Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, April 1, 2016

🎇ဘဝမျိုးစုံမှာ ဖြတ်သန်းခဲ့ဖူးတဲ့ လင်းလင်းရဲ့ အနုပညာ ကောက်ကြောင်း🎇

ဘဝမျိုးစုံမှာ ဖြတ်သန်းခဲ့ဖူးတဲ့ လင်းလင်းရဲ့ အနုပညာ ကောက်ကြောင်း
🎇ဘဝမျိုးစုံမှာ ဖြတ်သန်းခဲ့ဖူးတဲ့
လင်းလင်းရဲ့ အနုပညာ ကောက်ကြောင်း🎇

🎧🎧🎧🎧
လင်းလင်း ဆိုပြီး သူ့ကိုစ သိခဲ့ တာက ၂ဝဝ၅ ဝန်းကျင်က ထွက်ရှိခဲ့ တဲ့ လေးဖြူရဲ့”ခဏလေးများ” စီးရီး မှာ တေးရေး အဖြစ်နဲ့ ဖြစ်ပါတယ်။ Title သီချင်း “ခဏလေးများ” အပြင် ခရီးများ အဆုံးထိလျှောက်၊ သိချင်တယ် စသည့် သီချင်းကောင်းများ၏ တေးရေးအဖြစ် သူ့ကို စတင် အသိ အမှတ်ပြုခဲ့ ရပါတယ်။ တေးရေး အသစ် တစ်ယောက် အနေဖြင့် နာမည်ကြီး တေးသံရှင်ကြီး တစ်ဦး၏ စီးရီးထဲတွင် သီချင်းပုဒ်ရေ ဧရိယာ တော်တော် များများကို ရယူနိုင်ခဲ့ခြင်း ကို ကြည့်လျှင် သူ၏ အရည်အချင်း ကို အသိ အမှတ် မပြုဘဲနေ၍ မရ။ အဲဒီနောက် မှာတော့ မျိုးကြီးရဲ့ နိစ္စဓူဝ၊ အငဲရဲ့ ကိုးစတဲ့ နာမည်ကျော် ရော့ခ်ကာတွေ ရဲ့ ကိုယ်ပိုင် သံစဉ် စီးရီးတွေမှာ လင်းလင်းရဲ့ လက်ရာ တွေကိုတွေ့လာ ရပါတော့တယ်။

မောင်မောင်ဇော်လတ်၊ အယ်ဖြူစတဲ့ ကိုယ်ပိုင် သံစဉ်ကို လက်စောင်းထက် စွာ ရေးသားနိုင်ကြ တဲ့ တေးရေး ဆရာ တွေ ရဲ့ နောက် မျိုးဆက် ကပ်လျက်မှာ ပေါ်လာ တာကတော့ လင်းလင်းပဲ ဖြစ်ပါတယ်။ လင်းလင်းရဲ့ လက်ရာ သီချင်းတွေကို ၂ဝဝ၅ ဝန်းကျင်မှာမှ စတင် ကြားသိခဲ့ ရပေမယ့် သူ့မှာ ကိုယ်ပိုင်သံစဉ် စစ်စစ်တွေ ရှိနေတာ ကတော့ ၁၉၉၈ ခုနှစ်၊ ၈တန်းကျောင်း သားဘဝ ကတည်းကပဲဖြစ်ပါတယ်။ အယ်ဖြူ၊ မောင်မောင်ဇော်လတ် စသူ တွေကို အားကျခဲ့ တဲ့ လင်းလင်းရဲ့ ငယ်စဉ်အိပ်မက်ကတော့ ဒီလိုပါ။
“၉၈ခုနှစ် ၈တန်း၊ ၇တန်း လောက်က စပြီး ဒီအလုပ်ကိုပဲ လုပ် မယ်လို့ ရည်မှန်းချက် ထားတယ်။ ငယ်အိပ်မက်ပေါ့။ အဲဒီမှာစပြီး အဆက်အသွယ် ရတာက ကိုအယ်ဖြူ နဲ့ လူချင်း ဆုံဖူးတာတော့ မဟုတ်ဘူး။ ဖုန်းနံပါတ် ရပြီး ကိုအယ်ဖြူ နဲ့ ဖုန်း အမြဲပြောဖြစ်တယ်။ သူကလည်း ကျွန်တော့် ကို လက်ခံပြောပေးတယ်။ မသိ တာတွေပြောပြ တယ်။ သီတင်း ကျွတ်ကျောင်းပိတ်ရက် တို့ အားလပ် ရက်ဆိုရင် မုန့်ဖိုးတွေ စုထားတာနဲ့ မန္တလေးက ရန်ကုန်ကို တက်လာပြီး ကိုအယ်ဖြူ ဆီ လာတယ်။ ကိုအယ်ဖြူက တအား ပြည့်ဝတဲ့ ပုဂ္ဂိုလ် တစ်ယောက် ဆိုတော့ ဖုန်းထဲမှာ လည်း လက်ခံ စကားပြောပေးတယ်။ အပြင်မှာ လာတွေ့တော့ လည်း မသိ တာတွေ ရှင်းပြတယ် ။ကျောက် မြောင်းထဲက လက်ဖက်ရည်ဆိုင်မှာ ချိန်းတယ်။ ဓမ္မ ဝိဟာရလမ်းက The Arts အဖွဲ့သား တွေ စုနေကြတဲ့ အိမ်ကို ခေါ်ခေါ်သွား ပြီးတော့ ကျွန်တော်ရေး ထား တဲ့ သီချင်းတွေကို တီးပြခိုင်းတယ်။ လိုတာတွေ ရှိရင် ပြပေးတယ်။ သူ ကြိုက်တာတွေ ဆိုလည်း ကောင်း တယ်ပြောတယ်။ ကိုအယ်ဖြူဆီ ကနေ အကြံဥာဏ်တွေ ၊ပညာတွေ လိုတာ ထက် ပိုပြီးတော့ကို ရခဲ့တယ်လို့ ပြောလို့ရတယ်။ ကိုယ်ပိုင်သံစဉ် တစ်ပုဒ်ပေါ်မှာ ချဉ်းကပ်ပုံ ချဉ်းကပ် နည်းက အစရခဲ့တယ်”။
လင်းလင်း အနေ နဲ့၈တန်း ၉တန်း အရွယ်မှာ သီချင်းတွေ ရေးဖြစ် နေပြီး ဂစ်တာ ကိုတော့ ၅တန်းနှစ်က စပြီး self study အနေနဲ့ ကိုယ်ပိုင်ပဲ လေ့ လာခဲ့တယ် လို့လည်း သိရ ပါတယ်။ “အမှန်အတိုင်း ဝန်ခံရရင် ခုချိန် ထိ ဂစ်တာ သင်တန်းလည်း မတက် ဖူးဘူး။ စာအုပ်တွေ ဝယ်ပြီး ကျင့် တယ်။ သူများ တီးတာတွေကို ကြည့် တယ်။ သီချင်းတွေက တစ်ဆင့် မြင် ဆရာ ၊ကြားဆရာတွေပေါ့” လို့ လင်းလင်းက ပြောပြန်ပါတယ်။ မောင်မောင်ဇော်လတ် နဲ့ အယ်ဖြူ တို့ရဲ့ သီချင်းတွေကို ဈာန်ဝင် စားခဲ့ပြီး သူတို့သီချင်း အားလုံးကို လိုက်တီး လိုက်ဆိုခဲ့တဲ့ လင်းလင်းက ၉၈၊၉၉ မှာသူလေးစား သူတွေ နဲ့ ဆုံ ဆည်းဖြစ်ခဲ့ ရာက သူ့ရဲ့ ဂီတအရည် အသွေးက ပိုမို ထွန်းတောက်ခဲ့ပါ တယ်။ ၂ဝဝဝ ခုနှစ်မှာ ဂီတတွေနဲ့ မွေ့လျော်နေပြီဖြစ်တဲ့ လင်းလင်းက တက္ကသိုလ် ဝင်တန်း ကိုတော့ ၂ဝဝ၁ ခုနှစ်မှာ အောင်မြင်ခဲ့ပါတယ်။ မိဘတွေ စိတ်ချမ်းသာဖို့ အတွက် တက္ကသိုလ်0င်တန်းကို ကြိုးစားဖြေ ဆိုခဲ့ပြီး နောက်မှာတော့ကျောင်း ပညာရေးထက် သူ့ရဲ့ မပြီးဆုံးတဲ့ ဂီတ ခရီးပန်းတိုင်ကို ဆက်လက် ရွက်လွှင့် ခဲ့ပါတော့တယ်။
“ဆယ်တန်း ပြီးတော့ စက်မှု ကျောင်းအပ် လိုက်သေးတယ်။ အဲဒါ ကို ပြီးအောင် မတက်တော့ဘဲ ဒီဂီတ ကိုပဲ လုပ်ချင်တော့ မှတ်မှတ်ရရ ၂ဝဝ၂ ကမ္ဘာ့ဖလား အပြီးမှာ ရန်ကုန် ကို အပြီး ထွက်လာခဲ့တယ်။ ကျော ထောက်နောက်ခံ အားနည်းပြီး သာမန်မီးရထား ဝန်ထမ်း မိသားစုက ဆင်းသက်လာတဲ့ လင်းလင်းရဲ့ ဂီတ ခရီးရှည်ကြီး ကတော့ ၂ဝဝ၂ ခုနှစ်မှာ စတင်ခဲ့ပါပြီ။ မန္တလေးသား လင်း လင်း၊ ရန်ကုန်မှာ အမျိုးအဆွေ မရှိတဲ့ လင်းလင်း ရဲ့မြို့ပြရှင်သန်မှု ရက်စွဲ တွေကို ပြန်ကြည့် ရင်တော့ ဂီတအ လုပ် အတွက် ရန်ကုန်ကို ရောက်လာ ပေမယ့်လည်း ဝါသနာ ထက်ဝမ်းရေး ခက် ဆိုတဲ့ အတိုင်း သူဂီတကို ရေကန် အသင့် ကြာအသင့် နဲ့ ထုတ်ဖော်ခွင့် ရခဲ့တာတော့ မဟုတ်ခဲ့ ပါဘူး။ တေးရေးတေးဆို လင်းလင်း ဆိုပြီးလူငယ် သာမက လူလတ်ပိုင်း အထိပါ နှလုံး သားထဲကို ရောက်ရှိအောင်မြင် နေပြီဖြစ်တဲ့ လင်းလင်း ဟာ တစ်ချိန် တုန်း က ကားစပယ်ယာ၊ လမ်းဘေး ဈေးသည် အဖြစ် ရပ်တည်ခဲ့ရတယ် ဆိုတာသူ့ဘဝရဲ့ မှတ်ထားစရာ မ ကောင်းတဲ့ အမှတ်တရတွေလည်း ဖြစ်နေပါတယ်။
“ရန်ကုန်ရောက်တော့ အဆောင် အရင်ရှာတယ်။ အင်းစိန်က အဆောင် တစ်ခုမှာနေတယ်။ စား ဝတ်နေရေး ကလည်း အရေးကြီး တော့တွေ့သမျှ အလုပ်တွေ လုပ်ပြီး ဒါ ကိုဖြေရှင်း ရတယ်။ တော်တော်များ များ လုပ်ခဲ့ဖူးတယ်။ အမှန်အတိုင်း ဝန်ခံရမယ် ဆိုရင် အင်းစိန်ဘက်က ဘတ်စ် ကားတွေမှာ စပယ် ယာဝင် လုပ်တယ်။ ဒါတွေ က တော့ပြောစရာလည်း မလိုတဲ့ အတွက် မပြောခဲ့တာ။ ခု လိုမေးတော့ လည်းပြောပြ ရတာပေါ့။ ပြီးတော့ မြို့ ထဲမှာ လမ်းဘေးဈေး သည် အနေနဲ့ အင်း စိန် အ ဆောင်က သူငယ်ချင်း တွေနဲ့ အတူ ဖန်စီပစ္စည်း တွေလည်း ရောင်းခဲ့ သေး တယ်” လို့ ပြော ပါတယ်။
Credit~~~Popular Journl

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။