ချမ်းသာချင်တဲ့စိတ် (သို့မဟုတ် ) တွန်းကန်အား ....
လူများစုဟာ ကမ္ဘာပေါ်မှာ အစွမ်းထက်ဆုံး ဦးနှောက်နဲ့ သူတို့ကိုယ်သူတို့ ဆင်းရဲအောင် လုပ်နေကြတာပဲ။ " ငါမတတ်နိုင်ဘူး " "ငါ လုပ်နိုင်မယ် မထင်ဘူး " "ငွေရင်းမြုပ်နှံမှူ ဟာ စွန့်စားခန်းကြီးပဲ"၊ "ငါ့ တစ်သက်လုံး ချမ်းသာမှာ မဟုတ်တော့ဘူး" ဆိုတဲ့ စကားလုံးတွေနှင့် သူတို့ရဲ့စွမ်းအားကို အသုံးမချဘဲ အလဟသ ဖြု န်းတီးပစ်လိုက်ကြတယ်။ ကိုယ့်အစွမ်း ကိုယ်မယုံတဲ့အပြင် အပြစ်တင်ရင်းနှင့် ကိုယ့်ဘဝကိုယ် ဖျက်ဆီးပစ်လိုက်ကြတယ်။
စကားလုံးတွေဟာ တွန်းကန်အားပဲ။ စကားလုံးတွေဟာ အစွမ်းထက်တဲ့ လက်နက်ကိရိယာတွေပဲ။ ဦးနှောက်အတွက် လိုအပ်တဲ့ လက်နက်ကိရိယာတွေပဲပေါ့။ အကြွေးယူတာဟာ မင်းကို "ချမ်းသာ" "ဆင်းရဲ" ပေးနိုင်သလို စကားလုံးတွေကလည်း ချမ်းသာအောင်၊ ဆင်းရဲအောင် လုပ်နိုင်တယ်။
" မင်းဦးနှောက် မင်းခန္ဓာကိုယ်ရဲ့ အစွမ်းအထက်ဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်တာနှင့်အမျှ အရေးကြီးတဲ့တာဝန်ကို ထမ်းဆောင်ရတယ်။ မင်း ဦးနှောက်ထဲမှာ မှန်တဲ့စကားလုံးကို ထည့်သုံးရင် အရမ်း ချမ်းသာသွားမှာပဲ။ ဒါပေမယ့် စကားလုံးမှားသွားရင်တော့ ဆင်းရဲအောင် လုပ်လိုက်လိမ့်မယ်။ "
""" ချမ်းသာခြင်းရဲ့ အစဟာ အားရှိတဲ့စကားလုံးတွေသာ ဖြစ်ပါတယ်"""
""" ငါ မတတ်နိုင်ဘူးလို့ ဘယ်တော့မှ မပြောပါနဲ့ """
""" ငါ လုပ်နိုင်တယ်၊ ငါ ချမ်းသာအောင် လုပ်နိုင်တယ် """ လို့အမြဲပြောပါ တွေးပါ ကိုယ်ပြောတဲ့အတိုင်း သေချာလိုက်လုပ်ပါ။
AAAUNG
photo#credit

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။