Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, July 2, 2016

Ago‬၊ for နဲ့ since စကားလုံးတွေကို သုံးဖို့ ခေါင်းရှုပ်နေလား

 ဆရာဦးဇော်ဝေ

‪#‎Ago‬၊ for နဲ့ since စကားလုံးတွေကို သုံးဖို့ ခေါင်းရှုပ်နေလား

အင်္ဂလိပ်ဘာသာစကားကို လေ့လာနေကြသူ အတော်များများ ago၊ for နဲ့ since ဆိုတဲ့ စကားလုံး သုံးလုံးနဲ့ပတ်သက်ပြီး မှန်မှန်ကန်ကန် ဘယ်လိုသုံးရ မယ်ဆိုတာကို ဝေခွဲမရ ဖြစ်တတ်ကြပါတယ်။ ကျွန်တော်လည်း သိသလိုလိုနဲ့ အခုထိမှားပြီး သုံးမိနေတုန်းပါ။ ဒါကြောင့်လည်း ကျွန်တော့လို မဖြစ်ရအောင် လေ့လာထားပြီးသမျှထဲက တတ်နိုင်သလောက် အလွယ် ဆုံးနဲ့ အရှင်းဆုံး ပြန်လည်မျှဝေပေးပါ့မယ်။ ဥပမာများများပေးပြီး ရှင်းပြပေးပါမို့လို့ ဖတ်ပြီးရင်တော့ ဒီစကားလုံးသုံးလုံးကို ဘယ်လို မှန်အောင်သုံးကြမလဲဆိုတာ အထိုက်အလျောက်တော့ သိသွားကြမယ်လို့ မျှော်လင့်ပါတယ်။


မဆွေးနွေးခင် အရင်ဆုံး မှတ်ထားရမှာက ဒီစကားလုံးသုံးလုံးကို အတိတ်ကာ လက စတင်ပြီး ဖြစ်ပျက်လာခဲ့တဲ့ အကြောင်း အရာတစ်ခုခုကို ပြောရာမှာ သုံးတယ်ဆိုတာပါပဲ။ ပြောပြီးတဲ့အချိန်မှာ ဒီကိစ္စဟာ ပြီးချင်လည်း ပြီးနေမယ်၊ ဒါမှမဟုတ် ဆက်ဖြစ်ချင်လည်း ဖြစ်နေမယ် ဆိုတာကိုတော့ ပြောပါရစေ။ ဒါကိုတော့ အခြေခံအချက်အဖြစ် နားလည်ထားရမှာပါ။ ဒါဆိုရင် ကျွန်တော် တို့ ရှေ့ဆက်လိုက်ရအောင်။

တစ်ချိန်ချိန်မှာ တစ်ခုခုဖြစ်ခဲ့ကြောင်း ဒါမှမဟုတ် တစ်ခုခုလုပ်ခဲ့ကြောင်း ကို ပြောကြမယ်ဆိုရင် ‘ago’ ကို သုံးနိုင်ပါတယ်။ ဥပမာ၊ “ပြီးခဲ့တဲ့ နှစ်ပတ် က ဖြစ်ခဲ့တာလို့ ပြောချင်ရင်” “It happened two weeks ago.” လို့ ပြောနိုင်ပါ တယ်။ ဖော်ပြချင်တဲ့ ‘ကြာမြင့်ချိန် အချိန်ကာလအပိုင်းအခြား’ အလိုက် ‘two weeks ago’ နေရာမှာ ‘a year ago’၊ ‘five minutes ago’ နဲ့ ‘a long time ago’ အစရှိသဖြင့် အစားထိုပြီးတော့လည်း သုံးနိုင်ပါတယ်။ ‘ago’ ကို သုံးရာမှာ အချိန်ကာလအပိုင်း အခြားကို ဖော်ပြတဲ့ a week၊ a month၊ 10 minutes အစရှိတဲ့ စကားလုံးတွဲတွေနဲ့ တွဲသုံးပေးရတယ်ဆိုတာကို သတိပြုဖို့ လိုပါတယ်။

ပိုရှင်းအောင် ပြောပြပါအုံးမယ်။ အချိန်ဘယ်လောက်ကြာအောင် ကျွန်တော်တို့ တစ်ခုခုလုပ်ခဲ့တာ ဒါမှမဟုတ် တစ်ခုခုဖြစ်ခဲ့ တာကို ပြောမယ်ဆိုရင် ‘for’ ကိုလည်း သုံးနိုင်ပါတယ်။ ဥပမာ၊ ‘for about a week’၊ ‘for 10 years’၊ ‘for a short time’ အစရှိတဲ့ အချိန်ကာလအပိုင်းအခြားကို ဖော်ပြတဲ့ စကားလုံးတွဲတွေ ကို သုံးနိုင်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ အသေအချာ မှတ်ထားရမှာက ‘for’ နဲ့ ‘ago’ ကို ‘ကြာမြင့်တဲ့ အချိန်ကာလအပိုင်းအခြား’ (period of time) ကို ဖော်ပြပေးတဲ့ စကားလုံး တွဲတွေနဲ့ တွဲပြီး သုံးရတယ်ဆိုတဲ့ အချက်ပါ။ ဒီစကားလုံးတွဲ ဥပမာတွေကတော့ 30 minutes၊ one hour၊ two days၊ three weeks၊ four months၊ five years အစရှိသဖြင့် မိမိကြိုက်သလို ထည့်သွင်းပြီး အသုံးပြုနိုင်ပါတယ်။

အထူးသတိပြုရမယ့် အချက်ကတော့ ‘ago’ ကို ကြာမြင့်ချိန်ကာလဖော်ပြတဲ့ စကားလုံးတွဲတွေရဲ့ အနောက်မှာ ထားသုံးပြီး၊ ‘for’ ကိုတော့ ဒီစကားလုံးတွဲတွေ ရဲ့ အရှေ့မှာ ထားသုံးတဲ့ အချက်ပါ။ မှတ်မိသွားအောင် ဥပမာလေးတွေ နဲ့ လေ့လာကြည့် လိုက်ရအောင်ပါ။ I arrived here 30 minutes ago. ဒါကို ‘for’ နဲ့ ရေးမယ်ဆိုရင် I arrived here for 30 minutes. ဒီနေရာမှာ ကိုယ်ပြောချင်တဲ့ အကြောင်းအရာ အချိန်အပိုင်းအခြားအလိုက် စိတ်ကြိုက် လေ့ကျင့်မယ်ဆိုရင် ပိုပြီး မှတ်မိသွား မှာပါ။ လေ့ကျင့်ကြပါလို့လည်း တိုက်တွန်းပါတယ်။

ago နဲ့ for ကို ဘယ်လိုသုံးရမယ်ဆိုတာကို ဆွေးနွေးအပြီးမှာ ‘since’ ကို ဘယ်လိုသုံးရမယ်ဆိုတာကိုလည်း ပြောပြ ပါအုံး မယ်။ အမှန်ဆိုရင် ‘since’ ကလည်း ဘယ်အချိန်မှာ ဘာလုပ်ခဲ့ကြောင်း ဒါမှမဟုတ် ဘာဖြစ်ခဲ့ကြောင်း ဖော်ပြရာမှာသုံးတဲ့ စကားလုံး ဖြစ်ပါတယ်။
...
ဒါပေမယ့် ago နဲ့ for စကားလုံးတွေကိုသုံးတာနဲ့ မတူတဲ့အချက်ကတော့ since ကို ‘ဘယ်အချိန်က စဖြစ်ခဲ့တယ်ဆိုတဲ့ တိကျတဲ့အချိန်’ (point in time) ကို ဖော်ပြတဲ့ စကားလုံးတွေနဲ့ တွဲသုံးရပါတယ်။ ဒါတွေရဲ့ ဥပမာ တစ်ချို့ ကတော့ since Monday၊ since Thingyan၊ since morning၊ since winter၊ since 2014 တို့ ဖြစ်ပါတယ်။

ဂရုတစိုက် သတိပြုရမယ့်အချက်ကတော့ အချိန်ကာလအပိုင်းအခြားကိုဖော်ပြ တဲ့ စကားလုံးတွဲတွေနဲ့တော့ since ကို လုံးဝ တွဲမသုံးပါဘူး။ ဥပမာ၊ since a week၊ since two months၊ since 10 minutes၊ since 3 years ဆိုပြီး ဘယ်တော့မှ မသုံး ပါဘူး။ သတိမပြုပဲ သုံးခဲ့မယ်ဆိုရင်တော့ လုံးဝမှားပါတယ်။ ဒါကိုတော့ အသေအချာ မှတ်ထားကြပါ။

since ကိုသုံးတဲ့ ဥပမာနှစ်ခုလောက်ကို ကြည့်လိုက်ပါ။ “ငါ တနင်္လာနေ့ထဲက ဖျားနေတာ” ကို ‘I have been ill since Monday.’ လို့ ပြောနိုင်ပါတယ်။ ဥပမာနောက်တစ်ခုကိုလည်း ကြည့်လိုက်ပါ။ ‘He left for work since I got up this morning.’ “ငါမနက် နိုးလာကတည်းက သူ အလုပ်ကိုသွားပြီ”။
ဒီလောက်ဆိုရင်တော့ ago၊ for နဲ့ since ကို ဘယ်လိုသုံး ရမယ်ဆိုတာ သိလောက်ပါပြီ။

အခုဖော်ပြလိုက်တဲ့ ဥပမာလေးတွေကို ကြည့်လိုက်ပါအုံး။ ပိုမှတ်မိသွားတာပေါ့။
It rained 3 hours ago. (လွန်ခဲ့တဲ့ သုံးနာရီက မိုးရွာတယ်လို့ ဆိုလိုပါတယ်)
It has rained for 3 hours. (မိုးရွာတာ သုံးနာရီရှိပြီ၊ ဆက်ပြီးရွာရင်လည်း ရွာနေအုံးမှာပါ)
It has rained since 9 a.m. (မနက် ၉ နာရီကတည်းက မိုးရွာတယ်၊ ရွာချင်လည်း ဆက်ရွာနေမှာပါ)
I have known how to read since grade three. (သုံးတန်းကတည်းက စာဖတ်တတ်တာလို့ ပြောတာပါ)
She’s been waiting for 45 minutes. (သူစောင့်နေတာ ၄၅ မိနစ် ရှိပြီ)
I have lived here for seven years. (ဒီမှာ နေတာ ၇ နှစ်ရှိပြီ)

ပိုပြီး မှတ်မိသွားအောင် ကျွန်တော် နည်းနည်းလျှာရှည်လိုက်ပါအုံးမယ်။ ago၊ for နဲ့ since စကားလုံးတွေကို သုံးပြီး ဥပမာလေးတွေ ပေးမှာဖြစ်လို့ စိတ်ရှည် ရှည်နဲ့ ဖတ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။

မောင်ဟန်စိန်တို့ဇနီးမောင်နှံ အားလပ်ရက်လေးရတုန်း ခရီးထွက်ဖို့ တိုင်ပင်နေ ကြပါတယ်။ မောင်ဟန်စိန်က မန္တလေးသွားဖို့ ပြောတော့ သူ့မိန်းမက “We went to Mandalay two years ago. Let’s go somewhere different.” လို့ ပြောပါတယ်။ ဒီတော့ မောင်ဟန်စိန်က မော်လမြိုင်မြို့ကိုသွားဖို့ ပြော ပါတယ်။ သူ့မိန်းမက လည်း “We went to Mawlamyine a year ago. It rained for the whole week.”

ဒါကြောင့် မောင်ဟန်စိန်က “Well, how about Pyin Oo Lwin, I haven’t been there since I was at the university?” လို့ ပြောလိုက်ပါတယ်။ ဒါကိုတော့ သူ့မိန်းမ သဘောကျလို့ လင်မယားနှစ်ယောက် ပြင်ဦးလွင်သွားဖို့ ကားလက်မှတ်ဝယ်လိုက်ပါတယ်။

သွားမယ့်နေ့ရောက်တော့ လင်မယားနှစ်ယောက် အဝေးပြေးကားကွင်းကို တက္ကစီငှားပြီး သွားပါတယ်။ ဒါကို “They go to highway bus terminal in the taxi.” လို့ ပြောပါတယ်။ ဖြစ်ချင်တော့ ကားတွေပိတ်ပြီး လမ်းမှာ အချိန်တစ်နာရီ ကြာသွား လို့ ကားဂိတ်ကို နောက်ကျမှ ရောက်ပါတယ်။ ဒါကိုလည်း “There have been traffic jams on the road for one hour and they get to bus terminal late.” လို့ ပြောနိုင်ပါတယ်။

ဒါပေမယ့် သူတို့ရောက်တဲ့အချိန်က ဘတ်စ်ကားထွက်ဖို့ တစ်နာရီလိုသေး လို့ အေးအေးဆေးဆေး လဘက်ရည်သောက်ပြီး ဘတ်စ်ကားထွက်ချိန် ကို စောင့်နေပါတယ်။ ဒါကိုလည်း “For the next hour, they relax with a cup of tea until the bus leaves.” လို့ ပြောပါတယ်။ မောင်ဟန်စိန်တို့ ဇနီး မောင်နှံအတွက် အားလပ်ရက်ခရီးစဉ်မှာ ရာသီဥတုက လည်းကောင်း ပြီး ပျော်စရာအတိ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အိမ်ပြန်ရောက်လာချိန် မှာတော့ မောင်ဟန်စိန်က သူ့မိန်းမကို “The weather was nice for the whole of our holiday. So, we totally relaxed and enjoyed.” လို့ ပြောလိုက်ပါတော့ တယ်။

အင်္ဂလိပ်စာကို ပျော်ပျော်ရွှင်ရွှင် လေ့လာနိုင်ကြပါစေ။
...
Credit
မောင်ဟန်စိန်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။