Shwe Bhone Aung in Yangon, Myanmar.
((( #ကြိုးစားရအုံးမယ် )))
ဝေဖန်သံတွေကို လိုက်မခံစားဘူး ဒါပေမယ့်ကိုယ်
ဘာတွေ ပြင်ဆင်ဖို့ လိုအပ်လဲ ကိုယ်ကို ကိုယ်
ပြန်ဆန်းစစ်တယ် …
ပြောတိုင်းမယုံတတ်ဘူး ကိုယ့် ဦးဏှောက် နဲ့
ဖြစ်နိုင် မဖြစ်နိုင် ခွဲခြား ဆုံးဖြတ် နိုင်အောင်
ကြိုးစားနေတယ် …
ဘယ်သူ့ကိုမှ မထိခိုက်ဘူး ကိုယ့်ကိုထိခိုက် နှောက်ယှက်လာရင်လည်း ပြန်ပြီ မတုံ့ပြန်ဘူး
ဥပေက္ခာပြုခြင်းနဲ့ ကိုယ့်ဘဝထဲကနေ အပြီး
Block နှုတ်ဆက်တတ်အောင်ကြိုးစားနေတယ် …
မာန မရှိတာတော့မဟုတ်ဘူး ဒါပေမယ့်
သည်းခံ ခွင့်လွှတ်တတ်အောင် ကြိုးစားနေတယ် …
ဘယ်သူ့ကိုမှ မပြိုင်ဘူး
ကိုယ့်ကိုကိုယ်ပဲ ပြိုင်တတ်အောင်သင်ယူနေတယ် …
လိုအပ်တာတွေပြင်တယ် မလိုအပ်တာတွေကို
အမှိုက်အဖြစ်သတ်မှတ်ပြီး ဘဝလမ်းမှာ ဆူးညှောင့်
မဖြစ်ဖို့ ဖယ်ရှားတတ်အောင် ကြိုးစားနေတယ် ...
ငါဆိုတဲ့ အတ္တ မသုံးဘူး သူ့ဘက်ကိုယ့်ဘက်မျှတစွာ ကြည့်တတ်အောင် နှစ်ဖက်မြင်မှ လူပီသမှာမို့
ကိုယ်ချင်းစာတရား သတိမလွတ်အောင် ကြိုးစား
နေတယ် …
အောင်မြင်မှု့နောက်ကို ငါမလိုက်ဘူး
ဒါပေမယ့် ငါ့ကြိုးစားမှု့ကလဲ ရပ်တန့်မနေဘူး
ကြိုးစားနေသရွေ့ အောင်မြင်မှု့က ငါ့ဆီရောက်လာ
မှာပဲလို့ ယုံကြည်တယ် …
မြင့်တိုင်းမကောင်းတာ - ဘဝင်
ယူတိုင်းမကောင်းတာ - အခွင့်အရေး
လက်ကိုင်ထားသင့်တာ - ကိုယ်ချင်းစာတရား
အရှိသင့်ဆုံးအရာက - အသိတရား
မမေ့သင့်ဆုံးက - ဘဝ & သတိ
ရှောင်လွဲလို့မရတာ - သေခြင်းတရား
အရာရာကို ကြိုးစားသင်ယူရင်းနဲ့
လူပီသတဲ့ လူတစ်ယောက်ဖြစ်ဖို့
ငါ ကြိုးစားရအုံးမယ် …
#CdOriginal

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။