ပိုက်ဆံများများရှာနိုင်ဖို့  လိုက်နာကျင့်သုံးသင့်သည့် lifestyle ၈ မျိုး
Success is a learnable skill လို့ T. Harv Eker က သူရေးခဲ့တဲ့ နာမည်ကျော် “Secrets of the Millionaire Mind” စာအုပ်ထဲမှာရေးသားခဲ့ပါတယ်။ သင် ဂေါက်ရိုက်တတ်ချင်ပါက ဂေါက်ရိုက်နည်းသင်ရမှာဖြစ်ြ ပီး ကားမောင်းတတ်ချင်ပါကလည်း ကားမောင်းသင်ရမှာဖြစ်ပါတယ်။ အဲ့ဒီအတိုင်းပဲ ချမ်းသာချင်ပါကလည်း ချမ်းသာအောင်လုပ်ရမည့်နည်းလ မ်းများကို သင်ယူရပါမယ်။ သင်ယူတယ်ဆိုတဲ့နေရာမှာ စာတွေ၊ အတန်းပညာတွေနဲ့ သင်ယူတာရှိသလို့ ဘ၀နဲ့ အတွေ့ အကြုံက သင်ပေးသွားတာတွေလည်းရှိပါတယ်။ အဲ့ဒီ ဘ၀အတွေ့ အကြုံကနေသင်ပေးတဲ့အပိုင်းနဲ
့ဆက်စပ်နေတာကတော့ သင့်ရဲ့ လူနေထိုင်မှုပုံစံ lifestyle ပါပဲ။
ချမ်းသာချင်တဲ့သူတွေအနေနဲ့ အောက်မှာဖော်ပြထားတဲ့ lifestyle တွေကို
လေ့လာ၊လိုက်နာ၊ကျင့်သုံးသင့်တယ်လို့ ထင်ပါတယ်။
၁။ သင်လေးစားအားကျရတဲ့ အောင်မြင်နေတဲ့သူများနဲ့ ပေါင်းသင်းဆက်ဆံခြင်း။
တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးဆိုသလိုပါပဲ။ တိုးတက်အောင်မြင်ဖို့ အတွက် တိုးတက်အောင်မြင်တဲ့သူတွေ၊ တိုးတက်အောင်မြင်ချင်စိတ်ရှိတဲ့သူတွေနဲ့ ပေါင်းဖက်ဖို့ လိုပါတယ်။ သင်ပေါင်းနေတဲ့သူများက တိုးတက်ချင်စိတ်မရှိပဲ လက်ရှိဘ၀ကိုသာကျေနပ်နေတဲ့သူ တွေ ဖြစ်ပါက သင်ကိုယ်တိုင်လည်း တိုးတက်ချင်စိတ်များ ဖြစ်ပေါ်လာမှာမဟုတ်ပါ။
ဒါကြောင့်မို့ လို့ သင့်ရဲ့ ပတ်ဝန်းကျင်မှု ချမ်းသာချင်စိတ်ရှိသူ၊တိုးတ က်ချင်စိတ်ရှိသူများနဲ့ သာ ၀န်းရံမှုရှိနေအောင်ကြိုးစားပါ။
၂။ အချိန်ပိုင်းအလုပ်များ လုပ်ပါ။
ချမ်းသာချင်တဲ့သူဟာ အလုပ်များများလုပ်ဖို့ လိုပါတယ်။ အလုပ်များများဆိုတဲ့နေရာမှာ လက်ရှိအလုပ်ကိုပဲ နင်းကန်တွန်းလုပ်တာမဟုတ်ပဲ အခြားသော အချိန်ပိုင်းအလုပ်များ၊ လက်ရှိလုပ်ကိုင်နေတဲ့အလုပ်နဲ
့မသက်ဆိုင်တဲ့အလုပ်များကို လည်း လုပ်ကိုင်သင့်ပါတယ်။ ဒါမှသာ သင့်အနေနဲ
့အခြား လုပ်ငန်းများကိုလည်း ပိုမိုနားလည်လာနိုင်ပြီး ပိုမို
မျက်စိပွင့်နားပွင့်လာမှာပါ ။
လက်ရှိဝန်ထမ်းဘ၀မှ လုပ်နေတဲ့သူများနဲ့ ပိုပြီးသက်ဆိုင်ပါတယ်။ မိမိ လက်ရှိလုပ်နေတဲ့အလုပ်အပြင် အခြား အချိန်ပိုင်း အလုပ်၊ freelance အလုပ်များလုပ်နိုင်အောင်ကြိုးစားပါ။ ပိုက်ဆံရတဲ့အပြင် အတွေ့ အကြုံအသစ်များပိုမို ရရှိလာပါလိမ့်မည်။
၃။ စာများများဖတ်ပါ။
ချမ်းသာတဲ့သူများဟာ အပျော်အပါးထက် မိမိကိုယ်ကို တိုးတက်အောင်လုပ်ဖို့ ကို ပိုပြီး ဦးစားပေးပါတယ်။ TV ကြည့်ခြင်းထက် စာဖတ်ခြင်းကို ပို ခုံမင်ကြတယ်။
Warren Buffet က ပြောပါတယ်။ သူရဲ့ အလုပ်လုပ်ချိန် စုစုပေါင်းရဲ့ ၈၀% ခန့် ဟာ စာဖတ်တာပါတဲ့။
၎။ သက်တောင့်သက်သာမရှိသော အရာများကို ပြုလုပ်ခြင်းကို အကျင့်ဖြစ်ပါ။
သက်တောင့်သက်သာရှိတဲ့ အရာများ၊ဘ၀များကို နှစ်သက်သူတွေဟာ အလယ်အလတ်တန်းစားလူတွေပါ။ ချမ်းသာတဲ့လူတွေကတော့ သက်တောင့်သက်သာရှိတဲ့ ဘ၀မှာမနေပါ။ အမြဲတမ်းရုံးကန် နေကြပါတယ်။ အဲ့ဒီလို ရုန်းကန်လေလေ၊ အတွေ့ အကြုံတွေ ပိုရလေလေ၊ ပိုပြီးအောင်မြင်လေလေပါပဲ။
၅။ စောစောထပါ။
စောစောထတဲ့ ငှက်ဟာ အစာများများရှာနိုင်တယ်ဆိုတဲ့ စကားပုံလည်းရှိပါတယ်။
အခြားသူတွေ နှိုးစက်က snooze button ကိုမနှိပ်ခင်အချိန်မှာ သင့်အနေနဲ့  သူတို့ ထက်ဦးအောင် စာဖတ်ခြင်း၊ တရားထိုင်ခြင်း၊ email များပြန်ခြင်းတို့ ကို လုပ်ထားနိုင်ပါပြီ။
၆။ သင့်ရဲ့ ပိုက်ဆံများကို အလုပ်အတွက်သုံးပါ။
မီလျံနာတော်တော်များများဟာသူတို့ နှစ်စဉ်ဝင်ငွေရဲ့  ၂၀% ကျော်ကို သူတို့ အလုပ်မှာပြန်ပြီး ရင်းနှီးမြုပ်နှံပါတယ်။ ဒီထက်ပိုပြီးမြှုပ်နှံတဲ့သူ တွေလည်းရှိပါတယ်။
မီလျံနာတွေရဲ့ ချမ်းသာကြွယ်ဝမှုကို တစ်နှစ်မှာဘယ်လောက် ပိုက်ဆံရှာနိုင်လဲဆိုတာထက် တစ်နှစ်မှာဘယ်လောက်ရင်းနှီး မြုပ်နှံနိုင်လဲဆိုတာနဲ့ တိုင်းတာပါတယ်။
၇။ ရည်မှန်းချက်များချမှတ်ပြီး အဲ့ဒီ ရည်မှန်းချက်များ အောင်မြင်ဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာကို အကောင်အထည်ဖော်ဆောင်ရွက်ပါ။
ဟိုတစ်လော ကျွန်တော်ရေးတဲ့ post တစ်ခုရဲ့ အောက်မှာ စာဖတ်သူတစ်ယောက်က လာမေးထားတာရှိပါတယ်။ သူ့ အနေနဲ့  ၅ နှစ်ရည်မှန်းချက်ချထားတယ်။ ဒါပေမယ့် အခု ၆ လကျော်နေပြီ ဘာမှ မထူးသေးဘူး။ ဘာလို့ လဲ ဆိုပြီးမေးထားပါတယ်။
ကျွန်တော်ကတော့ ကိုယ်ပိုင်အတွေ့ အကြုံနဲ့ ပဲ ဖြေပေးထားပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဖြစ်ချင်ခဲ့တာတွေ၊ ရည်မှန်းခဲ့တာတွေများပါတယ်။
ဒါပေမယ့် မဖြစ်ခဲ့ပါဘူး။ ဘာဖြစ်လို့ အဲ့ဒီလို မဖြစ်ခဲ့လို့ ဆိုတော့
ရည်မှန်ချက်တွေသာထားပြီး အဲ့ဒီ ရည်မှန်ချက်ကို ဘယ်လို
အကောင်အထည်ဖော်မလဲဆိုတာကို သေချာလည်း မစဉ်းစားခဲ့ဘူး၊ စဉ်းစားပြီးယင်လည်း
တကယ် အကောင်အထည်မဖော်ခဲ့တာတွေ ရှိခဲ့ပါတယ်။
အခုတော့ ကိုယ့်ရည်မှန်းချက်ကိုလည်း တကယ်တိတိကျကျချပြီး တကယ်ရောက်အောင်သွားနိုင်မယ့် လမ်းကြောင်းများကို ဖောက်၊ တကယ်လည်း လက်တွေ့ လုပ်ကိုင်တတ်တဲ့အကျင့်ရှိလာပါပြီ။
အားလုံးကိုကျေးဇူးတင်ပါတယ်။
ကိုဟိန်း (Prospect Myanmar)
www.facebook.com/ prospectmyanmar
www.prospectmyanmar.com
Success is a learnable skill လို့ T. Harv Eker က သူရေးခဲ့တဲ့ နာမည်ကျော် “Secrets of the Millionaire Mind” စာအုပ်ထဲမှာရေးသားခဲ့ပါတယ်။
၁။ သင်လေးစားအားကျရတဲ့ အောင်မြင်နေတဲ့သူများနဲ့ ပေါင်းသင်းဆက်ဆံခြင်း။
တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးဆိုသလိုပ
ဒါကြောင့်မို့ လို့ သင့်ရဲ့ ပတ်ဝန်းကျင်မှု ချမ်းသာချင်စိတ်ရှိသူ၊တိုးတ
၂။ အချိန်ပိုင်းအလုပ်များ လုပ်ပါ။
ချမ်းသာချင်တဲ့သူဟာ အလုပ်များများလုပ်ဖို့ လိုပါတယ်။ အလုပ်များများဆိုတဲ့နေရာမှာ
လက်ရှိဝန်ထမ်းဘ၀မှ လုပ်နေတဲ့သူများနဲ့ ပိုပြီးသက်ဆိုင်ပါတယ်။ မိမိ လက်ရှိလုပ်နေတဲ့အလုပ်အပြင် အခြား အချိန်ပိုင်း အလုပ်၊ freelance အလုပ်များလုပ်နိုင်အောင်ကြိ
၃။ စာများများဖတ်ပါ။
ချမ်းသာတဲ့သူများဟာ အပျော်အပါးထက် မိမိကိုယ်ကို တိုးတက်အောင်လုပ်ဖို့ ကို ပိုပြီး ဦးစားပေးပါတယ်။ TV ကြည့်ခြင်းထက် စာဖတ်ခြင်းကို ပို ခုံမင်ကြတယ်။
Warren Buffet က ပြောပါတယ်။ သူရဲ့ အလုပ်လုပ်ချိန် စုစုပေါင်းရဲ့ ၈၀% ခန့် ဟာ စာဖတ်တာပါတဲ့။
၎။ သက်တောင့်သက်သာမရှိသော အရာများကို ပြုလုပ်ခြင်းကို အကျင့်ဖြစ်ပါ။
သက်တောင့်သက်သာရှိတဲ့ အရာများ၊ဘ၀များကို နှစ်သက်သူတွေဟာ အလယ်အလတ်တန်းစားလူတွေပါ။ ချမ်းသာတဲ့လူတွေကတော့ သက်တောင့်သက်သာရှိတဲ့ ဘ၀မှာမနေပါ။ အမြဲတမ်းရုံးကန် နေကြပါတယ်။ အဲ့ဒီလို ရုန်းကန်လေလေ၊ အတွေ့ အကြုံတွေ ပိုရလေလေ၊ ပိုပြီးအောင်မြင်လေလေပါပဲ။
၅။ စောစောထပါ။
စောစောထတဲ့ ငှက်ဟာ အစာများများရှာနိုင်တယ်ဆိုတ
အခြားသူတွေ နှိုးစက်က snooze button ကိုမနှိပ်ခင်အချိန်မှာ သင့်အနေနဲ့  သူတို့ ထက်ဦးအောင် စာဖတ်ခြင်း၊ တရားထိုင်ခြင်း၊ email များပြန်ခြင်းတို့ ကို လုပ်ထားနိုင်ပါပြီ။
၆။ သင့်ရဲ့ ပိုက်ဆံများကို အလုပ်အတွက်သုံးပါ။
မီလျံနာတော်တော်များများဟာသ
မီလျံနာတွေရဲ့ ချမ်းသာကြွယ်ဝမှုကို တစ်နှစ်မှာဘယ်လောက် ပိုက်ဆံရှာနိုင်လဲဆိုတာထက် တစ်နှစ်မှာဘယ်လောက်ရင်းနှီး
၇။ ရည်မှန်းချက်များချမှတ်ပြီး
ဟိုတစ်လော ကျွန်တော်ရေးတဲ့ post တစ်ခုရဲ့ အောက်မှာ စာဖတ်သူတစ်ယောက်က လာမေးထားတာရှိပါတယ်။ သူ့ အနေနဲ့  ၅ နှစ်ရည်မှန်းချက်ချထားတယ်။ ဒါပေမယ့် အခု ၆ လကျော်နေပြီ ဘာမှ မထူးသေးဘူး။ ဘာလို့ လဲ ဆိုပြီးမေးထားပါတယ်။
ကျွန်တော်ကတော့ ကိုယ်ပိုင်အတွေ့ အကြုံနဲ့ ပဲ ဖြေပေးထားပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဖြစ်ချင်ခဲ့တာတွေ၊ ရည်မှန်းခဲ့တာတွေများပါတယ်။
အခုတော့ ကိုယ့်ရည်မှန်းချက်ကိုလည်း တကယ်တိတိကျကျချပြီး တကယ်ရောက်အောင်သွားနိုင်မယ့
အားလုံးကိုကျေးဇူးတင်ပါတယ်။
ကိုဟိန်း (Prospect Myanmar)
www.facebook.com/
www.prospectmyanmar.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။