အပြုစိတ်နဲ့ ယုံကြည်မှု
-------------------------- -------------------------- --------------
အပျက်ဆန်တဲ့ စိတ်ကို ပျောက်ဖျက်ဖို့ တိုက်တွန်းပေမဲ့ အဲဒီအပျက်ဆန်တဲ့ သဘောထားနဲ့ စိတ်ကို ဖျောက်ဖို့ ဆိုတာ တော်တော်ခက်တယ်လို့ ညည်းတဲ့ အသံတွေကြားလာရပါတယ်။
ဟုတ်ပါတယ်။ အပြုသဘောဆန်တဲ့ စိတ်ကို ထားနိုင်တယ်ဆိုရင်တောင်မှ အပျက်စိတ်ကို ဖြတ်ဖို့ ခက်တာ တွေ့ရပါတယ်။ အပျက်စိတ်ကို ဘယ်လိုနည်းလမ်းနဲ့မဆို ဖျောက်ပစ်ပြီး အပြုစိတ်ကို မွေးမြူဖို့လိုအပ်ပါတယ်။
အဲဒါကြောင့် ကျွန်မတို့အားလုံး နည်းလမ်းရှာပြီး ကြိုးစားကြည့်ရအောင်ပါ။
တစ်ခါတစ်ရံမှာ ဆိုပါတော့ လူတစ်ယောက်က ကိုယ့် တွေ့ချင်တယ်လို့ ပြောလာခဲ့ရင်၊ ကိုယ့်အနေနဲ့ စဉ်းစားမှာက သူဘာကြောင့် တွေ့ချင်ပါလိမ့်။ သူက တွေ့ချင်တာဆိုတော့ ကိုယ့်ဆီက အကူညီတောင်းဖို့ပဲ ထင်တယ်။ သူ့အကျိုးအတွက် သူတွေ့ချင်တာနေမှာပေါ့။ ဆိုတာကို စပြီးစဉ်းစားကြမှာပါပဲ။
သူက ကိုယ့်ကို ကူညီပေးချင်လို့ များ တွေ့ချင်သလား ဆိုတာမျိုးကို ဘာဖြစ်လို့ မစဉ်းစားမိကြတာလဲ။အဲဒါက အတွေးနဲ့စဉ်းစားမှုမှာတင်ပဲ အပြုစိတ်နည်းပါးနေတာ၊ အပျက်စိတ် များနေတာကြောင့်လို့ နားလည်မိတယ်။
အိုကေ ကိုယ့်ကို အကူအညီတောင်းချင်လို့ပဲ တွေ့ချင်တာပဲ ဖြစ်ဖြစ်၊ ဘာကြောင့်ပဲ တွေ့ချင်ပါစေ ၊ သွားတွေ့မယ်၊ သူက အကူအညီတောင်းရင်လည်း တတ်နိုင်တာ ကူညီပေးမယ်ဆိုပြီး စဉ်းစားတွေးခေါ်တယ်ဆိုပါတော့ ။ အဲဒီလို တွေးခေါ်တာက ကိုယ့်ရဲ့ အပြုဆန်တဲ့ လုပ်ရပ်ကို စတင်တာပါ။
ကျွန်မတို့ဟာ အပျက်စိတ်တွေကို မဖျောက်ဖြတ်နိုင်သေးခင်မှာ အပြုဆန်တဲ့ လုပ်ရပ်တွေနဲ့ အပြုစိတ်တွေကို လှုံ့ဆော်ပေးခြင်းအားဖြင့် အပျက်စိတ်တွေ လျော့ပါးသွားအောင် လုပ်လို့ရပါတယ်။
ဒါ့အပြင် လုပ်ငန်းခွင်မှာလည်း ကိုယ့်ကို အထက်လူကြီးက တွေ့ချင်တယ်၊ လာပါလို့ ဆိုလိုက်တာနဲ့တင် ကိုယ့်မှာ ဘုရားတပြီး ငါ ဘာများ အမှားလုပ်မိပါလိမ့်လို့ တွေးကြတာ များပါတယ်။နောက်တစ်ချက်တွေး တာက သူက ငါ့ကို ဘာတွေများ ခိုင်းဦးမလဲ မသိဘူး။ ခုတောင် အလုပ်ရှုပ်နေတာ ထပ်ခိုင်းရင်တော့ သေပြီ ဆရာ ဆိုပြီး တွေးပါတယ်။
အထက်လူကြီးနဲ့ မတွေ့ခင်မှာပဲ ကိုယ့်ရဲ့ အတွေးတွေက အမျိုးမျိုးနဲ့ အပျက်စိတ်တွေများနေမယ်ဆိုရင် အထက်လူကြီးရဲ့ ရှေ့မှောက်ကို ကြည်လင်သောမျက်နှာ၊ ရွှင်လန်းသော အပြုံးမျိုးနဲ့ ရောက်ရှိဖို့ ဆိုတာ အင်မတန်ခက်ခဲသွားပါပြီ။
အထက်လူကြီးက သူ့ရှေ့ကို လာတဲ့ သူကို ကြည့်လိုက်တဲ့အခါ သူ့ပုံစံက ထိုင်းမိုင်းနေမယ်၊ စိတ်ရှုပ်နေတဲ့ မျက်နှာထားဖြစ်နေမယ်၊ ဒါမှ မဟုတ် အထက်လူကြီးတစ်ခုခု ပြောလိုက်မှာကို စိုးရိမ်နေတဲ့ မျက်နှာမျိုးဖြစ်နေမယ်ဆိုရင်...အထက်လူကြီးကရော ဘယ်လိုတွေးပါမလဲ။
ကိုယ့်ဆီက မကြည်လင်မှုတွေကို မြင်ရတဲ့ သူတွေအနေနဲ့ ကိုယ့်ရဲ့ မကြည်လင်မှုတွေကို ကူးစက်တတ်စေတယ်။ အဲဒါကြောင့် အထက်လူကြိးကကိုယ့်ကို မြင်တာနဲ့ မျက်ခုံးရှုံ့မိနိုင်တယ်။
လူတစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံကြတဲ့အခါ စကားလုံးတွေရဲ့ အရေးပါမှုကက ၁၀%၊ ကူးစက်တတ်တဲ့ ခံစားမှုရဲ့ အရေးပါမှုက ၃၅%၊ အမြင်(ရုပ်သွင်) ၅၀%နဲ့ အခြားအချက်အလက်တွေကတော့ ၅% ပါဝင်တယ်လို့ ဆိုကြပါတယ်။
အထက်လူကြီးရဲ့ အမြင်မှာ ကိုယ်က ဆိုးဝါးနေမယ်ဆိုရင် သူ့အနေနဲ့ ကိုယ့်အပေါ် မြင်တဲ့အမြင်က မကောင်းနိုင်တော့ပါဘူး။
မျက်မှောင်ကုန်နေသလား၊ နုံးခွေနေသလား၊ အ၀တ်အစားတွေ မသပ်မရပ်ဖြစ်နေသလား၊ ဖြစ်ကတတ်ဆန်း ၀တ်ဆင်တတ်တဲ့ပုံလား၊ အခြားလူတစ်ဖက်သားကို မလေးစားတတ်တဲ့ပုံစံလား အဲလို ပုံစံအားလုံးက သူနဲ့ကိုယ်နဲ့ တွေ့ဆုံခြငိးမှာ အကျုံးဝင်နေပြီးတော့ သက်ရောက်မှုတွေ ဖြစ်နေပါတယ်။
တကယ်တော့ သူက ကိုယ့်ကိုတွေ့ချင်တာ တာဝန်ကြီးကြီးပေးချင်လို့၊ အဲဒီတာဝန်ကို ကျေပွန်ရင် ရာထူးနဲ့ လစာ တိုးပေးချင်လို့ တွေ့ချင်တာ ဆိုရင် ကိုယ့်ရဲ့ အပျက်စိတ်ဆန်တဲ့ အတွေးကြောင့် သူ့မှာ စဉ်းစားစရာဖြစ်သွားနိုင်ပါတ ယ်။
အဲဒါကြောင့် အထက်လူကြီးကပဲ ခေါ်ခေါ်။ ဆရာမကြီးကပဲ ခေါ်ခေါ်....ဘာမှ တွေးမထားဘဲနဲ့ ကြည်လင်သောမျက်နှာ၊ တက်ကြွရွှင်လန်းသော အမူအရာမျိုးနဲ့ သွားတွေ့လိုက်ပါ။ ဒါဟာ အပြုဆန်သော လုပ်ရပ်လို့ ဆိုနိုင်ပါတယ်။
အဲလို ကြည်လင်တက်ကြွနေတဲ့ သူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုဆိုတဲ့ အသွင်အပြင်ကိုလည်း ဖြစ်စေတဲ့အတွက် မြင်ရတဲ့ သူတိုင်း သဘောကျလေ့ရှိပါတယ်။ အဲဒါကြောင့် စိတ်အတွေးက ခံစားချက်ကို ဖြစ်စေပါတယ်။ အဲဒီခံစားချက်က ကိုယ့်ရဲ့ ရုပ်သွင်ပြင်ကို ဖြစ်ပေါ်စေတယ်။
အဲဒါကြောင့် အပြုဆန်တဲ့ စိတ်သဘောထားရှိသူတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိသူတွေအဖြစ် ရပ်တည်နိုင်ကြပါတယ်။
ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေတဲ့ အမျိုးသမီးတစ်ယောက်ဟာ လှတာပါပဲ၊ အဲလိုပါပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့ အမျိုးသားတစ်ဦးဟာ တည်ကြည်ခန့်ညားတာပါပဲ။
အပျက်ဆန်တဲ့ စိတ်ရှိသူတွေကတော့ အခြားလူတွေကိုပါ မလိုလားအပ်တဲ့ ခံစားမှုတွေကို ကူးစက်စေပြီး စိတ်ရှုပ်ထွေးနေတဲ့ အသွင်မျိုး၊ ရုပ်ရည်မကြည်လင် တဲ့ အသွင်မျိုး ဖြစ်ပေါ်စေပါတယ်။
အဲဒါကြောင့် နေ့စဉ်ဘ၀မှာ အပျက်အတွေးတွေကို မတွေးဘဲနဲ့ ထိန်းချုပ်ထားခြင်းအားဖြင့် ကိုယ့်ရဲ့ အပျက်စိတ်တွေ လျော့ပါးသွားနိုင်ပါတယ်။ ဒါ့အပြင် နေ့စဉ်ဘ၀မှာ အပြုဆန်တဲ့ လုပ်ရပ်တွေကို ချည်းပဲ လုပ်ဆောင်နေခြင်းအားဖြင့်လည်း အပျက်စိတ်တွေလျော့ပြီး အပြုဆန်တဲ့ အတွေးတွေပဲ ရောက်ရှိလာတတ်ပါတယ်။
တကယ့်ကို စိတ်အေးချမ်းပြီးတော့ကိုယ့် ကိုယ်ကို
ယုံကြည်စိတ်ချမှု ရရှိစေချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ အပျက်စိတ်ကူးတွေနဲ့
အပျက်ဆန်တဲ့အတွေးတွေကို မပြုမိစေဖို့ ထိန်းချုပ်ရပါလိမ့်မယ်။
အဲဒီအပျက်စိတ်တွေက ကိုယ့်ရဲ ယုံကြည်မှုနဲ့ ကိုယ်ရည်ကိုယ်သွေးကို ကျဆင်းစေတယ်ဆိုတာ အမြဲသတိပြုပေးပါ။
ကျေးဇူးတင်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)
--------------------------
အပျက်ဆန်တဲ့ စိတ်ကို ပျောက်ဖျက်ဖို့ တိုက်တွန်းပေမဲ့ အဲဒီအပျက်ဆန်တဲ့ သဘောထားနဲ့ စိတ်ကို ဖျောက်ဖို့ ဆိုတာ တော်တော်ခက်တယ်လို့ ညည်းတဲ့ အသံတွေကြားလာရပါတယ်။
ဟုတ်ပါတယ်။ အပြုသဘောဆန်တဲ့ စိတ်ကို ထားနိုင်တယ်ဆိုရင်တောင်မှ အပျက်စိတ်ကို ဖြတ်ဖို့ ခက်တာ တွေ့ရပါတယ်။ အပျက်စိတ်ကို ဘယ်လိုနည်းလမ်းနဲ့မဆို ဖျောက်ပစ်ပြီး အပြုစိတ်ကို မွေးမြူဖို့လိုအပ်ပါတယ်။
အဲဒါကြောင့် ကျွန်မတို့အားလုံး နည်းလမ်းရှာပြီး ကြိုးစားကြည့်ရအောင်ပါ။
တစ်ခါတစ်ရံမှာ ဆိုပါတော့ လူတစ်ယောက်က ကိုယ့် တွေ့ချင်တယ်လို့ ပြောလာခဲ့ရင်၊ ကိုယ့်အနေနဲ့ စဉ်းစားမှာက သူဘာကြောင့် တွေ့ချင်ပါလိမ့်။ သူက တွေ့ချင်တာဆိုတော့ ကိုယ့်ဆီက အကူညီတောင်းဖို့ပဲ ထင်တယ်။ သူ့အကျိုးအတွက် သူတွေ့ချင်တာနေမှာပေါ့။ ဆိုတာကို စပြီးစဉ်းစားကြမှာပါပဲ။
သူက ကိုယ့်ကို ကူညီပေးချင်လို့ များ တွေ့ချင်သလား ဆိုတာမျိုးကို ဘာဖြစ်လို့ မစဉ်းစားမိကြတာလဲ။အဲဒါက အတွေးနဲ့စဉ်းစားမှုမှာတင်ပဲ အပြုစိတ်နည်းပါးနေတာ၊ အပျက်စိတ် များနေတာကြောင့်လို့ နားလည်မိတယ်။
အိုကေ ကိုယ့်ကို အကူအညီတောင်းချင်လို့ပဲ တွေ့ချင်တာပဲ ဖြစ်ဖြစ်၊ ဘာကြောင့်ပဲ တွေ့ချင်ပါစေ ၊ သွားတွေ့မယ်၊ သူက အကူအညီတောင်းရင်လည်း တတ်နိုင်တာ ကူညီပေးမယ်ဆိုပြီး စဉ်းစားတွေးခေါ်တယ်ဆိုပါတော့
ကျွန်မတို့ဟာ အပျက်စိတ်တွေကို မဖျောက်ဖြတ်နိုင်သေးခင်မှာ အပြုဆန်တဲ့ လုပ်ရပ်တွေနဲ့ အပြုစိတ်တွေကို လှုံ့ဆော်ပေးခြင်းအားဖြင့် အပျက်စိတ်တွေ လျော့ပါးသွားအောင် လုပ်လို့ရပါတယ်။
ဒါ့အပြင် လုပ်ငန်းခွင်မှာလည်း ကိုယ့်ကို အထက်လူကြီးက တွေ့ချင်တယ်၊ လာပါလို့ ဆိုလိုက်တာနဲ့တင် ကိုယ့်မှာ ဘုရားတပြီး ငါ ဘာများ အမှားလုပ်မိပါလိမ့်လို့ တွေးကြတာ များပါတယ်။နောက်တစ်ချက်တွေး
အထက်လူကြီးနဲ့ မတွေ့ခင်မှာပဲ ကိုယ့်ရဲ့ အတွေးတွေက အမျိုးမျိုးနဲ့ အပျက်စိတ်တွေများနေမယ်ဆိုရင
အထက်လူကြီးက သူ့ရှေ့ကို လာတဲ့ သူကို ကြည့်လိုက်တဲ့အခါ သူ့ပုံစံက ထိုင်းမိုင်းနေမယ်၊ စိတ်ရှုပ်နေတဲ့ မျက်နှာထားဖြစ်နေမယ်၊ ဒါမှ မဟုတ် အထက်လူကြီးတစ်ခုခု ပြောလိုက်မှာကို စိုးရိမ်နေတဲ့ မျက်နှာမျိုးဖြစ်နေမယ်ဆိုရင
ကိုယ့်ဆီက မကြည်လင်မှုတွေကို မြင်ရတဲ့ သူတွေအနေနဲ့ ကိုယ့်ရဲ့ မကြည်လင်မှုတွေကို ကူးစက်တတ်စေတယ်။ အဲဒါကြောင့် အထက်လူကြိးကကိုယ့်ကို မြင်တာနဲ့ မျက်ခုံးရှုံ့မိနိုင်တယ်။
လူတစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံကြတဲ့အခါ စကားလုံးတွေရဲ့ အရေးပါမှုကက ၁၀%၊ ကူးစက်တတ်တဲ့ ခံစားမှုရဲ့ အရေးပါမှုက ၃၅%၊ အမြင်(ရုပ်သွင်) ၅၀%နဲ့ အခြားအချက်အလက်တွေကတော့ ၅% ပါဝင်တယ်လို့ ဆိုကြပါတယ်။
အထက်လူကြီးရဲ့ အမြင်မှာ ကိုယ်က ဆိုးဝါးနေမယ်ဆိုရင် သူ့အနေနဲ့ ကိုယ့်အပေါ် မြင်တဲ့အမြင်က မကောင်းနိုင်တော့ပါဘူး။
မျက်မှောင်ကုန်နေသလား၊ နုံးခွေနေသလား၊ အ၀တ်အစားတွေ မသပ်မရပ်ဖြစ်နေသလား၊ ဖြစ်ကတတ်ဆန်း ၀တ်ဆင်တတ်တဲ့ပုံလား၊ အခြားလူတစ်ဖက်သားကို မလေးစားတတ်တဲ့ပုံစံလား အဲလို ပုံစံအားလုံးက သူနဲ့ကိုယ်နဲ့ တွေ့ဆုံခြငိးမှာ အကျုံးဝင်နေပြီးတော့ သက်ရောက်မှုတွေ ဖြစ်နေပါတယ်။
တကယ်တော့ သူက ကိုယ့်ကိုတွေ့ချင်တာ တာဝန်ကြီးကြီးပေးချင်လို့၊ အဲဒီတာဝန်ကို ကျေပွန်ရင် ရာထူးနဲ့ လစာ တိုးပေးချင်လို့ တွေ့ချင်တာ ဆိုရင် ကိုယ့်ရဲ့ အပျက်စိတ်ဆန်တဲ့ အတွေးကြောင့် သူ့မှာ စဉ်းစားစရာဖြစ်သွားနိုင်ပါတ
အဲဒါကြောင့် အထက်လူကြီးကပဲ ခေါ်ခေါ်။ ဆရာမကြီးကပဲ ခေါ်ခေါ်....ဘာမှ တွေးမထားဘဲနဲ့ ကြည်လင်သောမျက်နှာ၊ တက်ကြွရွှင်လန်းသော အမူအရာမျိုးနဲ့ သွားတွေ့လိုက်ပါ။ ဒါဟာ အပြုဆန်သော လုပ်ရပ်လို့ ဆိုနိုင်ပါတယ်။
အဲလို ကြည်လင်တက်ကြွနေတဲ့ သူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုဆိုတဲ့ အသွင်အပြင်ကိုလည်း ဖြစ်စေတဲ့အတွက် မြင်ရတဲ့ သူတိုင်း သဘောကျလေ့ရှိပါတယ်။ အဲဒါကြောင့် စိတ်အတွေးက ခံစားချက်ကို ဖြစ်စေပါတယ်။ အဲဒီခံစားချက်က ကိုယ့်ရဲ့ ရုပ်သွင်ပြင်ကို ဖြစ်ပေါ်စေတယ်။
အဲဒါကြောင့် အပြုဆန်တဲ့ စိတ်သဘောထားရှိသူတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိသူတွေအဖြစ် ရပ်တည်နိုင်ကြပါတယ်။
ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေတဲ့ အမျိုးသမီးတစ်ယောက်ဟာ လှတာပါပဲ၊ အဲလိုပါပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့ အမျိုးသားတစ်ဦးဟာ တည်ကြည်ခန့်ညားတာပါပဲ။
အပျက်ဆန်တဲ့ စိတ်ရှိသူတွေကတော့ အခြားလူတွေကိုပါ မလိုလားအပ်တဲ့ ခံစားမှုတွေကို ကူးစက်စေပြီး စိတ်ရှုပ်ထွေးနေတဲ့ အသွင်မျိုး၊ ရုပ်ရည်မကြည်လင် တဲ့ အသွင်မျိုး ဖြစ်ပေါ်စေပါတယ်။
အဲဒါကြောင့် နေ့စဉ်ဘ၀မှာ အပျက်အတွေးတွေကို မတွေးဘဲနဲ့ ထိန်းချုပ်ထားခြင်းအားဖြင့်
တကယ့်ကို စိတ်အေးချမ်းပြီးတော့ကိုယ့်
အဲဒီအပျက်စိတ်တွေက ကိုယ့်ရဲ ယုံကြည်မှုနဲ့ ကိုယ်ရည်ကိုယ်သွေးကို ကျဆင်းစေတယ်ဆိုတာ အမြဲသတိပြုပေးပါ။
ကျေးဇူးတင်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။