Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 18, 2017

သိပ္ပံပညာရှင်ကြီး (၃) ဦးနှင့် မီးဖို​ချောင်​ ပြဿနာ

 
 
သိပ္ပံပညာရှင်ကြီး (၃) ဦးနှင့် မီးဖို​ချောင်​ ပြဿနာ
--------------------

တစ်ခါတုန်းက သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ
အိမ်တစ်အိမ်ထဲမှာ အတူတူ စုပေါင်း နေထိုင်ခဲ့
ကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ခက်တာက သူတို့နေတဲ့ အိမ်မှာ ချက်ပြုတ်
စားသောက်ဖို့ မီးဖိုတစ်လုံးမှ မရှိဘူး။ ဒါ့ကြောင့် သိပ္ပံ
ပညာရှင်ကြီးတွေဟာ ထမင်းစားချိန်ကျရင်
ဟိုအိမ်ဒီအိမ်သွားပြီး ထမင်းနည်းနည်း ဟင်း
နည်းနည်း လိုက်တောင်းစား ရတယ်ဆိုပဲ။

၁ ရက်လည်းမဟုတ်၊ ၂ ရက်လည်းမဟုတ်၊
နေ့တိုင်းနေ့တိုင်း မနက်စာတောင်းလိုက်၊
ညစာတောင်း လိုက်နဲ့ ဆိုတော့ ပေးရတဲ့
အိမ်တွေကလည်း တဖြည်းဖြည်းနဲ့ ငြိုငြင်လာကြတယ်။

“ခင်ဗျားတို့ကလည်းဗျာ။ တသက်လုံး ဒီလိုချည်းပဲ တောင်းစားနေတော့မှာလား။ ကိုယ့် ဘာသာ ကိုယ် လည်း ချက်စားကြဦးမှပေါ့။” လို့ လူတွေကပြောကြတဲ့အခါ
သိပ္ပံပညာရှင်တွေက -

“ချက်တော့ စားချင်ပါတယ်ဗျာ။ ဒါပေမယ့် မီးဖိုမရှိလို့ပါ။”

“မီးဖိုမရှိရင် ၀ယ်ပေါ့ဗျာ။ ဒါမှမဟုတ် ခင်ဗျားတို့လည်း
သိပ္ပံပညာရှင်တွေပဲ ကိုယ့် ဘာသာကိုယ် မီးဖို လေး
တစ်လုံးလောက် ဖြစ်အောင် မလုပ်တတ်ကြဘူးလား။” လို့
လူတွေက အကြံပေးကြသတဲ့။

ဒီလိုအပြောခံရတော့ သိပ္ပံပညာရှင် သုံးယောက်ဟာ
လေးလေးနက်နက် စဉ်းစားကြပြီ။

“ငါတို့ အိမ်မှာ မီးဖိုတစ်လုံးတော့ ရှိဖို့လိုပြီ။” လို့
ဆုံးဖြတ်လိုက်တယ်။

ဒါဖြင့် ဘယ်လိုလုပ်မလဲ။ စိတ်တိုင်းကျ ဖြစ်အောင်
သူတို့ကိုယ်တိုင် ပုံစံဆွဲပြီး တည်ဆောက် ကြမယ် ပေါ့။
ဒီလိုနဲ့အားလုံး သဘောတူလိုက်ကြတယ်။ မီးဖိုကြီး
မပြီးခင်မှာ ပညာရှင်တစ်ယောက်က အကြံ
တစ်ခုရလာတယ်။

“ကျုပ်တို့ လုပ်တဲ့ မီးဖိုက သိပ်ပြီးကြီးနေတော့ တစ်နေရာက
တစ်နေရာကို ရွှေ့လို့ လွယ်အောင် ဘီးတွေ
တပ်လိုက်ရင် မကောင်းဘူးလား။” တဲ့။

အဲဒီ အကြံကြောင့် မီးဖိုအောက်ခြေမှာ ဘီးတွေ
ွတပ်ဖြစ်သွားတယ်။ အဲဒီမှာတင် နောက်
တစ်ယောက် ကလဲ - “ဘီးတွေချည်းပဲ ရှိနေရင် မီးဖိုကို
ရွှေ့ချင်တဲ့အခါ တွန်းနေရမှာပေါ့။ ပင်ပန်းပါတယ်။
မောင်းပြီး ယူသွားလို့ ရအောင် မော်တော်ကားလို
စက်တပ်လိုက်ရင် မကောင်းဘူးလား။”

ဒါနဲ့ပဲ မီးဖိုမှာ အင်ဂျင်စက်တွေ တပ်ဆင်လိုက်ကြတယ်။
တတိယ သိပ္ပံပညာရှင်ကလည်း အားကျမခံ -
“စက်လည်းတပ်ပြီးပြီ။ ဘီးတွေလည်း ရှိပြီ။
မောင်းလို့လည်း ရနေပြီဆိုတော့ တစ်ခါတည်း လူတွေပါ
လိုက်စီးလို့ ရအောင် လုပ်ကြစို့။” လို့ အကြံပေးတယ်။

ဒါနဲ့ပဲ မီးဖိုဟာ လူစီးလို့ရတဲ့ ယာဉ်ကြီးပါ ဖြစ်သွားတယ်။ သိပ္ပံပညာရှင်ကြီးတွေ မီးဖိုတစ်ခု ဆောက်နေ တယ်
ကြားလို့ လာကြည့်တဲ့ လူတစ်ယောက်က အဲဒီမီးဖိုလည်း
မြင်ရော ရင်သပ်ရှုမောဖြစ်သွားပြီး -

“အို... အံ့မခန်းလက်ရာပဲ။” လို့ ချီးကျူးတယ်။ အဲဒီလူကစပြီး သတင်းဖြန့်လိုက်လို့ ကြားရတဲ့သူမှန်သမျှ
မီးဖိုကြီးကို ကျိတ်ကျိတ်တိုး လုယက်တိုးဝှေ့
ကြည့်ကြပါရောတဲ့။

ကြည့်တဲ့သူတိုင်းကလည်း မီးဖိုကြီးကို အမျိုးမျိုး ချီးမွမ်းကြတယ်။ ချီးမွမ်းသံတွေကြားလေလေ သိပ္ပံ ပညာရှင်ကြီး တွေကလည်း
ပိုပြီး ကျေနပ်အားရလာလေလေ သူတို့လက်စွမ်းကို
ပြချင် လာလေလေ ပေါ့။

ဒါနဲ့ သိပ္ပံပညာရှင်တစ်ယောက်က မီးဖိုကြီးမှာ
နောက်တွဲတပ်ပြီး ရေချိုးခန်း၊ ဧည့်ခန်းတွေ။ အိမ်သာ
တွေကိုပါ အလိုအလျောက်စနစ်နဲ့
ဖွဲ့စည်းပြောင်းလဲလို့ ရအောင်တပ်ဆင်လိုက်တယ်။

နောက်တစ်ယောက်ကတော့ လေဖိအားသုံးစနစ်နဲ့
မီးဖိုကြီးကို စီးပြီး ကောင်းကင်ပေါ် ပျံလို့ရအောင် လုပ်တယ်။
ဒါ့အပြင် မီးဖိုကြီးဟာ မိုးလေ၀သ အခြေအနေကိုလည်း တိုင်းတာပေးနိုင်တယ်။

တတိယ သိပ္ပံပညာရှင်ကတော့ မီးဖိုကြီးအတွင်းမှာ
ကွန်ပျူတာတစ်လုံး ဆင်လိုက်တယ်။ သိချင်တဲ့
ပြဿနာမှန်သမျှကို အဲဒီကွန်ပျူတာက
အဖြေပေးနိုင်တယ်ဆိုပဲ။

မီးဖိုကြီးကို လာကြည့်ကြတဲ့ လူတွေက မွေးနေ့သက္ကရာဇ်ကိုစာရွက်တစ်ရွက်မှာ ရေးပြီး မီးဖိုထဲ
ထည့်လိုက်ရင် ကွန်ပျူတာက ဗေဒင်ဟောပေးတယ် တဲ့။

လူတွေက မီးဖိုကြီးရဲ့ ကွန်ပျူတာ ဗေဒင်ဟာ
သိပ်မှန်တာပဲလို့ ချီးမွမ်းကြတယ်။ နောက်ဆုံးတော့
မီးဖိုကြီးကို အစစအရာရာ တပ်ဆင်လို့ ပြီးသွားကြတယ်။
ကမ္ဘာပေါ်မှာ အထူးခြား အဆန်းသစ်ဆုံး အပြည့်စုံဆုံး
မီးဖိုကြီးပါ။

ချွတ်ယွင်းချက်ကလေး တစ်ခုပဲ ရှိတယ်။ အဲဒီ မီးဖိုမှာ
မီးမွှေးလို့ မရဘူး တဲ့။

သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အရင်ကလိုပဲ
ထမင်းတွေဟင်းတွေ လိုက်တောင်းစား နေရတာ ပါပဲတဲ့။

.....
....
...
..
.

ကျွန်တော်ကတော့ ပုံပြင်လေးကနေ အများကြီး
စဉ်းစားနေမိတယ်။“ဘ၀မှာ ကျွန်တော်တို့ဟာ
ဘာတွေကို တည်ဆောက်နေခဲ့ကြပါလိမ့်….။” လို့

အချစ်ကို လိုချင်ပါတယ် ဆိုပြီး ချစ်ခြင်း မေတ္တာကို
တည်ဆောက်ခဲ့ပါသလား။ ချစ်ခြင်းမေတ္တာ ကို ဗန်းပြ
အမည်တပ်ပြီး အပိုစာသားတွေပဲ တည်ဆောက်ခဲ့ပါသလား။

အောင်မြင်မှုကို လိုချင်ပါတယ်ဆိုပြီး အောင်မြင်မှုနောက်ကို
လျှောက်လှမ်းခဲ့ ပါသလား။ အောင်မြင်မှု အတွက် လို့ 
ခေါင်းစဉ်တပ်ပြီး အခွင့်အရေးတွေကို
အလွဲသုံးစားလုပ်ခဲ့ပါသလား။

ကျေးဇူးတင်ပါတယ် ဆိုပြီး ကျေးဇူးဆပ်ခဲ့ပါသလား။
ကျေးဇူးပါပဲ စကားကို ထည်လဲသုံးပြီး တစ်ရစ်ပြီး တစ်ရစ် စားသုံးခြင်းသာပြုခဲ့ပါသလား

ကျွန်တော်တို့ တစ်တွေ တစ်ခုခုတော့လုပ်တော့
လုပ်နေကြတာပါပဲ။ ဘာတွေမှန်းသာမသိတာ။
ပုံပြင် ထဲက သိပ္ပံပညာရှင်ကြီးတွေလို နားရတယ်လို့ မရှိဘူး။
တကုပ်ကုပ်နဲ့ လုပ်နေရတယ်။

တည်ဆောက်ရင်း ဆက်ပြီး တည်ဆောက်ရင်း...။
ဘေးနားက မြှောက်ပြောတဲ့အခါ...။
ခြောက်ပြောတဲ့အခါ...။
အပိုစာသားတွေ ထပ်ကာ ထပ်ကာ ထည့်ရင်း...။

ကျွန်တော်တို့ တည်ဆောက်နေတဲ့ မီးဖိုကြီးဟာ
မီးမွှေးလို့ ရနေပြီလား...။

ဒါမှမဟုတ်ခဲ့ရင်...ဘ၀မှာ ကျွန်တော်တို့ဟာ
ဘာတွေကို တည်ဆောက်နေခဲ့ကြပါလိမ့်?။

━━━━━━━━━━━━━━━━━━━━

🗿🗿(#သိမှတ်​ဖွယ်​ရာ​_​ဗဟုသုတရွာ)
www.facebook.com/knowledgevillage11
Credit-မင်းခိုက်စိုးစန်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။