လမ်းခွဲသင့်လား၊ ဆက်တွဲသင့်လား သိစေဖို့ ...
သင့်ရဲ့အချစ်ရေးက လမ်းခွဲသင့်တဲ့ အခြေအနေလား၊ ဒါမှမဟုတ် ဆက်ထိန်း ထားသင့်တဲ့ အခြေအနေလား။ မေးခွန်းကလွယ်သလောက် အဖြေက စဉ်းစားရခက်ပါတယ်။ ကိုယ်ထားတဲ့ စံနမူနာ၊ အခြေအနေ အရပ်ရပ်က လမ်းခွဲသင့်တဲ့ အခြေအနေဆိုပေမယ့် ကိုယ့်စိတ်ထဲမှာ သူကရှိနေသေးတယ်၊ ဖယ်ထုတ်လို့မရဘူးဆိုရင် ဒါဟာ ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်နေမှာ စိုးရပြန်ရော။ ဒါပေမယ့် ပြတ်သားတဲ့ ဆုံးဖြတ်ချက် ချခါနီးတိုင်း ကိုယ့်ကိုယ် ကိုအရင်ဆုံး မေးကြည့်ပြီးမှသာ ဆုံးဖြတ်သင့်ပါတယ်။ ဒီတော့ ခုပြောပြပေး မယ့် မေးခွန်းလေးတွေကို ကိုယ့်ကိုယ်ကို မေးကြည့်ပြီးမှသာ ဆက်သွားရ မလား၊ လမ်းခွဲရမလား ဆုံးဖြတ်ပါ။
၁။ သင်တို့နှစ်ဦးရဲ့ ပန်းတိုင်တွေ၊ စိတ်ကူးတွေက တူညီပါရဲ့လား။
ကိုယ်နဲ့သူနဲ့က အကြိုက်တွေ မတူပေမယ့် ညှိုနေကြတယ်ဆိုပါစို့။ ဒါပေမယ့် ရေရှည်မှာသူဖြစ်ချင်တဲ့သူ့အိပ်မက်တစ်ချို့ကိုသင်သိရြှိ ပီး
ဖြစ်မှာပါ။ အဲ့ဒီအရာတွေကို သင်သဘောကျပါရဲ့လား။ ဥပမာ ကိုယ်က ကလေးတွေ ဘာတွေ
မလိုချင်တော့ဘူး။ လက်ထပ်ပြီး ဒီအတိုင်းနေသွားချင်တယ်။ သူ ကတော့ ကလေးတွေ
အများကြီးနဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက် ချင်တယ်။ ဒီလိုမျိုး
ကွဲပြားမှုတွေရှိနေတယ်ဆိုရင် ဒီလိုအချက်မျိုး ဘယ်လောက် များများ နှစ်ဦးကြား မတူညီတာတွေ ရှိနေပါသလဲ။ စဉ်းစားပါ။
၂။ သူက ရိုးသားပြီး သင့်အပေါ် သစ္စာရှိတဲ့သူ တစ်ယောက်လား။
အချစ်ရေးမှာ ရိုးသားမှုနဲ့ တစ်ဦးအပေါ်တစ်ဦးလေးစားမှုဆိုတာ အရေးကြီးတဲ့ ကဏ္ဍက ပါဝင်နေပါတယ်။ ဒါမှလည်း ရေရှည်သွားလို့ရမှာပါ။ ကိုယ့်ချစ်သူ စိတ်ညစ်ရမှာစိုးလို့ ဘာမှမဖြစ်တဲ့အရာသေးသေးလေးတွေကို လိမ်ပြောလိုက် တာ၊အဆင်ပြေပေမယ့်ကိစ္စရပ်အကြီးကြီးတွေကိုလိမ်ညာတာမျိုး၊ တခြား ပြသနာတွေကို လိမ်ညာထားတာမျိုးဆိုရင်တော့ ဒီအချက်က ထည့်သွင်း စဉ်းစားရမယ့်အရာထဲ ပါလာပါပြီ။
၃။ ဒီလူကို ရင်ခုန်နေတုန်းလား။
ဘယ်လောက်ပဲ ပြသနာတွေတက်တက်၊ ရန်တွေဖြစ်ဖြစ် ဒါတွေပြီးသွားတဲ့ အခါ သူနဲ့အတူတူရှိဖို့အတွက် ရင်ခုန်နေတတ်သလား။ သူနဲ့ အတူတူရှိတဲ့ အချိန် ငြီးငွေ့သွားတာမျိုး မရှိဘူး။ ဒီအချက်ကိုလည်း ထည့်စဉ်းစားလိုက်ပါဦး
၎။ အချိန်တွေ ကြာတဲ့အချိန်ထိ မပြောင်းလဲနိုင်ဘူးလို့ ယုံကြည်ပါသလား။
နှစ်တွေကြာသွား၊ အချိန်တွေ ကုန်ဆုံးသွားတဲ့အခါ ကိုယ်ရော၊ သူရော အချင်းချင်းထားတဲ့စိတ်ခံစား ချက်တွေ
ပြောင်းလဲမသွားဘူးဆိုတာ သေချာပါသလား။ သူ့ဘက်က မသေချာရင်တောင် သင့်ဘက်ကတော့
ရက်စ် လို့ ဖြေနိုင် တယ်ဆိုတာ သေချာသလား။ သင်တို့နှစ်ဦးစလုံးရဲ့
ပန်းတိုင်၊ ကြိုးစားလို့ ရလာမယ့် အခွင့်အလမ်း၊ ရည်ရွယ်ချက် အားလုံး
ပြီးပြည့်စုံနိုင်မယ်လို့ ယုံပါသလား။
၅။သူကကိုယ့်အပေါ်အလေးထား၊တန် ဖိုးထားသလိုသူ့ကြောင့် ပျော်ရွင်ကြည်နူးရတာမျိုးတွေ ရှိသလား။
သူက ကိုယ့်အပေါ် အပြစ်တင်ဝေဖန်နေတာမျိုးတွေ ၊ စော်ကားတာမျိုး၊ မလေးမစား ပြောဆိုတာမျိုးတွေ လုပ်တတ်တဲ့သူတစ်ယောက်လား ဆိုတာ စဉ်းစားပါ။ ဒါကိုပြောတဲ့အခါ ယုံကြည်ချက်အပြည့်နဲ့ အဖြေပေးနိုင်ဖို့ အရေးကြီးပါတယ်။
၆။နှစ်ဦးသားဆက်ဆံရေးက ပိုမိုရင်းနှီးနွေးထွေးလာပါ သလား။
သူ့ကို ကိုယ့်ရဲ့ခံစားချက်၊ လိုအပ်ချက်၊ အားနည်းချက်တွေ ပြောပြတဲ့အခါ ကိုယ့်စိတ်ထဲ လုံခြုံမှုရှိပါသလား။ တစ်ဦးနဲ့တစ်ဦး သဘောတူ၊ အကြံပေး၊ ဖေးမနှစ်သိမ့်ပေးတဲ့အချိန်ေ တွကိုသာ သင်ပိုင်ဆိုင်ထားပါသလား။ အကောင်းဘက်ရောက်တဲ့ ဆက်ဆံရေးဟာ သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ပိုခိုင်မြဲစေမှာပါ။
၇။ ၀မ်းနည်းနေရတာထက် ၀မ်းသာရတဲ့အချိန်က ပိုများပါသလား။
သင်ဟာ ပြုံးပျော်ရွှင်နေရတဲ့အချိန် ထက်
ငိုနေရတာက များတယ်ဆိုရင် ဒီဆက်ဆံရေးကို ပြန်လည်စဉ်းစားဖို့ လိုလာပါပြီ။
စိတ်ဆင်းရဲ ရတဲ့ အချိန်တွေက ပျော်ရွှင်ရတဲ့အချိန်ထက် အဆမတန်များနေပြီ ဆိုတာ
သေချာရင်တော့ အနီရောင်အလံလေးသာ ပြလိုက်ပါတော့။
Credit : TrendMyanmar
သင့်ရဲ့အချစ်ရေးက လမ်းခွဲသင့်တဲ့ အခြေအနေလား၊ ဒါမှမဟုတ် ဆက်ထိန်း ထားသင့်တဲ့ အခြေအနေလား။ မေးခွန်းကလွယ်သလောက် အဖြေက စဉ်းစားရခက်ပါတယ်။ ကိုယ်ထားတဲ့ စံနမူနာ၊ အခြေအနေ အရပ်ရပ်က လမ်းခွဲသင့်တဲ့ အခြေအနေဆိုပေမယ့် ကိုယ့်စိတ်ထဲမှာ သူကရှိနေသေးတယ်၊ ဖယ်ထုတ်လို့မရဘူးဆိုရင် ဒါဟာ ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်နေမှာ စိုးရပြန်ရော။ ဒါပေမယ့် ပြတ်သားတဲ့ ဆုံးဖြတ်ချက် ချခါနီးတိုင်း ကိုယ့်ကိုယ် ကိုအရင်ဆုံး မေးကြည့်ပြီးမှသာ ဆုံးဖြတ်သင့်ပါတယ်။ ဒီတော့ ခုပြောပြပေး မယ့် မေးခွန်းလေးတွေကို ကိုယ့်ကိုယ်ကို မေးကြည့်ပြီးမှသာ ဆက်သွားရ မလား၊ လမ်းခွဲရမလား ဆုံးဖြတ်ပါ။
၁။ သင်တို့နှစ်ဦးရဲ့ ပန်းတိုင်တွေ၊ စိတ်ကူးတွေက တူညီပါရဲ့လား။
ကိုယ်နဲ့သူနဲ့က အကြိုက်တွေ မတူပေမယ့် ညှိုနေကြတယ်ဆိုပါစို့။ ဒါပေမယ့် ရေရှည်မှာသူဖြစ်ချင်တဲ့သူ့အ
၂။ သူက ရိုးသားပြီး သင့်အပေါ် သစ္စာရှိတဲ့သူ တစ်ယောက်လား။
အချစ်ရေးမှာ ရိုးသားမှုနဲ့ တစ်ဦးအပေါ်တစ်ဦးလေးစားမှုဆိ
၃။ ဒီလူကို ရင်ခုန်နေတုန်းလား။
ဘယ်လောက်ပဲ ပြသနာတွေတက်တက်၊ ရန်တွေဖြစ်ဖြစ် ဒါတွေပြီးသွားတဲ့ အခါ သူနဲ့အတူတူရှိဖို့အတွက် ရင်ခုန်နေတတ်သလား။ သူနဲ့ အတူတူရှိတဲ့ အချိန် ငြီးငွေ့သွားတာမျိုး မရှိဘူး။ ဒီအချက်ကိုလည်း ထည့်စဉ်းစားလိုက်ပါဦး
၎။ အချိန်တွေ ကြာတဲ့အချိန်ထိ မပြောင်းလဲနိုင်ဘူးလို့ ယုံကြည်ပါသလား။
နှစ်တွေကြာသွား၊ အချိန်တွေ ကုန်ဆုံးသွားတဲ့အခါ ကိုယ်ရော၊ သူရော အချင်းချင်းထားတဲ့စိတ်ခံစား
၅။သူကကိုယ့်အပေါ်အလေးထား၊တန်
သူက ကိုယ့်အပေါ် အပြစ်တင်ဝေဖန်နေတာမျိုးတွေ ၊ စော်ကားတာမျိုး၊ မလေးမစား ပြောဆိုတာမျိုးတွေ လုပ်တတ်တဲ့သူတစ်ယောက်လား ဆိုတာ စဉ်းစားပါ။ ဒါကိုပြောတဲ့အခါ ယုံကြည်ချက်အပြည့်နဲ့ အဖြေပေးနိုင်ဖို့ အရေးကြီးပါတယ်။
၆။နှစ်ဦးသားဆက်ဆံရေးက ပိုမိုရင်းနှီးနွေးထွေးလာပါ
သူ့ကို ကိုယ့်ရဲ့ခံစားချက်၊ လိုအပ်ချက်၊ အားနည်းချက်တွေ ပြောပြတဲ့အခါ ကိုယ့်စိတ်ထဲ လုံခြုံမှုရှိပါသလား။ တစ်ဦးနဲ့တစ်ဦး သဘောတူ၊ အကြံပေး၊ ဖေးမနှစ်သိမ့်ပေးတဲ့အချိန်ေ
၇။ ၀မ်းနည်းနေရတာထက် ၀မ်းသာရတဲ့အချိန်က ပိုများပါသလား။
သင်ဟာ ပြုံးပျော်ရွှင်နေရတဲ့အချိန်
Credit : TrendMyanmar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။