ဖြစ်ရုပ်ကြွင်းကြီးတစ်ခု တောင် မြောက်အနေအထားဖြင့် တည်ရှိနေသည်ကို တွေ့ရှိခဲ့ကြောင်း ယင်းကျောက်ဖြစ်ရုပ်ကြွင်းသည်
အဖျားပိုင်းကမြေပေါ်တွင် ပေါ်နေပြီး အမြစ်ဆုံနှင့် အရင်းပိုင်းသည် မြေအောက်
ပေ၂၀ ခန့်အထိ နစ်ဝင်နေခဲ့ကြောင်း၊ ယင်းအပင်ကြီးကို လူ ၁၂ ဦးဖြင့်
တစ်လနီးပါးကြာ တူးဖော်ခဲ့ရကြောင်း၊ ယင်းကျောက်ဖြစ်ရုပ်ကြွင်းကြီးကို
အင်ကြင်းကျောက် ကုမ္ပဏီတစ်ခု၏ ဒေသခံအ၀ယ်တော်တစ်ဦးက ၀ယ်ယူရန်
ကမ်းလှမ်းထားသော်လည်း ကျေးရွာနေ ပြည်သူများက သမိုင်းအမွေအနှစ် ပစ္စည်းအဖြစ်
နိုင်ငံတော်မှ ထိန်းသိမ်းပေးရန် ဆန္ဒရှိနေကြောင်း သိရသည်။
“ကျွန်တော်တို့က ရွာအနောက်ဘက်က ကန်ကိုလှည်းနဲ့ ရေတိုက်သွားရင်း စတွေ့ခဲ့တာပါ။ တွေ့တော့ ဒီကျောက်ကြီးနေရာမှာ လှည်းတွေမောင်းရင် လှည်းဝင်ရိုးတွေ၊ လှည်းတံတွေ ကျိုးမှာစိုးလို့ဆိုပြီး ကျောက်တုံးကိုဖယ်ဖို့ စတူးပါတယ်။ စတွေ့တော့ အရှည်က နှစ်ပေ၊ အမြင့်က ခြောက်လက်မရှိပါတယ်။ တူးကြည့်တော့ ပထမတစ်ညနေနဲ့လည်း မပြီးပါဘူး။ နောက်ထပ် ငါးရက်လောက်တောက် လျှောက်တူးတော့ အပင်လုံးကြီးပေါ်လာပြီး နောက်ပိုင်းဆက်မတူးနိုင်လို့  အခြားသူတွေနဲ့ ၀ိုင်းတူးခဲ့ကြတာပါ” ဟု ပေပင်စမ်းကျေးရွာမှ တောင်သူကိုအောင်နိုင်ထွန်းက ဆိုသည်။
မကွေး ၀ိဇ္ဇာသိပံ္ပတက္ကသိုလ် ဘူမိဗေဒဌာန ကထိက ဦးသန့်ဇော်မိုးက “အဲဒီလို အပင်ကနေ ကျောက်ဖြစ်သွားတာတွေကို Fossil Wood လို့ ခေါ်ပါတယ်။ အခုတွေ့ရှိတဲ့ အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်းမျိုးတွေကို
ဧရာဝတီ ကျောက်လွှာစုလို့ခေါ်ပြီး သူတို့က နှစ်ပေါင်းတစ်သန်းကျော်
သက်တမ်းရှိပါတယ်။ အဲဒီလိုအပင်မျိုးကို မကွေးမြို့နယ်
မြင်ကွန်းတိုက်နယ်ထဲမှာလည်း
တစ်ခုတွေ့ဖူးပါတယ်။ အဲဒီရုပ်ကြွင်းတွေက သစ်တောထွက်ပစ္စည်း
မျိုးထဲမှာပါဝင်ပြီး နိုင်ငံတော်အဆင့်ကနေ ထိန်းသိမ်းထားသင့်ပါတယ်။
ထိန်းသိမ်းရာမှာ လည်းတွေ့ရှိတဲ့ နေရာမှာတင် ခြံဝန်းခတ်ပြီး လေ့လာလိုသူတွေ
လေ့လာနိုင်အောင်ဆောင် ရွက်သင့်ပါတယ်” ဟု ပြောကြားသည်။
အဆိုပါ အင်ကြင်းပင်ကျောက်ဖြစ် ရုပ်ကြွင်းအား တူးဖော်ရန် ထောက်ပံ့ခဲ့ပြီး ပေပင်စမ်းကျေးရွာ မူလတန်းလွန်ကျောင်းအတွက် ငွေကျပ် ၁၀ သိန်း လှူဒါန်းထားသည့် ဦးမြတ်သိန်းက “ကျွန်တော်က နွားထိုးကြီးမြို့က ထရီးဂျိတ်ကုမ္ပဏီရဲ့ နယ်မြေခံ အ၀ယ်တော်တစ်ဦးပါ။ ဒီကျောက်ကြီးကို ကျွန်တော့်ကုမ္ပဏီ တာဝန်ရှိသူတွေဆီ သတင်းပေးပို့ထားပြီး သူတို့ကလည်း နေပြည်တော်က သက်ဆိုင်ရာဝန် ကြီးဌာနတွေဆီ သယ်ယူခွင့်ရနိုင်ဖို့ တင်ပြထားပါတယ်” ဟု ပြောကြားသည်။
ပေပင်စမ်းကျေးရွာသည် မကွေးတောင် တွင်းကားလမ်း၏ ယာဘက်မကွေးမြို့မှ ၂၂ မိုင်အကွာ၊ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဗိဿနိုး ပျူမြို့ဟောင်းနှင့် မိုင် ၂၀ အကွာတွင် တည်ရှိကြောင်း ယင်းကျေးရွာဝန်းကျင်တွင် အင်ကြင်းကျောက်တုံးများကို ရှေးယခင်ကတည်းက အမြောက်အမြား တွေ့ရှိခဲ့ဖူးကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
Writer:
အောင်သူငြိမ်း
=============
Eleven Media Group
--------------------------
မကွေးမြို့နယ် ပေပင်စမ်းကျေးရွာတွင် နှစ်ပေါင်းတစ်သန်းကျော် သက်တမ်းရှိ အရှည် ပေ ၁၀၀ ကျော်နှင့် လုံးပတ် ၁၅ ပေရှိ အင်ကြင်းပင် ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခု
==========================
မကွေးမြို့နယ် ပေပင်စမ်းအုပ်စု ပေပင်စမ်းကျေးရွာ အနောက်ဘက်ရေကန်နှင့် သုသာန်အကြား လှည်းလမ်းကို ကန့်လန့်ဖြတ်၍ နှစ်ပေါင်းတစ်သန်းကျော်ရှိ အရှည် ၁၁၀ ပေနှင့် လုံးပတ်အဖျားပိုင်း ၁၃ ပေ၊ အရင်းပိုင်း ၁၆ ပေရှိ အင်ကြင်းပင် ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခု ဖေဖော်ဝါရီလဆန်းပိုင်းတွင် တူးဖော်တွေ့ရှိထားကြောင်း ဒေသခံများထံက သတင်းရရှိသည်။
ပေပင်စမ်းကျေးရွာ အနောက်ဘက် တောင်သူဦးမြင့်စိန်၏ ယာမြေယာဘက်၊ တောင်သူ ဒေါ်ပု၏ ယာမြေ၀ဲဘက်အကြား လှည်းလမ်းတွင် နှစ်ပေကျော်ခန့် မြေပေါ်တွင် ပေါ်ထွက်နေသည့် အင်ကြင်းကျောက်သား အားတူးဖော်ရာမှ အဆိုပါ အင်ကြင်းပင် ကျောက်ဖြစ်ရုပ်ကြွင်းကြီးကိ
“ကျွန်တော်တို့က ရွာအနောက်ဘက်က ကန်ကိုလှည်းနဲ့ ရေတိုက်သွားရင်း စတွေ့ခဲ့တာပါ။ တွေ့တော့ ဒီကျောက်ကြီးနေရာမှာ လှည်းတွေမောင်းရင် လှည်းဝင်ရိုးတွေ၊ လှည်းတံတွေ ကျိုးမှာစိုးလို့ဆိုပြီး ကျောက်တုံးကိုဖယ်ဖို့ စတူးပါတယ်။ စတွေ့တော့ အရှည်က နှစ်ပေ၊ အမြင့်က ခြောက်လက်မရှိပါတယ်။ တူးကြည့်တော့ ပထမတစ်ညနေနဲ့လည်း မပြီးပါဘူး။ နောက်ထပ် ငါးရက်လောက်တောက် လျှောက်တူးတော့ အပင်လုံးကြီးပေါ်လာပြီး နောက်ပိုင်းဆက်မတူးနိုင်လို
မကွေး ၀ိဇ္ဇာသိပံ္ပတက္ကသိုလ် ဘူမိဗေဒဌာန ကထိက ဦးသန့်ဇော်မိုးက “အဲဒီလို အပင်ကနေ ကျောက်ဖြစ်သွားတာတွေကို Fossil Wood လို့ ခေါ်ပါတယ်။ အခုတွေ့ရှိတဲ့ အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင
အဆိုပါ အင်ကြင်းပင်ကျောက်ဖြစ် ရုပ်ကြွင်းအား တူးဖော်ရန် ထောက်ပံ့ခဲ့ပြီး ပေပင်စမ်းကျေးရွာ မူလတန်းလွန်ကျောင်းအတွက် ငွေကျပ် ၁၀ သိန်း လှူဒါန်းထားသည့် ဦးမြတ်သိန်းက “ကျွန်တော်က နွားထိုးကြီးမြို့က ထရီးဂျိတ်ကုမ္ပဏီရဲ့ နယ်မြေခံ အ၀ယ်တော်တစ်ဦးပါ။ ဒီကျောက်ကြီးကို ကျွန်တော့်ကုမ္ပဏီ တာဝန်ရှိသူတွေဆီ သတင်းပေးပို့ထားပြီး သူတို့ကလည်း နေပြည်တော်က သက်ဆိုင်ရာဝန် ကြီးဌာနတွေဆီ သယ်ယူခွင့်ရနိုင်ဖို့ တင်ပြထားပါတယ်” ဟု ပြောကြားသည်။
ပေပင်စမ်းကျေးရွာသည် မကွေးတောင် တွင်းကားလမ်း၏ ယာဘက်မကွေးမြို့မှ ၂၂ မိုင်အကွာ၊ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဗိဿနိုး ပျူမြို့ဟောင်းနှင့် မိုင် ၂၀ အကွာတွင် တည်ရှိကြောင်း ယင်းကျေးရွာဝန်းကျင်တွင် အင်ကြင်းကျောက်တုံးများကို ရှေးယခင်ကတည်းက အမြောက်အမြား တွေ့ရှိခဲ့ဖူးကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
Writer:
အောင်သူငြိမ်း
=============
Eleven Media Group
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။