လူတိုင်းအတွက် အကြွင်းမဲ့အောင်မြင်ရေးဖော် မြူလာ
++++++++++++++++++++++++++ +++++++++
ရေးသူ - လင်းလင်းထွန်း (Success Coach)
ယခင်လမှအဆက်
အဆင့်- ၃
----------
စဉ်ဆက်မပြတ်လက်တွေ့အကောင်အထ ည်ဖော်ပါ
-------------------------- -------------------------- ---
တတိယမြောက်အဆင့်မှာ သင်ဖန်တီးထားသည့် မဟာဗျူဟာကိုအသုံးပြုပြီး စဉ်ဆက်မပြတ် လက်တွေ့အကောင်အထည် ဖော်ရန်ပင်ဖြစ်သည်။ ဤနည်း အားဖြင့် သင်သည် သင့်ရည်မှန်းချက်ပန်းတိုင်ဆီ တစ်ဆင့်ပြီးတစ်ဆင့် ပို၍ပို၍ နီးကပ်လာလိမ့်မည် ဖြစ်ပါသည်။ စဉ်ဆက်မပြတ် လက်တွေ့လုပ်ဆောင်ခြင်း သည် စိတ်ကူးယဉ်အိပ်မက်မက်သူနှင့်  လက်တွေ့သမားကို ခွဲခြားပေးသည့် အရာလည်းဖြစ်သည်။
ပညာအလွန်တတ်သည့်လူများစွာတို့သည် ဘာလုပ်ရမည်ဆိုသည်ကိုသိကြ သလို ဘယ်လိုလုပ်ရမည်ဆိုသည်ကိုလည်း
သူတို့သိသည်ဟုထင်တတ်ကြ သည်။ သို့သော် သူတို့ဘာမှလက်တွေ့မလုပ်ကြ။ သို့ဖြစ်၍
၎င်းင်းတို့ သည် ကျောင်းတွင်ပညာအရည်အချင်း ပျမ်းမျှအဆင့်သာရှိခဲ့သည့်
စွန့်ဦးတီထွင် သူများအတွက် အလုပ်လုပ်ပေးသည့်ပရော်ဖက်ရှ င်နယ်များ၊ အတိုင်ပင်ခံများ အဖြစ်နှင့်သာအလုပ်လုပ်ပေးရင်း အချိန်တွေကုန်ဆုံးနေကြရသည်။ မည်သို့ ပင်ဖြစ်စေ ထိုအရာသည် ဘ၀တွင် ၎င်းင်းတို့ဖြစ်ချင်သည့်အရာဖြစ်သည်ဆိုလျှင် ယင်းသည် ပြဿနာတစ်ခုမဟုတ်ပေ။
သို့သော် သင်သည် သင်၏လက်ရှိ ပိုနေမြဲကျားနေမြဲ အခြေအနေကို ကျေနပ်မှု မရှိဘူးဆိုလျှင်တော့ သင်တစ်ခုခု ပြုလုပ်ရ ပါလိမ့်မည်။ တစ်စုံတစ်ယောက်သည် သင့်ထက်အရည်အချင်းနည်း ကောင်းနည်းသလို သင့်လောက်ဥာဏ်ရည်မြင့် မားမှုမရှိနိုင်သော်လည်း သင့်ထက်များစွာအောင်မြင်နေသ ည်ကို
တွေ့ဖူးပါသ လား။ "ငါဟာ သူတို့ထက်ပိုတော်ပေမဲ့ သူတို့ကဘာလို့ငါ့ထက်ပို
ပြီးအောင်မြင်နေရတာလဲ" ဟု သင့်ကိုယ်သင်မေးဖူးပါသလား။ သင်သည်
ပိုတော်ကောင်းတော်နိုင်သော် လည်း သူတို့ကလက်တွေ့လုပ်ဆောင်မှုေ တွ လုပ်ခဲ့ကြသည်။ ထို့အတွက်ကြောင့် သူတို့ရလဒ်များစွာရရှိခဲ့ကြ ခြင်းဖြစ်သည်။ လက်တွေ့ကြိုးစားခဲ့ကြခြင်းေ ကြာင့် သူတို့တွင်ရှိလာခဲ့သည့် အရည်အချင်း တချို့မှာ လူတွေနှင့်ပေါင်းသင်းဆက်ဆံေ ရးအရည်အချင်း (Social Building Skill) နှင့် အသင်းအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်နိုင်စွမ်း (Teamwork Skill) တို့ပင်ဖြစ်သည်။ အဆိုပါအရည်အချင်းများသည် မည်သည့်အောင်မြင်မှုအတွက် မဆိုလိုအပ်သောကိရိယာများပင် ဖြစ်သည်။
သို့ဆိုလျှင် လူအများစုသည် သူတို့ရည်မှန်းချက်ပန်းတိုင်ဆီရောက်ရှိရေးအတွက် လက်တွေ့လုပ်ဆောင်ရန် ဘာကြောင့်ပျက် ကွက်ကြရပါသနည်း။ ပထမဦးစွာ ကျွန်တော်တို့နားလည်သင့်သည် မှာ ကျွန်တော်တို့ လက်တွေ့လုပ်ဆောင် လာအောင် မောင်းနှင်တွန်းအားပေးသည့်အ ချက်သည် ကျွန်တော်တို့တွေ့ကြုံ လိုက်သည့်စိတ်ခံစားမှုအခြေအေ န
(Emotional State) ပင်ဖြစ်သည်ဟုသော အချက် ဖြစ်ပါသည်။ ကြောက်ရွံ့ခြင်း၊
လေးကန်ထိုင်းမှိုင်း ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ မသေချာမရေရာမှု စသည်တို့သည်
ကျွန်တော်တို့ကို လက်တွေ့မလုပ်ဆောင် ချင်အောင် ဟန့်တားစေသည့်အချက်များ
ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ စိတ် အားထက်သန်မှု၊ စိတ်ဓာတ်တက်ကြွမှုနှင့်
ယုံကြည်မှုတို့သည် ကျွန်တော်တို့ကို စိတ်လှုပ်ရှားလာစေကာ
ကျွန်တော်တို့ဖြစ်လိုသည့်အရာ များလက်တွေ့ဖြစ် လာအောင်အကောင် အထည်ဖော်ရန် တွန်းအားပေးနိုင်စွမ်းရှိကြ ပါသည်။ သင် ၏စိတ်အခြေအနေကို အမြင့်မားဆုံးအခြေအနေတွင်ရှိနေအောင် လမ်းကြောင်းပေးပြီး ထိန်းသိမ်းနိုင်စွမ်းရှိခြင်းကို Personal Mastery ဟုလည်း ခေါ်ဆိုပါသည်။
အဆင့်- ၎
-----------
ရှုံးနိမ့်မှုကိုတုံ့ပြန်မှု (Feedback) အဖြစ်ပြောင်းလဲပစ်ပါ။
-------------------------- -------------------------- ------
သင့်မဟာဗျူဟာအတိုင်း လက်တွေ့အကောင်အထည်ဖော်ရာတွင် ဖြစ်လာနိုင် သည့်အချက်နှစ်ချက်သာရှိပါသည်။ ဖြစ်လာနိုင်သည့် ပထမအချက်မှာ ကြိုး စားခြင်းကြောင့် အောင်မြင်မှုကိုရရှိခြင်းဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့ သည် ကြိုးစားတိုင်းပန်းတိုင်ကို အမြဲ မရောက်နိုင်သည်ကိုသိထားပြီး ဖြစ်ပါသည်။ လက်တွေ့ကြိုးစားသော်လည်း ကျွန်တော်တို့မလိုချင်တာတွေ လည်းရတတ် သည်။ ထိုအရာကိုလူအများစုက မအောင်မြင်မှု၊ ရှုံးနိမ့်မှုဟုခေါ်တတ်ကြသည်။ ကျွန်တော်တို့အားလုံး ထိုအရာနှင့်တစ်ချိန်မဟုတ်တစ်ချိန် ရင်ဆိုင်ကြုံတွေ့ တတ်ပါသည်။ စင်စစ်အားဖြင့် ဘ၀၌လက်တွေ့များများ လုပ်လေလေရှုံးနိမ့်မှုနှင့် ပိုပြီးရင်ဆိုင်ရလေလေပင်ဖြစ်ပါသည်။ ထို့ကြောင့် လောကတွင်အောင်မြင်မှုများ စွာရရှိနေကြသူတွေသည် သူတို့ဝန်းကျင်ရှိအခြားသူများထက် ရှုံးနိမ့်မှုများကို ပိုပြီးရင်ဆိုင်ကြုံ တွေ့ရလေဖြစ်ပါသည်။
ရှုံးနိမ့်မှုနှင့် လူသုံးမျိုး
-----------------------
အောင်မြင်သူနှင့် ဘ၀မှာလိုချင်တာမရသူတို့ကို ကွဲပြားစေသည့်အရာမှာ ရှုံးနိမ့် မှုကိုပြန်လည်တုံ့ပြန်မှုပင်ြ ဖစ်သည်။ ရှုံးနိမ့်မှုကို ရင်ဆိုင်ရပြီးလျှင် လူသုံးမျိုးကွဲပြား သွားတတ်သည်။
ပထမလူတစ်မျိုးမှာ အရှုံးနှင့်ရင်ဆိုင်ရပြီဆိုလျှင် ဆင်ခြေတွေပေးပြီး အခြား သူတွေကို အပြစ်တင်တတ်ကြသူများဖြစ်သည် ။ ထို့နောက် သူတို့သည် ဆုံးဖြတ် ချက်ခိုင်မာသူများမဟုတ်ကြသြ ဖင့် ပန်းတိုင်ရောက်အောင် ဆက်လက်မကြိုး စားတော့ဘဲ ရည်မှန်းချက် ကိုစွန့်လွှတ်ကာ လက်လျှော့တတ်ကြသူများဖြစ် သည်။
ဒုတိယလူတစ်မျိုးမှာမူ အရှုံးနှင့်ရင်ဆိုင်ရတိုင်း နောက်မဆုတ်ဘဲ ထပ်ကာတလဲ လဲပြန်လည်ကြိုးစားနေတတ်ကြသူ များပင်
ဖြစ်ပါသည်။ ၎င်းင်းတို့သည် ပထမ လူစားမျိုးထက် ရည်မှန်းချက်ခိုင်မာ
တတ်သူများဖြစ်ကြသည်။ သူတို့သည် လိုချင် သည့်ရလဒ်မရသဖြင့်
လက်လျှော့တတ်သူများမဟုတ်ကြ။ သူတို့အောင်မြင်မှု မရသေးသည်မှာ ကြိုးစားတာမလုံလောက်သေးလို့ ဖြစ်သည်ဟု
ယူဆကြသည်။ သူတို့သာ ဆက်ပြီးကြိုးစားလျှင် အောင်မြင်လိမ့်မည်ဟု
ယုံကြည်တတ်ကြသည်။ သို့သော် ရည်မှန်းချက်သည် သိပ်မကြီးလျှင် ထိုသို့
ထပ်တလဲလဲကြိုး စားခြင်းကြောင့် အောင်မြင်ကောင်းအောင် မြင်နိုင်သော်လည်း
သူတို့၏ပန်းတိုင် မှာသိပ်မြင့်လွန်းလျှင်မူ ထပ်ကာတလဲလဲကြိုးစားရုံဖြင့် အောင်မြင်မှုရ ရန် ရေ ရာသေချာမှုမရှိလှပေ။ မဟာဗျူဟာမပြောင်းလဲဘဲ အကြိမ်ကြိမ်ပြန်ကြိုး စားနေခြင်းသည် အောင်မြင်မှုရရှိရန်မသေချြာေ ကာင်းပြောလိုရင်းဖြစ်သည်။
တတိယလူတစ်မျိုးမှာမူရှုံးနိမ့်မှုတစ်ခုနှင့်ရင်ဆိုင်ရပြီ ဆိုလျှင်
ထိုအရာကိုတုံ့ပြန်မှု (Feedback) အဖြစ်နှလုံးသွင်းသည်။ ထို့နောက်
သူ၏မဟာဗျူဟာကို ပြောင်း လဲဖို့ကြိုးစားပြီး လက်တွေ့ထပ်မံ
အကောင်အထည်ဖော်ကြည့်သည်။ အကယ်၍ မအောင်မြင်ခဲ့လျှင်လည်း ဒါကို
တုံ့ပြန်မှုအဖြစ်သဘောပိုက်ပြီး
မဟာဗျူဟာကို ထပ်မံပြောင်းလဲကာ လက်တွေ့ကြိုးစားပြန်သည်။ ဤလူစားမျိုး သည်
အောင်မြင်မှုမရမချင်း မဟာဗျူဟာကိုလိုအပ်သလို ပြင်ဆင်ပြောင်းလဲကာ
လက်တွေ့ကြိုးစားတတ်သူများဖြ စ်သည်။ ထို့ကြောင့် အောင်မြင်လိုလျှင် ရှုံးနိမ့် မှုကို တုံ့ပြန်မှုအဖြစ်ရှုမြင်တတ်ရန်
အလွန်အရေးကြီး၏။ သောမတ်စ်အက်ဒီဆင် သည် မီးသီးကို မတီထွင်နိုင်ခင်
အကြိမ်ပေါင်းတစ်သောင်းခန့် ကြိုးစားခဲ့ရသည် ဟုဆိုသည်။
ဘယ်လိုတီထွင်နိုင်ခဲ့သလဲဟု သူ့ကိုမေးသည့်အခါ သူသည် မီးသီး
မဖြစ်နိုင်သည့်နည်းလမ်းပေါင်း ၉,၉၉၉ ခုကိုဦးစွာရှာဖွေတွေ့ရှိခဲ့ ခြင်းဖြစ်သည်
ဟုဖြေကြားခဲ့ကြောင်းဟု မှတ်သားရပါသည်။ နောက်ဆုံးသူ၏နည်းလမ်း
ကိုပြောင်းလဲပြီး အကြိမ်တစ်သောင်းမြောက် ထပ်မံကြိုးစားသည့်အခါမှသာ
မီးသီးကိုအောင်မြင်စွာတီထွင်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မအောင်မြင်မှုနှင့် ရင်ဆိုင်ရပြီဆိုလျှင် ရှုံးနိမ့်မှုအဖြစ်မမြင်ဘဲ တုံ့ပြန်မှုအဖြစ်သာနှလုံးသွင်းသင့် ပါသည်။
အဆင့်- ၅
----------
ခွန်အားဖြစ်စေသောယုံကြည်မှုစ နစ် (An Empowering Belief System) သည် ကျွန်တော်တို့၏ဦးနှောက်နှင့် ကိုယ်တွင်းရှိ အရင်းအမြစ်များကို ဖွင့် ထုတ်ပေးနိုင်သလို တားဆီးပိတ်ဆို့နိုင်စွမ်းလည်းရှိသောအရာဖြစ်သည်။ ကျွန်တော်တို့ထံတွင် မှန်ကန်သော ယုံကြည်မှုမရှိပါက အကြွင်း မဲ့အောင်မြင်ရေးဖော်မြူလာတွ င်ပါရှိသည့် မည်သည့်အဆင့်မှ အရေး မပါနိုင်တော့ပါ။ ဘ၀တွင် ကျွန်တော်တို့မလိုချင်တာတွေ ရရှိလာခဲ့သည့်အခါ
ဘာလုပ်ရမည်ဆိုသည်ကို သတ်မှတ်ပေးသည့်အရာသည် ကျွန်တော်တို့၏
ယုံကြည်မှုပင်ဖြစ်ပါသည်။ "ဒါဟာ အရမ်းခက်ခဲလွန်းတယ်၊" ''ငါက ငယ် လွန်းသေးတယ်၊
ဒါကတော့မဖြစ်နိုင်ပါဘူး၊ ငါက စကားပြောမှမကောင်းတာ" စသည့်ယုံကြည်မှုမျိုးသာ
သင့်ထံတွင်ရှိနေမည်ဆိုလျှင် သင့်အနေဖြင့် အလွန်မြင့် မားသည့်ရည်မှန်းချက်မျိုးထားနိုင်ခြေနည်းသွားပါလိမ့်မည်။
သင့်ထံတွင် ခွန် အားဖြစ်စေသည့် ယုံကြည်မှုမျိုးမရှိလျှင် သင်သည်
ပန်းတိုင်တစ်ခုသတ်မှတ်ဖို့ အခွင့်အလမ်း နည်းပါးသွားသည်။ ထို့အတူ
အခြားသူတစ်ဦးဦးက သင့်အတွက် ရည်မှန်းချက်တစ်ခုခု
သတ်မှတ်ပေးဖို့ဆိုသည်မှာလည်းမဖြစ်နိုင်။ ထို့ပြင် သင် ကိုယ်တိုင်နှင့် ပတ်ဝန်းကျင်အခြေအနေတို့အပေါ် တွင်ခွန်အားမဖြစ်စေဘဲ ကန့် သတ်ထားသည့်ယုံကြည်မှုမျိုး ရှိနေသူတစ်ယောက်သည် ရှုံးနိမ့်မှုနှင့်ရင်ဆိုင်ရြ ပီ ဆို မဟာဗျူဟာကိုပြောင်းလဲပြီးထပ်ကြိုးစားဖို့ထက် လက်လျှော့အရှုံးပေရန် အခြေအနေသာ ပိုများသွားသည်။ ထို့ကြောင့် လောကတွင် အောင်မြင်တိုး တက်လိုသူတိုင်းခွန်အားဖြစ်ေ စသည့်ယုံကြည်မှုစနစ်ရှိထားရန် အထူးလိုအပ် လှသည်။
အဆင့်- ၆
-----------
မောင်းနှင်သောတွန်းအား၊ သို့မဟုတ် ကျွန်တော်တို့တန်ဖိုးထားသော အရာ Value အကြွင်းမဲ့အောင်မြင်ရေးဖော် မြူလာကို မောင်းနှင်သည့် ဒုတိယအရာ သည် ကျွန်တော်တို့တန်ဖိုးထားသည့် အရာများပင်ဖြစ်သည်။ ကျွန်တော်တို့ တန်ဖိုးထားသောအရာများသည် ကျွန်တော်တို့၏ အပြုအမူများဆောင်ရွက်မှုများ ကို မောင်းနှင်သည့် အားကြီးသောစိတ်ခံစားမှုနှင့် ဆင်တူသည်။
ယင်းသည် ကျွန်တော်တို့ဘ၀တွင် အရေးကြီးသောအရာအဖြစ် သတ်မှတ်ထားသည့်
အရာများဖြစ်သည်။ ကျွန်တော်တို့သည် တန်ဖိုးဆိုသည်ကိုအောင်မြင်မှု၊ လွတ် လပ်မှု၊ လုံခြုံမှု၊ ချစ်ခြင်းတရား၊ ပျော်ရွှင်မှုစသည်ဖြင့် ကွဲပြားစွာသတ်မှတ်လေ့ရှိ ကြသည်။ ကျွန်တော်တို့တန်ဖိုးထားသော အရာများသည်
ဘ၀တွင်မည် သည့်ရွေးချယ်မှုပြုလုပ်မည်၊ လက်တွေ့ဆောင်ရွက်ခြင်း
ပြုမည်မပြုမည်ကို သတ် မှတ်ပေးမည့်အရာလည်းဖြစ်ပါ သည်။
အချို့လူများရည်မှန်းချက်ပန်းတိုင် ကို ရောက်ရှိအောင်ကြိုးစားကြသည် မှာ
သူတို့ဘ၀တွင် လုံခြုံမှုရှိ ချင်သောကြောင့်ဖြစ်သည်။ သို့သော်
အချို့လူများကမူ ဘ၀တွင်လွတ်လပ်မှုလို ချင်သည့်အတွက် ပန်းတိုင်ရောက်အောင်
ကြိုးစားကြခြင်းဖြစ်ပါသည်။ အရေး ကြီးသည်မှာ ကျွန်တော်တို့တန်ဖိုးထားသည့် အရာသည် မည်သည့်အရာ ပင်ဖြစ်စေ ယင်းသည် ကျွန်တော်တို့၏ ရည်မှန်းချက်နှင့်သဟဇာတဖြစ် ပြီး လိုက် ဖက်ဆီလျော်မှုရှိဖို့ပင်ဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် လူအများစု သူတို့ရည် မှန်းချက်ကို ရောက်ရှိအောင်အပြင်းအထန်ကြိုးစားလိုစိတ် မရှိတတ်ခြင်း၏ အဓိကလက်သည်ခေါ် အကြောင်းအရင်းမှာ ၎င်းင်းတို့၏ရည်မှန်းချက်နှင့် တန်ဖိုးထားသည့်အရာများသည့် သဟဇာတမဖြစ်ဘဲ ဆန့်ကျင်ကာ ပဋိပက္ခဖြစ်နေသောကြောင့်ပင်ြ ဖစ်သည်။
Ref: Master Your Mind, Design Your Destiny
by Adam Khoo
#MyanmarB2BManagementMagaz ine
++++++++++++++++++++++++++
ရေးသူ - လင်းလင်းထွန်း (Success Coach)
ယခင်လမှအဆက်
အဆင့်- ၃
----------
စဉ်ဆက်မပြတ်လက်တွေ့အကောင်အထ
--------------------------
တတိယမြောက်အဆင့်မှာ သင်ဖန်တီးထားသည့် မဟာဗျူဟာကိုအသုံးပြုပြီး စဉ်ဆက်မပြတ် လက်တွေ့အကောင်အထည် ဖော်ရန်ပင်ဖြစ်သည်။ ဤနည်း အားဖြင့် သင်သည် သင့်ရည်မှန်းချက်ပန်းတိုင်ဆ
ပညာအလွန်တတ်သည့်လူများစွာတိ
သို့သော် သင်သည် သင်၏လက်ရှိ ပိုနေမြဲကျားနေမြဲ အခြေအနေကို ကျေနပ်မှု မရှိဘူးဆိုလျှင်တော့ သင်တစ်ခုခု ပြုလုပ်ရ ပါလိမ့်မည်။ တစ်စုံတစ်ယောက်သည် သင့်ထက်အရည်အချင်းနည်း ကောင်းနည်းသလို သင့်လောက်ဥာဏ်ရည်မြင့် မားမှုမရှိနိုင်သော်လည်း သင့်ထက်များစွာအောင်မြင်နေသ
သို့ဆိုလျှင် လူအများစုသည် သူတို့ရည်မှန်းချက်ပန်းတိုင
အဆင့်- ၎
-----------
ရှုံးနိမ့်မှုကိုတုံ့ပြန်မှု (Feedback) အဖြစ်ပြောင်းလဲပစ်ပါ။
--------------------------
သင့်မဟာဗျူဟာအတိုင်း လက်တွေ့အကောင်အထည်ဖော်ရာတွင
ရှုံးနိမ့်မှုနှင့် လူသုံးမျိုး
-----------------------
အောင်မြင်သူနှင့် ဘ၀မှာလိုချင်တာမရသူတို့ကို ကွဲပြားစေသည့်အရာမှာ ရှုံးနိမ့် မှုကိုပြန်လည်တုံ့ပြန်မှုပင်ြ
ပထမလူတစ်မျိုးမှာ အရှုံးနှင့်ရင်ဆိုင်ရပြီဆိုလ
ဒုတိယလူတစ်မျိုးမှာမူ အရှုံးနှင့်ရင်ဆိုင်ရတိုင်း နောက်မဆုတ်ဘဲ ထပ်ကာတလဲ လဲပြန်လည်ကြိုးစားနေတတ်ကြသူ
တတိယလူတစ်မျိုးမှာမူရှုံးနိမ
အဆင့်- ၅
----------
ခွန်အားဖြစ်စေသောယုံကြည်မှုစ
အဆင့်- ၆
-----------
မောင်းနှင်သောတွန်းအား၊ သို့မဟုတ် ကျွန်တော်တို့တန်ဖိုးထားသော
Ref: Master Your Mind, Design Your Destiny
by Adam Khoo
#MyanmarB2BManagementMagaz
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။