အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၂၃)
………………………………………………………
ဂီတနဲ့ ပတ်သက်တာလေးတွေ နည်းနည်းပါးပါး ပြောချင်တဲ့အခါ
.
(1) What musical instrument can you play?
ဘယ်ဂီတတူရိယာကို ခင်ဗျားတီးခတ်နိုင်ပါသလဲ
(2) I play the guitar.
ကျနော် ဂစ်တာတီးပါတယ်
(3) What kind of music do you like?
ဘယ်ဂီတအမျိုးအစားကို ကြိုက်နှစ်သက်ပါသလဲ
(4) I like popular songs.
ကျနော် လူကြိုက်များတဲ့ သီချင်းတွေကို ကြိုက်ပါတယ်
(5) Who is your favorite singer?
ခင်ဗျား အကြိုက်နှစ်သက်ဆုံး အဆိုတော်က ဘယ်သူပါလဲ
(6) My favorite singer is Taylor Swift.
ကျနော် အကြိုက်ဆုံး အဆိုတော်က Taylor Swift ပါ
(7) My favorite guitar player is Joe Striani.
ကျနော် အကြိုက်နှစ်သက်ဆုံး ဂစ်တာသမားကတော့ Joe Striani ပါ
(8) That music is not my taste.
အဲဒီဂီတက ကျနော်ကြိုက်တဲ့ အမျိုးအစား မဟုတ်ပါဘူး
(9) What’s your favorite music?
ခင်ဗျား အကြိုက်နှစ်သက်ဆုံး ဂီတက ဘာပါလဲ
(10) I like classical music.
ကျနော်က ဂန္တ၀င်ဂီတကို ကြိုက်နှစ်သက်ပါတယ်
(11) Shall we go to a music concert?
ကျနော်တို့ ဂီတဖျော်ဖြေပွဲကို သွားကြမလား
(12) I have no ear for music.
ကျနော့်က ဂီတကို မခံစားတတ်ပါဘူး
(13) I am poor at singing.
ကျနော်က သီချင်းဆိုတာ ညံ့ပါတယ်
(14) I’m tone-deaf.
ကျနော်က ဂီတ တစ်ခုနဲ့တစ်ခု ကွဲကွဲပြားပြား မသိပါဘူး
(tone-deaf (adj) unable to distinguish differences in musical sounds ဂီတသံများကို မခွဲခြားနိုင်သော)
(15) Would you sing a song?
ခင်ဗျား သီချင်းတစ်ပုဒ်လောက် ဆိုပါလား
(16) Would you sing a song for us?
ကျနော်တို့အတွက် ခင်ဗျား သီချင်းတစ်ပုဒ်လောက် ဆိုပါလား
...
မေတ္တာဖြင့်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။